အင်္ဂလိပ်စာကဏ္ဍ



English Language Test အတွက် TOEIC, TOEFL, IELTS တွေရှိပါတယ်..။

TOEIC (Test of English for International Communication) is produced by ETS (Educational Testing Service) က Business English ပါ..။ အထူးသဖြင့် Asia နိုင်ငံတွေမှာ အလုပ်လုပ်မယ်ဆိုရင် အဲဒီအတွက် အဓိကထားပြီး နေ့စဉ်သုံး english skills ကို စစ်တဲ့ Exam လို့ပြောရင်လည်း ရပါတယ်..။ (1)Listening and Reading ကတော့ paper test ဖြစ်ပြီး 2 နာရီခွဲ ကြာ test center သွားဖြေရတာပါ..။ (2)Speaking and Writing ကတော့ Online test, takes 90 minutes လောက်ကို test center မှာပဲ ဖြေရတာပါ..။ သူ့ရဲ့အမှတ်ပေးစနစ်တွေကတော့ No(1) အတွက် between 10 and 990, No(2) are scored out of 200. Fees နဲ့ အကြောင်းအရာ တိတိကျကျ သိချင်ရင်တော့ ဒီဆိုက် ကိုဝင်ကြည့်လိုက်ပါ..။

TOEFL (Test of English as a Foreign Language) ကတော့ American မှာသုံးသလို UK university entry အတွက်လည်း အသုံးဝင်လှပါတယ်..။ အရင်က iBT (internet-based Test) ရှိခဲ့ပေမယ့် 2005 ခုနှစ်က စပြီး အဲဒီအစား CBT (computer-based Test) and PBT (paper-based Test) ကို ကျင်းပခဲ့ပါတယ်..။ သူ့မှာ integrated task ဆိုတဲ့ ဖတ်၊ နားထောင်ပြီး ပြန်ချရေးရတဲ့ test ပါပါတယ်..။

IELTS လို့ခေါ်တဲ့ International English Language Testing System ဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု့စစ်ဆေးသော Test တစ်ခုပါ..။ လွန်ခဲ့သော ၁၄ နှစ်ခန့်ကတည်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု့ လေးမျိုး (Listening, Speaking, Reading, Writing) ကိုစစ်ဆေးရာမှာ IELTS ကို အသုံးပြုခဲ့ရာ ယနေ့အထိ တစ်ကမ္ဘာလုံးတွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Standard Test တစ်ခုအဖြစ် အသုံးပြုဆဲပါ..။ ထောင်နဲ့ချီတဲ့ အဖွဲ့အစည်းတွေနဲ့ စာမေးပွဲဖြေဆိုသူတွေဟာ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ IELTS ကို ယုံကြည်စိတ်ချရတဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု Test အဖြစ် လက်ခံကြပါတယ်..။ IELTS ကို University of Cambridge ESOL Examinations (Cambridge ESOL), British Council and IDP Education Australia နှင့် IELTS Australia တို့ ပူးတွဲပြီး စီမံအုပ်ချုပ်ပါတယ်..။

သူ့ရဲ့ History ကတော့ ၁၉၈ဝ ပြည့်နှစ်မှာ English Proficiency Test Battery (EPTB) နေရာမှာ IELTS ကို အစားထိုးအသုံးပြုခဲ့ပါတယ်..။ EPTB ဟာ ၁၉၆ဝ ပြည့်နှစ်လယ်လောက်ကတည်းက British Council မှာ အင်္ဂလန် တက္ကသိုလ်များဝင်ခွင့်ကို လျှောက်ထားတဲ့ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Multiple Choice Test ပါ..။ အသစ်ပြဋ္ဌာန်းထားတဲ့ IELTS ဟာ တက္ကသိုလ်တွေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပိုမိုကိုက်ညီမှု့ရှိပြီး ပိုမိုလက်တွေ့ဆန်ပါတယ်..။

Test Format ကတော့ UK ပညာရေးကဏ္ဍကြီးရဲ့ ကျယ်ပြန့်တဲ့ဧရိယာကြီး ငါးခုပေါ်အခြေခံပြီး module ၆ခု ခွဲထားပါတယ်။ အဲဒါတွေကတော့ ­Life Sciences, Social Studies, Physical Sciences, Technology, Medicine, General Academic တို့ ဖြစ်ပါတယ်..။ တက္ကသိုလ်မတက်ဘဲနှင့် အသက်မွေးဝမ်းကျောင်းမှု့ ပညာသင်ကြားမယ့် Vocational Candidates တွေအတွက် Non-Academic Test လည်းရှိပါတယ်..။ IELTS ရဲ့ Format ကို ခေတ်အဆင့်ဆင့်ပြု ပြင်ပြောင်းလဲခဲ့ပါတယ်..။ ၁၉၈၉ခုနှစ်မှာ IELTS ဖြေဆိုရင် ကျောင်းသားတွေဟာ Listening နှင့် Speaking မှာ non-specialized modules အဖြစ် General English ကိုဖြေဆိုရပါတယ်..။ Reading နှင့် Writing မှာ ကျောင်းသားရွေးချယ်မယ့်သူ လေ့လာမယ့် course နှင့်ဆိုင်တဲ့ specialized modules နှစ်ခုကို ဖြေဆိုရပါတယ်..။ ၁၉၉၅ခုနှစ်မှာ Reading နှင့် Writing module တွေနေရာမှာ Academic Reading Module နှင့် Academic Writing Module တို့အစားထိုးခဲ့ပါတယ်..။ ၂ဝဝ၁ခုနှစ်မှာ IELTS Speaking Test ကိုပြန်ပြီး revised ပြုလုပ်ခဲ့ပါတယ်..။ ၂ဝဝ၅ခုနှစ်မှာ IELTS ဟာ Computer Based စနစ်ဖြစ်လာပါတယ်..။ WIKIPEDIA မှာရေးထားတာကတော့ Academic နဲ့ General Training Version ဆိုပြီး two versions ရှိပါတယ်..။ Reading Test နဲ့ Writing Test မှာ Academic နဲ့ General Training မေးခွန်းက ကွာပါတယ်..။ Academic Version က ပိုခက်ပါတယ်..။ General module က အလုပ်လုပ်မယ့်သူတွေအတွက်ပါ..။

ှုSkills 4 မျိုး ထဲမှာ အထူးသဖြင့် အားနည်းကြတာကတော့ (ကိုယ်အပါအ၀င်) Speaking skill ပါ..။ အဲ့ဒီ Speaking skill က နေ့ချင်းညချင်း တိုးတက်လာအောင် ကြိုးစားလို့ မရတာပါပဲ..။ အတိုင်းအတာတစ်ခုထိ တိုးတက်ဖို့ဆို သူကအချိန်ပေးရပါတယ်..။ အလေ့အကျင့် များများ လုပ်ရပါတယ်..။ အဲ့ဒီလို အလေ့အကျင့်ကောင်းလေး ရဖို့ဆိုတာက တစ်ယောက်ထဲ လေ့ကျင့်လို့ အဆင်မပြေပါဘူး..။ မရဘူးလို့တော့ မဆိုလိုပါဘူး..။ မထိရောက်ဘူးလို့ ပြောချင်တာပါ..။ စကားပြောလေ့ကျင့်ပါတယ် ဆိုကာမှ တစ်ယောက်ထဲ ဆိုတော့လေ…။

IELTS က Score 4 ဆို pass ဖြစ်ပါတယ်..။ half-scores က 6.5 ဖြစ်ပြီး 9 က high-test ပေါ့..။ တစ်ချို့Univ တွေကတော့ 6 or 7 လောက်ဆို ၀င်ခွင့်ရကြပါတယ်..။ IELTS က၂ နှစ်တစ်ခါ ပြန်ဖြေရပါတယ်..။ နို့မို့ဆို expire ဖြစ်ပါတယ်..။

Frequently Asked Questions

IELTS ကို စိတ်ဝင်စားတဲ့ ကျောင်းသားတို့စိတ်ဝင်စားမယ့် မေးခွန်းကလေးများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်..။

IELTS စာမေးပွဲကို တစ်ရက်အတွင်း အပြီးဖြေဆို၍ ရပါသလား ?
Three Skills က တစ်ရက်၊ Oral က တစ်ရက် ဖြေရတာပါ..။ Listening, Reading, Writing Test များဟာ နားချိန်မရှိဘဲ တောက်လျှောက်ဖြေဆိုရပါတယ်..။ Speaking Test ကို Test Date မတိုင်မီ သို့မဟုတ် အပြီး ၇ရက်အကြာမှာ ဖြေဆိုရပါတယ်..။ Oral မှာ topic တစ်ခု ဒါမှမဟုတ် နှစ်ခု ပေးပါတယ်..။ စဉ်းစားချိန် 1 min or 3 min or 5 min ရတယ်..။ (အပေါ်မှာပြောထားသလို Version ကွာရင် မေးခွန်းပုံစံ ကွာလို့မတူတာပါ..။) အဲ့ဒီခေါင်းစဉ်တွေဟာလည်း ယေဘူရအားဖြင့်တော့ လူတိုင်း သိနိုင်မယ့် (General Knowledge) နဲ့ဆိုင်တာတွေပဲ ဖြစ်လေ့ရှိပါတယ်..။ Note လုပ်ပြီး ပြန်ပြောရတာပါ..။ အဲ…ကိုယ်က ၃ မိနစ်လောက် ပြောပြီးပီဆိုရင်တော့ (examiner) က ကိုယ်ပြောလိုက်တဲ့ပေါ်မှာ မူတည်ပြီး မေးခွန်းတွေ မေးပါတယ်..။ တစ်ချို့တွေက ကိုယ်ပြောမယ့် ၊ ကိုယ်ဖြေမယ့် ဟာတွေကို အလွတ်ကျက်ထားကြတာတွေ ရှိပါတယ်..။ အဲ့ဒါတွေက ထင်သလောက်တော့ အသုံးမဝင်ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့ အပြန်အလှန် ပြောတဲ့နေရာမှာ သူကလည်း ကိုယ်ပြောတာပေါ်မူတည်ပြီး မေးတယ်..။ ကိုယ်ကလည်း သူမေးတဲ့ မေးခွန်းပေါ်မူတည်ပြီး ဖြေရတယ်..။ ဒီနေရာမှာ ကိုယ်ကသိထားရမှာက သူကကိုယ့်ကို Speaking skill ကိုစစ်နေတာပါ..။ သူမေးတဲ့ topic အကြောင်းအရာကို စာမေးပွဲအဖြစ် ဖြေနေရတာမဟုတ်ပါဘူး..။ အဲဒီတော့ ကိုယ်ကမသိဘူးဆိုပြီး ပြာရာခတ်စရာ မလိုပါဘူး..။ ကိုယ်မသိရင် မသိတဲ့အကြောင်းကို ရေရေလည်လည် ရှင်းပြနိုင်ရမှာ ဖြစ်ပါတယ်..။ ဒီနေရာမှာ ခုနကပြောသလို အလေ့အကျင့်က စကားပြောလာပါပြီ..။ အလေ့အကျင့် ရှိတယ်ဆို ဒီလိုပြဿနာမျိုးက အေးဆေးပါ..။ Speaking အတွက်ဆို အလေ့အကျင့် များများ လုပ်တာအကောင်းဆုံးပါပဲ..။


ဘာတွေပြင်ဆင်ထားရမလဲ ?
မေးခွန်းဟောင်းတွေ လေ့ကျင့်ရပါမယ်..။

Listening နှင့် Speaking Test တွေမှာ ဘယ်လို လေယူလေသိမ်းမျိုး ကြားရပါသလဲ ?
IELTS ဟာ International Test ပါ။ ယင်းစာမေးပွဲနှစ်မျိုးစလုံးမှာ အမျိုးမျိုးသော English လေယူလေသိမ်းတွေ ကြားရမှာပါ။

Speaking Test အကြောင်း ?
Speaking Test ဟာ IELTS က အသိအမှတ်ပြုတဲ့ examiner နှင့်မျက်နှာချင်းဆိုင် အမေးအဖြေ ပြုလုပ်ရတာပါ..။ အမေးနှင့်အဖြေတွေကို audio cassette သို့မဟုတ် digital recorderနှင့် ဖမ်းထားပါတယ်..။

စာမေးပွဲ result များကို မည်သည့်အချိန်လောက်တွင် သိခွင့်ရပါသလဲ ?
စာမေးပွဲဖြေဆိုပြီး Calendar days ၁၃ရက်အတွင်းမှာ resultများကို သိရပါတယ်..။

ကြိုတင်အကြောင်းကြားချက်မရှိဘဲ စာမေးပွဲဖြေဆိုရန်ပျက်ကွက်ခဲ့လျှင် ဘာဖြစ်နိုင်ပါသလဲ.. ?
Test Fee ဆုံးရှုံးမှာပါ..။ Test Date မတိုင်မီ ၅ရက်အတွင်း medical certificate တင်ပြနိုင်လျှင် Local Administrative Fee နှုတ်ပြီး Test Fee ကို ပြန်အမ်းမှာပါ..။


********************* Good Luck *******************

"ရှိစေချင်တယ်"


Money may important for knowledge. We don't have money, we can't get knowledge. To get knowledge, need time plus money investment.

ခုခေတ်က ဗဟုသုတအတွေ့အကြုံ ရချင်ရင် အချိန်နဲ့ ငွေကြေးကို ရင်းနှီးမြုပ်နှံဖို့လိုပါတယ်..။ ကျောင်းတက်နေတဲ့ ကျောင်းသားက ၀င်ငွေပိုက်ဆံတွေ အများကြီးလိုချင်လို့တော့ ဘယ်ရမလဲ..။ ပညာကိုပဲ ကိုယ့်စွမ်း ကိုယ်စရှိသလောက် ရှာယူရမယ်..။ အလုပ်နေရာ ကောင်းကောင်းထဲကို ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ ၀င်နိုင်ဖို့အတွက် လိုအပ်တာတွေကို ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်..။ ပညာသင်တယ် ဆိုတာ အတန်းထဲမှာ အဆင့်ကောင်းအောင် လုပ်ဖို့ထက်စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိအောင်၊ Critical Thinking လို့ခေါ်တဲ့ ဆရာတွေကို မေးခွန်းပြန်ထုတ်ရဲအောင်၊ ကျောင်းစာတွေကို တစ်ချိန်လုံး အလွတ်ကျက်နေမယ့်အစား ပြင်ပဗဟုသုတတွေကို လေ့လာတတ်ဖို့၊ ကျောင်းမှာ သင်သမျှကျက်နေကျနေရင် ကိုယ့်ဘာသာကိုယ် စာအုပ်ရှာဖွေလေ့လာဖို့ကို အားနည်းသွားတတ်ကြတယ်..။ အလွတ်ကျက်နိုင်တာထက် ကိုယ်ကိုယ်တိုင်နားလည်မယ်၊ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာနဲ့ပဲ လုံလောက်ပြီလို့ ထင်ပါတယ်။ ဗမာပြည်က မိဘအတော်များများက အတန်းထဲမှာ အဆင့်(၁)ကမှ အတော်ဆုံး၊ ဆယ်တန်းအောင်ရင် ဆေးကျောင်းကမှအကောင်းဆုံး ဆိုတာမျိုးတွေ တွေးတတ်ကြပါတယ်..။ ဗမာပြည်ကနေ ပြည်ပမှာ ကျောင်းလာတက်တဲ့သူတွေက ကျူရှင်ပဲမရှိရင် စာမဖတ်တတ်တော့သလိုလို။ ဘာပဲလုပ်လုပ် ပွဲစားနဲ့လုပ်မှပဲ အဆင်ပြေသလိုလိုတွေ အများကြီးတွေ့ရပါတယ်..။

ကမ္ဘာ့ရွာကြီးရဲ့ မည်သည့်ဒေသမှာပဲ ရောက်ရောက် လိုက်ရောညီထွေစွာ နေတတ်နိုင်ဖို့ ဆိုတာကလည်း ကျောင်းတတ်တဲ့အချိန်မှာ ရတဲ့ ပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံက အများကြီး အထောက်အကူ ပေးပါတယ်..။ အမြဲတမ်း ပန်းခရေလိုမွှေးတဲ့ကောင်းသတင်း၊ စမ်းရေလို အေးမြတဲ့ ဘ၀တွေကို ပိုင်ဆိုင်ဖို့ဆိုတာ ပညာရှိဖို့ လိုအပ်ပါတယ်..။ ပညာရဖို့ဆိုရင် ငွေကြေးကို ရင်းသင့်ရင်လည်း ရင်းရမှာပဲ..။ ပညာမှ မဟုတ်ပါဘူး ဘယ်အရာမဆို တစ်ခုကိုလိုချင်ရင်တစ်ခုကိုတော့ ပေးဆပ် ဆုံးရှုံးလက်လွတ်ရစမြဲပါပဲ..။ သိပြီးသားပုဂ္ဂိုလ်တွေရှိခဲ့ရင် ဆရာလုပ်မိတာ ခွင့်လွှတ်ပါနော်..။ တစ်ခါတစ်လေ ဇောနဲ့ဆိုတော့ ပညာရှိ သတိဖြစ်ခဲဖြစ်မှာစိုးလို့ပါ ....။

တစ်နေ့တစ်နေ့ နည်းပညာတွေက ပြောင်းလဲတိုးတက်နေတာပါ..။ ဒီနည်းပညာတွေကို ကိုယ်ကိုယ်တိုင် မဖန်တီးနိုင်သေးခင်မှာ ဘာတွေ တိုးတက် ပြောင်းလဲ ထွက်နေဘီလည်း ဆိုတာမျိုးလောက်တော့ သိသင့်တယ်လို့တော့ ထင်ပါတယ်..။ Internet ကို အကျိုးရှိရှိ အသုံးချစေချင်တယ်..။

ခုခေတ် လူငယ်တွေက ရည်မှန်းချက်ကြီးပြီး တစ်ခုခုဆို သိချင်တတ်ချင် စူးစမ်းချင်စိတ်လည်း ရှိကြပါတယ်..။ ဒါပေမယ့် အရမ်း depend ဖြစ်နေတယ်..။ ဥပမာ.. Search Engine သုံးပြီး data, research paper ရှာတာလောက်ကို လာရှာခိုင်းနေတာမျိုးကြတော့ တကယ်မသိတာလား ၊ ဒါမှမဟုတ် တမင် သက်သက်ခိုင်းနေတာလား လို့တောင် တွေးထင်မိစရာတွေ ဖြစ်လာပါတယ်..။ သူတို့ရှာတဲ့ data နဲ့ ကိုယ်ရှာပေးတဲ့ data တွေ မတူဘူးတဲ့..။ ဘယ်တူမလဲ..။ သူတို့က Google, Yahoo! တို့လောက်မှာပဲ ရှာတော့ General result တွေပဲ ရမှာပေါ့..။ Professional Search Engine တွေကို သုံးပြီးတော့မှ မရှာတာ..။ Learning လုပ်တဲ့နေရာမှာ ပိုပြီး မြှင့်တဲ့နေရာတစ်ခုအတွက် self-learning နဲ့လုပ်လို့ရတယ်..။ ကိုယ်တိုင်ဖတ် ကိုယ်တိုင်လေ့လာရတယ်..။ လူတိုင်းကလည်း အမြဲတမ်း မအားဘူးလေ..။ အများဆုံး လမ်းညွှန်ပေးနိုင်တယ်..။ ဘယ် site ဘယ်ဟာမှာ သွားဖတ်ဆိုတာမျိုးပေါ့..။

လူတစ်ယောက်ကို ပစ်ပစ်ခါခါ မပြောတတ်တဲ့ကိုယ့်ရဲ့ စိတ်အပေါ်မှာ အခွင့်အရေးယူပြီး ဟိုဟာမေး ဒီဟာမေး ဟိုဟာရှာခိုင်း ဆိုတာမျိုးတွေ ရှိလာလို့ပါ..။

တစ်ချို့ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ကယ့် ဆရာကြီး ဂိုက်တွေနဲ့ ပညာတွေ အပီအပြင်ဖဲ့ပြီး ပြိုင်နေကြတာ တွေ့ဖူးပါတယ်..။ နောက်ရှိသေးတယ်..။ အားလုံးကို သူသိ သူတတ် သူမသိတာ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သွေးနထင်ရောက် ဘ၀င်တွေမြင့် အထင်တွေကြီးပြီး တစ်ဖက်လူကို အထင်သေးစော်ကားတာမျိုး၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေး အရေး အဆို အမိန့် သီအိုရီတွေကိုဖတ်ပြီး ကြီးကျယ်ပြောင်မြောက်တဲ့စကားတွေနဲ့ ရန်စတာမျိုး ၊ မထီလေးစားလုပ်တာမျိုးတွေ တွေ့ရပါတယ်..။ အဲဒီလို လူမျိုးတွေက အကျနာတတ်တယ်..။ ကိုယ့်မှာလည်း အကျင့်တစ်ခုရှိတယ်..။ အဲဒီလိုမျိုး ငါ.မလုပ်နိုင်တာ မရှိဘူး၊ ဘယ်သူ့ကို လူရာမသွင်းပဲ ကိုယ်ပဲအားလုံးလုပ်နိုင်တယ် ဆိုတဲ့လူမျိုးကို ပညာပေးတတ်တဲ့ အကျင့်က ကိုယ့်မှာ ရှိပါတယ်..။ ဒါပေမယ့် တစ်ဖက်လူက သူ့ကို ပညာပြနေပြီဆိုတာ မသိအောင်လည်း နေပြ လုပ်ပြရတာပေါ့နော်..။ တော်တာ တတ်တာ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် တစ်ဖက်လူတွေကိုလည်း ကောင်းကောင်းမွန်မွန် လေးလေးစားစား ဆက်ဆံစေချင်တာပါ..။ လူတစ်ယောက်တိုင်းစီမှာ ကောင်းတဲ့အချက်ဖြစ်ဖြစ် ထူးချွန်တဲ့အချက်ကတော့ သေချာပေါက် ရှိပါတယ်..။ အဲ့ဒီ အသိလေးကို ပေးချင်တာပါ..။


..............♣ လိမ္မာယဉ်ကျေးတဲ့ ပညာတတ်တွေ ဖြစ်ပါစေ ♣.............


Cell Phone

ဖုန်းမှာဆိုရင် TACS (Total Access Communication System) , NMT (Nordic Mobile Tele-communication System) , AMPS (American Mobile Phone System) အစရှိတာတွေ ရှိပါတယ်..။
History of Mobile phones ကို တော့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ဒီကပဲ ဖတ်ကြည့်လိုက်ပါ..။

ဒီဆိုဒ်လေးကတော့ ကိုယ်ရောက်နေတဲ့နိုင်ငံမှာ ဘယ်လို ဖုန်းsystem တွေသုံးတယ် helpful and challenges တွေကို စုံစုံလင်လင်ဖော်ပြထားတာ တွေ့ရပါတယ်..။ သွားလေ့လာကြည့်လိုက်ပါဦး..။

လောလောဆယ်တော့ W-CDMA (Wideband Code-Division Multiple Access) နဲ့ GSM ရဲ့ကွာခြားချက်ကို ပြောပြသွားမှာပါ..။ 1982 မှာ GSM (Groupe Special Mobile) ကို Europe က စတီထွင်လိုက်ပါတယ်..။ ၁၉၉၃ ခုနှစ်ခန့်မှာတော့ GSM phone networksကို နိုင်ငံပေါင်း ၄၈နိုင်ငံခန့်မှာ သုံးစွဲသူ ၁သန်းကျော်ထိတိုးပွားလာပါတယ်..။ GSM-900, GSM-1800 and EGSM-900ကိုတော့ Europe, Middle East, Africa, Oceania and most of Asia မှာ အသုံးပြုတာများပါတယ်။

နိုင်ငံပေါ်လိုက်ပြီး GSM တယ်လီဖုန်းချိတ်ဆက်မှု့ကွန်ရက်ဟာ ဘယ် frequency(Mhz) ကိုသုံးသလဲ ဆိုတာပေါ်မူတည်ပြီး frequency(Mhz) ကွာခြားတဲ့အခါ အသုံးပြုနိုင်ခြင်းမရှိပါဘူး..။
မြန်မာနိုင်ငံအပါဝင် နိုင်ငံအလိုက် အသုံးပြုသော GSM frequency(Mhz) စနစ်များက ဒီမှာပါ..။

W-CDMA ဟာ ခုနောက်ပိုင်း ဂျပန်မှာအလွန်အသုံးများတဲ့ စနစ်ပါ..။ ၁၉၉၀ခုနှစ် နှောင်းပိုင်းမှာ ဂျပန်က NTT DoCoMo မှ မိမိပိုင် 3G network FOMA အတွက် Air interface အနေဖြင့် W-CDMAကို စတင်ပေါ်ထွန်း လာစေပါတယ်..။

နောက်ပိုင်းမှာတော့ NTTDoCoMoဟာ W-CDMAကို the international 3G standard အဖြစ် အပြည်ပြည်ဆိုင်ရာတယ်လီဆက်သွယ်ရေးအဖွဲ့ကြီးထံသို့ လျှောက်ထားပြီးနောက် International Mobile Telecommunications-2000 (IMT-2000) ဟု ခေါ်တွင် အသိမှတ်ပြုခံခဲ့ရပါတယ်..။

ဂျပန်မှာတော့ W-CDMA network ကို အသုံးပြုတဲ့ DoCoMo by NTT Carrier, GSM technology ကိုသုံးတဲ့ Softbank , CDMA 2000 technology ကို သုံးတဲ့ au by KDDI ဆိုတာတွေရှိပါတယ်..။ Softbank လို့၂၀၀၆ ခုနှစ်ကမှ စခေါ်တာပါ..။ မတိုင်ခင်က ၂၀၀၃ မှာ Vodafone ၁၉၉၉ မှာတော့ J-PHONE ဆိုပြီး ပေါ်ခဲ့တာပါ..။

အဲဒါတွေအပြင် E-mobile, ip-mobile, BB mobile တွေရှိပါသေးတယ်..။ အဲဒါတွေမတိုင်ခင်ကတော့ Pager / Beeper , 自動車電話 、ショルダーホン (3kg, 40 minutes 通話) 、携帯電話(Mobile Phone) 900g က 1987 မှာ စထွက်လာပါတယ်..။ Analog Signal ကတော့ 2000 ခုနှစ်မှာ Service ကုန်ပါတယ်..။

ဂျပန်မှာဖုန်းတွေက 2နှစ် Contract Business Model မိုလို့ SIM Card ကို မသုံးပါဘူး..။ ဥပမာ iPhone, iPad တို့ဟာ American Model တွေပါ.. ဒါပေမဲ့ SIM Card ချိန်းတာနဲ့ သူတို့ကို ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သုံးလို့ရတယ်..။ iPhone က General အားဖြင့် Smart Phone အမျိုးအစားပါပဲ..။ သူ့ကို Freedom Application (ကိုယ်ကြိုက်တဲ့ App) တွေထပ်ထည့်လို့ရတယ်..။ iPhone OS ကတော့ Mac OS X ပေါ့..။ Android ကတော့ Linux Base ပါ..။

Smart Phone အမျိုးအစားတွေကတော့ iPhone, Android, Blackberry ပါ..။ Phone OS တွေကတော့ Symbian OS, REX OS, Windows Mobile (Microsoft), ITRON/T- Engine, Nucleus, Palm OS, China Microsoft ဆိုတာတွေရှိပါတယ်..။ ဖုန်းမိတ်တွေကတော့ Samsung (Korea made), HTC (Taiwan made), NOKIA, Sony Ericsson, LG အစရှိသဖြင့်ရှိပါတယ်..။


Lecture' Notes မှ

ဂျပန်မှာ


Japan Vipassana Meditation Centre


ဒါက ဂျပန်မှာ တရားစခန်းဝင်ချင်သူများအတွက်ပါ..။ Kyoto မှာရှိတာပါ..။ ၂၀၀၉ တုန်းက ၀င်ဖို့စိတ်ကူးရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မ၀င်ဖြစ်ခဲ့ရပါဘူး..။ လင့်က ဒီမှာပါ ..။

************************************************************

Women's Federation For World Peace (WFWP) International in Japan


"ကမ္ဘာကြီးဟာ မိသားစုတစ်ခုဖြစ်တယ် " ဆိုတဲ့ခံယူချက်နဲ့ peace of bridge ကို တည်ဆောက်နေပြီး အဲ့ဒီ ခံယူချက်နဲ့ မပြည့်စုံသေးတဲ့ သူတွေကို ထောက်ပ့ကူညီနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှု့ရေးကောင်စီ အထွေထွေ အကြံပေး အဖွဲ့အစည်းတစ်ခုပါ..။ WFWP ရဲ့လင့်ကိုတော့ ဒီကနေကြည့်ပါ..။

WFWP အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ Dr. Hak Ja Jan Moon ဆိုတဲ့ ကိုရီးယား အမျိုးသမီးကြီး တစ်ဦး က စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၉၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အဓိကထား ဆောင်ရွက်တဲ့ လုပ်ငန်းတွေကတော့ အမျိုးသမီးများ အကူအညီရရှိရေး၊ ပညာရေးထောက်ပံ့မှု လုပ်ငန်းများ၊ အိပ်စ်ရောဂါ ကာကွယ်ရေး ပညာပေး လုပ်ငန်းများ၊ တကိုယ်ရေသန့်ရှင်းမှု နဲ့ အာဟာရပြည့်ဝစွာ စားသောက်မှု ပညာပေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသဖြင့် ဖြစ်ပါတယ်။

************************************************************
Japan National Anthem "Kimi Ga Yo" (日本国 国歌 「君が代」)

ဂျပန်နိုင်ငံရဲ့နိုင်ငံတော်သီချင်း Kimi Ga Yo

*******************************************************

"ပြန်တွေးကြည့်"

အကြံပြုနေတာလား ၊ တိုက်တွန်းနေတာလား
အသိပေးနေတာလား ၊ သတိပေးနေတာလား
အမိန့်ပေးနေတာလား ၊ တောင်းပန်နေတာလား
ပြောပြတာလား ၊ ပြောချင်နေတာကြာပြီလား
လက်တို့ပြီးပြောနေတာလား ၊ လက်တုပ်ပြီးပြောနေတာလား

တွေးခေါ်စေချင်တာလား ၊ ကျက်မှတ်စေချင်တာလား
မြင်စေချင်တာလား ၊ မျက်စိနောက်နေတာလား
စေတနာလား ၊ အတ္တလား (ရှေ့တန်းတင်နေတာက)
ဂရုဏာဒေါသလား ၊ ဒေါသပြီးမှဂရုဏာလား
(တစ်ချို့ကတော့ ဂရုဏာနဲ့ဒေါသတွဲမနေဘူးတဲ့)

ခင်တာလား ၊ ခင်းနေတာလား
ပေးဆပ်နေတာလား ၊ မျှော်လင့်နေတာလား
အခွင့်အလမ်းတွေပေးနေတာလား ၊ အခွင့်အရေးတွေယူနေတာလား
ညီမျှခြင်းလား ၊ မျှညှိနေတာလား

လိုအပ်နေတာလား ၊ လိုချင်နေတာလား
ပိုင်ဆိုင်ချင်တာလား ၊ ပိုင်စိုးချင်တာလား

သံယောဇဉ်လား ၊ ပြန်ရောချင်နေတာလား
စွန့်လွှတ်လိုက်တာလား ၊ စွန်လွှတ်နေတာလား

ဘာသာရေးလား ၊ ငါသာရေးလား
နိုင်ငံရေးလား ၊ နိုင်ဖို့အရေးလား
လူမှု့ရေးအရလား ၊ လူမူးဖို့အတွက်လား
လွတ်လပ်ချင်တာလား ၊ လွတ်ထွက်ချင်တာလား

ကကြီးလား ၊ ယပက်လပ်လား
ကြည့်နေတာလား ၊ မြင်နေတာလား
အားနာနေတာလား ၊ 'အ' နေတာလား
တစ်ဝက်ပြည့်နေတာလား ၊ တစ်ဝက်လျော့နေတာလား

ကဲ . . . ဘာပဲဖြစ်ဖြစ်
ငါ့မှာလည်း ဒိုးလုံးထက်မနည်းတဲ့
"မနက်ဖြန်များစွာရှိတယ်"


【「ごめん、スキだよぉ ♥」】


愛するのは簡単だけど、人生の伴侶として選ぶのは難しい
愛情はあるけど、君を愛するのは難しい
人の前でも目は嘘をつけない
嬉しいことはいっぱいあるけど、私を楽しませることは少ない
知り合いは多いけど、友人は少ない
皆を愛しているけど、一番大事にするのは難しい
気持ちは複雑だけど、皆の前ではほほえんであいさつする
ほほえんでいるけど、嬉しいことがない日が多い
冗談を言って、ちょっと人生を思い出さないように忘れるようにする
愛憎関係の間で 私の人生が回っている
君が私から遠い所にいても近い所にいても、どんな状態でもいつも変わらない愛で愛する
言葉にできないLove
会った時間が短かったけど、すぐ忘れられるとは思わないで
遠いところにいるから 来られないけど、いつも覚えている
君の愛しか何も気にしないでから、別れてくれないで.....

"Cloud Computing"













No need to install S/W in our PC. S/W producer already installed on his or her server so user can access resources from the cloud at any time, from any location via the Internet by registration. If you build a Enterprise System by using Cloud, you can save amount of money from developing to until maintenance. Cloud Computing is rally a culmination of many technologies such as grid computing, utility computing, SLA (Service Level Agreements), SOA (Service Oriented Architecture), Web 2.0 and other technologies. It has common cloud characteristics and five essential cloud characteristics. Five essential cloud characteristics are (1) On-demand self-service (2) Broad network access (3) Location independence (4) Rapid elasticity (5) Measured service. Can be visualized consisting of three sections: Cloud Application also called SaaS (Software as a Service), Cloud Platform also called PaaS (Platform as a Service) and Cloud Infrastructure also called IaaS (Infrastructure as a Service).

Cloud application (services on demand) eliminates to install and run application on the customer's own computer. If you have suitable internet connection and a standard browser can access a cloud application. It include enterprise software such as web-based email like that Gmail.
Examples: Google Apps (Google Docs, Google Calendar, Google Video, etc.), Flickr, CRM (Customer Relationship Management), Payroll, IBM Lotus Live

Cloud platform (resources on demand) allow software developers to write applications and deploy them directly to the Cloud.
Examples: GAE (Google App Engine), Force.com, Mosso
GAE is use Python and Java but can also run other languages such as Rails, JRuby. SalesForce platform use Apex and Java.

Cloud infrastructure includes servers, networks and other hardware appliances. Use large data centers and powerful servers that host Web applications and Web services.
Examples: Amazon Web Services (EC2, S3), Microsoft Azure Platform (Window Azure, SQL Services, .NET Services, Live Services), Rackspace, GoGrid, 3Tera, RightScale, Flexiscale, IBM Blue House, VMWare, Sun Parascale and more.

4 Cloud Deployment Models
(1) Private Cloud (corporate or internal cloud) - Hosted within an organization's firewall
(2) Public Cloud (external cloud) - Hosted on the Internet
(3) Hybrid Cloud - Composition of two or more clouds
(4) Community Cloud - Shared infrastructure for specific community

Cloud Computing is the sum of SaaS and Utility Computing, but does not include Private Clouds. (A Berkeley View of Cloud Computing)

Benefits/ Advantages of Cloud Computing - Reduced Costs (save money), Increased Storage (can store more data than on private computer systems), Highly Automated (no need to worry about keeping S/W up to date), Flexibility (offers much more flexibility than past computing), Allows IT to Shift Focus, Ease of implementation and Access, Scalability, Capacity and Sustainability, Resource Maximization, Collaboration, Customization, H/W and S/W Maintenance, Device and Location Independence, Rapid Innovation, Improved Performance and Reduced S/W Costs.

Disadvantage - Requires a constant Internet connection, Features might be limited, Stored data might not be secure, Stored data can be lost.

What is the difference of ASP and Cloud?

- quite significant, but both are "hosted"
- ASP: single-instance, single-tenant legacy software application
- Cloud: multi-tenancy

"Tablet"




Asus company က windows 7 ထည့်ပေးထားတဲ့ Tablet computer သစ် Eee Pad (12 inch touchscreen ) ပါ..။
Read the details






ကမ္ဘာပေါ်မှာ ကွန်ပျူတာတွေ ထုတ်လုပ်ရောင်းချမှု
တတိယနေရာမှာ ရှိနေတဲ့ Dell company က
ကြေညာလိုက်တဲ့ Streak (5 inch)

Read the details







"Favorite Quotations"



"Live Love Laugh"

"The best and most beautiful things cannot be seen or even touched, they must be felt with the heart! "

"The happiest of people don't necessarily have the best of everything."




"Thoughts Rule The World!"
(လောကကြီးအားအတွေးအခေါ်များကစိုးမိုးထားသည်)

"Be an Individual." (James Lovelock)

"A good apology has 3 parts:
1. I am sorry.
2. It was my fault
3. How do I make it right? "
(Randy Pausch)


"If you don't get everything you want, think of the things you don't get that you don't want." (Oscar Wilde)

"Your time is limited, so don't waste it living someone else's life."
(Steve Jobs)

"It does not matter how slowly you go so long as you do not stop."
(Confucius)

"If you win, you need not have to explain.
If you lose, you should not be there to explain!"
(Adolf Hitler - အဒေါဖ့်ဟစ်တလာ)

"Believing everybody is dangerous,
but believing nobody is more dangerous."
(Abraham Lincoln - အီဗရာဟင် လင်ကွန်း)

"Everyone thinks of changing the world,
but no one think of changing himself."
(Leo Tolstoy - လီယိုတောစတွိုင်း)

"If someone feels that they had never made a mistake in their life,
then it means they had never tried a new thing in their life."
(Albert Einstein - အိုင်းစတိန်း)

"Never break four things in our life.
Trust, Relation, Promise & Heart
because when they break, they don't make noise but pains a lot."
(Charles Dickens - ချားလ်စ်ဒစ်ကင်)

"Three sentences for getting success:
(1) Know more than other,
(2) Work more than other,
(3) Expect less than other."
(William Shakespeare)

"If you judge people, you have no time to love them."
(Mother Teresa - မာသာထရီဆာ)

Man is by nature a political animal.
(အရစ်စ်တိုတယ် - Aristotle)

The weak can never forgive. Forgiveness is the attribute of the strong.
(Mahatma Gandhi - မဟတ္တမဂန်ဒီ)

"I'm a slow walker, but I never walk back. "
(Abraham Linconn)

"No one is a PURE EVIL.
They will show their good sides. Just wait. "
(Randy Pausch)

"I don't think complaining and whying really solve the problem. "
(Randy Pausch)


If you live your life well, the dreams will come to you."
(Randy Pausch)

"I work hard, I don't work miracles. (Anonymous)

"There is no such thing as a free lunch." (Milton Friedman)

"All work and no play makes Jack a dull boy." (English Proverb)

"Life was like a box of chocolates.
You never know what you're gonna get. "
(Forrest Gump)

"Creativity is a drug I cannot live without. "
(Cecil B. DeMille)

"Every child is an artist.
The problem is how to remain an artist once he grows up. "
(Pablo Picasso)

"It is not about 'how to achieve you dreams'.
'It is about how to live your life'.
"The Qualities of A Hero Can Be Found Within Any Average Man. "
"Leadership is Action Not Position."
"Fly Fly to The Sky!"
"If it wasn't this, it would be something else. "
"We're trying the best we can but success or not is out of our control."
"Things are always changing as fast as everything stays the same. "
"It is not who is right, but what is right, that is of importance. "
" I don't follow anyone's rules / anybody.
I do what I like. And I know what I'm doing.
Don't be narrow minded.
It's a shame. "
" Finally, I realized that people love the most themselves. "

" Aja Aja... Fighting! "

"Do as you would be done by."
(人に自分がしてもらいたいように、他の人にもしてあげなさい。)

"If there is a will, there is always a way."
(なろうと思わなきゃ,何もなれない.)
(ဖြစ်ချင်စိတ်မရှိရင်ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး)

"人生は短い~でも、思ってるほど それは短くない。
Life is short but it is not short even think that."

今日という日は、二度と戻らない。
子供しかるな、来た道だから!!年より笑うな、行く道だから!!
一期一会
やるなたとことんやれ
よく学びよく遊べ
会うは別れの初め
好きこそ物の上手なれ



"What do you think about the international marriage?"


One day, if you could meet a charming foreign boy or adorable lady, will you marry or will you give chance for your marriage? If the two people love each other sincerely, it doesn't matter which country they come from. But as we known, international marriage usually comes with a bad ending. From the stories I read, most of them are not happy. They may enjoy their relationship very much at the beginning. However, things will run in a opposite way after they get married. After all, the environment where they grew up is totally different, so their ideas will be different too. Maybe it is called culture conflict? International marriage is challenging, sometimes confusing and has a lots of complicated things such as culture and language is a big one.


EVERYDAY we live in a world where what we think is upside-down and different from how we might expect. It is not bad if we are ready for it in our heart and mind. If we choose well, it can be a wonderful experience. If we choose foolishly and too quickly, it can become an embarrassing distaster.

Marriage doesn't last for a day, but for a lifetime. Different values and cultural backgrounds are the main reasons why the couples won’t be able to stay happy forever. In addition, our children would be confused as to where we belong.

My friends don't think international marriage is bad, but they can't accept it themselves. There are regulations which Buddhism must follow and cultural backgrounds are different.

What do you think about the international marriage? Do you have any friends who are experiencing a happy international marriage?

My Friend' Two Cents: It's not about Buddhism, Buddhism preaches love and kindness. It's about culture, ethic, custom and belief. Some likes to maintain their bloodline pure thus avoiding inter-racial marriage.

If the couple is understanding towards one another, ...and the family supportive, there shouldn't be any difference between normal and inter-racial marriage.

But ♥ Love is love no matter where you find it. ♪♪

Difference between Master' Thesis vs Doctoral Thesis



Prof. John W. ChinneckDept. of Systems and Computer Engineering Carleton University Ottawa, Canada

" How to Organize your Thesis" (In English)


For Burmese Language

မဟာဘွဲ့လွန်ကျမ်း နှင့် ပါရဂူဘွဲ့လွန်ကျမ်း၏ အဓိက ကွာခြားချက်မှာ ဘွဲ့လွန်ကျမ်း၏ ဖွဲ့စည်းပုံမဟုတ်ပဲ ဘာသာရပ်ဆိုင်ရာ ပြဿနာအတိမ်အနက် နှင့် ၎င်းအားဖြေရှင်းနိုင်မှု အဆင့်ပင်ဖြစ်သည်။

မဟာဘွဲ့လွန်ကျမ်းသည် အသိပညာနယ်ပယ် တိုးတက်ဖွံ့ဖြိုးမှု၌ တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူပြုမှု (သို့မဟုတ်) ကောင်းစွာဖွံ့ဖြိုးနေပြီးဖြစ်သော နည်းပညာများအား မိမိပြုလုပ်မည့် သုတေသနနယ်ပယ်အသစ်၌ အသုံးချနိုင်မှု ဖြစ်သည်။

ပါရဂူဘွဲ့လွန်ကျမ်းသည် အသိပညာနယ်ပယ်၌ ဆန်းသစ်တီထွင်နိုင်မှု ရှိသော အတွေးအခေါ်များအား ပေးနိုင်ရပေမည်။ ထို့ကြောင့် ပါရဂူဘွဲ့လွန်ကျမ်းတွင် ပိုမိုခက်ခဲသော ပြဿနာအား ရှာဖွေဖြေရှင်းရန် လိုအပ်၍ ပိုမိုတိကျခိုင်မာသော ဘာသာရပ်ဆိုင်ရာ အသိပညာအား ပေးစွမ်းနိုင်ခြင်းရှိရန် လိုအပ်ပေသည်။

how difference software developer vs programmer

Programming is the act of writing, compiling, testing and debugging source code.


Therefore a programmer – computer programmer, coder (a person who designs and writes and tests computer programs)



Developer
- someone who develops real estate (especially someone who prepares a site for residential or commercial use).

Software engineer- is a person who applies the principles of software engineering to the design, development, testing, and evaluation of the software and systems that make computers or anything containing software, such as computer chips, work.

Read the details

"အချစ်ဆိုတာ"



ရင်ခုန်တိုင်း ချစ်တယ်
အချစ် ဘယ်ကစ?
အထင်ကြီးခြင်းက စ.လေသလား?
မြတ်နိုးယုယ သည်းခံခွင့်လွှတ် နားလည်
အနွံတာ ဂရုစိုက်ခံရခြင်းမှ စ.လေသလား?
တစ်ချို့က အချစ်ဆိုတာ
ဖွင့်ထားတဲ့ ရင်ခွင်ထဲက
ပိတ်ထားတဲ့ တံခါး..တဲ့။

ကြားဖူးတာကတော့
Love is color-blind,
Accidental .. ပေါ့...။

သိချင်တာကတော့
Is there TRUE LOVE in life Really?

ဒီမှာတော့
ဒီလိုရေးထားတယ်
There is Only One True Love In Person's Life

စိုင်းစိုင်းကတော့
အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းမဟုတ်ပဲ ချစ်နေဖို့ပဲလိုတယ်.. တဲ့
(အတုန့်အလှည့်၊ အသွားအပြန်မလိုဘူးလို့ပြောချင်တာများလား)

အချို့အချို့ကတော့
အချစ်ဆိုတာ အ.. လို့ချစ်တာ
လူလည်တွေက မချစ်တတ်ကြဘူး တဲ့..
လူတွေက ပညာတတ်လေလေ ကိုယ့်ကိုယ်ကိုချစ်လေလေ ဆိုပဲ...။

ဒီလိုနဲ့ အချစ်အကြောင်း တစ်စေ့တစ်စောင်း မေးမြန်းကြည့်ခဲ့ရာ
"အချစ်ဆိုတာ"
အမိအရ ဆုပ်ကိုင်မပြနိုင်ပေမဲ့
တိကျရေရာတဲ့ ခံစားမှု့တစ်ခု.......။
ချစ်သူအတွက် ပေးဆပ်မှု့တိုင်းမှာ
ရင်ခုန်သံတွေ ရှိနေရမယ်
ရင်ခုန်သံချင်း ရိုက်ခတ်မှု့ဟာ အချစ်.......။
ခက်ထန်မာကြောသော နှလုံးသားကို
ပျော့ပျောင်းစေသောအရာသည် အချစ်.......။
အချစ်ဆိုတာ
တစ်ဖက်လူက မပေးချင်ပဲ
အတင်းယူရင် အမုန်းကိုပဲ ရတယ်......။
သက်သေပြစရာ အချက်လက်တွေနဲ့
တိုက်ဆိုင်ညှိနှိုင်းစရာ မလိုတဲ့အရာမျိုး.........။
စကားလုံးတွေနဲ့ ပြောပြရင်
မပြည့်စုံနိုင်ဘူး........။
ဘယ်တုန်းက ဘယ်လို ချစ်သွားမှန်း
မသိအောင် မြန်ဆန်လွန်း.......။
ကိုယ်ဖြစ်ချင်တာတစ်ခုတည်းသိတာ
အချစ်မဟုတ်ဘူး.
ကိုယ်ချစ်တဲ့သူအတွက်
စွန့်လွှတ်အနစ်နာခံတာမှ
အချစ်ရဲ့ အဓိပ္ပါယ်.........။
နှလုံးသားချင်းပြောတဲ့စကားတွေက
စကားလုံးတွေထက်
ပိုထိရောက်တယ်ဆိုပေမယ့်
မိန်းခလေးတွေအတွက်တော့
စကားလုံးတွေလိုတယ်...တဲ့......။

ကျွန်မကတော့ အချစ်ဆိုတာကို ကိုယ်ကိုယ်တိုင်က ကွဲကွဲပြားပြား မသိဘူးးးးး
ဒီအသက်အရွယ်မှာ အချစ်ဆိုတာလောက်တော့ သိသင့်တာပေါ့နော်....။ :)
သေချာသိတာကတော့
"ချစ်ခြင်းနဲ့ မေတ္တာ"
"အချစ်နဲ့ အိမ်ထောင်ရေး" သည်
လုံးဝကွဲပြားသည်.....။

စာဖတ်သူကော အချစ်ဆိုတာ ကိုဘယ်လို ခံယူပါသလဲရှင် ?

p.s
*******************************************************
"အချစ်နဲ့ပတ်သက်လာရင်
မောင်တို့ယောက်င်္ကျားတွေဟာ တစ်ကိုယ်ကောင်း ဆန်တတ်တယ်...
တစ်ကိုယ်ကောင်းဆန်တတ်တယ်ဆိုတဲ့ စကားကိုမကြိုက်ရင်
ကိုယ်တွေးချင်သလိုတွေးတတ်တာလို့ ခိုင်ပြောပါမယ်..."
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ( တက္ကသိုလ်ဘုန်းနိုင် )
*******************************************************




"ကဗျာ "


♣ နဲဂအုခို့တို ♣

ဝေး... ဘယ်လောက်ဝေးဝေး
သတိရပေးပါ ..
လွမ်း... ဘာအကြောင်းပဲလွမ်းလွမ်း
တမ်းတချင်း တစ်ပိုင်းတစ်စမှာတော့ ပါပါရစေ..
မေ့... ဘာတွေပဲ မေ့မေ့
ငါ့ကိုတော့ မမေ့ပါနဲ့ ... ။

အကြင်နာလက်တစ်ဖက်
မင်းလှမ်းလို့ မယူခဲ့ပေမယ့်
ငါကမ်းလို့ ပေးခဲ့ပါတယ် ... ။

**************************************************

"အရောက် လာခဲ့စေချင်"

ကြယ်ကြွေကောက်ဖို့
ည. အရောက်လာပါ
ကမ္ဘာစွန်းက ကျွန်းကလေးမှာ
အိပ်မက်ဖြန့်ခင်း
သီချင်းသီရာ
ချစ်ခြင်းကိုသာ
ယူခဲ့ပါ ... ။
*********************************************
"သူငယ်ချင်း သို့"

လူတစ်ယောက်နဲ့တစ်ယောက် ဘ၀မတူနိုင်ဘူး
ခံယူချက်နဲ့အမြင်လည်း မတူနိုင်ဘူး
တူတူကြိုးစားရင်တောင် ဘ၀ပေးကံမတူနိုင်ဘူး
သူငယ်ချင်း.. နင်အောင်မြင်တယ်ဆို ကောင်းပါတယ်
ငါ.. ၀မ်းသာပါတယ်
သို့သော်ငြား.. နင်နဲ့ငါ မတူနိုင်ဘူးလေ... ။
*********************************************

"မင်း တွေ့သလို မမြင်ပါနဲ့"
ဟိုမှာ..
ပန်းလေးတစ်ပွင့်
မြေပေါ်မှာ ကျနေလေရဲ့
လိုချင်သော်လည်း မကောက်ခဲ့
ရှက်စွာနဲ့ ထားရစ်ခဲ့
ခုများမှာတော့ ထိုပန်းလေးက
သူများရဲ့ ဦးခေါင်းထက်... ။

******************************************************

"၀မ်းဘိုင်ဝမ်း"
မချစ်တတ်ရင်
ကဗျာတွေကို မင်းမြင်မှာမဟုတ်ဘူး

မရယ်တတ်ရင်
ပျော်စရာတွေကို မင်းတွေ့မှာမဟုတ်ဘူး

နှလုံးသားနဲ့ နားမထောင်တတ်ရင်
သူတို့တွေပြောတာ မင်းကြားမှာမဟုတ်ဘူး

၁ နဲ့ပဲ မြှောက်လို့ကတော့ အဆပွားမလာဘူး... ။
**************************************************

"တစ်ယောက်တည်း အလွမ်းဖြေသူ"
နင်ချကျွေးတဲ့
ဥပက္ခောတွေစားရင်း
ငါ့အသည်း မာတတ်လာတာပဲ

လွမ်းတော့လွမ်းတယ်
မင်းကိုတော့ မဟုတ်ဘူး

ပေးလိုက်ရတဲ့ ငါ့အချစ်တွေကို
နှမြောတသ အလွမ်းဆုံးပဲ

မချစ်ရင်လည်း နေပါ
အပြစ်တော့ မမြင်ပါနဲ့ ... ။
***************************************************

"ဖြစ်တတ်တဲ့ သဘော"
ထင်သလောက် မရင့်ကျက်သေးပေမဲ့
ဝေးသလောက် အလွမ်းရင့်တဲ့ရာသီမှာ
ကျွန်မရင်ထဲ ဆာကူရာပန်းတို့ ဝေခဲ့ဖူးပါတယ်... ။
***************************************************

"အချစ်ကြီးသူ"

နင်သူ့ ကိုချစ်တယ်လို့ 
ပြောတဲ့အချိန်ပဲဖြစ်ဖြစ်..

သူ့ကို နင်. ချစ်လားလို့
မေးတဲ့အချိန်ပဲဖြစ်ဖြစ်..

နင့်ကို အရင်ကလိုအရမ်းကြီးချစ်နေတဲ့
ငါရှိတယ်ဆိုတာ သတိရပေးပါဟာ.. ။
*************************************************

"ဘယ်သူမှားလဲ"
စိတ်နာအောင် ချစ်တယ်
ချစ်သလောက် စိတ်နာတယ်.. ။

နင်ပဲ မှားနေလား
ငါပဲ မှားနေလား
ဖြစ်ခဲ့သမျှ အဖြစ်တွေဟာ
အချစ်ကြောင့်ပဲ ဖြစ်တာပါ.. ။
**************************************************

"မမေ့နိုင်"
ပြန်မြင်ချင်တယ် အရင်ကလို
ပြန်လိုချင်တယ်
နင့်အချစ်တွေ အရင်ကလို
လုံးဝမမေ့သေးဘူး
မင်းကို မမေ့သေးဘူး...။

**************************************************

"စကားပြောတတ်တဲ့ မင်းမျက်ဝန်း"
ပန်းပွင့်ရှိမှ
ရနံ့ရတာ မဟုတ်

ဖွင့်ဟပြောမှ
ကြားရတာ မဟုတ်

အကြိမ်ကြိမ် မျက်လုံးချင်းဆုံမှတော့
ရင်ခုန်သံကို ကြားရတာပေါ့... ။
*****************************************************

"အဝေးရောက် နေပါသော်လည်း"
ဘယ်လောက်ဝေးနေနေ
ရင်ခုန်ဆဲပါ

အချိန်များပြောင်းသွားသော်လည်း
မဟောင်းတဲ့ အကြောင်းအရာတွေ

ခံစားချက်အပြည့်နဲ့
သတိရနေတုန်းပဲ

ဆုံစည်းရမှ ချစ်တာမဟုတ်ပါဘူး
အဝေးကနေ ချစ်နေဦးမယ်... ။
***************************************************

"တစ်ခါသုံး အချိန်"
တစ်ကယ်ဆို
အသက်တွေကလည်း
မနည်းတော့ပါ.. ။

ငါလေ နင့်ကိုတစ်ခြားသူနဲ့လည်း
စိတ်မချပါ
အချိန်တွေ မအားနိုင်တာလည်း
လျှော့ပမယ်...။
**************************************************

"အိမ်လွမ်းသူ"
မေမေနဲ့ဝေး အိမ်နဲ့ဝေး
ကိုကို မမတို့နဲ့ဝေး ရင်ငွေ့ဝေး
အေးခြင်းမက အေး....။

မေမေ ကျန်းမာပါစေကြောင်း
သမီးလေးမှ ဆုတွေတောင်း..။

တောင်းတဲ့ဆုတွေ ပြည့်ဖို့ရန်
ထပ်ကာ တောင်းဆုပန်..။

ပန်တဲ့ဆုတွေ ပြည့်ပါစေကြောင်း
ထပ်ကာထပ်ကာ တောင်း... ။
*************************************************

"တန်ခိုးရှင်"
လွမ်းတိုင်းမျှော်
မျှော်တိုင်း မြင်နေတော့လည်း
လက်ညှိးညွှန်ရာ သူဖြစ်ပါစေသား... ။
*****************************************************

"ဒါအချစ်လား"
မဆီမဆိုင် တမင်တကာ
တစ်ဖက်သက်ကြီး သတိရနေတယ်...။
***************************************************

"တော်တော်ကြာ မုန်းမိလိမ့်မယ်"
စိတ်သာရာ ပါလိုက်ပါတော့
အသိုက်ဝန်း ၀န်းကျင်ကွဲ
လူတိုင်း
ပြောင်းလဲတတ်တာပဲ
နင့်သဘော နင့်စိတ်ပါပဲ... ။
*************************************************

"ကိုယ့်ဘ၀နဲ့ကိုယ်"
မသိမသာ ရင်ခုန်ဖို့
ကြည့်စရာ ရင်တစ်စုံလည်းမရှိ

အကြားအာရုံနဲ့ အားလေးတွေယူဖို့
စကားကဗျာအစုံနဲ့ အားပေးနေသူလည်းမရှိ

တော်ကီပွားများ နှိပ်စက်မဲ့ သူငယ်ချင်းလည်းမရှိ
အခံရအခက်ဆုံး ကာလပဲ... ။
*********************************************

"နှစ်ဖက်မြင်"
လမ်းဆုံဆိုတာ
လမ်းခွဲလည်း ဖြစ်တယ်

မမှတ်သားတတ်ပေမဲ့
ခံစားတတ်တယ်
ချစ်ရသောသူရယ်.. ။
**************************************************

"လွမ်းမိလွမ်းရာ"
ညတွေလည်း မင်းပါပဲ
အိပ်မက်တွေ အားလုံးရဲ့သခင် ... ။

စိတ်ကူးတွေအားလုံးလည်း နင်..
အရာရာသည် မင်းဖြစ်လို့နေသည် ... ။

နေသည်လည်း မင်းပါပဲ
ဆောင်းတစ်ခုရဲ့ နှင်းတွေ နင်ပဲ
မိုးတစ်ခုရဲ့ မိုးစက်တွေအားလုံးဟာ မင်းပဲ...။

မင်းဆီက ဇွတ်တရွတ်ထွက်တဲ့ စကားတွေကိုပဲ
ရင်ခုန်နေတယ် ... ။

တားမရတဲ့ ငါ့ခြေထောက်တွေက
နင့်ရဲ့ဘေးကို လာချင်နေတယ် ...။

နှလုံးသားကို ဆင်နင်းသွားသလို
ရင်တွေနာခဲ့

ကိုယ်စီကိုယ်စီလည်း
လျှောက်တဲ့လမ်းမှာ

အလွမ်းများလည်း
မင်းလေး ငါ့ကို ပေးနိုင်တယ်

အမုန်းများနဲ့
မင်းလေး ငါ့ကို မုန်းနိုင်တယ်

**********************************************************

"တို့တွေ မိသားစု"
သြော်..
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့အားလုံး မိသားစုပဲ

ဂရုဏာဆိုတာ မှော်
အမျိုးတော်ဖို့ မလိုဘူး
ငါတို့အားလုံး မိသားစုပဲ...။
*************************************************

"မချစ်နိုင်ဘဲ လွမ်းတဲ့သူ"
ရှောင်ချင်ရှောင် စိမ်းချင်စိမ်း
တို့တွေ တွေ့ဖို့နီးဖို့ ခက်နေတယ်
ဟန်ဆောင်ပီး လွမ်းနေစရာမလိုပါဘူးနော်

ခေါ်မယ်ဆို ဘယ်ရောက်ရောက်
ခြေစုံပစ်လို့ လိုက်ဖို့ပြင်
ခေါ်သံတွေ အိပ်မက်ထဲမှာတို့ကြားယောင်

ဆုံမှ တွေ့မှ ချစ်တယ်ပြော
ယာယီ ထာဝဇဉ် မပြတ်သားတော့

မျှော်ရစောင့်ရ တို့ဘဝ
မေ့ခံနိုင်စွမ်းမရှိတော့ပါ

မေ့ပါ မေ့မယ်
မလွမ်းတော့ပါ မလွမ်းနဲ့ကွယ်
မတွယ်တာပဲ ချစ်ချင်ယောင် ဆောင်မနေနဲ့လေ

မေ့ပါ မေ့မယ်
မချစ်နိုင်ဘဲ လွမ်းသူရေ
မဆုံနိုင်ရင် ကျောခိုင်းလွမ်းခွဲသွားပါ အဝေး... ။
**************************************************

"အားနာခြင်း"
မင်းကိုကြည့်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ်ကြည့်ချင်တာ တစ်နေကုန်မို့ပါ

မင်းကိုချစ်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ်ချစ်ချင်တာ တစ်ဘ၀လုံးစာမို့ပါ

မင်းပြန်ချစ်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ်လိုချင်တာ မင်းအချစ်အကုန်မို့ပါ

အလိုလိုနေရင်း အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ့်အချစ်တွေကြောင့် မင်းဝန်လေးမှာစိုးလို့ပါ
(ဖေ့ဘုတ်မှ)
***************************************************


တွယ်တာလှပေမဲ့ ကွယ်ရာကပဲ ချစ်တော့မယ်
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမဲ့
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လည်း သိပ်ချစ်တယ် မဆိုသာ
(မောင်စိန်ဝင်း ပုတီးကုန်း)
**********************************************


"အရှုံးမရှိသော ဒဿနများ"


ကိုယ်ကောင်းမှ သူကောင်းပါတယ်
သူကောင်းမှ ကိုယ်ကောင်းပါတယ်
ကိုယ်က သူ့အပေါ်ကောင်းမှ
ကိုယ့်အပေါ် သူကပြန်ကောင်းပါတယ်
ကိုယ့်စိတ်ဓါတ်ကောင်းနေမှ ကိုယ့်လုပ်ရပ်ကောင်းနေမှ
ကိုယ့်အပေါ် သူတစ်ပါးက ကောင်းပါတယ်
သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းမယ်ဆိုမှ
သူတော်ကောင်း စိတ်ထားပါ
သူမှန်ရင် ၀မ်းသာလိုက်ပါ
သူမှားရင် သနားလိုက်ပါ
မှန်မှန်မှားမှား ကုသိုလ်ပွားပါ

"သာသနာပြုတယ်ဆိုတာ ဘာလဲ"
သာသနာပြုတယ်ဆိုတာ ကုသိုလ်အလုပ်လုပ်တာပါ..။ ဘုရားတည် ကျောင်းဆောက်တာတွေကိုမှ မဆိုလိုပါဘူး။ ပြည်တွင်း ပြည်ပမှာ သာသနာပြုတာထက် ကိုယ့်နှလုံးသားမှာ အရင်သာသနာပြုရပါမယ်။ မိမိရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ပေးတာကို သာသနာပြုတယ်လို့ ဆိုပါတယ်...... ။

"ကျက်သရေဆုံမှတ်"
လောက ကျက်သရေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျက်သရေက အသိတရား ဖြစ်တယ်။ အသိအလိမ္မာ ၊ ဥာဏ်ပညာ ဆိုတဲ့ အမည်တွေနဲ့ အဓိပ္ပါယ်တူတယ်။ သံသယကင်း အမြင်ရှင်းတဲ့ အသိတရား လို့လဲ ခေါ်တယ်။ ဥပမာ ကောင်းတာလုပ်ရင် ကောင်းကျိုး ၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ဆိုတာရှိတယ်။ ထမင်းစားရင် အားဖြစ်တယ်။ ကုသိုလ်ပြုရင် ကောင်းကျိုးဖြစ်တယ်။ အစားကို မစားပဲမနေနိုင်ကြပေမဲ့ ကုသိုလ်ကို မပြုပဲမနေနိုင်ဘူး ဆိုတဲ့လူ ရှိပ့မလား။ လူသားသည် ကုသိုလ် (ပရဟိတအလုပ်) ကို လုပ်တတ်၏။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသည် တိရစ္ဆာန်ထက် သာလွန်မြင့်မြတ်သွားခြင်း ဖြစ်၏။
ဘာသာအားလုံး ၊ လူမျိုးအားလုံး ၊ သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး ...။
(၁) အကောင်းမြင်တဲ့စိတ်
(၂) ကူညီဝေမျှ ပရဟိတ
(၃) လွတ်မြောက်ခြင်း အစစ်အမှန်သို့


စိတ်တိုတာက လွယ်ပါတယ်
စိတ်ရှည်ဖို့သာ မလွယ်တာ
ဒေါသဖြစ်တာက လွယ်ပါတယ်
သည်းခံဖို့သာ မလွယ်တာ
ဆဲဆိုတာက လွယ်ပါတယ်
ညှင်သာဖို့သာ မလွယ်တာ
ရိုင်းတယ်ဆိုတာက လွယ်ပါတယ်
ယဉ်ကျေးဖို့သာ မလွယ်တာ
အပြစ်တင်တာက လွယ်ပါတယ်
ချီးမွမ်းဖို့သာ မလွယ်တာပါ...။


"ဘယ်လောက်ကြီးကျယ်တဲ့ ကိစ္စပဲဖြစ်ဖြစ် အတွေးကပဲ စကြတယ်"

တစ်ချို့က ဘ၀ကို
ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေရတဲ့အချိန်မှာ
တစ်ချို့ကတော့ ဘ၀ကို
ခဲရာခဲဆစ်နဲ့ တည်ဆောက်နေရတယ် ... ။

ဘ၀ကြီးတစ်ခုလုံး အဖတ်ဆယ်လို့မရမှ
ဘ၀ပျက်တာ မဟုတ်ပါဘူး
အမည်းစက်လေးတစက် စွန်းထင်းသွားတာနဲ့
လောကကြီးကို
မယုံကြည်တာမျိုးဟာလဲ ဘ၀ပျက်တာပါပဲ..။
***************************************************

"ပြောချင်တာက"
နေရာတိုင်းမှာ
ဘွဲ့ပညာရာထူးမာန်တွေ တက်နေစရာမလိုပါဘူး
အတွေ့အကြုံရှိသူကို လေးစားပြီး
ပညာရှိသူကို ချည်းကပ်ရမယ်..။

နားလည်မှု့ဆိုတာ
တယောက်နဲ့တယောက် ရင်းနှီးခင်မင်မှု့၊
အထင်ကြီးလေးစားမှု့မရှိရင်
တည်ဆောက်လို့မရဘူး..

ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို
စွန့်ရတာ သိပ်မနာကျင်ပေမယ့်
ကိုယ်ချစ်တဲ့လူတစ်ယောက်ကို
စွန့်ရတာလောက် နာကျင်တာမရှိပါဘူး... ။


စကားတစ်ခွန်းက ဒီလိုဆိုပါတယ်
"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့
လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ.... ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့
ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ.... ။
လိုချင်တာကို ရအောင်ကြိုးစားပါ.... ။
မောပန်းလာရင်
စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့.... ။
ရွေးချယ်ပြီးတဲ့နောက် နောင်တမရနဲ့.... ။
အပင်ပန်းခံမှ ပြည့်ဝတာကိုနားလည်မယ်.... ။
အနာခံမှ ဘဝကိုနားလည်မယ်..။
စိတ်ထိခိုက်အားငယ်မိမှ
ကြံ့ခိုင်တာကိုနားလည်မယ်... ။
*********************************************
*******

လူတယောက်ကို သံသယမျက်လုံးနဲ့ ကြည့်တာဟာ
သန့်ရှင်းစင်ကြယ်တဲ့သူ တယောက်အတွက်တော့
အစော်ကားခံလိုက်ရသလိုပါပဲ...။

"နီးလွန်းရင် မမြင်"
ကြည့်သမျှအရာတွေက မြင်တယ်လို့ထင်ရပေမဲ့
တစ်ချို့အရာတွေက မြင်အောင်ကြည့်တတ်မှမြင်ရတာ
မြင်အောင် မကြည့်တတ်ရင် မမြင်ရဘူး။

မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာဟာ
အတုမရှိလေးနက်သလို
သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလည်း
နက်ရှိုင်းကျယ်ဝန်းလှပါတယ်...။

ကိုယ့်ကိုချစ်သူများနဲ့ ကိုယ်.. ချစ်သူများကသာ
ကိုယ့်ကို ပျော်ရွှင်မှု့တွေ ပေးနိုင်ပါတယ်။
ချစ်ရသလောက် တန်ပြန်ပြီး
နာကျင်ခံစားရတယ်
ကိုယ့်ကိုချစ်တဲ့လူကို
ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။
ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။
နာကျင် ခံစားမနေပါနဲ့။
ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။
ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို
တန်ဖိုးထား မြတ်နိုးပါ...။

အချိန်ဆိုတာ တစ်ကယ်တော့ တစ်ခါသုံးတွေပါ..။
လူလူချင်းပေါင်းသင်း ဆက်ဆံမှု့မှန်သမျှမှာ
ပွင့်လင်းမှု့ တစ်နည်းအားဖြင့်
Transparency အတွင်းသိ အစင်းသိဖြစ်ရင်
ပေါင်းလို့သင်းလို့ ကောင်းပါတယ်...။
*********************************************

"နေ့မြင်ညပျောက်"
မနေ့ကထက်စာရင် ခွဲခွာရဖို့ တစ်ရက် ပိုနီးလာပြီ
အပြစ်ကင်းအောင် တောင်းပန်ပါ
အမုန်းဆိုတာ...
ကိုယ့်ရင်ထဲမှာတောက်ပြီး ကိုယ့်တစ်ယောက်ထဲကိုယ်
တမြေ့မြေ့လောင်နေတဲ့မီး
အလွမ်းဆိုတာ...
နီးခြင်းဝေးခြင်းပေါ်မှာ မူတည်ခြင်းမရှိတဲ့
ကိုယ်ချစ်ခင်စွဲလမ်းသူကို တမ်းတခြင်း
သံယောဇဉ်ဆိုတာ...
ကမ္ဘာပေါ်မှာ ဖြတ်ရအခက်ဆုံးသော မမြင်ရတဲ့ကြိုး
ဘ၀ဆိုတာ...
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားမှာဖြတ်သန်းနေရတဲ့ကာလ
သူငယ်ချင်းဆိုတာ...
မိသားစုအပြင် ၅၂၈နဲ့ ချစ်တဲ့ တစ်စိမ်းသူတွေ
အချစ်ဆိုတာ...?
ချစ်သူဆိုတာ...?
****************************************************

သင်ဟာ
လူတွေကို တစ်ချိန်လုံး
အရူးလုပ် လှည့်စားနေမယ်ဆိုရင်
တစ်ချိန်မှာ သင်ကိုယ်တိုင်ရူးသွားနိုင်တယ်ဆိုတာ
သင်သိပါသလား ?

လူ၏အကြိုက် ၁၀ခါလိုက်
မလိုက် ၁ခါရှိခဲ့ပါမူ
ကြီးစွာရန်သူ စွဲမှတ်ယူ၏...။

******************************************************

ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး
ဖြစ်လာမယ်...။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
***********************************************

စိတ်တို ဒေါသဖြစ်ဖို့
တို့တွေ သူငယ်ချင်း မိတ်ဆွေထားတာ မဟုတ်ဘူး
စာသင်နေကြတာ
အလုပ်လုပ်နေကြတာ မဟုတ်ဘူး
ဒီလိုပဲ တို့တွေ တွေ့ဆုံခဲ့ကြတာ မဟုတ်ဘူး...။
(နိုင်းနိုင်းစနေ)
*******************************************************

"ရေးမိရေးရာ"


သံသရာတကွေ့တစောင်းမှာ
ကံကြမ္မာ အလှည့်အပြောင်းနဲ့
တွေ့ကြုံရသူတိုင်းမို့
ဒိုင်ယာရီသာလျှင်
ရင်ဖွင့်ရာ တစ်နေရာဖြစ်ပါတယ်...
ကဗျာမဆန်တဲ့ ဘ၀မှာ
ကာရံမလိုက် သံစဉ်မကိုက်တဲ့
ရင်ခုန်သံ ခပ်မိုက်မိုက်တွေကို
အသေအချာခံစား အလွမ်းတွေပွားရင်း
ေ၀၀ါးထွေပြားနေတဲ့ အတွေးအစအန အချို့အား
စိတ်တိုင်းကျ ပြန်လည်ပုံဖော်ထုဆစ်လိုက်သောအခါ....
လောကမှာ လူရယ်လို့ ဖြစ်လာရင် မရှိမဖြစ်လိုအပ်တာတစ်ခုက မိသားစုပါ။ မိသားစုလို့ပြောရင် မိဘ၊ မောင်နှမတွေနဲ့ သာယာဖွယ်ကောင်းတဲ့ မိသားစုဖြစ်နိုင်သလို မိမိချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အတူတကွပေါင်းစပ်ထားတဲ့ ကြည်နူးဖွယ်အိမ်ထောင်လေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အပြင်ကကြည့်တော့လည်း သာယာပြီး အတွင်းကလည်း အေးချမ်းတဲ့မိသားစုဘ၀တစ်ခုကို ထူထောင်ဖို့ အခြေခံလိုအပ်ချက်တွေလည်း အများအပြားရှိနေတတ်ပါတယ်။ လူဆိုတာ ပိုက်ဆံကြောင့်အသက်ရှင်နေတာမဟုတ်ဘူး၊ ခံစားချက်ကြောင့် အသက်ရှင်နေတာဆိုပေမဲ့ ငွေကြေးမရှိပဲ ပြည့်စုံတဲ့မိသားစုဘ၀တစ်ခုကို တည်ထောင်ဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။ ငွေမရှိရင် လောကမှာဖြစ်ချင်တိုင်း မဖြစ်ဘူးမလား.. ဒီတော့ ကိုယ်လည်း ငွေကိုခုံမင်ပါတယ်။ လူ့ဘ၀က ခဏလေးပါဆိုပေမဲ့ အသက်ရှင်နေတဲ့ကာလအတွင်းမှာ ရိုးရိုးလေးနေချင်လား၊ ဆန်းဆန်းလေးနေချင်ပါသလား။ ရည်ရွယ်ရာ အိပ်မက်လမ်းကို ပြောပါဆိုရင် သမိုင်းကြောင်းကောင်းဖို့ တစ်ခုခုကိုလုပ်ချင်ပါတယ်။ ယုံကြည်ရာကတော့ သေခြင်းတရားပါ။ မြစ်တွေရဲ့ဆုံစည်းရာက ပင်လယ်ပြင်၊ လူသားတွေအတွက် အဆုံးသတ်က သေခြင်းတရားပဲ မဟုတ်ပါလား ....။

သြော်..လူ့ပြည်လောက လူ့ဘ၀ကား
အိုရ နာရ သေရဦးမည် မှန်ပေသတည်း
ငါသည်မုချမသွေ သေရမည်...

ဒါကြောင့် ခဏတာနေခွင့်ရတဲ့ လူသားဘ၀မှာ တန်ဖိုးရှိချင်ပါတယ်။ တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ဖို့အတွက် ပြဌာန်းချက်တွေ အများကြီးရှိပါတယ်။ စံသတ်မှတ်ချက်အမျိုးမျိုးအတွက် တိုင်းတဲ့ပေတံတွေက အစုံအလင်ပါဘဲ။ ကြည့်တဲ့ရှုထောင့်တွေကွာရင် အမြင်တွေလည်း ပြောင်းလဲနိုင်ပါတယ်။ ရလဒ်ကတော့ ချီးကျူးသံတွေ၊ ကဲ့ရဲ့သံတွေ၊ အားပေးသံတွေ၊ ပြစ်တင်သံတွေ၊ အပြုံးတွေ၊ အမုန်းတွေ ပေါ့။ အမြင်တွေမတူတိုင်း ရန်သူမှမဟုတ်တာ။ ဒါပေမဲ့လည်း လူ့လောကကြီးမှာ အဖြူရောင်ဘ၀နဲ့ နေချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း အဖြူရောင်ဖြစ်နေမှရပါတယ်။ ကျွန်မဟာ အတ္တကြီးတဲ့လူသားတစ်ယောက် မဟုတ်ပေမဲ့ အတ္တတော့ရှိနေတယ်ဆိုတာ အကြွင်းမဲ့ဝန်ခံပါတယ်။ ဒါပေမဲ့ မိမိ၏ကိုယ်ကျိုးအတွက် မရိုးသားမမှန်ကန်သော နည်းလမ်းဖြင့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ပါဘူး။ ကျွန်မဟာ ယုံကြည်ရာအိပ်မက်လမ်းကို ရောက်အောင်သွားဖို့ ဆက်လက်ချီတက်နေဆဲပါ။ အမိတိုင်းပြည်အတွက်လည်း အုတ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ချင်ပါတယ်။ အုတ်တံတိုင်းကြီးနဲ့ သဲမုန်တိုင်းကြီးတော့ မဖြစ်ချင်ပါဘူး။ မသေခင် လောကကြီးအတွက် ဘာတွေလုပ်ခဲ့ပြီးပြီလည်း ဆိုတာစဉ်းစားရင်း... တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိစွာ အသုံးချချင်ပါတယ် ...။

အတိတ်ဘ၀က ငါ
အခုရုပ်နဲ့ မဟုတ်ခဲ့တဲ့ ငါ
အခုစိတ်နဲ့လည်း မဟုတ်ခဲ့တဲ့ ငါ
သူစိုက်ပျိုးခဲ့သမျှ ငါရိတ်သိမ်းနေရ..

နောက်ဘ၀ ဖြစ်မဲ့ငါ
ဝှက်ဖဲတစ်ချပ်ဖြစ်နေတဲ့ငါ
အခုရုပ်နဲ့ မဟုတ်တော့မဲ့ငါ
အခုစိတ်နဲ့ မဟုတ်တော့မဲ့ငါ
ငါမမှတ်မိတော့မဲ့ ငါ့မှာ
ငါနဲ့ တူတာ ဘာကျန်ဦးမလဲ..

အခုလက်ရှိငါ
ငါသန်းပေါင်းများစွာထဲက ငါပေါ့..

အသက်ရှင်ရတာလွယ်ပေမဲ့ အသက်ရှူရတာခက်တယ်။ ဒီလိုပဲလေ. အခက်ခဲ အကြပ်အတည်းတွေဆိုတာ ပစ္စုပန်မှာတွေ့ကြရမှာပဲ။ ဒီကြားထဲကပဲ အနာဂတ်ကို တည်ဆောက်ကြရမှာ မဟုတ်လား။ လူတွေမှာ ကိုယ်လုပ်ချင်တဲ့ဆန္ဒရှိရာကို လုပ်ပိုင်ခွင့်ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်ဘာလုပ်လ၊ဲ ဘာအတွက်လုပ်လဲ နားလည်သိဖို့လိုတာပေါ့နော်။ လက်တွေ့ဆန်တဲ့ လောကကြီးမှာ လူတွေဟာတစ်ယောက်ကိုတစ်ယောက် လောဘ ဒေါသ မောဟ တွေနဲ့ မုဆိုးချောင်းချောင်းနေတာတွေ၊ မာယာတွေနဲ့ ခြေချင်းလိမ်နေတဲ့ ဆက်ဆံရေးတွေ၊ အသွား အပြန်ဆန်တဲ့ ကူညီမှု့တွေ၊ ခရီးသွားဟန်လွဲ ဖိတ်ခေါ်မှု့တွေ ၊ ချော်လဲရောထိုင် ပျူငှာမှု့တွေ၊ အပေါ်ယံ စည်းလုံးမှု့တွေနဲ့ သင်းကွဲနေတဲ့ စိတ်ဓါတ်တွေ၊ အသက်မပါတဲ့ သွေ့ခြောက်ခြောက် အပြုံးတွေ။ အင်း လူ့စိတ်ဆိုတာကလည်း အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ အီကွေးရှင်း တစ်ကြောင်းလိုပါလား။ ဒီလိုပါဘဲ လောကမှာ ကိုယ့်ဆန္ဒမပါဘဲ လုပ်နေရတာတွေ အများကြီးရှိတာကိုး။ တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင်လည်း ဖြစ်သွားတတ်တာပဲလေ။ တစ်ခုပေးမှတစ်ခုရတဲ့ လောကကြီးမှာ၊ ဘယ်သူမှ အလကားနေရင်းနဲ့ ကိုယ့်ကို အလိုမလိုက်ပါဘူး။ ဘယ်ကိစ္စမဆို အလျော်အစားဆိုတာရှိတယ်လေ။ ဒီခေတ်ကြီးမှာ ရစရာမရှိပဲနဲ့ ဘယ်သူမှ စေတနာမထားဘူးမလား။ အားလုံးက အကျိုးအမြတ်ကိုပဲ တွက်နေကြတာကိုးးးးးး

သြော်..ငါ၏ခြေရာ ငါ့တဏှာကို
ငါသာလိုလား ငါလိုက်စား၍
အမှားတွေစုံ တောင်လိုပုံလျှက်
ဝဋ္ဋ်ဘုံသံသရာ မျောနေပါပြီ
ငါသာငါလျှင် မကယ်တင်ပဲ
ငါပင်ငါနှစ် ရေစုန်နစ်သည်
မချစ်မုန်းသူ ငါပါတကား ....

သံသရာတလျှောက်တွင် ပူဆွေး၍ကျခဲ့ရသောမျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းရှိသော ရေတို့ထက်ပင်ပိုမိုများပြားခဲ့သည်။ အလုံးစုံသောသတ္တ၀ါတို့၏ အနိစ္စ ဒုက္ခ အနတ္တတို့သည်မမြဲပါ ...။
လူ့ဘ၀၏ပျော်ရွှင်မှု့သည် တခဏ
လူ့ဘ၀၏၀မ်းနည်းမှု့သည် တဒင်္ဂ
ရမှက်တဏှာကိလေသာကြောင့်ဖြစ်လာရသော လောဘများ၏နောက်တွင်အလိုမကျသော ဒေါသများက အစဉ်အမြဲကပ်ပါလာတတ်ပေသည်။ ဒေါသများ၏နောက်မှ မောဟအမှောင်က ဖုံးလွှမ်းလာသောအခါ မသိမှု့အ၀ိဇ္ဖာသည် သံသရာလည်နေရပေတော့မည်။ အမှားနဲ့အမှန် အဆိုးနဲ့အကောင်း အဖြစ်နဲ့အပျက် ဤသံသာရာဝဲဂယက်မှ ရုန်းထွက်ဖို့ရာလမ်းသို့ လျှောက်လှမ်းနိုင်ရန် ကြိုးစားရပေဦးမည်။ (တရားခွေမှ ကောက်နှုတ်ချက်)

ရှေ့ဆက်ရမဲ့ လှေကားထစ်တွေက အများသား.. အောင်မြင်စွာနဲ့ ကြိုးစားပြီး ကျော်ဖြတ်ချင်ပါတယ်။ ကိုယ့်ဘ၀အတွက် ကိုယ့်ချစ်တဲ့လူတွေအတွက် ဆက်ပြီး တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး တက်သွားချင်နေတုန်းပါဘဲ။ လက်ရှိအချိန်မှာ ကျွန်မရဲ့မိသားစုသာ ကျွန်မဘ၀မှာ အရေးကြီးဆုံးပါဘဲ။ အဓိက..က ကျွန်မရဲ့အမေပေါ့. မေမေ့ကို ကျွန်မ မသေခင်ထိ တတ်နိုင်သလောက် ပြုစုချင်ပါသေးတယ်။ အမေ့ကို စိတ်ကျေနပ်လောက်တဲ့အထိ မပြုစုနိုင်သေးသရွေ့ အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးပါဘူး။ နေ့မြင်ညပျောက်ဆိုသလိုဘဲ ကိုယ့်ရဲ့ မနက်ဖြန်ကို မြတ်စွာဘုရားက လွဲပြီး ဘယ်သူမှ ကြိုတင်မသိရှိနိုင်ပါဘူး။ ဒီတော့ ဘယ်နေ့မှန်းမသိတဲ့ ကိုယ့်ဘ၀ရဲ့နောက်ဆုံးနေ့အတွက်၊ မလာသေးတဲ့ နေ့ရက်တွေကို ကြိုတင်တွေးပြီး မပင်ပန်းချင်တော့ပါဘူး။ နေခွင့်ရတဲ့ ရက်လေးတွေမှာ ကိုယ်ချစ်တဲ့ လူတွေအားလုံးအတွက် တတ်နိုင်သလောက်အပျော်တွေ မျှဝေချင်ပါတယ်။ တစ်ချိန်မှာ ကိုယ်လက်ထပ်ရမဲ့သူနဲ့ ချစ်ရတဲ့သူ တစ်ထပ်ထဲ ဖြစ်စေချင်ပါတယ်။ ကိုယ်လက်ထပ်ရမဲ့သူကိုတော့ "ကွာသုံးကွာ ပါသုံးပါ ချာသုံးချာ" ထဲမှာမပါစေချင်ပါဘူး။ အဲဒါတွေကတော့

တိုင်းပြည်နှင့်လူမျိုး ကွာလျှင်
အယူဘာသာ ကွာလျှင်
စိတ်ဓါတ်ချင်း ကွာလျှင်...

အနာရောဂါ ပါလာလျှင်
အကြွေး ပါလာလျှင်
လူပိုတွေ ပါလာလျှင်...

ပညာရေး ချာလျှင် (အသိဥာဏ် ဆင်ခြင်တုံတရားမြင့်မားမှု့)
စီးပွားရေး ချာလျှင် (တစ်ခုမြင့်မားရင် ကျန်တစ်ခုကအချိုးတူမြင့်)
လူမှု့ရေး ချာလျှင် (အနေထိုင်စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ပါ)

ကိုယ်ချစ်ရတဲ့သူကိုတော့ ဒါမျိုးလေးတွေ ရှိစေချင်တယ်...

■ ရုပ်ဖြင့် ဆွဲဆောင်နိုင်ခြင်း (တည်ငြိမ်ခန့်ညားခြင်း)
■ အသံဖြင့် ဆွဲဆောင်နိုင်ခြင်း (သြဇာအာဏာရှိသောအသံ)
■ ဟန်ပန်အမူအရာဖြင့် ဆွဲဆောင်နိုင်ခြင်း (ချစ်စရာကောင်းတဲ့ အပြုအမူ)
■ အချစ်ပရိယာယ် ကြွယ်ဝခြင်း (သူ့ကို တစ်နေ့ထက်တစ်နေ့ ပိုချစ်လာအောင် သူ့ဘက်မှ စွမ်းဆောင်နိုင်ခြင်း)
■ မိသားစုတစ်ခုကို ဦးဆောင်နိုင်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း
■ ကိုယ့်ကို "ပဲ့ကိုင်ထိန်းချုပ်" နိုင်တဲ့အရည်အချင်း
■ ယောင်္ကျားကောင်းတယောက်မှာထားရှိရမယ့် စိတ် စည်းကမ်း အနေအထိုင်တွေ ရှိခြင်း
■လူရိုးလူကောင်းတစ်ယောက်ဖြစ်ပြီး ကိုယ်နဲ့ ဓလေ့စရိုက်ချင်း ၊ လူနေမှု့အဆင့်အတန်းချင်း ၊ အတွေးအခေါ်ချင်း ၊ ခံယူချက်ချင်း ၊ ရည်ရွယ်ချက် ၊ရည်မှန်းချက် အသွင်တှူ ပြီး ဆက်စပ်လို့ရမယ့်သူ
■ချစ်သူနှင့်တူသော၊ အစ်ကိုနှင့်တူသော၊ ဖခင်နှင့်တူသော ချစ်သူမျိုးကို လိုချင်ပါတယ် ...။
(သေချာတယ် ၁၀၀% အပျိုကြီး ဖြစ်မှာ) :-)

စိတ်ကူးယဉ်ကြည့်တာပါ... အပြောမှာလွယ်ကူသလောက် တကယ့်လက်တွေ့မှာတော့ မှန်းသလောက်ဖြစ်ဖို့ ခဲယဉ်းပါတယ်..။ လက်တွေ့အနေအထားမှာ ဆန္ဒနဲ့ဘ၀ မျှတတာရှိသလို ကွဲပြားတာလည်း ရှိတယ်မလား ...

တချို့ကတော့ အချစ်ဆိုတာ အထင်ကြီးခြင်းက စတာလို့ပြောပေမယ့်
ကျွန်မအတွက်ကတော့ ဂရုစိုက်ခံရတာ ၊ အလိုလိုက်ခံရတာ ၊ ကျွန်မကိုတန်ဖိုးထားပြီးမြတ်နိုးတာကို အချစ်လို့ခံယူပါတယ်...။

တကယ့်လက်တွေ့မှာတော့ တခြားဘာအချက်အလက်တွေမှ မလိုပါဘူး ...
ကိုယ်နဲ့ အဆင်ပြေမယ့်သူ သင့်တော်မယ့်သူ တကယ်တမ်း ကိုယ့်ကို အနွံတာခံနိုင်မယ့်သူ
ကိုယ့်ကိုအများကြီး နားလည်ပေးနိုင် ၊ တန်ဖိုးထားနိုင်တဲ့ အိမ်ထောင်ဖက်မျိုးကို မျှော်လင့်မိပါတယ်..
. :-(
ကျွန်မက တူညီတဲ့လမ်းကြောင်းပေါ်မှာ လျှောက်လမ်းချင်သူပါ..။

တကယ်တော့လည်း ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချဖို့အတွက် လိုအပ်တဲ့ ယုံကြည်ချက်မပြည့်ဝသေးဘူး..။ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ ပီပြင်ပြတ်သားတဲ့ဘ၀မျိုးနဲ့ သာယာချမ်းမြတဲ့မိသားစုကိုတည်ဆောက်ဖို့ဆိုတာ ချစ်တာတခုတည်းနဲ့မှ မပြီးတာ.. ဒါပေမယ့်လည်း ဘာမှလောဘတကြီးမျှော်လင့်ထားတာ မရှိဘူး..။

တကယ်တော့ လက်ထပ်တယ်ဆိုတာက ချစ်ခြင်းမေတ္တာအပြင် သံယောဇဉ် ၊ နားလည်မှု့ ၊ ပေးဆပ်မှု့ အများကြီး ပါပါတယ်..။ ချစ်ခြင်းမေတ္တာက လက်ထပ်ခြင်းနဲ့ အဆုံးမသတ်ဘူးဆိုရင် လူနှစ်ယောက်က အတူတူမနေဘဲ တစ်သက်လုံး ချစ်သွားလို့ ရပါတယ်..။

စကားမစပ်ပေါ့နော်.. မြန်မာစကားလုံးက အကျအနကောက်ပါတယ်..။ စာအရေးခက်တဲ့အထဲမှာ ပါပါတယ်..။ ဥပမာ အိမ်ထောင်ဦးစီး၊ အိမ်ထောင်ဖက်၊ အိမ်ဦးနတ် အဲဒီသုံးမျိုးထဲနဲ့တင် အဓိပ္ပါယ်က တော်တော် ကွာသွားပါတယ်..။ အိမ်ထောင်ဖက်ကတော့ ဆိုးတူကောင်းဖက် ဒိုးတူဘောင်ဘက်ပေါ့... အဲ..အိမ်ထောင်ကျတာနဲ့ အိမ်ထောင်ပြုတာ၊ မိသားစုဘ၀ကို တည်ဆောက်တာကလည်း ကွာပါတယ် ...။


.............♣ အားလုံးပဲ လိုအပ်နေတဲ့ဆု နဲ့ တောင့်တနေတဲ့ဆုတွေ ပြည့်စုံကြပါစေ .............