☆ Happy 63rd Independence Day of Myanmar ☆


Tuesday, "January 4th", 2011 marks the 63rd anniversary of Burma's (Myanmar) Independence day. This year is the first year with a new country's flag after Myanmar’s ruling military changed the flag in 2010 October 21.


လွပ်လပ်ရေးဆိုသည်မှာ လေနှင့်လည်းတူသည် ရေနှင့်လည်းတူသည် ကျန်းမာခြင်းနှင့်လည်းတူသည်..။ လေကို အလွယ်တကူ ရှူရှိုက်နေရစဉ်၌ လေ၏တန်ဖိုးကို မသိနိုင်...။ ထိုနည်းတူပင် ရေ၏တန်ဖိုး ၊ ကျန်းမာခြင်း၏ တန်ဖိုးတို့ကိုလည်း အဆင်သင့်ရနေချိန်နှင့် သွားလာလုပ်ကိုင်နိုင်သောအချိန်၌ အရေးမထားမိတတ်ကြချေပေ..။

လွပ်လပ်ရေးသည်လည်း ထို့အတူပင်ဖြစ်သည်...။ လွပ်လပ်နေချိန်၌ လွပ်လပ်ခြင်း၏ တန်ဖိုးကို မသိနိုင် လွပ်လပ်မှု့ ဆုံးရှုံးချိန်ကျမှသာ လွပ်လပ်ခြင်း၏ အရသာနှင့် တန်ဖိုးကို ကောင်းစွာ သိရှိနိုင်သည်. . .။

မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်ခံကိုလိုနီဘ၀မှ ၁၉၄၈ခုနှစ် ၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွပ်လပ်ရေး ရရှိခဲ့သည်. . . ။ မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွပ်လပ်သော နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှစ၍ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်. . . ။ သို့သော် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၁၈၅၂ ခုနှစ်တွင် တစ်ကြိမ် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်နယ်ချဲ့စစ်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး နောက် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည်....... ။

၁၉၀၀ ပြည့်နှစ် လွန်မြောက်ပြီးသည့်နောက် ၀ိုင်အမ်ဘီအေ ၊ ဂျီစီဘီအေ အသင်းများ တည်ထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်. . . ။ ၁၉၂၀ ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ် ၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံတို့ ဆင့်ကဲ ပေါ်ပေါက်ခဲ့သည်. . ။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်တာ ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းသည့်ဒဏ်ကို မြန်မာတို့ခံခဲ့ရသည်. . . ၁၉၄၅ခုနှစ် ၊ မတ်လတွင် ပြည်သူတစ်ရပ်လုံး ပါဝင်သည့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်. . . ။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအင်အားကြီးမားမှု့ ၊ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုတို့ကြောင့် လွပ်လပ်ရေး ပန်းတိုင်သည်. . နီးသည်ထက် နီးကပ်လာခဲ့သည်. . . တစ်နှစ်အတွင်း လွပ်လပ်ရေး ရတော့မည်ဟု သိရှိထားချိန် ၁၉၄၇ ခုနှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်. . မြန်မာပြည်သူတို့အတွက် အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှု့ ကြီးဖြစ်ခဲ့ရသည်. . . ။

သို့သော် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှု့အားမာန်ဖြင့် ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာပြည်လွပ်လပ်ရေး ရခဲ့သည်. . ။ လွပ်လပ်ရေး ကြိုးပမ်းမှု့သမိုင်းတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ စတေးခဲ့ရသည်. . . ။ အမျိုးသား ခေါင်းဆောင်များ၏ အသက်ကို ပေးခဲ့ရသည်. . . ။ လွပ်လပ်ရေးအတွက် မြုပ်နှံခဲ့ရသော အရင်းအနှီးကား ကြီးမားလှပေသည်. . ။

သို့ကြောင့် လက်ဝယ်ရရှိပြီးသော လွပ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းထားဖို့လိုပေသည်. . ။ လွပ်လပ်သော လူမျိုးတစ်မျိုး၏ တာဝန်မှာ လွပ်လပ်ရေးနှင့် ထိုက်တန်အောင် နေတတ်ရသည်. . ။ စည်းနှင့် ကမ်းနှင့် နေတတ်ရသည်. . ။ လွပ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်တွင်းပြည်ပ အဖျက် ရန်မှန်သမျှကိုလည်း အမြဲ တစေ သတိထား၍ ရှင်းလင်းသုတ်သင်နေရမည်. . . သို့မှသာ လွပ်လပ်ရေးသည် အဓွန့်ရှည်၍ ပြည်သူတို့၏ဘ၀ သာယာဝပြောမည် ဖြစ်ပေသည်. . ။

၆၃ နှစ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုလျှက်

Yes We Can! We Will Win!

p.s

ဒေါ်နုကြည်( မဟာဝိဇ္ဖာ) ၏ စာအရေးအသားကို မှီငြမ်းသည်..။

No comments:

Post a Comment