"အေးမြသာယာ Sweet December "


အားလုံးပဲ မင်္ဂလာပါ....။ နှစ်သစ်ကူး အချိန်ခါသမယမှာ တစ်ယောက်စီတစ်ယောက်စီတိုင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ....။


Decorations of red on a green Christmas tree, Won't be the same dear if you're not here with me. I'll have a blue Christmas that's certain !

နှင်းစက်လေးများ အုပ်စိုးနေ ဒီဇင်ဘာဆောင်း
ကြုံလာပြန်ပြီ ငြိမ်သက်ခြင်းပေး ကယ်တင်ရှင် ခရစ်တော် ဖွားမြင်ချိန်ခါ..............။

ချမ်းအေးလှတဲ့ ဆောင်းရဲ့ဒဏ် ရင်ဆိုင်ရလဲ
ကမ္ဘာမြေပြင်မှာ အကြင်နာတွေ စီးဝင်စေပြီ
ရင်ထဲနွေးထွေး အရှင်ယေရှုကိုယ်တော် အကြင်နာတွေပေးခဲ့ပြီ...........။

တရွေ့ရွေ့ပြောင်းလဲ နေ့ရက်တွေ ကျော်လွန်လာလည်း
ကြုံဆုံလာပြီ ဒီရာသီ ဆောင်းကြင်နာသူ
အားလုံးအတွက် ခရစ္စမတ်ဒီဇင်ဘာဆောင်း မမေ့နိုင်...........။

သီချင်းလေးများနဲ့ နှုတ်ဆက်မယ် Happy Merry Christmas
သာယာပါစေ ပျော်ရွှင်ကြည်နူးနိုင်ပါစေ . . .
ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် မေရှိယသူငယ်တော်မွေးဖွားပြီ....................။

ဂုဏ်တော်တေးတွေ သီဆိုကြတယ်
သံပြိုင်သီဆိုကာရယ် ခရစ်စ္စမတ်ပျော်တယ်...................။

သီချင်းလက်ဆောင် Cascada ရဲ့ Last Christmas

( Study for Bible Knowledge )
အခန်းကြီးလိုက် ကျမ်းစာလေ့လာခြင်း ( Bible Study by Chapters )
အပိုဒ်လိုက် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Paragraphs )
ကျမ်းချက်များအလိုက် ကျမ်းစာလေ့လာခြင်း ( Bible Study by Verses )
ကျမ်းတစောင်းချင်းအလိုက် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Books )
စကားလုံးများအလိုက် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Words )
အထုပ္မတိအားဖြင့် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Biographies )


ခရစ်သက္ကရာဇ် (AD) ၏အရှည်ကောက်မှာ လက်တင်ဘာသာလို (AnnoDomini) ဖြစ်၍ အဓိပ္ပါယ်မှာ အင်္ဂလိပ်လို (The Year of Our Lord) ဖြစ်သည်..။ CHRISTMAS ဆိုသည်မှာ CHRIST ခရစ်တော် ဘုရားဖြစ်ပြီး MAS ဆိုသည်မှာ ပြန်လည်ပေါင်းစည်းခြင်းဖြစ်ပါသည်။


.............♣ Wonderful Christmas To You ♣............

p.s
*******************************************
ဆာကူရာတွေ မပွင့်ခင်
ဖူဂျီတောင်မှာ နှင်းမကွဲခင်
အခုလိုမြူနှင်းတွေ ဆောင်းရနံ့သင်းတဲ့အချိန်
်အမြန်အရောက်သာလာစေ့ချင်

ကြာတော့လည်း မရေမရာနဲ့ပဲ
ဆောင်းတစ်နှစ်ကြွင်းခဲ့ပြန်ပြီ...
*******************************************


♠ အလွမ်း ပရိုင်းမိတ် ♠

♥ Every day မှာ အမြဲကြီးဆွေးတာ သူသိမလား..?

Love is blind ဆိုလို့ 

ခက်ဆစ်တိုင်း အလွတ်ကျက်

ဒါပေမယ့်

စိတ်မကြည်ဘူး

သူက Make me fool.....


Make me fool ဆိုလို့

သိပ်မချစ်ဘူးလို့တော့ မပြောနဲ့...........။


နင်ကတော့

အလွမ်းတွေပေးပြီးတော့

Run the way........


♥ မြတ်နိုးခြင်း အရင်းခံပေမယ့်

သူ့ မေတ္တာအလင်းမပြန်တော့

အလွမ်းသက်သက်သာ အကြွင်းကျန်မှာကို

မငြင်းဆန်သာဘူး............။


♥ ဘာကို အကြောင်းပြနေရဦးမှာလဲ

အချစ်နဲ့ အလွမ်းမှာ................။


♥ မျှော်လင့်ချက်ကင်းကင်းနဲ့ 

ပေးဆပ်အနစ်နာခံချစ်ခဲ့တာပါ

ဂုဏ်ပြုလွှာပေးအပ်ရန်မလိုပါဘူး............။


♥ ငါ့ကျမှ ဆောင်းညက ပိုရှည်ရသလား..?

မွန်းတည့်ချိန်မှာ နေ၀င်ပြီတဲ့....................။


♥ နှုတ်ဆက်သံပဲ ဖြစ်ပါစေဦး

တစ်ခွန်းလောက်တော့ ကြားချင်သေးတယ်.......။

ခေါ်သံကိုနားပိတ်ပြီး

သူ့ ကိုတော့ နောက်ဆုံးကြည့်ခွင့်ပေးပါ...........။


♥ လိမ်ခေါက်ပြီး ဂိုးသွင်းခဲ့ဖူးပေမယ့်

ကိုယ့်အလှည့်ကျတော့

လူမသိအောင် အခန်းအောင်းနေမိတယ်

ဒါဟာ ၀ဋ်လည်တယ်ဆိုလဲ

ကြေအောင်ဆပ်မှာပါ...............။


♥ အရောင်မဆိုးတဲ့ စွဲလမ်းခြင်းပါ

ချစ်ခင်မြတ်နိုးမှု့ သက်သက်ပါ

ဘာပဲဖြစ်ဖြစ်

ဘယ်လိုပဲဖြစ်ဖြစ်

ချစ်တဲ့ အချစ်ပါ....

စက္ကူ အစုတ်ပေါ်

ခဲတံ အကျိုးနဲ့ ရေးရပေမယ့်

မြင်သာ ထင်ရှားပါတယ်...............။


♥ ငြိမ်းလက်စရင်ကို တည်ငြိမ်ခွင့်ပေးပါ

မျက်ရည်နဲ့ငြိမ်းရတာ ခမ်းလုပြီ .................။


♥ မေ့တတ်တဲ့ အကျင့်ကလဲ

သူ့ကိုမေ့ဖို့ ကျတော့

မေ့နေပြန်ရော................။


♥ ညှိနှိုင်းရအောင်လဲ

ဒါဈေးရောင်းနေတာမဟုတ်ဘူး

အရာရာတိုင်း ခွင့်လွှတ်ရအောင်လဲ

ကိုယ်က ဘုရားသမီးတော် မဟုတ်ဘူး.............။


♥ ခေါ်ချင်ပေမယ့် ရင်နာလည်း

တမင်တကာပဲ

မျက်နှာလွှဲလိုက်ပါတယ်

တစ်သက်စာပဲဆိုပါတော့.............


♥ အခုတော့လည်း

ကံမကုန်လို့ ပြန်ကြုံရင်တောင်

မင်းနဲ့ ပြန်ဆုံမှာ စိုးမိတယ်................။


♥ မမြင်ချင်လို့ရှောင် မတွေ့ချင်လို့ပုန်းသူရယ်

နင်က ငါ့အချစ်တွေနဲ့

နှစ် 100 ခြားတောင်မတန်တဲ့သူပါ................။


♥ ဒီပွဲ ကတော့

Game over မို့ 

ကဲ ...

သူစိမ်းလိုသာ နေကြစို့ ............။





"Tazaungdai Pwe Daw (or) Ka Htain Pwe Daw"



Today (2010/11/21 Sunday) is Myanmar Tazaungmon Full Moon Day. We celebrate religious and Myanmar's 12 seasonal festivals throughout the year. The month of Tazaungmon was the eight month of Myanmar Calendar (in November). Kahtain Ceremony held between the Full Moon Day of Thadingyut and the Full Moon Day of Tazaungmon. People believe that eating mezali salad is medical particularly at this time of the year.

မဲဇလီ ပင်ပျိုအောက်
ပေါက်ရတဲ့ ရွှေတမာ
ခါးချက်က နာ
ရေစီးရယ် တစ်ခါ
ရေသာရယ် တစ်လှည့်
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့..။

တန်ဆောင်မုန်းလပြည့်ညမှာ အဇာတသတ်က နောင်တကြီးစွာရပြီး မြတ်စွာဘုရားကို ဆည်းကပ်ပါတယ်..။ တန်ဆောင်မုန်းလပြည့်ညမှာ ဥမ္မာဒန္တီက အလှမာန်တက်လို့ သိဝိမင်းကို လက်စားချေ ရူးသွပ်စေတယ်..။
ကိုယ်ကတော့ တန်ဆောင်မုန်းလပြည့်ညမှာ ငယ်ငယ်က မေမေ၊ ကိုကို ၊ မမတွေနဲ့အတူ မဲဇလီဖူးတွေ ပြုတ်ထားတာကို ကူပြီးတော့ ညှပ်ပေး၊ ထောင်းပေး၊ ပုစွန်ခြောက်ထောင်းပေး၊ ကြက်သွန်ဆီချက်နဲ့သုပ်ပြီး အိမ်တွေ လိုက်ပေးတယ်..။ ဆေးပေါင်းခတဲ့ ညမှာစားရင် ရောဂါတွေကင်းဝေးတယ်ဆိုတဲ့ မဲဇလီဖူးသုပ်နဲ့ ရေနွေးကြမ်းလေး သောက်ပြီး စကားတပြောပြောနဲ့ ငွေစန္ဒာဖိုးလမင်းကြီး ထိန်ထိန်ညီးနေတာကိုလည်း ကြည့်ခဲ့ဖူးပါရဲ့..။ နောက်တော့ ပ့သကူပစ်ကြတယ်..။ ကျီးမနိုးပွဲကို ဗြောင်းဆန်အောင် ဆော့ခဲ့တာတွေကိုလည်း လွမ်းမိပါရဲ့..။ မန္တလေးမှာတော့ တန်ဆောင်တိုင် လပြည့်ညမှာပဲ ကျီးမနိုးပွဲ အဖြစ် ဆော့ကစားကြပါတယ်..။ ရန်ကုန်မှာတော့ လပြည့်ကျော်တစ်ရက်နေ့ကို သူခိုးကြီးနေ့လို့ သတ်မှတ်ပြီး ဆော့သတဲ့လေ..။ နိဗ္ဗာန်ဈေးကလည်း ပျော်စရာကောင်းသလို အဲ့ဒီကရတဲ့အစားအသောက်တွေကလည်း စားလို့လည်း ကောင်းပ့..။

မြန်မာ့ ၁၂လရာသီပွဲအကြောင်းကို အပြည့်အစုံသိချင်ရင်တော့ ဒီနေရာကနေ pdf ကိုဒေါင်းယူလိုက်ပါ..။

......♣ Happy Myanmar Tazaungmon Full Moon Day To You All ! ♣......


♠ ချစ်ခြင်း၏အစ အသိဥာဏ်၏နိဂုန်း ♠


ကျွန်မ
အလွမ်းဟူသော ဇရပ်အိုလေးမှာ
တည်းခိုပါသည်.......။
အိပ်မရခြင်းများ ပျံသန်းသွားပါစေ
ကျွန်မမျက်လုံးများ အိပ်မောကျပါစေ ........။
သူ့အား နေ့စဉ်သတိရခြင်းမှ
လွတ်မြောက်ပါစေ.............။

သူဟာ ကျွန်မတွေ့ဖူးသမျှလူထဲမှာ အကောင်းဆုံးတစ်ယောက်ပါပဲ....။ သူ့ကိုနာကျင်အောင် ခဏခဏလုပ်ခဲ့တယ်..။ သူကတော့ ခွင့်လွှတ်တယ်..။ အစက အချစ်ဆိုတာကို မယုံခဲ့ပါဘူး အခုလည်း မယုံရဲသေးပါဘူး..။ ဒါပေမယ့် သူကချစ်တတ်အောင် သင်ပေးခဲ့တယ်....။ ဒါပေမယ့်လည်း အချစ်ရေးကိစ္စတွေကြားဝင်လာရင် ရည်မှန်းချက်တွေ လမ်းလွဲသွားမှာ ကြောက်တဲ့ ကျွန်မဟာ သူရှိတုန်းကလည်း အထီးကျန်စွာနေခဲ့ရတယ်....။ ကျွန်မဟာ ကျွန်မအတွက်ပဲ ရှင်သန်ခဲ့လို့ ဖြစ်ပါတယ်....။ အခုတော့ ကျွန်မရဲ့အချစ်တွေက မျက်ရည်ဖြစ်ရပါတော့မယ်..။ မင်းကို အသုံးချဖို့ ချည်းကပ်ခဲ့တာ မဟုတ်ပါဘူး ..............။

အရာရာသိတတ်ခွင့်လွှတ်ပေးတဲ့သူရယ်
ရင်ထဲမှာ ကျေးဇူးလည်းတင်တယ်
နှိုင်းဆလို့မရအောင်ကွယ်
ပျော်နေမယ် ပြန်တွေးတိုင်း
ကိုယ်မကြိုက်တာ အမြဲရှောင်တာ
ငြိုငြင်တာမရှိ မင်းကိုယ့်ဘက်ကို အလေးပေးတာ
တို့ အချစ်ရေးကံကောင်းသူပါ
သံသရာရှည်ထိ မင်းအနီးနားနေရင်းနဲ့သာ.. ကုန်ဆုံးချင်ပေမယ့် .................... ။

ကိုယ်အဝေးကြီးဝေးလည်း နီးနေမယ်
နောက်ထပ်တို့မဝေးရဖို့ အရင်အချိန်ကလေးများ
ခဏပြန်ပေးဦး
ဟိုးးးးးးးး တုန်းက တို့ရဲ့အချိန်လေး တစ်ခါပြန်ပေးပါ
တမ်းတမိ အတိတ်ကနေ့များ ................... ။

အရင်လို မင်းအနားရှိချင်တယ်
မျက်ဝန်းချင်းနားလည်ထားတဲ့ အချိန်တွေတစ်ခေါက် ပြန်ရချင်တယ်
တစ်ကယ်ဆို မင်းအနားနေခွင့်ရချင်တယ်........... ။

တစ်ကယ်ပါ ....
ရည်းစားတစ်ယောက်လောက် ထားလိုက်ချင်တယ်ဆိုတဲ့
စိတ်မျိုးနဲ့ တွယ်တာမိတာမဟုတ် ....။
အဲဒါမင်းကို အဓိကသိစေချင်တာ
အထင်မလွဲပါနဲ့ .....။
တုန်လှုပ်နေခဲ့တယ်လို့ မဆိုလိုချင်ပေမဲ့
စိတ်လှုပ်ရှားမိနေခဲ့တာတော့အမှန်ပါ .....။

ရင်ထဲမှာဖြစ်လာတဲ့ ခံစားမှု့တစ်ခုရဲ့ အတိုင်းအဆကို အချိန်ကာလနဲ့ ချိန်ဆလို့ မရတဲ့အတွက် ဒီရင်မှာ အရင်ကအတိုင်း မင်းနဲ့ပတ်သက်သမျှ အကြောင်းအရာတိုင်းက ရှင်သန်နေပါတယ်....။ ဒါဆိုအဲဒါ "အချစ်လား "? ဒါမှမဟုတ် အချစ်ကိုဖွင့်ဆိုပုံချင်း တို့နှစ်ယောက်ကြားမှာ မတူတဲ့သဘောမျိုးလား ?

စာအုပ်တွေထဲမှာတော့ အချစ်အကြောင်းကို ဒီလိုဖတ်ဖူးပါတယ်
(၁) သူရဲဘောကြောင်တဲ့သူက အချစ်ကြောင့်ဘ၀ပျက်ကြရတယ် ..........။
(၂)သတ္တိရှိတဲ့သူတွေက အချစ်ရဲ့စွမ်းအင်တွေနဲ့ ဘ၀ကို တိုးတက်အောင်မြင်အောင် တည်ဆောက်သွားကြတယ် ........။
(၃) တစ်ချို့က အချစ်ကြောင့်ရဲရင့်ကြတယ်..။ အဲဒီရဲရင့်တဲ့စိတ်ကြောင့်ပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ရင်ဆိုင်နိုင်သွားကြပြီး ဘ၀ကို တိုးတက်အောင်မြင်အောင် တွန်းပို့သွားနိုင်တယ်.........။
(၄) တစ်ချို့ကျတော့လည်း အချစ်ဟာ ဘ၀အတွက် အစိတ်ပိုင်းတစ်ခုဖြစ်ပေမယ့် အချစ်ကို heavy မခံစားဘူး....။ အချစ်တစ်ခုအတွက် အချိန်တွေပေးပီးလွမ်းမောတမ်းတနေဖို့ အခြေအနေမပေးတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ဒီတော့ ဘ၀တခုအတွက်ရွေးချယ်တဲ့သဘောလောက်ပဲ ဒါကြောင့် အိမ်ထောင်ရေးကို စဉ်းစားရင် ဦးနှောက်ကို သုံးလာတယ်..။ ဦးနှောက်ကိုသုံးရင် ဦးနှောက်ပဲရမှာပေါ့နော်..။ ဒီရင်ထဲက နှလုံးသားကို ဘယ်လိုလုပ်ရတော့မလဲ..........။
လူကိုယူရင် အချစ်ပါ Auto ရပီလို့ ထင်နေလို့လားဟင် ?

အင်း .... အချစ်ဆိုတဲ့ ကိလေသာနဲ့ ရာဂဆိုတဲ့ ကိလေသာ လည်းပေါင်းရော ဒုလ္လဘဆိုတဲ့ လူ့ဘ၀လည်း ဘာမှ မဟုတ်သလိုပါပဲလား ....။

p.s
*********************************************************
Perception လို့ခေါ်တဲ့ ထင်မြင်ယူဆချက်တစ်ခုဟာ
အစစအရာရာ အဆင်ပြေချောမွေ့စေဖို့အတွက်
အတိုင်းအတာတစ်ခုထိ အရေးပါ အရာရောက်ပါတယ်......... ။
ဒါကြောင့် “ကိစ္စရပ်တိုင်းမှာ Angle Of Vision လို့ခေါ်တဲ့
ရှုထောင့် အမျိုးမျိုးရှိနိုင်တဲ့အတွက်
လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် ”
ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတစ်ခုထက် ပိုပြီးရှိနိုင်တယ်ဆိုတာ
စဉ်းစားပုံ စဉ်းစားနည်း
(The Way Of Thinking)
အပေါ် မူတည်ပြီး
ပြောင်းလဲသွားတာပါ
**************************************************************

....♣ သေဆုံးသည်အထိ မှတ်မိကျွမ်းဝင်စေမည့်အရာမှာ ငါချစ်သူသာဖြစ်ပါတော့သည် ♣.....


"Full Moon Day Of auspicious Thadingyut"


Today is the Full Moon Day of auspicious Thadingyut, one of the most important days for Buddhists. The full moon day of thadingyut is the Lighting Festival of Burma, this year 2010 falling on October 23th. Thadingyut is the end of the Buddhist Lent or the rains retreat. Three days of lights festival, namely the day before full moon, the full moon day and the days after.


ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ ၂၀၁၀. ၁၀လပိုင်း၂၃ ရက်နေ့ဖြစ်ပါတယ်..။
မြတ်စွာဘုရားက ၀ါတွင်းကာလမှာ မယ်တော်မိနတ်သားကို နတ်ပြည်မှာတရားသွားဟောပြီး ကျေးဇူးဆပ်တာကို ဗုဒ္ဓဘာသာဝင်တွေက အတုယူပြီး သီတင်းကျွတ်ကာလမှာ အဘိုးအဘွား၊ အဖိုးအဖွား၊ မိဘ၊ ဆရာသမား နဲ့ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြပါတယ်..။ သီတင်းကျွတ်မှာ မြတ်စွာဘုရား တာဝတိသာက ပြန်ကြွလာတာကို ဆီမီးထွန်းပြီး နှစ်တိုင်းပူဇော်ခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ..။


ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်မှာ လမ်းထဲကညီမလေးတွေ၊ မောင်လေးတွေ၊ သူငယ်ချင်းတွေ၊ လမ်းသူလမ်းသား လူငယ်တွေစုပြီး လမ်းဘေးဝဲယာမှာ ဆီမီးတွေထွန်းကြတယ်..။ မီးပုံးပျံလွှတ်တယ်..။ နောက် ဘုရားသွားဖူးကြတယ်..။ ဘုရားပေါ်မှာ တံမြတ်စည်းလှည်း ဆီမီးပူဇော်ပြီး ကုသိုလ်ယူကြတယ်..။ အဲ့ဒီတုန်းကတော့ မုန့်ဖိုးလည်းရတော့ ပျော်တာပေါ့..။ ဆယ်တန်းအောင်ပြီးတဲ့ နောက်ပိုင်းမှာတော့
သီတင်းကျွတ်လပြည့်နေ့ ၊ နှစ်ဆန်းတစ်ရက်နေ့ ၊ ကိုယ့်မွေးနေ့တွေမှာ ကိုယ့်အသိစိတ်နဲ့ မိဘကို ပစ္စည်းတစ်ခုခုနဲ့
ကန်တော့တတ်တဲ့ အကျင့် ရလာခဲ့တယ်..။ မှတ်မှတ်ရရ ပထမဦးဆုံး ကန်တော့ပစ္စည်းနဲ့ ကန်တော့ဖြစ်တာကတော့ ကိုယ့်အရည်အချင်းနဲ့ရခဲ့တဲ့ သမာအာဇီဝဖြစ်တဲ့ဝင်ငွေလို့ပြောလို့ရတဲ့ ဆယ်တန်း guide စာပြရင်း ရတဲ့ငွေနဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မိဘကို ကန်တော့ခဲ့တယ်..။

သူငယ်ချင်းတစ်ယောက်ကတော့ နောက်တယ်..။ သီတင်းကျွတ် သက်ကြီးဝါကြီး အစ်ကိုအစ်မတွေကို ကန်တော့တဲ့အခါ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါလို့ မပြောတော့ဘူး..။ တဲ့..။ ပြောမှန်ဆိုမှန်များကြောင့် အစ်ကိုကြီး၊ အစ်မကြီးတို့ စိတ်ကွက်အောင် လုပ်မိတာတွေကို ခွင့်လွှတ်ပါလို့ ပြောရမလို ဖြစ်နေပြီ..။ တဲ့..။ :P

p.s
ဒီနှစ်သီတင်းကျွတ်လပြည့်နေ့အတွက် အမှတ်တရကတော့ Asian Wave Radio ကနေ myself, my major and my country အကြောင်းကို Live Radio Broadcasting အနေနဲ့ FMA channel ကနေ တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးဖို့ သွားခဲ့ပါတယ်..။


........Happy auspicious Full Moon Day of Thadingyut to you, your family and all ♣.........


အပြောင်းအလဲသို့



(New national flag)

2010.10.21 မြန်မာစံတော်ချိန် ညနေ ၃နာရီတွင် နိုင်ငံတော် အလံအသစ်ကို ပြောင်းလဲပြီး ဖြစ်သည်..။ National Seal

The meaning of each color on this new flag are:

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံသည် သုံးရောင်ခြယ်အလံဖြစ်သည်...။ (အ၀ါအစိမ်းအနီ)

* အ၀ါရောင်သည် ဘာသာ ၊ သာသနာနှင့် ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း

* အစိမ်းရောင်သည် စပါးဆန်ရေ ၊ ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း

* အနီရောင်သည် မြင်သူအသည်းတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီး ကိုယ်စားပြုကာ

* အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုပါသည်.......။

လို့ ရှင်းလင်း ဖော်ပြထားပါတယ်..။

History of Burma Flag ကို ဒီမှာ နဲ့ wikipedia မှာ လေ့လာနိုင်ပါတယ်..။


ဒီအလံသစ်မတိုင်ခင် အရင်အလံဟောင်း (former socialist flag) ကတော့ ဟိုးအရင် မ.ဆ.လ ခေတ်ကသတ်မှတ်ခဲ့ပြီး အလုပ်သမား ၊ လယ်သမား ကိုယ်စားပြု ကွန်မြူနစ်ဆန်တဲ့ဝါဒ အခြေခံထားတဲ့အလံပါ........။

အလံဟောင်းရဲ့ meaning ကတော့..

၁။ အပြာရောင် - သစ္စာရှိခြင်း

၂။ အနီရောင် - ရဲရင့်ခြင်း

၃။ စပါးနှံ - တောင်သူ လယ်သမား တွေကို ကိုယ်စားပြုတယ်

၎။ စက်သွား ဂီယာပုံ - အလုပ်သမားတွေကို ကိုယ်စားပြုတယ်

၅။ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး - ပြည်နယ်နှင့်တိုင်း ၁၄ခုကို ကိုယ်စားပြုပါတယ်....................။

နိုင်ငံတစ်ခု၏ အမှတ်အသား ၊ ဦးညွတ်ရာဆိုသည့် ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့သော အလံတစ်ခုအနားယူခဲ့ပါပြီ...။ နိုင်ငံ၏အထိမ်းအမှတ် ၊ လူထု၏အသိအမှတ်ပြုရာ တာဝန်ကို အခုချိန်ကစ အ၀ါအစိမ်းအနီ သုံးရောင်ကာလာတန်းအလယ် ကြယ်ဖြူကြီးတစ်လုံး မားမားဝံ့လျက်ရှိတဲ့ အလံသစ်က ပြောင်းလဲယူလိုက်ပါပြီ....။


"အတူတူလို့ ဆိုရာဝယ်"


လာခဲ့ပါလို့လည်း မခေါ်ခဲ့သလို သွားပါတော့လို့လည်း ဘယ်သူ့ကိုမှ မနှင်ပါဘူး....။ ဘဝဆိုတဲ့ခရီးကို သွားနေကြတဲ့ ခရီးသည်ချင်းအတူတူ လမ်းခရီးမှာ ကြုံကြိုက်လို့ ဆုံတွေ့ကြတာတွေပါပဲ....။ အမြင်တူတာတွေ ရှိမယ်..။ ကွဲလွဲတာတွေရှိမယ်..။ စက္ကန့်ဝက်လေးအတွင်းမှာတောင် စိတ်အတွေးတွေက ပြောင်းလဲနိုင်တာ အချိန်ကာလနဲ့ ဆည်းပူးလိုက်တဲ့ပညာကြောင့် ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေ ဆိုတာရှိတတ်တာပါပဲ..။ မတူညီတဲ့ ကွဲပြားမှုတွေကို လက်မခံနိုင်ရင် ကိုယ်ဟာ လူသားဆန်ခြင်းအနုပညာကို တတ်မြောက်သူတစ်ဦး ဘယ်ဖြစ်တော့မလဲ..။ ဥယျာဉ်ထဲမှာ ပန်းတွေအစုံစိုက်ထားမှ ပန်းရောင်စုံတွေပွင့်ပြီး ရနံ့ မျိုးစုံ သင်းပျံ့နေတော့မှာပေါ့..။ ကိုယ်မကြိုက်တဲ့ ကော်ဖီ လက်ဖက်ရည်ကို တမ်းတမ်းစွဲ ကြိုက်တဲ့သူတွေ ဒီကမ္ဘာမှာ အများကြီးပါပဲ..။ အဲ.. တခြားသူ မကြိုက်တဲ့ ဂျင်းသုပ်ကို ကိုယ်က မက်မက်မောမော နှစ်ခြိုက်မိနေပြန်ရော..။ နာနတ်သီးကြိုက်တဲ့သူက နာနာတ်သီးစားမှာပဲ..။ ဖရဲသီးကြိုက်တဲ့သူကလည်း ဖရဲသီးစားကို စားမှာပဲ..။ ကိုယ်ကတော့ မယ်လွန်ကြိုက်တော့ မယ်လွန်စားမှာပေါ့.........။

တစ်ကယ်တော့ ဘဝခရီးမှာ ခဏလေးတွေ့ကြတာပါ..။ သူလည်း သူ့ခရီးသူသွား၊ ကိုယ်လည်း ကိုယ့်ခရီးကိုယ်သွားကြတာပါ..။ တွေ့တဲ့အချိန်ခဏလေးကို နောင်တစ်ချိန်မှာ ပြန်လိုချင်ပါတယ်ဆိုရင်တောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး..။ လူဆိုတာကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာပါ..။ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ခုနေ ပြန်တွေ့ချင်ပါတယ်ဆိုရင်တောင် မဖြစ်နိုင်ပါဘူး..။ ဒါကြောင့် စဉ်းစားမိတယ်..။ ဘာလို့များတွေ့တဲ့အခိုက်အတန့် ခဏလေးမှာ ကိုယ့်သဘောကိုယ်ဆောင်၊ သူ့သဘောသူဆောင်တဲ့ အရာတွေကို ရောထွေးပစ်ကြတာပါလိမ့်လို့ တွေးမိတယ်..။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်ဘဝနဲ့ကိုယ်နေတာမှာ သူ့သဘောသူဆောင်တဲ့ သူ့ဘဝနဲ့သူ နေသူကို ကိုယ်နဲ့ မတူရကောင်းလားလို့ စိတ်ဆိုးစရာ လိုအပ်ပါသလားလို့လည်း တွေးမိပြန်တယ်..။ တွေ့ဆုံချိန်က ခဏလေးပါ..။ အဲ့ဒီ တွေ့တဲ့အခိုက်ကလေးမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုတစိုက်ရှိမယ်၊ ကြင်နာမယ် ၊ မေတ္တာစကားတွေပဲပြောမယ်ဆိုရင် မတွေ့တော့တဲ့အခါ ပြန်မဆုံဖြစ်ကြတဲ့အခါ တွေ့ဆုံခိုက်လေးမှာ ကိုယ့်မိတ်ဆွေအပေါ် မကြင်နာခဲ့မိတာကို နောင်တရစရာ မရှိတော့ဘူးပေါ့..။ ဆုံခိုက်မှာ ကိုယ့်ဘက်က မိတ်ဆွေကောင်းအနေနဲ့ ကိုယ်ရှိခဲ့တာတွေအတွက် ကိုယ့်ဘာသာကိုယ် ကျေနပ်မိမှာပါ.........။

တကယ်တော့ လူတွေအားလုံးဟာ အတူတူပါပဲ..။ ဆေးပညာအရဆို လူတွေအားလုံး အရေပြားအောက်က ဖွဲ့စည်းပုံတွေ အားလုံးတူတူပါပဲ..။ နေရာဒေသကိုလိုက်ပြီး အသားအရောင်ကွဲပြားမှု့တွေဖြစ်လာတယ်..။ ကိုးကွယ်တဲ့ဘာသာ ကွဲပြားသွားတာတွေ ဖြစ်လာတယ်..။ anatomy အရ ယောက်ျားဆိုလည်း ယောက်ျား ၊ မိန်းမဆိုလည်း မိန်းမ အတူတူဆိုပေမယ့် နေရာဒေသ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆည်းပူးလေ့လာတဲ့ ပညာရပ်တွေအပေါ်မူတည်ပြီး စိတ်နေစိတ်ထား၊ ခံယူချက်သဘောထားနဲ့ ကိုးကွယ်တဲ့ဘာသာတွေ မတူညီကြတော့တာပါ..။ ကိုးကွယ်သည့်ဘာသာ၊ အတွေးအခေါ်ဆိုတာတွေ၊ ပစ္စည်းဥစ္စာ၊ တတ်မြောက်တဲ့ ပညာရပ်ဆိုတာတွေက လုပ်ယူထားရတာတွေပါ..။ ဘာ့ကြောင့် လူတွေ အချင်းချင်း ခွဲခြားချင်ကြသလဲဆိုတာ တွေးမရပြန်ဘူး...........။

မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတွေဟာ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတော့ အချိန်တွေက ခဏလေးနဲ့ ကုန် ကုန်သွားတာပါ..။ အခိုက်အတန့် ခဏလေးမှာ ဘာဖြစ်လို့များ ကိုယ်နဲသူနဲ့ ခွဲခြားပြီးတော့ မုန်းစတွေကို ရှည်ချင်နေမလဲနော်..။ မခွဲခွာမီလေးမှာ အားလုံး ပျော်ပျော်ပါးပါးရှိနေမယ်ဆိုရင် မိတ်ဆွေတစ်ဦးချင်းစီမှာ ပျော်စရာနေ့တွေ တစ်နေ့ပြီး တစ်နေ့ ရနေမှာပဲပေါ့..။

ဒါကြောင့် မိသားစု အချင်းချင်းကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ မောင်နှမတွေကြားမှာ၊ လင်မယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ တွေရှိနေဖို့ လိုမယ်ထင်ပါတယ်..။ လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ သာရှိနေသေးရင် အချစ်ဆိုတာပြန်ဖြစ်နိုင်တယ်..။ သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်..။ မေတ္တာတရား၊ ကရုဏာတရားတွေ ပြန်ဖြစ်နိုင်တယ်..။ နားလည်ပေးမှု့၊ စာနာပေးမှု့ ဆိုတဲ့အရာတွေကို မထားနိုင်ရင် အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့မလွယ်တော့ပါဘူး..။ လူမှု့ဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနားလည်နိုင်တော့မှာ မဟုတ်ပါဘူး..။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ..။

ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ..။ မိဘအပေါ်မှာ နားလည်ပေးနိုင်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိဘဟာလည်း ပျော်ရွှင်ကြည်နူးနေမှာဖြစ်သလို နားလည်ပေးတတ်တဲ့၊ စာနာပေးတတ်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရ ရင်လည်း ပျော်စရာပါပဲနော်..။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်မတို့ဝန်းကျင်မှာရှိခဲ့ရင် ကျွန်မတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီးသာယာလာပါမယ်..။ ငြိမ်းချမ်းလာပါမယ်..။ တိုးတက်လာပါမယ်..။ ပျော်စရာလည်းကောင်းလာပါမယ်..။ ဒါကြောင့် ဘယ်နေရာမှာမဆို နားလည် စာနာပေးမှု့တွေ အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ..........။

မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ.....။ တစ်ခွန်းတည်းသော စကားပဲဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ဘ၀ကိုတောင် ရှင်သန်စေပါတယ်.........။

p.s
*******************************************************
အားငယ်သူကို အားပေးပါ
ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ
ဒုက္ခတွေ့နေသူကို ကူညီပါ
လဲနေသူကို ထူပေးပါ
ကိုယ်ရော စိတ်ပါ လဲနေသူကို တတ်စွမ်းသမျှ ထူပေးပါ...............။
*******************************************************

..............♣ လူသားအချင်းချင်း နားလည် စာနာမှု့တွေ ထားနိုင်ကြပါစေ ♣...............


"အလွမ်းခရီးသည်"


မစခင်ကတည်းက ဆုံးနှင့်ပါပြီ
ထို့ကြောင့် တွေ့ဆုံရခြင်းကို မုန်းပါသည် ......... ။

မဆပ်ချင်လို့ ဆုံးရပါသည်
ထို့ကြောင့် ပိုက်ဆံချေးရခြင်းကို မုန်းပါသည် .......... ။

မမေ့နိုင်လို့ လွမ်းရပါသည်
ထို့ကြောင့် သံယောဇဉ်ကို မုန်းပါသည် ........... ။

သူ..ထားခဲ့မှာစိုးလို့ စိတ်မောရပါသည်
(ကိုယ်နဲ့ဝေးရာကိုထွက်သွားခဲ့တာ ကိုယ့်ကိုထားခဲ့တာနဲ့အတူတူပါဘဲ)
ထို့ကြောင့် ချစ်ရမှာကို ကြောက်ပါသည် ........... ။

နင့်ကိုချစ်ရတာ ပင်ပန်းလှပါဘီ
ထို့ကြောင့် ငါချစ်တာထက် အများကြီး ငါ့ကို ပိုချစ်စေချင်ပါသည် ............ ။

သူ..ဘေးမှာရှိနေရုံနဲ့ အရာရာ ပြည့်စုံပါသည်
ထို့ကြောင့် သူ့ကို နေ့တိုင်း တွေ့ချင်ပါသည် ......... ။
(ခုနေ သူနဲ့တွေ့ရင် သိပ်ကောင်းမှာပဲ)

ဒါပေမယ့်လည်း လူချင်းတွေ့တော့ စကားလုံးတွေက နှုတ်ဖျားကနေ နှုတ်ဆက်စကားတောင် မနည်းချွေရတယ်..။ စိတ်ထဲမှာတော့ အမြဲတမ်းရှိနေတယ် အရမ်းသတိရနေတယ်..။ အဲဒါ ဘာလို့လဲ..။ သူနဲ့တွေ့ရင်ပဲဖြစ်ဖြစ် သူနဲ့ဆုံရင်ပဲဖြစ်ဖြစ် ရင်ဘတ်ထဲကို ဘင်ခရာတီးဝိုင်းတွေနဲ့ ကျည်ဆံရထားအစင်း၁၀၀ လောက်ခုတ်မောင်းသွားသလို ဒိန်းတက်တက် ဒိန်းချပ်ချပ် ဖြစ်နေရပါတယ်..။ သူ့ဆီက လိုလိုလားလား အလေးထားဂရုစိုက်မှု့၊ ရင်းနှီးဖော်ရွေသော အပြုံး ၊ နှုတ်ဆက်စကား တို့ကို လိုချင်ပါသော်လည်း ခပ်တန်းတန်းပဲ နေခဲ့တာ ဘာကြောင့်ပါလဲ..။ သူ့ကို မတွေ့ရရင် သတိရနေကြောင်း ပြောချင်ပါသော်လည်း ဘာကြောင့်များ ပြောမထွက်ခဲ့ပါသလဲ..။ ဒီလိုနဲ့ပဲ တို့တွေ ဝေး.. ဝေးသွားတာ.. နောက်ဆုံးတော့လည်း လွမ်း ရတာပါပဲ..။ တစ်ကယ်တော့ ငါဟာ နင်နဲ့ စတွေ့ပြီးကတည်းက အလွမ်းခရီးသည်ပါ..။ အရင်ကလည်း လွမ်းတယ်..။ ခုလည်း လွမ်းနေတုန်း၊ နောင်လည်း လွမ်းရတာကို မနှစ်သက်လှတဲ့ ငါက ဒီအလွမ်းကြီးကို လွမ်းနေရအုန်းမှာပါဘဲ..။ ဘယ့်သူ့ကိုလွမ်းမှန်းတော့ မသိဘူး..။ လွမ်းစရာမရှိပေမယ့် အဲဒါကိုပဲ လွမ်းနေတာပဲ..။ လွမ်းတယ်ဆိုတာ သတိရတာဆိုရင် သူငယ်ချင်းတို့ရေ နင်တို့အားလုံးကို ငါ.. လွမ်းနေပါတယ်......... ။

တစ်ကယ်လို့များ... ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ...
ကိုယ်ချစ်ရတဲ့ သူတိုင်းဆီက အချစ်တွေကို ကိုယ့်ထက် အင်ဖက်နတီ ပေါင်းများစွာ လက်ခံရရှိရပါလို၏ ...
ဒါပေမယ့်
ငါ.... ဆုတောင်းပြည့်ဖို့အတွက်နဲ့တော့
ကြယ်လေးရေ....
မင်းမကြွေလဲရပါတယ်
ဘာလို့ဆိုရင် အချစ်ဆိုတာမျိုးက တစ်ဦးတစ်ယောက်ထဲနဲ့ မပြီးလို့ပါဘဲ ............. ။

p.s
********************************************************
အချစ်သည် တခါတရံ အလွမ်းများကို သယ်ဆောင်လာတတ်သည်..
********************************************************

တစ်ချက်လေး စောင်းငဲ့ကြည့်ဦး မြင်ရုံသာစောင်းငဲ့ကြည့်ဦး


"ဟိုတစ်စ ဒီတစ်စ"

လူတိုင်းသွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ
အားလုံးမာန ရှိကြတာပေါ့..........။
ဒါပေမဲ့ ရှိသင့်တဲ့မာနထက်ပိုရင် အကျနာတတ်တယ်ဆိုတဲ့ စကားကြောင့်
"မာန်ကြွရင် ခံရမယ် မာန်ချမှ ဟန်ကျမယ်" ဆိုတဲ့စကားတွေကြောင့်သာ.......။

ရင်ထဲမနာတတ်ရင် ခွင့်လွှတ်တတ်ရင်
ဘယ်သူကမှမခံစားရပါဘူး
ဟုတ်ပါတယ်
တကယ်နာပြီဆိုရင်တော့ ကိုယ်ထိလက်ရောက်မှမဟုတ်ပါဘူး
စကားလေးတစ်ခွန်းနဲ့လည်း တစ်သက်လုံးခံစားသွားရပါတယ်.........။
အခုတော့
ခံစားတတ်တဲ့သူက ပိုခံစားရနေရပြီး
မခံစားတတ်သူက ခံစားရခက်နေတယ်..........။

အချစ်တစ်ခုကိုယုံမှတ်
မာနကိုခ၀ါချလို့
အရှုံးတွေမြည်းစမ်းရင်းက
ငါနာကျင်ခဲ့ရပေါ့......။

ပိပိရိရိလှည့်စား
အပြုံးတစ်ခု မင်းပေးသွားလို့
မျက်စိမှိတ်ယုံမိရင်းက
ငါအသည်းကွဲရပေါ့........။

ကျွန်မ မနာကြည်းတတ်ပါ
သို့သော် နာကျင်တတ်ပါသည်............။ (မနိုင်းနိုင်းနဲ့ အကြိုက်ချင်းတူသွားပါတယ်)
မမုန်းတီးတတ်ပါ
သို့သော် ဥပေက္ခာ ပြုတတ်ပါသည်.........။
ဥပေက္ခာပြုပြီဆိုရင်
၁၅၀၀ ကို ၃၀၀၀ ပေးလည်း
လှည့်မကြည့်တော့ပါဘူး..........။
ဒါကြောင့် ဖြစ်တည်ဆဲခဏတိုင်းမှာ
အချစ်ဆိုတဲ့အရာနောက်ကို လိုက်ရတဲ့
အလိုက်သမားတော့ မဖြစ်ပါရစေနဲ့လား...........။

တကယ်တော့ လွယ်မလိုနဲ့ ခက်တာ လူ့ လောကကြီးပါ
ဝမ်းနည်းစရာတွေ ၊ စိတ်ပျက်စရာတွေနဲ့ကြုံရ
တစ်ခါတစ်လေတော့လည်း
စိတ်အေးသက်သာနေရပြန်ရော........။
ဘာပဲဖြစ်ဖြစ်လေ ဘ၀ဟာ ဘ၀မို့ မဖြတ်သန်းလို့ လည်း မရပြန်ဘူး...........။
တွေဝေနေလို့ လည်းမရပြန်ဘူး...........။
စိတ်ပါသည်ဖြစ်ဖြစ်၊ မပါသည်ဖြစ်ဖြစ် ၀တ္တရားရှိသည့် အတိုင်းလို့ ဆိုရမလား.................။

ရင်ထဲမောနေပါပြီ
မောတယ်ဆိုတာ တကယ်တော့ ဟန်လုပ်ပြောချင်တဲ့စကားတစ်ခုပါ
တကယ်မောတော့ ဟန်မဆောင်နိုင်ပြန်ဘူး..............။
လွန်သွားပြီဖြစ်တဲ့ မင်းနဲ့ လည်း ပြန်ဆုံတွေ့ ဖို့ မဖြစ်နိုင်တော့ဘူး
ရေစက်ဆိုတာ ဒါလား... နားမလည်တော့ဘူး.................။

ရှိနေစေချင်လျက်နဲ့ မရှိတော့ဘူး
ချစ်နေလျက်နဲ့ ဖွင့်ဟ၀န်မခံဖြစ်ခဲ့ဘူး
ချစ်ရက်နဲ့ မာနတံခွန် ထူခဲ့တယ်
ဒီတော့ ရှင်နေစေချင်လျက်နဲ့ ကံတွေကုန်ကြပြီ................။

ဝမ်းနည်းခြင်းကိုစာမဖွဲ့ လိုတော့ဘူး
တကယ်တော့ စိတ်မကောင်းဘူး
စိတ်က ပင်ပန်းလွန်းလို့ နွမ်းနယ်ဖို့ တောင်အားမရှိတော့တာ
ကျေးဇူးပြု၍ သူ့ကိုသတိရကြာင်း ပြောပေးပါ............။

"မိုးကောင်ကင်နှင့်တူသောအချစ်"
ကျွန်မအတွက်က ရှိခြင်းမရှိခြင်းက အရေးမကြီးပါဘူး
ချစ်ခြင်းမချစ်ခြင်းကပဲ အရေးကြီးတာပါ..။
တစ်ကယ်တော့
လူတစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့ဆိုတာ
ကြိုးစားသလောက်လွယ်တဲ့အရာမှ မဟုတ်တာ.....။
ကျွန်မကတော့
တစ်စုံတစ်ယောက်ကို ချစ်ဖို့ခဲယဉ်းသလို
ချစ်မိသွားရင်လည်း မုန်းဖို့ခဲယဉ်း ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲပါတယ်.......။

အချစ်ကို ချိုမြိန်တယ်လို့ ခံယူထားရင်
ရင်ခုန်သံကအေးမြပါတယ်.....။
အချစ်က ခါးသက်တယ်လို့ထင်ရင်တော့
ရင်ခုန်ရတာ ပူလောင်ပါတယ်......။

တစ်ကယ်တော့
သေချာစဉ်းစားလေ ရွေးချယ်ရခက်လေ
ရွေးချယ်ရခက်လေ အချိန်ကြာလေလေပါပဲ
တစ်ခါတစ်လေတော့လည်း အချိန်ကုန်မခံနိုင်ပါဘူး.....။

အခုတစ်လော
ရူးသွပ်မှု့တွေ ရောင်းလိုအားများနေပါတယ်..။
ဂေါက်တောက်တောက်တွေမို့ တစ်ယောက်ထဲဖြစ်
တစ်ယောက်ထဲမို့ ဂေါက်တောက်တောက်ထပ်ဖြစ်နေပါတယ်...........။

p.s
*********************************************************
ဘဝကို တည့်မတ်ဖြောင့်တန်းစွာ လျှောက်လှမ်းခွင့်ရသော သူများ
ကွေ့သော်ငြားလည်း မှန်ကန်အောင်မြင်အောင် လျှောက်နိုင်သူများကို
လေးစား မုဒိတာ ပွားပါသည်.............။
သို့သော်ငြားလည်း ဘဝသည် ဘဝဖြစ်၏ ဆိုသည်ကို
ရှင်းပြလျှင်လည်း ဆင်ခြေပေးရာသာ ဖြစ်ချေပေတော့မည်.........။
*********************************************************

......♣ အတ်တာအိ အတ်တနော နာထော မိမိကိုယ်သာ ယုံကြည်အားထားရာ ♣........

"ရင်ဘတ်စောင့်တဲ့နတ်"

ဝလုံးကလေးကိုသုညပါလို့ ယုံအောင်ပြောပြီး
သုညကလေးကိုပင် ခဏအတွင်းမှာ လမင်းပါလို့ ပြောင်းလဲပြောတတ်လေသူ
စကားပြောကောင်းတဲ့
ချစ်သူရေ..
ဟိုး..အဝေးက တယောသံကို နားစွင့်ရင်း
မြစ်ရေစီးကြောင်း သံစဉ်တွေနဲ့ တွဲစပ်မိတယ်............ ။


ချစ်သူရေ...
ဟိုး...မိုးကုပ်စက်ဝိုင်းကိုမျှော်ကြည့်လိုက်ပါ
မင်းအတွက် လင်းလက်တောက်ပတဲ့ ကြယ်တစ်ပွင့်
ငါ့ရင်ခွင်မှာ ကွန်းခိုနေတာမြင်ရဲ့လား................ ။


ညတစ်ည ကြယ်စင်တွေနဲ့ လမင်းကြီးကို အချိန်အတော်ကြာ ငါကြည့်မိတယ်
နင်လည်း ကောင်းကင်အောက်က တစ်နေရာကနေ
ဒီလမင်းကြီးကို မော့ကာကြည့်မိရင်
နင်နဲ့ငါ လူချင်း မဆုံနိုင်ပေမယ့် ငါတို့ရဲ့စိတ်တွေနဲ့ အကြည့်တွေက
ကောင်းကင်ထက်က ငွေလမင်းဆီမှာ ဆုံနိုင်အောင်
နင်.. လမ်းပြပါ............။

Be Always Happy

"ကိုယ့်ကိုမြင်တဲ့ အမြင်"


ကိုယ့်ကိုကြည့်ရတာ ကလေးဆန်သလို တစ်ချိန်တည်းမှာပဲ ရင့်ကျက်တဲ့ပုံစံကိုလည်း မြင်ရတယ်။ လူတစ်ယောက်အနေနဲ့ အရေးကြီးဆုံးကတော့ ဟုတ်တာပြော၊ မှန်တာလုပ်၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပေါ့။ ရရှိလာတဲ့ ဘ၀လေးမှာ ပျော်အောင်နေတတ်ရမယ်။ ဘ၀မှာ ဘာကိုမှ တောင့်တောင့်တတရှိတဲ့ အထဲမှာ ကိုယ်မပါဘူး။ ဒါပေမဲ့ ရရှိလာတဲ့အရာကို တန်ဖိုးထားပြီး ကြိုးစားတတ်တဲ့အထဲမှာတော့ ပါတယ်။ ကျောင်းစာဆိုလည်း စာအလျောက်၊ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒီနေရာ မရခဲ့ရင်လည်း ကျေနပ်တယ်။ ကိုယ့်ဘ၀ကိုယ် သာမန်ဘ၀လေးလို့ပဲ မြင်တယ်။ ဘ၀တစ်နေရာရာမှာ အကျိုးရှိတဲ့ အဓိပ္ပါယ်ရှိတဲ့လူ ဖြစ်ရလို့ ကျေနပ်တယ်။ သယ်ရင်းတွေကတော့ ဒီလိုပြောတယ်.. မာနကြီးတယ်ထင်ရပေမဲ့ ကြင်နာတတ်တယ်။ အပေါင်းသင်းတွေအပေါ်မှာ အနစ်နာခံပေါင်းတတ်တယ်။ ရက်ရော သဘောကောင်းတယ် :D သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ဒါပေမဲ့ ချစ်ကြောင်း ဖော်ပြလေ့မရှိဘူး။ နေရာတကာမှာ ခေါင်းဆောင်လုပ်ရမှ သဘောကျတယ်။ တစ်ခါတစ်ခါ အလုပ်တော့ နဲနဲပျင်းတတ်တယ်။ ဒါပေမဲ့ လုပ်မိရင်လည်း အသေအကြေ လုပ်ပြန်ရော။ လူတွေအပေါ်မှာ ရိုးသားပြီး သစ္စာရှိတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တတ်တယ်။ တစ်ဖက်လူက ကိုယ့်အပေါ် မကြင်နာသလို ဂရုမစိုက်သလို ခံစားတတ်တယ်။ ဒါပေမဲ့ သူက သူငယ်ချင်းကောင်း တစ်ဦးပါ။ တဲ့..


"မိမိကိုယ်မိမိ ဖြစ်ချင်သော စံပြပုံစံ"

- စိတ်ထားဖြူစင်သောသူ
- အရာရာကို အကောင်းမြင်တတ်သူ (ယောနိသော မနသိကာရ) စိတ်ထားတတ်တဲ့သူ
- လောဘ၊ ဒေါသ၊ မောဟ နည်းပါးသောသူ
လောဘ (ပျော်ရွှင်လွန်ခြင်း ၊ ...)
ဒေါသ (စိတ်ညစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အလိုမကျခြင်း၊ မကျေနပ်ခြင်း၊ မုန်းတီးခြင်း ...)
မောဟ (အတွေးများခြင်း၊ အတွေးလွန်ခြင်း၊ စိတ်ပျံ့လွန့်ခြင်း၊ သတိမကပ်ခြင်း ...)
- သတ္တ၀ါအားလုံးအပေါ် မေတ္တာတရား ထားနိုင်သူ၊ မိမိနှင့်တွေ့ဆုံလာသမျှသူ (မည်သူမရွေး) အပေါ်၌ စာနာညှာတာ ဂရုဏာစိတ်ထား၍ စိတ်ချမ်းသာမှု့၊ ပျော်ရွှင်မှု့ကို ပေးနိုင်ရသောသူ
- အပိုစကားတွေက စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်တဲ့အတွက် စကားကို လိုတာထက် ပိုမပြောတဲ့သူ
- စကားပြောရင် သတိရှိပါစေ။ အသံညင်ညင်သာသာနဲ့ပြော၊ ပြောရင်းပြောရင်း ရှည်လျား ထွေပြား မဆိုင်တာတွေ ရောက်မသွားအောင် သတိနဲ့ ထိန်းပါ။ နူးညံ့ချိုသာတဲ့ စကားလုံးတွေ ဖြစ်ပါစေ။
- အားနာတာနဲ့ အပိုချီးမွမ်း မြှောက်ပင့်စကားတွေ လျှောက်မပြောမိပါစေနဲ့
- စိတ်ရော ကိုယ်ရော၊ တည်ငြိမ်သိမ်မွေ့နူးညံ့ ကောင်းမြတ်သောသူ ဖြစ်ရန် အမြဲသတိရှိရှိနဲ့ ကြိုးစားပါ။

လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံတွေရှိကြပါတယ်။ အတွေ့အကြုံထဲမှာမှ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း (၂)မျိုးရှိပါတယ်။ ငယ်စဉ်ကလေးကနေ ကြီးလာစဉ်မှာ အတွေ့အကြုံနဲ့ ရင့်ကျက်ပြောင်းလဲကျပြီး လူကြီးဆန်တဲ့လူတွေ ဖြစ်လာကြပါတယ်။ ကျွန်မအတွက် မတူညီတဲ့ နိုင်ငံရပ်ခြားရောက်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးမျိုးသော အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။

တကယ်တော့ ကျွန်မဟာ ငယ်ငယ်ထဲက ဆရာဝန်ဖြစ်ချင်ခဲ့ပါတယ်။ ဘာကြောင့်ဒီရည်မှန်းချက်ရှိခဲ့တာလည်း ဆိုရင်တော့ နိုက်တင်ဂေးစာအုပ်ဖတ်ပြီး မွန်မြတ်တဲ့စိတ်ဓါတ်ကို ချီးကျူးမိပါတယ်။ မိန်းခလေးဖြစ်ပေမဲ့ ရဲရင့်စွမ်းဆောင်၊ လူတွေကို ကယ်တင်နိုင်တဲ့ စိတ်ဓါတ်ကိုပါ။ ကျွန်မရဲ့ဖေဖေဟာ အစစအရာရာ စနစ်ကျပြီး စည်းကမ်းတင်းကျပ်သူပါ။ သားသမီးတွေကိုလည်း လူရည်ချွန်၊ လူရည်မွန်၊ နိုင်ငံအကျိုး၊ လူအများအကျိုးကို ဆောင်ရွက်နိုင်တဲ့ လူဖြစ်အောင် ဆိုဆုံးမပါတယ်။ ကျွန်မဟာ ဆေးလိုင်းကိုပြတ်ကျ ကျန်ခဲ့တဲ့အခါမှာ ကျွန်မရဲ့ရည်မှန်းချက်ကြီးဟာ ပြိုပျက်သွားခဲ့ပါတယ်။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ထင်ခဲ့ပါတယ်။ ကျွန်မရဲ့စိတ်ဓါတ်တွေဟာ ဆရာဝန်နဲ့ပတ်သက်တဲ့ ဆေးရုံ၊ Nurse မြင်တိုင်း ရင်ထဲမှာ နာကျင် ငိုကြွေးခဲ့ရပါတယ်။ ကျွန်မဟာ တော်တော့်ကို စိတ်ဓါတ်ကျပြီး လူမတိုး သူမတိုး ဘ၀မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိ ဖြစ်ခဲ့ရပါတယ်။

အခုချိန်မှာ ကျွန်မရဲ့စိတ်ဟာ အားငယ်တဲ့စိတ်၊ သူများကိုအားကိုးစိတ်မရှိ ရောက်တဲ့နေရာမှာ ထူးချွန်အောင် ကြိုးစားဖို့ဆိုတဲ့ စိတ်ကို ပိုင်ဆိုင်ထားပါတယ်..............။

p.s
ဂျပန်လို အက်ဆေး ရေးရမှာမိုလို့ မြန်မာလိုအရင် အကြမ်းချရေးတာပါ............။

..............♣ စံပြကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပြီး စံပြဖြစ်ပါစေ ♣...............

အင်္ဂလိပ်စာကဏ္ဍ



English Language Test အတွက် TOEIC, TOEFL, IELTS တွေရှိပါတယ်..။

TOEIC (Test of English for International Communication) is produced by ETS (Educational Testing Service) က Business English ပါ..။ အထူးသဖြင့် Asia နိုင်ငံတွေမှာ အလုပ်လုပ်မယ်ဆိုရင် အဲဒီအတွက် အဓိကထားပြီး နေ့စဉ်သုံး english skills ကို စစ်တဲ့ Exam လို့ပြောရင်လည်း ရပါတယ်..။ (1)Listening and Reading ကတော့ paper test ဖြစ်ပြီး 2 နာရီခွဲ ကြာ test center သွားဖြေရတာပါ..။ (2)Speaking and Writing ကတော့ Online test, takes 90 minutes လောက်ကို test center မှာပဲ ဖြေရတာပါ..။ သူ့ရဲ့အမှတ်ပေးစနစ်တွေကတော့ No(1) အတွက် between 10 and 990, No(2) are scored out of 200. Fees နဲ့ အကြောင်းအရာ တိတိကျကျ သိချင်ရင်တော့ ဒီဆိုက် ကိုဝင်ကြည့်လိုက်ပါ..။

TOEFL (Test of English as a Foreign Language) ကတော့ American မှာသုံးသလို UK university entry အတွက်လည်း အသုံးဝင်လှပါတယ်..။ အရင်က iBT (internet-based Test) ရှိခဲ့ပေမယ့် 2005 ခုနှစ်က စပြီး အဲဒီအစား CBT (computer-based Test) and PBT (paper-based Test) ကို ကျင်းပခဲ့ပါတယ်..။ သူ့မှာ integrated task ဆိုတဲ့ ဖတ်၊ နားထောင်ပြီး ပြန်ချရေးရတဲ့ test ပါပါတယ်..။

IELTS လို့ခေါ်တဲ့ International English Language Testing System ဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု့စစ်ဆေးသော Test တစ်ခုပါ..။ လွန်ခဲ့သော ၁၄ နှစ်ခန့်ကတည်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု့ လေးမျိုး (Listening, Speaking, Reading, Writing) ကိုစစ်ဆေးရာမှာ IELTS ကို အသုံးပြုခဲ့ရာ ယနေ့အထိ တစ်ကမ္ဘာလုံးတွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Standard Test တစ်ခုအဖြစ် အသုံးပြုဆဲပါ..။ ထောင်နဲ့ချီတဲ့ အဖွဲ့အစည်းတွေနဲ့ စာမေးပွဲဖြေဆိုသူတွေဟာ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ IELTS ကို ယုံကြည်စိတ်ချရတဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု Test အဖြစ် လက်ခံကြပါတယ်..။ IELTS ကို University of Cambridge ESOL Examinations (Cambridge ESOL), British Council and IDP Education Australia နှင့် IELTS Australia တို့ ပူးတွဲပြီး စီမံအုပ်ချုပ်ပါတယ်..။

သူ့ရဲ့ History ကတော့ ၁၉၈ဝ ပြည့်နှစ်မှာ English Proficiency Test Battery (EPTB) နေရာမှာ IELTS ကို အစားထိုးအသုံးပြုခဲ့ပါတယ်..။ EPTB ဟာ ၁၉၆ဝ ပြည့်နှစ်လယ်လောက်ကတည်းက British Council မှာ အင်္ဂလန် တက္ကသိုလ်များဝင်ခွင့်ကို လျှောက်ထားတဲ့ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Multiple Choice Test ပါ..။ အသစ်ပြဋ္ဌာန်းထားတဲ့ IELTS ဟာ တက္ကသိုလ်တွေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပိုမိုကိုက်ညီမှု့ရှိပြီး ပိုမိုလက်တွေ့ဆန်ပါတယ်..။

Test Format ကတော့ UK ပညာရေးကဏ္ဍကြီးရဲ့ ကျယ်ပြန့်တဲ့ဧရိယာကြီး ငါးခုပေါ်အခြေခံပြီး module ၆ခု ခွဲထားပါတယ်။ အဲဒါတွေကတော့ ­Life Sciences, Social Studies, Physical Sciences, Technology, Medicine, General Academic တို့ ဖြစ်ပါတယ်..။ တက္ကသိုလ်မတက်ဘဲနှင့် အသက်မွေးဝမ်းကျောင်းမှု့ ပညာသင်ကြားမယ့် Vocational Candidates တွေအတွက် Non-Academic Test လည်းရှိပါတယ်..။ IELTS ရဲ့ Format ကို ခေတ်အဆင့်ဆင့်ပြု ပြင်ပြောင်းလဲခဲ့ပါတယ်..။ ၁၉၈၉ခုနှစ်မှာ IELTS ဖြေဆိုရင် ကျောင်းသားတွေဟာ Listening နှင့် Speaking မှာ non-specialized modules အဖြစ် General English ကိုဖြေဆိုရပါတယ်..။ Reading နှင့် Writing မှာ ကျောင်းသားရွေးချယ်မယ့်သူ လေ့လာမယ့် course နှင့်ဆိုင်တဲ့ specialized modules နှစ်ခုကို ဖြေဆိုရပါတယ်..။ ၁၉၉၅ခုနှစ်မှာ Reading နှင့် Writing module တွေနေရာမှာ Academic Reading Module နှင့် Academic Writing Module တို့အစားထိုးခဲ့ပါတယ်..။ ၂ဝဝ၁ခုနှစ်မှာ IELTS Speaking Test ကိုပြန်ပြီး revised ပြုလုပ်ခဲ့ပါတယ်..။ ၂ဝဝ၅ခုနှစ်မှာ IELTS ဟာ Computer Based စနစ်ဖြစ်လာပါတယ်..။ WIKIPEDIA မှာရေးထားတာကတော့ Academic နဲ့ General Training Version ဆိုပြီး two versions ရှိပါတယ်..။ Reading Test နဲ့ Writing Test မှာ Academic နဲ့ General Training မေးခွန်းက ကွာပါတယ်..။ Academic Version က ပိုခက်ပါတယ်..။ General module က အလုပ်လုပ်မယ့်သူတွေအတွက်ပါ..။

ှုSkills 4 မျိုး ထဲမှာ အထူးသဖြင့် အားနည်းကြတာကတော့ (ကိုယ်အပါအ၀င်) Speaking skill ပါ..။ အဲ့ဒီ Speaking skill က နေ့ချင်းညချင်း တိုးတက်လာအောင် ကြိုးစားလို့ မရတာပါပဲ..။ အတိုင်းအတာတစ်ခုထိ တိုးတက်ဖို့ဆို သူကအချိန်ပေးရပါတယ်..။ အလေ့အကျင့် များများ လုပ်ရပါတယ်..။ အဲ့ဒီလို အလေ့အကျင့်ကောင်းလေး ရဖို့ဆိုတာက တစ်ယောက်ထဲ လေ့ကျင့်လို့ အဆင်မပြေပါဘူး..။ မရဘူးလို့တော့ မဆိုလိုပါဘူး..။ မထိရောက်ဘူးလို့ ပြောချင်တာပါ..။ စကားပြောလေ့ကျင့်ပါတယ် ဆိုကာမှ တစ်ယောက်ထဲ ဆိုတော့လေ…။

IELTS က Score 4 ဆို pass ဖြစ်ပါတယ်..။ half-scores က 6.5 ဖြစ်ပြီး 9 က high-test ပေါ့..။ တစ်ချို့Univ တွေကတော့ 6 or 7 လောက်ဆို ၀င်ခွင့်ရကြပါတယ်..။ IELTS က၂ နှစ်တစ်ခါ ပြန်ဖြေရပါတယ်..။ နို့မို့ဆို expire ဖြစ်ပါတယ်..။

Frequently Asked Questions

IELTS ကို စိတ်ဝင်စားတဲ့ ကျောင်းသားတို့စိတ်ဝင်စားမယ့် မေးခွန်းကလေးများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်..။

IELTS စာမေးပွဲကို တစ်ရက်အတွင်း အပြီးဖြေဆို၍ ရပါသလား ?
Three Skills က တစ်ရက်၊ Oral က တစ်ရက် ဖြေရတာပါ..။ Listening, Reading, Writing Test များဟာ နားချိန်မရှိဘဲ တောက်လျှောက်ဖြေဆိုရပါတယ်..။ Speaking Test ကို Test Date မတိုင်မီ သို့မဟုတ် အပြီး ၇ရက်အကြာမှာ ဖြေဆိုရပါတယ်..။ Oral မှာ topic တစ်ခု ဒါမှမဟုတ် နှစ်ခု ပေးပါတယ်..။ စဉ်းစားချိန် 1 min or 3 min or 5 min ရတယ်..။ (အပေါ်မှာပြောထားသလို Version ကွာရင် မေးခွန်းပုံစံ ကွာလို့မတူတာပါ..။) အဲ့ဒီခေါင်းစဉ်တွေဟာလည်း ယေဘူရအားဖြင့်တော့ လူတိုင်း သိနိုင်မယ့် (General Knowledge) နဲ့ဆိုင်တာတွေပဲ ဖြစ်လေ့ရှိပါတယ်..။ Note လုပ်ပြီး ပြန်ပြောရတာပါ..။ အဲ…ကိုယ်က ၃ မိနစ်လောက် ပြောပြီးပီဆိုရင်တော့ (examiner) က ကိုယ်ပြောလိုက်တဲ့ပေါ်မှာ မူတည်ပြီး မေးခွန်းတွေ မေးပါတယ်..။ တစ်ချို့တွေက ကိုယ်ပြောမယ့် ၊ ကိုယ်ဖြေမယ့် ဟာတွေကို အလွတ်ကျက်ထားကြတာတွေ ရှိပါတယ်..။ အဲ့ဒါတွေက ထင်သလောက်တော့ အသုံးမဝင်ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့ အပြန်အလှန် ပြောတဲ့နေရာမှာ သူကလည်း ကိုယ်ပြောတာပေါ်မူတည်ပြီး မေးတယ်..။ ကိုယ်ကလည်း သူမေးတဲ့ မေးခွန်းပေါ်မူတည်ပြီး ဖြေရတယ်..။ ဒီနေရာမှာ ကိုယ်ကသိထားရမှာက သူကကိုယ့်ကို Speaking skill ကိုစစ်နေတာပါ..။ သူမေးတဲ့ topic အကြောင်းအရာကို စာမေးပွဲအဖြစ် ဖြေနေရတာမဟုတ်ပါဘူး..။ အဲဒီတော့ ကိုယ်ကမသိဘူးဆိုပြီး ပြာရာခတ်စရာ မလိုပါဘူး..။ ကိုယ်မသိရင် မသိတဲ့အကြောင်းကို ရေရေလည်လည် ရှင်းပြနိုင်ရမှာ ဖြစ်ပါတယ်..။ ဒီနေရာမှာ ခုနကပြောသလို အလေ့အကျင့်က စကားပြောလာပါပြီ..။ အလေ့အကျင့် ရှိတယ်ဆို ဒီလိုပြဿနာမျိုးက အေးဆေးပါ..။ Speaking အတွက်ဆို အလေ့အကျင့် များများ လုပ်တာအကောင်းဆုံးပါပဲ..။


ဘာတွေပြင်ဆင်ထားရမလဲ ?
မေးခွန်းဟောင်းတွေ လေ့ကျင့်ရပါမယ်..။

Listening နှင့် Speaking Test တွေမှာ ဘယ်လို လေယူလေသိမ်းမျိုး ကြားရပါသလဲ ?
IELTS ဟာ International Test ပါ။ ယင်းစာမေးပွဲနှစ်မျိုးစလုံးမှာ အမျိုးမျိုးသော English လေယူလေသိမ်းတွေ ကြားရမှာပါ။

Speaking Test အကြောင်း ?
Speaking Test ဟာ IELTS က အသိအမှတ်ပြုတဲ့ examiner နှင့်မျက်နှာချင်းဆိုင် အမေးအဖြေ ပြုလုပ်ရတာပါ..။ အမေးနှင့်အဖြေတွေကို audio cassette သို့မဟုတ် digital recorderနှင့် ဖမ်းထားပါတယ်..။

စာမေးပွဲ result များကို မည်သည့်အချိန်လောက်တွင် သိခွင့်ရပါသလဲ ?
စာမေးပွဲဖြေဆိုပြီး Calendar days ၁၃ရက်အတွင်းမှာ resultများကို သိရပါတယ်..။

ကြိုတင်အကြောင်းကြားချက်မရှိဘဲ စာမေးပွဲဖြေဆိုရန်ပျက်ကွက်ခဲ့လျှင် ဘာဖြစ်နိုင်ပါသလဲ.. ?
Test Fee ဆုံးရှုံးမှာပါ..။ Test Date မတိုင်မီ ၅ရက်အတွင်း medical certificate တင်ပြနိုင်လျှင် Local Administrative Fee နှုတ်ပြီး Test Fee ကို ပြန်အမ်းမှာပါ..။


********************* Good Luck *******************

"ရှိစေချင်တယ်"


Money may important for knowledge. We don't have money, we can't get knowledge. To get knowledge, need time plus money investment.

ခုခေတ်က ဗဟုသုတအတွေ့အကြုံ ရချင်ရင် အချိန်နဲ့ ငွေကြေးကို ရင်းနှီးမြုပ်နှံဖို့လိုပါတယ်..။ ကျောင်းတက်နေတဲ့ ကျောင်းသားက ၀င်ငွေပိုက်ဆံတွေ အများကြီးလိုချင်လို့တော့ ဘယ်ရမလဲ..။ ပညာကိုပဲ ကိုယ့်စွမ်း ကိုယ်စရှိသလောက် ရှာယူရမယ်..။ အလုပ်နေရာ ကောင်းကောင်းထဲကို ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ ၀င်နိုင်ဖို့အတွက် လိုအပ်တာတွေကို ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်..။ ပညာသင်တယ် ဆိုတာ အတန်းထဲမှာ အဆင့်ကောင်းအောင် လုပ်ဖို့ထက်စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိအောင်၊ Critical Thinking လို့ခေါ်တဲ့ ဆရာတွေကို မေးခွန်းပြန်ထုတ်ရဲအောင်၊ ကျောင်းစာတွေကို တစ်ချိန်လုံး အလွတ်ကျက်နေမယ့်အစား ပြင်ပဗဟုသုတတွေကို လေ့လာတတ်ဖို့၊ ကျောင်းမှာ သင်သမျှကျက်နေကျနေရင် ကိုယ့်ဘာသာကိုယ် စာအုပ်ရှာဖွေလေ့လာဖို့ကို အားနည်းသွားတတ်ကြတယ်..။ အလွတ်ကျက်နိုင်တာထက် ကိုယ်ကိုယ်တိုင်နားလည်မယ်၊ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာနဲ့ပဲ လုံလောက်ပြီလို့ ထင်ပါတယ်။ ဗမာပြည်က မိဘအတော်များများက အတန်းထဲမှာ အဆင့်(၁)ကမှ အတော်ဆုံး၊ ဆယ်တန်းအောင်ရင် ဆေးကျောင်းကမှအကောင်းဆုံး ဆိုတာမျိုးတွေ တွေးတတ်ကြပါတယ်..။ ဗမာပြည်ကနေ ပြည်ပမှာ ကျောင်းလာတက်တဲ့သူတွေက ကျူရှင်ပဲမရှိရင် စာမဖတ်တတ်တော့သလိုလို။ ဘာပဲလုပ်လုပ် ပွဲစားနဲ့လုပ်မှပဲ အဆင်ပြေသလိုလိုတွေ အများကြီးတွေ့ရပါတယ်..။

ကမ္ဘာ့ရွာကြီးရဲ့ မည်သည့်ဒေသမှာပဲ ရောက်ရောက် လိုက်ရောညီထွေစွာ နေတတ်နိုင်ဖို့ ဆိုတာကလည်း ကျောင်းတတ်တဲ့အချိန်မှာ ရတဲ့ ပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံက အများကြီး အထောက်အကူ ပေးပါတယ်..။ အမြဲတမ်း ပန်းခရေလိုမွှေးတဲ့ကောင်းသတင်း၊ စမ်းရေလို အေးမြတဲ့ ဘ၀တွေကို ပိုင်ဆိုင်ဖို့ဆိုတာ ပညာရှိဖို့ လိုအပ်ပါတယ်..။ ပညာရဖို့ဆိုရင် ငွေကြေးကို ရင်းသင့်ရင်လည်း ရင်းရမှာပဲ..။ ပညာမှ မဟုတ်ပါဘူး ဘယ်အရာမဆို တစ်ခုကိုလိုချင်ရင်တစ်ခုကိုတော့ ပေးဆပ် ဆုံးရှုံးလက်လွတ်ရစမြဲပါပဲ..။ သိပြီးသားပုဂ္ဂိုလ်တွေရှိခဲ့ရင် ဆရာလုပ်မိတာ ခွင့်လွှတ်ပါနော်..။ တစ်ခါတစ်လေ ဇောနဲ့ဆိုတော့ ပညာရှိ သတိဖြစ်ခဲဖြစ်မှာစိုးလို့ပါ ....။

တစ်နေ့တစ်နေ့ နည်းပညာတွေက ပြောင်းလဲတိုးတက်နေတာပါ..။ ဒီနည်းပညာတွေကို ကိုယ်ကိုယ်တိုင် မဖန်တီးနိုင်သေးခင်မှာ ဘာတွေ တိုးတက် ပြောင်းလဲ ထွက်နေဘီလည်း ဆိုတာမျိုးလောက်တော့ သိသင့်တယ်လို့တော့ ထင်ပါတယ်..။ Internet ကို အကျိုးရှိရှိ အသုံးချစေချင်တယ်..။

ခုခေတ် လူငယ်တွေက ရည်မှန်းချက်ကြီးပြီး တစ်ခုခုဆို သိချင်တတ်ချင် စူးစမ်းချင်စိတ်လည်း ရှိကြပါတယ်..။ ဒါပေမယ့် အရမ်း depend ဖြစ်နေတယ်..။ ဥပမာ.. Search Engine သုံးပြီး data, research paper ရှာတာလောက်ကို လာရှာခိုင်းနေတာမျိုးကြတော့ တကယ်မသိတာလား ၊ ဒါမှမဟုတ် တမင် သက်သက်ခိုင်းနေတာလား လို့တောင် တွေးထင်မိစရာတွေ ဖြစ်လာပါတယ်..။ သူတို့ရှာတဲ့ data နဲ့ ကိုယ်ရှာပေးတဲ့ data တွေ မတူဘူးတဲ့..။ ဘယ်တူမလဲ..။ သူတို့က Google, Yahoo! တို့လောက်မှာပဲ ရှာတော့ General result တွေပဲ ရမှာပေါ့..။ Professional Search Engine တွေကို သုံးပြီးတော့မှ မရှာတာ..။ Learning လုပ်တဲ့နေရာမှာ ပိုပြီး မြှင့်တဲ့နေရာတစ်ခုအတွက် self-learning နဲ့လုပ်လို့ရတယ်..။ ကိုယ်တိုင်ဖတ် ကိုယ်တိုင်လေ့လာရတယ်..။ လူတိုင်းကလည်း အမြဲတမ်း မအားဘူးလေ..။ အများဆုံး လမ်းညွှန်ပေးနိုင်တယ်..။ ဘယ် site ဘယ်ဟာမှာ သွားဖတ်ဆိုတာမျိုးပေါ့..။

လူတစ်ယောက်ကို ပစ်ပစ်ခါခါ မပြောတတ်တဲ့ကိုယ့်ရဲ့ စိတ်အပေါ်မှာ အခွင့်အရေးယူပြီး ဟိုဟာမေး ဒီဟာမေး ဟိုဟာရှာခိုင်း ဆိုတာမျိုးတွေ ရှိလာလို့ပါ..။

တစ်ချို့ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ကယ့် ဆရာကြီး ဂိုက်တွေနဲ့ ပညာတွေ အပီအပြင်ဖဲ့ပြီး ပြိုင်နေကြတာ တွေ့ဖူးပါတယ်..။ နောက်ရှိသေးတယ်..။ အားလုံးကို သူသိ သူတတ် သူမသိတာ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သွေးနထင်ရောက် ဘ၀င်တွေမြင့် အထင်တွေကြီးပြီး တစ်ဖက်လူကို အထင်သေးစော်ကားတာမျိုး၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေး အရေး အဆို အမိန့် သီအိုရီတွေကိုဖတ်ပြီး ကြီးကျယ်ပြောင်မြောက်တဲ့စကားတွေနဲ့ ရန်စတာမျိုး ၊ မထီလေးစားလုပ်တာမျိုးတွေ တွေ့ရပါတယ်..။ အဲဒီလို လူမျိုးတွေက အကျနာတတ်တယ်..။ ကိုယ့်မှာလည်း အကျင့်တစ်ခုရှိတယ်..။ အဲဒီလိုမျိုး ငါ.မလုပ်နိုင်တာ မရှိဘူး၊ ဘယ်သူ့ကို လူရာမသွင်းပဲ ကိုယ်ပဲအားလုံးလုပ်နိုင်တယ် ဆိုတဲ့လူမျိုးကို ပညာပေးတတ်တဲ့ အကျင့်က ကိုယ့်မှာ ရှိပါတယ်..။ ဒါပေမယ့် တစ်ဖက်လူက သူ့ကို ပညာပြနေပြီဆိုတာ မသိအောင်လည်း နေပြ လုပ်ပြရတာပေါ့နော်..။ တော်တာ တတ်တာ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် တစ်ဖက်လူတွေကိုလည်း ကောင်းကောင်းမွန်မွန် လေးလေးစားစား ဆက်ဆံစေချင်တာပါ..။ လူတစ်ယောက်တိုင်းစီမှာ ကောင်းတဲ့အချက်ဖြစ်ဖြစ် ထူးချွန်တဲ့အချက်ကတော့ သေချာပေါက် ရှိပါတယ်..။ အဲ့ဒီ အသိလေးကို ပေးချင်တာပါ..။


..............♣ လိမ္မာယဉ်ကျေးတဲ့ ပညာတတ်တွေ ဖြစ်ပါစေ ♣.............


Cell Phone

ဖုန်းမှာဆိုရင် TACS (Total Access Communication System) , NMT (Nordic Mobile Tele-communication System) , AMPS (American Mobile Phone System) အစရှိတာတွေ ရှိပါတယ်..။
History of Mobile phones ကို တော့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ဒီကပဲ ဖတ်ကြည့်လိုက်ပါ..။

ဒီဆိုဒ်လေးကတော့ ကိုယ်ရောက်နေတဲ့နိုင်ငံမှာ ဘယ်လို ဖုန်းsystem တွေသုံးတယ် helpful and challenges တွေကို စုံစုံလင်လင်ဖော်ပြထားတာ တွေ့ရပါတယ်..။ သွားလေ့လာကြည့်လိုက်ပါဦး..။

လောလောဆယ်တော့ W-CDMA (Wideband Code-Division Multiple Access) နဲ့ GSM ရဲ့ကွာခြားချက်ကို ပြောပြသွားမှာပါ..။ 1982 မှာ GSM (Groupe Special Mobile) ကို Europe က စတီထွင်လိုက်ပါတယ်..။ ၁၉၉၃ ခုနှစ်ခန့်မှာတော့ GSM phone networksကို နိုင်ငံပေါင်း ၄၈နိုင်ငံခန့်မှာ သုံးစွဲသူ ၁သန်းကျော်ထိတိုးပွားလာပါတယ်..။ GSM-900, GSM-1800 and EGSM-900ကိုတော့ Europe, Middle East, Africa, Oceania and most of Asia မှာ အသုံးပြုတာများပါတယ်။

နိုင်ငံပေါ်လိုက်ပြီး GSM တယ်လီဖုန်းချိတ်ဆက်မှု့ကွန်ရက်ဟာ ဘယ် frequency(Mhz) ကိုသုံးသလဲ ဆိုတာပေါ်မူတည်ပြီး frequency(Mhz) ကွာခြားတဲ့အခါ အသုံးပြုနိုင်ခြင်းမရှိပါဘူး..။
မြန်မာနိုင်ငံအပါဝင် နိုင်ငံအလိုက် အသုံးပြုသော GSM frequency(Mhz) စနစ်များက ဒီမှာပါ..။

W-CDMA ဟာ ခုနောက်ပိုင်း ဂျပန်မှာအလွန်အသုံးများတဲ့ စနစ်ပါ..။ ၁၉၉၀ခုနှစ် နှောင်းပိုင်းမှာ ဂျပန်က NTT DoCoMo မှ မိမိပိုင် 3G network FOMA အတွက် Air interface အနေဖြင့် W-CDMAကို စတင်ပေါ်ထွန်း လာစေပါတယ်..။

နောက်ပိုင်းမှာတော့ NTTDoCoMoဟာ W-CDMAကို the international 3G standard အဖြစ် အပြည်ပြည်ဆိုင်ရာတယ်လီဆက်သွယ်ရေးအဖွဲ့ကြီးထံသို့ လျှောက်ထားပြီးနောက် International Mobile Telecommunications-2000 (IMT-2000) ဟု ခေါ်တွင် အသိမှတ်ပြုခံခဲ့ရပါတယ်..။

ဂျပန်မှာတော့ W-CDMA network ကို အသုံးပြုတဲ့ DoCoMo by NTT Carrier, GSM technology ကိုသုံးတဲ့ Softbank , CDMA 2000 technology ကို သုံးတဲ့ au by KDDI ဆိုတာတွေရှိပါတယ်..။ Softbank လို့၂၀၀၆ ခုနှစ်ကမှ စခေါ်တာပါ..။ မတိုင်ခင်က ၂၀၀၃ မှာ Vodafone ၁၉၉၉ မှာတော့ J-PHONE ဆိုပြီး ပေါ်ခဲ့တာပါ..။

အဲဒါတွေအပြင် E-mobile, ip-mobile, BB mobile တွေရှိပါသေးတယ်..။ အဲဒါတွေမတိုင်ခင်ကတော့ Pager / Beeper , 自動車電話 、ショルダーホン (3kg, 40 minutes 通話) 、携帯電話(Mobile Phone) 900g က 1987 မှာ စထွက်လာပါတယ်..။ Analog Signal ကတော့ 2000 ခုနှစ်မှာ Service ကုန်ပါတယ်..။

ဂျပန်မှာဖုန်းတွေက 2နှစ် Contract Business Model မိုလို့ SIM Card ကို မသုံးပါဘူး..။ ဥပမာ iPhone, iPad တို့ဟာ American Model တွေပါ.. ဒါပေမဲ့ SIM Card ချိန်းတာနဲ့ သူတို့ကို ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သုံးလို့ရတယ်..။ iPhone က General အားဖြင့် Smart Phone အမျိုးအစားပါပဲ..။ သူ့ကို Freedom Application (ကိုယ်ကြိုက်တဲ့ App) တွေထပ်ထည့်လို့ရတယ်..။ iPhone OS ကတော့ Mac OS X ပေါ့..။ Android ကတော့ Linux Base ပါ..။

Smart Phone အမျိုးအစားတွေကတော့ iPhone, Android, Blackberry ပါ..။ Phone OS တွေကတော့ Symbian OS, REX OS, Windows Mobile (Microsoft), ITRON/T- Engine, Nucleus, Palm OS, China Microsoft ဆိုတာတွေရှိပါတယ်..။ ဖုန်းမိတ်တွေကတော့ Samsung (Korea made), HTC (Taiwan made), NOKIA, Sony Ericsson, LG အစရှိသဖြင့်ရှိပါတယ်..။


Lecture' Notes မှ

ဂျပန်မှာ


Japan Vipassana Meditation Centre


ဒါက ဂျပန်မှာ တရားစခန်းဝင်ချင်သူများအတွက်ပါ..။ Kyoto မှာရှိတာပါ..။ ၂၀၀၉ တုန်းက ၀င်ဖို့စိတ်ကူးရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မ၀င်ဖြစ်ခဲ့ရပါဘူး..။ လင့်က ဒီမှာပါ ..။

************************************************************

Women's Federation For World Peace (WFWP) International in Japan


"ကမ္ဘာကြီးဟာ မိသားစုတစ်ခုဖြစ်တယ် " ဆိုတဲ့ခံယူချက်နဲ့ peace of bridge ကို တည်ဆောက်နေပြီး အဲ့ဒီ ခံယူချက်နဲ့ မပြည့်စုံသေးတဲ့ သူတွေကို ထောက်ပ့ကူညီနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှု့ရေးကောင်စီ အထွေထွေ အကြံပေး အဖွဲ့အစည်းတစ်ခုပါ..။ WFWP ရဲ့လင့်ကိုတော့ ဒီကနေကြည့်ပါ..။

WFWP အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ Dr. Hak Ja Jan Moon ဆိုတဲ့ ကိုရီးယား အမျိုးသမီးကြီး တစ်ဦး က စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၉၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အဓိကထား ဆောင်ရွက်တဲ့ လုပ်ငန်းတွေကတော့ အမျိုးသမီးများ အကူအညီရရှိရေး၊ ပညာရေးထောက်ပံ့မှု လုပ်ငန်းများ၊ အိပ်စ်ရောဂါ ကာကွယ်ရေး ပညာပေး လုပ်ငန်းများ၊ တကိုယ်ရေသန့်ရှင်းမှု နဲ့ အာဟာရပြည့်ဝစွာ စားသောက်မှု ပညာပေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသဖြင့် ဖြစ်ပါတယ်။

************************************************************
Japan National Anthem "Kimi Ga Yo" (日本国 国歌 「君が代」)

ဂျပန်နိုင်ငံရဲ့နိုင်ငံတော်သီချင်း Kimi Ga Yo

*******************************************************

"ပြန်တွေးကြည့်"

အကြံပြုနေတာလား ၊ တိုက်တွန်းနေတာလား
အသိပေးနေတာလား ၊ သတိပေးနေတာလား
အမိန့်ပေးနေတာလား ၊ တောင်းပန်နေတာလား
ပြောပြတာလား ၊ ပြောချင်နေတာကြာပြီလား
လက်တို့ပြီးပြောနေတာလား ၊ လက်တုပ်ပြီးပြောနေတာလား

တွေးခေါ်စေချင်တာလား ၊ ကျက်မှတ်စေချင်တာလား
မြင်စေချင်တာလား ၊ မျက်စိနောက်နေတာလား
စေတနာလား ၊ အတ္တလား (ရှေ့တန်းတင်နေတာက)
ဂရုဏာဒေါသလား ၊ ဒေါသပြီးမှဂရုဏာလား
(တစ်ချို့ကတော့ ဂရုဏာနဲ့ဒေါသတွဲမနေဘူးတဲ့)

ခင်တာလား ၊ ခင်းနေတာလား
ပေးဆပ်နေတာလား ၊ မျှော်လင့်နေတာလား
အခွင့်အလမ်းတွေပေးနေတာလား ၊ အခွင့်အရေးတွေယူနေတာလား
ညီမျှခြင်းလား ၊ မျှညှိနေတာလား

လိုအပ်နေတာလား ၊ လိုချင်နေတာလား
ပိုင်ဆိုင်ချင်တာလား ၊ ပိုင်စိုးချင်တာလား

သံယောဇဉ်လား ၊ ပြန်ရောချင်နေတာလား
စွန့်လွှတ်လိုက်တာလား ၊ စွန်လွှတ်နေတာလား

ဘာသာရေးလား ၊ ငါသာရေးလား
နိုင်ငံရေးလား ၊ နိုင်ဖို့အရေးလား
လူမှု့ရေးအရလား ၊ လူမူးဖို့အတွက်လား
လွတ်လပ်ချင်တာလား ၊ လွတ်ထွက်ချင်တာလား

ကကြီးလား ၊ ယပက်လပ်လား
ကြည့်နေတာလား ၊ မြင်နေတာလား
အားနာနေတာလား ၊ 'အ' နေတာလား
တစ်ဝက်ပြည့်နေတာလား ၊ တစ်ဝက်လျော့နေတာလား

ကဲ . . . ဘာပဲဖြစ်ဖြစ်
ငါ့မှာလည်း ဒိုးလုံးထက်မနည်းတဲ့
"မနက်ဖြန်များစွာရှိတယ်"


【「ごめん、スキだよぉ ♥」】


愛するのは簡単だけど、人生の伴侶として選ぶのは難しい
愛情はあるけど、君を愛するのは難しい
人の前でも目は嘘をつけない
嬉しいことはいっぱいあるけど、私を楽しませることは少ない
知り合いは多いけど、友人は少ない
皆を愛しているけど、一番大事にするのは難しい
気持ちは複雑だけど、皆の前ではほほえんであいさつする
ほほえんでいるけど、嬉しいことがない日が多い
冗談を言って、ちょっと人生を思い出さないように忘れるようにする
愛憎関係の間で 私の人生が回っている
君が私から遠い所にいても近い所にいても、どんな状態でもいつも変わらない愛で愛する
言葉にできないLove
会った時間が短かったけど、すぐ忘れられるとは思わないで
遠いところにいるから 来られないけど、いつも覚えている
君の愛しか何も気にしないでから、別れてくれないで.....

"Cloud Computing"













No need to install S/W in our PC. S/W producer already installed on his or her server so user can access resources from the cloud at any time, from any location via the Internet by registration. If you build a Enterprise System by using Cloud, you can save amount of money from developing to until maintenance. Cloud Computing is rally a culmination of many technologies such as grid computing, utility computing, SLA (Service Level Agreements), SOA (Service Oriented Architecture), Web 2.0 and other technologies. It has common cloud characteristics and five essential cloud characteristics. Five essential cloud characteristics are (1) On-demand self-service (2) Broad network access (3) Location independence (4) Rapid elasticity (5) Measured service. Can be visualized consisting of three sections: Cloud Application also called SaaS (Software as a Service), Cloud Platform also called PaaS (Platform as a Service) and Cloud Infrastructure also called IaaS (Infrastructure as a Service).

Cloud application (services on demand) eliminates to install and run application on the customer's own computer. If you have suitable internet connection and a standard browser can access a cloud application. It include enterprise software such as web-based email like that Gmail.
Examples: Google Apps (Google Docs, Google Calendar, Google Video, etc.), Flickr, CRM (Customer Relationship Management), Payroll, IBM Lotus Live

Cloud platform (resources on demand) allow software developers to write applications and deploy them directly to the Cloud.
Examples: GAE (Google App Engine), Force.com, Mosso
GAE is use Python and Java but can also run other languages such as Rails, JRuby. SalesForce platform use Apex and Java.

Cloud infrastructure includes servers, networks and other hardware appliances. Use large data centers and powerful servers that host Web applications and Web services.
Examples: Amazon Web Services (EC2, S3), Microsoft Azure Platform (Window Azure, SQL Services, .NET Services, Live Services), Rackspace, GoGrid, 3Tera, RightScale, Flexiscale, IBM Blue House, VMWare, Sun Parascale and more.

4 Cloud Deployment Models
(1) Private Cloud (corporate or internal cloud) - Hosted within an organization's firewall
(2) Public Cloud (external cloud) - Hosted on the Internet
(3) Hybrid Cloud - Composition of two or more clouds
(4) Community Cloud - Shared infrastructure for specific community

Cloud Computing is the sum of SaaS and Utility Computing, but does not include Private Clouds. (A Berkeley View of Cloud Computing)

Benefits/ Advantages of Cloud Computing - Reduced Costs (save money), Increased Storage (can store more data than on private computer systems), Highly Automated (no need to worry about keeping S/W up to date), Flexibility (offers much more flexibility than past computing), Allows IT to Shift Focus, Ease of implementation and Access, Scalability, Capacity and Sustainability, Resource Maximization, Collaboration, Customization, H/W and S/W Maintenance, Device and Location Independence, Rapid Innovation, Improved Performance and Reduced S/W Costs.

Disadvantage - Requires a constant Internet connection, Features might be limited, Stored data might not be secure, Stored data can be lost.

What is the difference of ASP and Cloud?

- quite significant, but both are "hosted"
- ASP: single-instance, single-tenant legacy software application
- Cloud: multi-tenancy

"Tablet"




Asus company က windows 7 ထည့်ပေးထားတဲ့ Tablet computer သစ် Eee Pad (12 inch touchscreen ) ပါ..။
Read the details






ကမ္ဘာပေါ်မှာ ကွန်ပျူတာတွေ ထုတ်လုပ်ရောင်းချမှု
တတိယနေရာမှာ ရှိနေတဲ့ Dell company က
ကြေညာလိုက်တဲ့ Streak (5 inch)

Read the details







"Favorite Quotations"



"Live Love Laugh"

"The best and most beautiful things cannot be seen or even touched, they must be felt with the heart! "

"The happiest of people don't necessarily have the best of everything."




"Thoughts Rule The World!"
(လောကကြီးအားအတွေးအခေါ်များကစိုးမိုးထားသည်)

"Be an Individual." (James Lovelock)

"A good apology has 3 parts:
1. I am sorry.
2. It was my fault
3. How do I make it right? "
(Randy Pausch)


"If you don't get everything you want, think of the things you don't get that you don't want." (Oscar Wilde)

"Your time is limited, so don't waste it living someone else's life."
(Steve Jobs)

"It does not matter how slowly you go so long as you do not stop."
(Confucius)

"If you win, you need not have to explain.
If you lose, you should not be there to explain!"
(Adolf Hitler - အဒေါဖ့်ဟစ်တလာ)

"Believing everybody is dangerous,
but believing nobody is more dangerous."
(Abraham Lincoln - အီဗရာဟင် လင်ကွန်း)

"Everyone thinks of changing the world,
but no one think of changing himself."
(Leo Tolstoy - လီယိုတောစတွိုင်း)

"If someone feels that they had never made a mistake in their life,
then it means they had never tried a new thing in their life."
(Albert Einstein - အိုင်းစတိန်း)

"Never break four things in our life.
Trust, Relation, Promise & Heart
because when they break, they don't make noise but pains a lot."
(Charles Dickens - ချားလ်စ်ဒစ်ကင်)

"Three sentences for getting success:
(1) Know more than other,
(2) Work more than other,
(3) Expect less than other."
(William Shakespeare)

"If you judge people, you have no time to love them."
(Mother Teresa - မာသာထရီဆာ)

Man is by nature a political animal.
(အရစ်စ်တိုတယ် - Aristotle)

The weak can never forgive. Forgiveness is the attribute of the strong.
(Mahatma Gandhi - မဟတ္တမဂန်ဒီ)

"I'm a slow walker, but I never walk back. "
(Abraham Linconn)

"No one is a PURE EVIL.
They will show their good sides. Just wait. "
(Randy Pausch)

"I don't think complaining and whying really solve the problem. "
(Randy Pausch)


If you live your life well, the dreams will come to you."
(Randy Pausch)

"I work hard, I don't work miracles. (Anonymous)

"There is no such thing as a free lunch." (Milton Friedman)

"All work and no play makes Jack a dull boy." (English Proverb)

"Life was like a box of chocolates.
You never know what you're gonna get. "
(Forrest Gump)

"Creativity is a drug I cannot live without. "
(Cecil B. DeMille)

"Every child is an artist.
The problem is how to remain an artist once he grows up. "
(Pablo Picasso)

"It is not about 'how to achieve you dreams'.
'It is about how to live your life'.
"The Qualities of A Hero Can Be Found Within Any Average Man. "
"Leadership is Action Not Position."
"Fly Fly to The Sky!"
"If it wasn't this, it would be something else. "
"We're trying the best we can but success or not is out of our control."
"Things are always changing as fast as everything stays the same. "
"It is not who is right, but what is right, that is of importance. "
" I don't follow anyone's rules / anybody.
I do what I like. And I know what I'm doing.
Don't be narrow minded.
It's a shame. "
" Finally, I realized that people love the most themselves. "

" Aja Aja... Fighting! "

"Do as you would be done by."
(人に自分がしてもらいたいように、他の人にもしてあげなさい。)

"If there is a will, there is always a way."
(なろうと思わなきゃ,何もなれない.)
(ဖြစ်ချင်စိတ်မရှိရင်ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး)

"人生は短い~でも、思ってるほど それは短くない。
Life is short but it is not short even think that."

今日という日は、二度と戻らない。
子供しかるな、来た道だから!!年より笑うな、行く道だから!!
一期一会
やるなたとことんやれ
よく学びよく遊べ
会うは別れの初め
好きこそ物の上手なれ