♣ တစ်ဦးတည်းသာ ရှိခဲ့တယ် ♣

မိန်းကလေးနဲ့ ယောင်္ကျားလေးတွေကြားက စံလွဲမှု့လေးကို ဖွင့်ဟပြထားတဲ့ အကြောင်းအရာလေးက ဖေ့ဘွတ်ကနေရတာပါ.. စာရေးသူ ပြောချင်တဲ့ အဓိက point ကို ကောက်နုတ်ပြီး ခပ်ဆင်ဆင် ပြန်လည်စုစည်း ရေးဖွဲ့ထားတာပါ...။

မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုဖို့အတွက် အလိုအပ်ဆုံးအရာက သူ့ကို ချစ်မြတ်နိုးတယ်ဆိုတဲ့ စကားတစ်ခွန်းပါပဲ ...။

✿ မိန်းခလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရဲ့ ချစ်မြတ်နိုးခြင်း ခံရတယ်လို့ စိတ်ထဲမှာ သူ့ကိုယ်သူ စိတ်ချယုံကြည်နေမှ သူမဟာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ မိန်းမတစ်ယောက် ဖြစ်မှာဆိုတာကို ယောင်္ကျားလေးတွေက နားလည်ထားဖို့ လိုပါတယ်..။ အဲလိုနားမလည်သရွေ့တော့ သူငယ်ချင်း မိတ်ဆွေတွေပဲ ဖြစ်နေမှာပါ ...။

✿ မိန်းခလေးတွေက သူတို့ကို တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် မက်မောပြီး မချစ်ပဲလက်ထပ်တာမျိုးကို လက်မခံနိုင်တတ်ကြပါဘူး...။ < ကိုယ့်အနာဂတ်တစ်ခုလုံးကို သူ့လက်ထဲ ပုံထည့်ရမှာ ဖြစ်လို့ပါ >

✿ မိန်းမတိုင်းကတော့ သ၀န်တိုတတ်တဲ့အမျိုးပါပဲ...။ ဒါပေမယ့် ယောင်္ကျားလေး မြုံစိစိနဲ့ ပွင့်ပွင့်လင်းလင်းမရှိတာမျိုးကိုလည်း မနှစ်သက်လှပါဘူး ...။

✿ မိန်းခလေးတွေက ပစ္စည်းဥစ္စာတွေ ၊ ပညာရေး level တွေက မလိုပါဘူး ဆိုတာမျိုး... သူတို့ကို ပေါ့ပေါ့လေး မချစ်ဖို့နဲ့ သစ္စာရှိဖို့သာ အဓိကဆိုတာမျိုး...။ အဲဒီအချက်က ပထမဦးဆုံး အချစ်အတွက်ပဲ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ် ..။ လမ်းခွဲခံရဖူးတဲ့ မိန်းခလေးခံစားချက်ကတော့ တစ်မျိုးဖြစ်နေနိုင်ပါတယ်...။ ပထမဦးဆုံးချစ်ရမယ့် အချစ်ကို ခုချိန်ထိမတွေ့ဖူးသေးတဲ့ မိန်းခလေးကတော့ အဲဒီအချက်တွေနဲ့ပဲ ရွေးချယ်လိမ့်မယ် ထင်ပါတယ်...။

✿ အချစ်နဲ့ အိမ်ထောင်ရေးက တကယ့်လက်တွေ့ဘ၀မှာ ရွေးချယ်ဖို့ ခက်ပါတယ်.. ငယ်ငယ်က ဇွတ်တိုးရင် ပြီးပေမယ့် ၊ ကြီးလာတော့ အကုန်ပါလာပြီး အကုန်ရှုပ်လာပါတယ်...။

အချစ်က
ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်...

တစ်သက်မှာ

တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်...

ချစ်တာများပြီး

ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ် ...

လမ်းခွဲကြိမ်များရင်

ကျင့်သားရသွားတတ်တယ်...

ချစ်တာများရင်

နှိုင်းယှဉ်မှု့တွေ များသွားတတ်တယ်

နောက်ဆုံးမှာ
အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်....


..........♣ အချစ်နဲ့ လောကကြီးကို ကိုယ့်စိတ်တိုင်းကျ တည်ဆောက်လိုက်ချင်တယ် ...........


♠ စွမ်းအားရှင် (မမြင်ရတဲ့ သံယောဇဉ်) ♠

♣ အာရုဏ်ဦး မိုးဦးသောက်လို့  အလင်းရောက်ပြီဆိုရင်
အရင်ဆုံး သတိရမိတာ မင်းပါ ....။

♣ ဝေးတနေရာမှ တွေးဆကာ ပူနေရသူအဖို့ 
အမြဲပင် မြင်ချင်ကြားချင်ပေါ့
သူ့ ရုပ်သွင်နဲ့ သူ့သံစဉ် ........။

♣ စွမ်းအားရှင် ထိပ်ခေါင်တင် အလား
သြချရလောက်အောင်ကိုပင် ထူးခြား
အလွမ်းတွေကိုစာဖွဲ့ 
စိတ်ကူး အိပ်မက်တွေနဲ့  ရူးခဲ့တဲ့ငါ .......။

♣ အလည်လွန်မိတဲ့ နှလုံးသားကို
မင်းမနှင်ခင် လှည့် ပြန်စေချင်ပါရဲ့
ဒါပေမဲ့လည်း . . .

♣ ရူးသာရူးလိုက်ချင်ပါရဲ့
တမူးသာသူ ဦးစွာအဖြေပေးကြပါ
သူနဲ့ ဝေးရာ ဆွေးကမ္ဘာမှာ
ဖြေဆေးမရှိတဲ့ သောကအလွမ်းတွေနဲ့
ရင်နာရမဲ့အလုပ်မျိုး ငါမလုပ်ချင်ဘူး ....။

အချစ်မရှိတဲ့အလွမ်းမြေမှာ
ဘယ်လိုသတ္တိမျိုးနဲ့ မှ
ငါ ... ... ...
မေ့ဖို့မကြိုးစားခဲ့ဘူး .. ... ..

♣ အို...
“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း
နေမင်းကြီးရယ် နေပါအုန်း ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီးလင်းတဲ့ကြယ်လေးရှိနေတုန်း”

p.s
**********************************************
အသက်ကြီးရင် အချစ်အကြောင်း မပြောရဘူးလို့ ဘူပြောလဲ
မိန်းကလေး ထမင်းချက်ရမယ်လို့ ဘယ်သူပြောသလဲ ခက်တာဘဲ ...
**********************************************

.........♣ နွေးထွေးရွှင်လန်းပါစေ ♣.........

♠ မချစ် မမုန်း အကောင်းဆုံး ♠


♣“ ရတာ မလို လိုတာ မရ ”
“ ရလေ လိုလေ အိုတစ္ဆေ”
ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန် ...။

♣ ချစ်လိုက်ကြ မုန်းလိုက်ကြ
ရယ်လိုက်ကြ ငိုလိုက်ကြ
ဆော်လိုက်ကြ အော်လိုက်ကြ
ပူလိုက်ကြ အူလိုက်ကြ
ဲမြူးလိုက်ကြ ငေါင်လိုက်ကြ
အခုတမျိုး တော်ကြာတမျိုး
တစ်မျိုးပြီး တစ်မျိုး
မရိုးရအောင် ပြောင်းနေကြတဲ့ ဗလောင်းဗလဲ
လူ့စိတ်တွေ အထွေထွေမို့ 
ဘဝင်မချိပေမင့် သကာချို မျက်နှာလုပ်
တမာဆို အဖတ်တောင်မလုပ်
တစ်ခေတ်တစ်ခါ ဆန်းလှပါတဲ့
ခေတ်သစ်လောက အကြောင်းဇာတ်လမ်းစုံပါ့ .....။

♣ ဟိုစပ်စပ် ဒီစပ်စပ် ယောင် ၆၀
ဟိုနေရာသွား ဒီနေရာသွား
ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ချို့ပြောနေသံတွေကြား
ဘာကို ဘယ်လို ရှိမှန်းမသိ ၊ ဘာလုပ်လို့  ဘာကိုရွေးရမှန်းမသိ
ဒါတွေက ဒီလို ရှိတယ် ၊ ဟိုဟာတွေက ဟိုလိုရှိတယ်
ထူးခြားအံ့သြဘွယ်အဖြစ်တွေကလည်း များသား .....။

♣ ရံဖန်ရံခါ ဂျလန်း ဂျလန်း
အခါမဲ့ရွာလိုက်တဲ့မိုး
အကောင်းကို မနေရ
အဟောင်းတွေ ဆွလို့ထုတ်ကာပြ
မိုးကြိုးပစ်မယ် သတိထား
ဝဋ်လိုက်တတ်တယ် သတိထား .......။

♣ တွေးစရာတွေ များလို့  ဦးနှောက်က ဇကာပေါက်လိုပါပဲ
တောင်မရောက် မြောက်မရောက် အတွေးတွေ
တောင်စဉ်ရေမရ ဟိုတွေး ဒီတွေးနဲ့ 
ဂယောက်ဂယက် တွေဖြစ်
သိစိတ် နှင့် မသိစိတ်
ညှာလိုစိတ် နှင့် ညာလိုစိတ်တို့  လွန်ဆွဲလို့နေကြပေပြီ
ဘယ်ဘက်တိမ်းလို့  ယိမ်းရပါမလည်း

♣ အသာစံသူတွေရဲ့ လိမ်ညာမှု့ကြီးကိုသိရဲ့နဲ့
အညာခံလိုသူတွေ လည်စင်းခံပြီး အလိမ်အညာခံခဲ့ကြတယ်
မိုးရွာရင် မြေကြီးရေစိုတာမှန်ပေမယ့် မြေကြီးရေစိုတိုင်း မိုးရွာတာမဟုတ်ဘူးလေ
စာဖတ်တတ်အောင် သင်တာ သူများလှိမ့်သမျှ ဖိန့်သမျှတွေ နားလည်ဖို့တဲ့လား
အင်းလေ ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
ဟုတ်ကဲ့ နည်းနည်းပြောပြီး များများနားထောင်ပါတော့မယ်
တကယ်လုပ်နေကြသူတွေ များများပြောဖို့  အချိန်မရှိကြဘူး ....။

ငါသည် စစ်မှန်သော ချစ်ခြင်းဖြင့် မြတ်နိုးပါ၏
ငါ၏ချစ်ခြင်း တည်မြဲပါ၏
စာပေကိုချစ်တယ် အမှန်တရားကိုချစ်တယ် ကလေးတွေကိုချစ်တယ်
အားလုံးထက်ပိုပြီး တို့တိုင်းပြည်ကို ချစ်တယ်

♣ သေချာစဉ်းစားကြည့်ရင်
မှန်သလို မှားသလိုနဲ့  တွေတွေ ဝေဝေ ဖြစ်မိတယ် ....။
အရောင်တွေ အရောင်တွေ မျိုးစုံ
လူတွေကလည်း အမျိုးမျိုး အဖုံဖုံ
အဖြူ အမဲ ၊ အပု အရှည် ၊ အပိန် အဝ ၊ အဖြောင့် အကောက်
ပုံသဏ္ဍန်တွေ အမျိုးမျိုး ၊ စိတ်ဓါတ်တွေလည်း အမျိုးမျိုး
လူအမျိုးမျိုး စိတ်အထွေထွေ
စိတ်သေးသိမ်ညံ့ဖျင်း ၊ စိတ်ကောင်း နှလုံးကောင်း ၊ စိတ်ဖြောင့် စိတ်ကောက် ၊
စိတ်အေး စိတ်ပူ ၊ စိတ်ကြွ စိတ်ကျ ၊ စိတ်ခိုင် စိတ်ပျော့ စုံလို့ပါဘဲလား .....။

♣ သြော်... လူ့ဘောင်ကြီးထဲမှာ
တစ်ဦးတည်း တစ်ယောက်တည်းလည်း နေထိုင်လို့မရပြန်ဘူး
လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးက အရေးကြီးလှပါတယ်...။

လူတွေထဲက လူတွေအကြောင်း ထင်သလို မြင်သလို အပြုသဘောနဲ့ ကြည့် တွေး ရေး တဲ့ အမြင်တစေ့တစောင်းလေးပါ ...။ မမြင်မိတဲ့ ရှုဒေါင့်တွေ လစ်ဟာချက်တွေလည်း ရှိပါသေးတယ်....။

you ကကော လောကကြီးကို ခါးစောင်းတင်တဲ့ လူစားမျိုးလား ?

ချစ်တတ်လို့ မုန်းတတ်ကြတာ မချစ်တတ်ရင်ရော... အမုန်းဆိုတာ ရှိအုန်းမှာလား ....
အချစ်ကြီးလို့ အမျက်ကြီးတယ်လို့တော့ ဆင်ခြေပေး မပြောနဲ့

မချစ်မမုန်း အကောင်းဆုံး ပါဘဲ....။


စိတ်ထွေနေလို့ ဟိုတွေးဒီတွေး ၊ ဟိုရေး ဒီရေး ၊ ဟိုခြစ် ဒီခြစ် :-)