♠ ပျောက်ဆုံးသွားသော သပိတ်နုရောင် အချစ်ရက်စွဲ ♠

♣ အမြင့်စံရပေမဲ့
အပွင့်ရံရတဲ့ ဘ၀ပါလေ ... ။

♣ မာန်မ၀င်ပါ
မပန်ချင်
ဆံပင်ထက်မှာတော့
ပန်းခက်သာဝေ ..... ။

♣ မညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါခု
တစ်ပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်
မြေခ-သစ်ရွက် ...... ။

ရွက်ကြွေရင်မြေပေါ်ကျပေမဲ့ ကြယ်ကြွေရင်ဘယ်ရင်ခွင်ပေါ်ကျလဲ ?

♣ မေ့ခိုင်းမှ ပိုသတိရတယ်
တွန်းလှုပ်ပြီးမှ ပြန်ဖေးမလိုက်တယ်
ပြုမိသမျှ အနတ္တလို့ 
စိတ်ထဲက ကျေအေးပါတယ် ~~

♣ ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့ .... ။

♣ ခုတော့လဲ
ကြာ လဲ မ မေ့ ...
ရှာ လဲ မ တွေ့ ....
ငါ လဲ တ နေ့ ......


p.s
************************************************
အထင်ကြီးခြင်းဟာ ချစ်ခြင်းရဲ့အခြေခံအုတ်မြစ်တစ်ချပ်ဆိုရင်
ခက်တယ် ကိုယ်လည်း သိပ်ခက်တယ်
သံယောဇဉ်က ကြာလာလေ ကြီးထွားလာလေပဲ
************************************************

...♣ အဆိုးပျောက်ကင်းကျန်းမာခြင်းနဲ့ပြည့်စုံပြီး အလွမ်းဝေဒနာဘေးမှကင်းဝေးပါစေ ♣...

☆ Happy 63rd Independence Day of Myanmar ☆


Tuesday, "January 4th", 2011 marks the 63rd anniversary of Burma's (Myanmar) Independence day. This year is the first year with a new country's flag after Myanmar’s ruling military changed the flag in 2010 October 21.


လွပ်လပ်ရေးဆိုသည်မှာ လေနှင့်လည်းတူသည် ရေနှင့်လည်းတူသည် ကျန်းမာခြင်းနှင့်လည်းတူသည်..။ လေကို အလွယ်တကူ ရှူရှိုက်နေရစဉ်၌ လေ၏တန်ဖိုးကို မသိနိုင်...။ ထိုနည်းတူပင် ရေ၏တန်ဖိုး ၊ ကျန်းမာခြင်း၏ တန်ဖိုးတို့ကိုလည်း အဆင်သင့်ရနေချိန်နှင့် သွားလာလုပ်ကိုင်နိုင်သောအချိန်၌ အရေးမထားမိတတ်ကြချေပေ..။

လွပ်လပ်ရေးသည်လည်း ထို့အတူပင်ဖြစ်သည်...။ လွပ်လပ်နေချိန်၌ လွပ်လပ်ခြင်း၏ တန်ဖိုးကို မသိနိုင် လွပ်လပ်မှု့ ဆုံးရှုံးချိန်ကျမှသာ လွပ်လပ်ခြင်း၏ အရသာနှင့် တန်ဖိုးကို ကောင်းစွာ သိရှိနိုင်သည်. . .။

မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်ခံကိုလိုနီဘ၀မှ ၁၉၄၈ခုနှစ် ၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွပ်လပ်ရေး ရရှိခဲ့သည်. . . ။ မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွပ်လပ်သော နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှစ၍ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်. . . ။ သို့သော် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၁၈၅၂ ခုနှစ်တွင် တစ်ကြိမ် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်နယ်ချဲ့စစ်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး နောက် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည်....... ။

၁၉၀၀ ပြည့်နှစ် လွန်မြောက်ပြီးသည့်နောက် ၀ိုင်အမ်ဘီအေ ၊ ဂျီစီဘီအေ အသင်းများ တည်ထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်. . . ။ ၁၉၂၀ ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ် ၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံတို့ ဆင့်ကဲ ပေါ်ပေါက်ခဲ့သည်. . ။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်တာ ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းသည့်ဒဏ်ကို မြန်မာတို့ခံခဲ့ရသည်. . . ၁၉၄၅ခုနှစ် ၊ မတ်လတွင် ပြည်သူတစ်ရပ်လုံး ပါဝင်သည့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်. . . ။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအင်အားကြီးမားမှု့ ၊ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုတို့ကြောင့် လွပ်လပ်ရေး ပန်းတိုင်သည်. . နီးသည်ထက် နီးကပ်လာခဲ့သည်. . . တစ်နှစ်အတွင်း လွပ်လပ်ရေး ရတော့မည်ဟု သိရှိထားချိန် ၁၉၄၇ ခုနှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်. . မြန်မာပြည်သူတို့အတွက် အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှု့ ကြီးဖြစ်ခဲ့ရသည်. . . ။

သို့သော် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှု့အားမာန်ဖြင့် ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာပြည်လွပ်လပ်ရေး ရခဲ့သည်. . ။ လွပ်လပ်ရေး ကြိုးပမ်းမှု့သမိုင်းတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ စတေးခဲ့ရသည်. . . ။ အမျိုးသား ခေါင်းဆောင်များ၏ အသက်ကို ပေးခဲ့ရသည်. . . ။ လွပ်လပ်ရေးအတွက် မြုပ်နှံခဲ့ရသော အရင်းအနှီးကား ကြီးမားလှပေသည်. . ။

သို့ကြောင့် လက်ဝယ်ရရှိပြီးသော လွပ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းထားဖို့လိုပေသည်. . ။ လွပ်လပ်သော လူမျိုးတစ်မျိုး၏ တာဝန်မှာ လွပ်လပ်ရေးနှင့် ထိုက်တန်အောင် နေတတ်ရသည်. . ။ စည်းနှင့် ကမ်းနှင့် နေတတ်ရသည်. . ။ လွပ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်တွင်းပြည်ပ အဖျက် ရန်မှန်သမျှကိုလည်း အမြဲ တစေ သတိထား၍ ရှင်းလင်းသုတ်သင်နေရမည်. . . သို့မှသာ လွပ်လပ်ရေးသည် အဓွန့်ရှည်၍ ပြည်သူတို့၏ဘ၀ သာယာဝပြောမည် ဖြစ်ပေသည်. . ။

၆၃ နှစ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုလျှက်

Yes We Can! We Will Win!

p.s

ဒေါ်နုကြည်( မဟာဝိဇ္ဖာ) ၏ စာအရေးအသားကို မှီငြမ်းသည်..။

♣ I Love ASIA ♣




တရုတ်ပြည်ငလျင်ဘေးခံခဲ့ရသော
တရုတ်ပြည်သူပြည်သားများအတွက် ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော I Lve ASIA ကို JYP Entertainment မှ Park Jin Young နှင့် Jackie Chan တို့က ဦးဆောင်ဖွဲ့စည်းထားပါတယ်. . . I Lve ASIA project group က Digital Single တစ်ခုကို ရန်ပုံငွေ ရှာရန်အတွက် နာမည်ကြီး အဆိုတော်များ ၊ မင်းသားမင်းသမီးများ ၊ အားကစားသမားတစ်ဦးတို့က ပါဝင်သီဆိုထားပါတယ်. . . ။ မြန်မာပြည် နာဂစ်အတွက်ကိုတော့ မဆိုပေးခဲ့ပါဘူး. . . ။

Smile Again (I Love ASIA)



Asians are all one big family. It's so sweet, heart touching and so rare a thing these days !


Hands With Love (Burma)

This video is to help spread awareness of a natural disaster that killed hundreds of thousands of people. And, this charity song is sang by great vocalists and it shows the human compassion.





And, the song's vocal-quality, purpose and lyrics are no less quality than 'We are the World', which is sang by Michael Jackson, Stevie Wonder, Lionel Richie (it's old version for Africa). In new version, sang by Justin Bieber and another vocalists.

ဒီပုံလေးတွေကတော့ လက်ဆောင်ရတာ လှလို့ သိမ်းထားတာထက် အားလုံးလည်း ခံစားကြည်နူးလို့ရအောင် share တဲ့သဘောနဲ့ တင်လိုက်တာ........။


"မင်္ဂလာနှစ်သစ် ၂၀၁၁"



❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤


新年明けまして おめでとうございます!
မင်္ဂလာပါ နှစ်ထောင့်ဆယ့်တစ်!

2010 its time to go count down begins now ! Lots of happy/sad moments and lots of experience left with you that will be remembered in new year. Wish everyone a very Happy New Year 2011 ! May this year 2011 brings new hopes, success, happiness, blessings and lots of happy moments along with it.

နှစ်ဟောင်းလေးတစ်ခု ၂၀၁၀က ရင်ထဲမှ လက်ပြနှုတ်ဆက်လို့ နှင်းများကြားထဲက ထွက်ခွာသွားခဲ့ပြီ ... ။ ဘာလိုလိုနဲ့ ရက်ကနေ လကိုပြောင်း ၊ လကနေ နှစ်ကိုပြောင်း ၊ ဥတုရာသီ အလီလီပြောင်းပြီး ချစ်ရသော ဒီဇင်ဘာက ရော်ရွက်ဝါလေးတစ်ရွက်လို တစ်နှစ်တာအတွက် ခဏတာ နှုတ်ဆက်သွားခဲ့ပြီ...။

နှစ်ထောင့်ဆယ့်တစ်ရဲ့ အခန်းသစ်ထဲမှာတော့
စိမ်းလန်းခြင်း အသစ် .. ငြိမ်းချမ်းခြင်း အသစ်
အိပ်မက် အသစ် .. စိတ်ကူး အသစ်
မျှော်လင့်ခြင်း အသစ်တွေနဲ့ …
အသက်ရှူသံတွေတောင် သစ် … လို့ …
နေတယ်........။



“နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး လိုအင်ဆန္ဒများအားလုံးပြည့်ဝပါစေ”

•。*。☆♬♪♥ 。* 。*。☆ ♫♪♩
*♪*★Have a Blessed New Year★*♪* 。 • ˚
˚ ˛ ˚ ˛ •
° 。 ° ˚* _Π_____*。*˚♥♀ ♂♥*
˚ ˛ •˛•*/______/~\。˚ ˚ ˛
•.¸¸.• | 田田|門| `•.¸¸.•´


Happy New Year 2011 To All Near, Dear & Loved One's

2011.1.1  元旦