အင်္ဂလိပ်စာကဏ္ဍ



English Language Test အတွက် TOEIC, TOEFL, IELTS တွေရှိပါတယ်..။

TOEIC (Test of English for International Communication) is produced by ETS (Educational Testing Service) က Business English ပါ..။ အထူးသဖြင့် Asia နိုင်ငံတွေမှာ အလုပ်လုပ်မယ်ဆိုရင် အဲဒီအတွက် အဓိကထားပြီး နေ့စဉ်သုံး english skills ကို စစ်တဲ့ Exam လို့ပြောရင်လည်း ရပါတယ်..။ (1)Listening and Reading ကတော့ paper test ဖြစ်ပြီး 2 နာရီခွဲ ကြာ test center သွားဖြေရတာပါ..။ (2)Speaking and Writing ကတော့ Online test, takes 90 minutes လောက်ကို test center မှာပဲ ဖြေရတာပါ..။ သူ့ရဲ့အမှတ်ပေးစနစ်တွေကတော့ No(1) အတွက် between 10 and 990, No(2) are scored out of 200. Fees နဲ့ အကြောင်းအရာ တိတိကျကျ သိချင်ရင်တော့ ဒီဆိုက် ကိုဝင်ကြည့်လိုက်ပါ..။

TOEFL (Test of English as a Foreign Language) ကတော့ American မှာသုံးသလို UK university entry အတွက်လည်း အသုံးဝင်လှပါတယ်..။ အရင်က iBT (internet-based Test) ရှိခဲ့ပေမယ့် 2005 ခုနှစ်က စပြီး အဲဒီအစား CBT (computer-based Test) and PBT (paper-based Test) ကို ကျင်းပခဲ့ပါတယ်..။ သူ့မှာ integrated task ဆိုတဲ့ ဖတ်၊ နားထောင်ပြီး ပြန်ချရေးရတဲ့ test ပါပါတယ်..။

IELTS လို့ခေါ်တဲ့ International English Language Testing System ဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု့စစ်ဆေးသော Test တစ်ခုပါ..။ လွန်ခဲ့သော ၁၄ နှစ်ခန့်ကတည်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု့ လေးမျိုး (Listening, Speaking, Reading, Writing) ကိုစစ်ဆေးရာမှာ IELTS ကို အသုံးပြုခဲ့ရာ ယနေ့အထိ တစ်ကမ္ဘာလုံးတွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Standard Test တစ်ခုအဖြစ် အသုံးပြုဆဲပါ..။ ထောင်နဲ့ချီတဲ့ အဖွဲ့အစည်းတွေနဲ့ စာမေးပွဲဖြေဆိုသူတွေဟာ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ IELTS ကို ယုံကြည်စိတ်ချရတဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု Test အဖြစ် လက်ခံကြပါတယ်..။ IELTS ကို University of Cambridge ESOL Examinations (Cambridge ESOL), British Council and IDP Education Australia နှင့် IELTS Australia တို့ ပူးတွဲပြီး စီမံအုပ်ချုပ်ပါတယ်..။

သူ့ရဲ့ History ကတော့ ၁၉၈ဝ ပြည့်နှစ်မှာ English Proficiency Test Battery (EPTB) နေရာမှာ IELTS ကို အစားထိုးအသုံးပြုခဲ့ပါတယ်..။ EPTB ဟာ ၁၉၆ဝ ပြည့်နှစ်လယ်လောက်ကတည်းက British Council မှာ အင်္ဂလန် တက္ကသိုလ်များဝင်ခွင့်ကို လျှောက်ထားတဲ့ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Multiple Choice Test ပါ..။ အသစ်ပြဋ္ဌာန်းထားတဲ့ IELTS ဟာ တက္ကသိုလ်တွေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပိုမိုကိုက်ညီမှု့ရှိပြီး ပိုမိုလက်တွေ့ဆန်ပါတယ်..။

Test Format ကတော့ UK ပညာရေးကဏ္ဍကြီးရဲ့ ကျယ်ပြန့်တဲ့ဧရိယာကြီး ငါးခုပေါ်အခြေခံပြီး module ၆ခု ခွဲထားပါတယ်။ အဲဒါတွေကတော့ ­Life Sciences, Social Studies, Physical Sciences, Technology, Medicine, General Academic တို့ ဖြစ်ပါတယ်..။ တက္ကသိုလ်မတက်ဘဲနှင့် အသက်မွေးဝမ်းကျောင်းမှု့ ပညာသင်ကြားမယ့် Vocational Candidates တွေအတွက် Non-Academic Test လည်းရှိပါတယ်..။ IELTS ရဲ့ Format ကို ခေတ်အဆင့်ဆင့်ပြု ပြင်ပြောင်းလဲခဲ့ပါတယ်..။ ၁၉၈၉ခုနှစ်မှာ IELTS ဖြေဆိုရင် ကျောင်းသားတွေဟာ Listening နှင့် Speaking မှာ non-specialized modules အဖြစ် General English ကိုဖြေဆိုရပါတယ်..။ Reading နှင့် Writing မှာ ကျောင်းသားရွေးချယ်မယ့်သူ လေ့လာမယ့် course နှင့်ဆိုင်တဲ့ specialized modules နှစ်ခုကို ဖြေဆိုရပါတယ်..။ ၁၉၉၅ခုနှစ်မှာ Reading နှင့် Writing module တွေနေရာမှာ Academic Reading Module နှင့် Academic Writing Module တို့အစားထိုးခဲ့ပါတယ်..။ ၂ဝဝ၁ခုနှစ်မှာ IELTS Speaking Test ကိုပြန်ပြီး revised ပြုလုပ်ခဲ့ပါတယ်..။ ၂ဝဝ၅ခုနှစ်မှာ IELTS ဟာ Computer Based စနစ်ဖြစ်လာပါတယ်..။ WIKIPEDIA မှာရေးထားတာကတော့ Academic နဲ့ General Training Version ဆိုပြီး two versions ရှိပါတယ်..။ Reading Test နဲ့ Writing Test မှာ Academic နဲ့ General Training မေးခွန်းက ကွာပါတယ်..။ Academic Version က ပိုခက်ပါတယ်..။ General module က အလုပ်လုပ်မယ့်သူတွေအတွက်ပါ..။

ှုSkills 4 မျိုး ထဲမှာ အထူးသဖြင့် အားနည်းကြတာကတော့ (ကိုယ်အပါအ၀င်) Speaking skill ပါ..။ အဲ့ဒီ Speaking skill က နေ့ချင်းညချင်း တိုးတက်လာအောင် ကြိုးစားလို့ မရတာပါပဲ..။ အတိုင်းအတာတစ်ခုထိ တိုးတက်ဖို့ဆို သူကအချိန်ပေးရပါတယ်..။ အလေ့အကျင့် များများ လုပ်ရပါတယ်..။ အဲ့ဒီလို အလေ့အကျင့်ကောင်းလေး ရဖို့ဆိုတာက တစ်ယောက်ထဲ လေ့ကျင့်လို့ အဆင်မပြေပါဘူး..။ မရဘူးလို့တော့ မဆိုလိုပါဘူး..။ မထိရောက်ဘူးလို့ ပြောချင်တာပါ..။ စကားပြောလေ့ကျင့်ပါတယ် ဆိုကာမှ တစ်ယောက်ထဲ ဆိုတော့လေ…။

IELTS က Score 4 ဆို pass ဖြစ်ပါတယ်..။ half-scores က 6.5 ဖြစ်ပြီး 9 က high-test ပေါ့..။ တစ်ချို့Univ တွေကတော့ 6 or 7 လောက်ဆို ၀င်ခွင့်ရကြပါတယ်..။ IELTS က၂ နှစ်တစ်ခါ ပြန်ဖြေရပါတယ်..။ နို့မို့ဆို expire ဖြစ်ပါတယ်..။

Frequently Asked Questions

IELTS ကို စိတ်ဝင်စားတဲ့ ကျောင်းသားတို့စိတ်ဝင်စားမယ့် မေးခွန်းကလေးများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်..။

IELTS စာမေးပွဲကို တစ်ရက်အတွင်း အပြီးဖြေဆို၍ ရပါသလား ?
Three Skills က တစ်ရက်၊ Oral က တစ်ရက် ဖြေရတာပါ..။ Listening, Reading, Writing Test များဟာ နားချိန်မရှိဘဲ တောက်လျှောက်ဖြေဆိုရပါတယ်..။ Speaking Test ကို Test Date မတိုင်မီ သို့မဟုတ် အပြီး ၇ရက်အကြာမှာ ဖြေဆိုရပါတယ်..။ Oral မှာ topic တစ်ခု ဒါမှမဟုတ် နှစ်ခု ပေးပါတယ်..။ စဉ်းစားချိန် 1 min or 3 min or 5 min ရတယ်..။ (အပေါ်မှာပြောထားသလို Version ကွာရင် မေးခွန်းပုံစံ ကွာလို့မတူတာပါ..။) အဲ့ဒီခေါင်းစဉ်တွေဟာလည်း ယေဘူရအားဖြင့်တော့ လူတိုင်း သိနိုင်မယ့် (General Knowledge) နဲ့ဆိုင်တာတွေပဲ ဖြစ်လေ့ရှိပါတယ်..။ Note လုပ်ပြီး ပြန်ပြောရတာပါ..။ အဲ…ကိုယ်က ၃ မိနစ်လောက် ပြောပြီးပီဆိုရင်တော့ (examiner) က ကိုယ်ပြောလိုက်တဲ့ပေါ်မှာ မူတည်ပြီး မေးခွန်းတွေ မေးပါတယ်..။ တစ်ချို့တွေက ကိုယ်ပြောမယ့် ၊ ကိုယ်ဖြေမယ့် ဟာတွေကို အလွတ်ကျက်ထားကြတာတွေ ရှိပါတယ်..။ အဲ့ဒါတွေက ထင်သလောက်တော့ အသုံးမဝင်ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့ အပြန်အလှန် ပြောတဲ့နေရာမှာ သူကလည်း ကိုယ်ပြောတာပေါ်မူတည်ပြီး မေးတယ်..။ ကိုယ်ကလည်း သူမေးတဲ့ မေးခွန်းပေါ်မူတည်ပြီး ဖြေရတယ်..။ ဒီနေရာမှာ ကိုယ်ကသိထားရမှာက သူကကိုယ့်ကို Speaking skill ကိုစစ်နေတာပါ..။ သူမေးတဲ့ topic အကြောင်းအရာကို စာမေးပွဲအဖြစ် ဖြေနေရတာမဟုတ်ပါဘူး..။ အဲဒီတော့ ကိုယ်ကမသိဘူးဆိုပြီး ပြာရာခတ်စရာ မလိုပါဘူး..။ ကိုယ်မသိရင် မသိတဲ့အကြောင်းကို ရေရေလည်လည် ရှင်းပြနိုင်ရမှာ ဖြစ်ပါတယ်..။ ဒီနေရာမှာ ခုနကပြောသလို အလေ့အကျင့်က စကားပြောလာပါပြီ..။ အလေ့အကျင့် ရှိတယ်ဆို ဒီလိုပြဿနာမျိုးက အေးဆေးပါ..။ Speaking အတွက်ဆို အလေ့အကျင့် များများ လုပ်တာအကောင်းဆုံးပါပဲ..။


ဘာတွေပြင်ဆင်ထားရမလဲ ?
မေးခွန်းဟောင်းတွေ လေ့ကျင့်ရပါမယ်..။

Listening နှင့် Speaking Test တွေမှာ ဘယ်လို လေယူလေသိမ်းမျိုး ကြားရပါသလဲ ?
IELTS ဟာ International Test ပါ။ ယင်းစာမေးပွဲနှစ်မျိုးစလုံးမှာ အမျိုးမျိုးသော English လေယူလေသိမ်းတွေ ကြားရမှာပါ။

Speaking Test အကြောင်း ?
Speaking Test ဟာ IELTS က အသိအမှတ်ပြုတဲ့ examiner နှင့်မျက်နှာချင်းဆိုင် အမေးအဖြေ ပြုလုပ်ရတာပါ..။ အမေးနှင့်အဖြေတွေကို audio cassette သို့မဟုတ် digital recorderနှင့် ဖမ်းထားပါတယ်..။

စာမေးပွဲ result များကို မည်သည့်အချိန်လောက်တွင် သိခွင့်ရပါသလဲ ?
စာမေးပွဲဖြေဆိုပြီး Calendar days ၁၃ရက်အတွင်းမှာ resultများကို သိရပါတယ်..။

ကြိုတင်အကြောင်းကြားချက်မရှိဘဲ စာမေးပွဲဖြေဆိုရန်ပျက်ကွက်ခဲ့လျှင် ဘာဖြစ်နိုင်ပါသလဲ.. ?
Test Fee ဆုံးရှုံးမှာပါ..။ Test Date မတိုင်မီ ၅ရက်အတွင်း medical certificate တင်ပြနိုင်လျှင် Local Administrative Fee နှုတ်ပြီး Test Fee ကို ပြန်အမ်းမှာပါ..။


********************* Good Luck *******************

No comments:

Post a Comment