♠ စွမ်းအားရှင် (မမြင်ရတဲ့ သံယောဇဉ်) ♠

♣ အာရုဏ်ဦး မိုးဦးသောက်လို့  အလင်းရောက်ပြီဆိုရင်
အရင်ဆုံး သတိရမိတာ မင်းပါ ....။

♣ ဝေးတနေရာမှ တွေးဆကာ ပူနေရသူအဖို့ 
အမြဲပင် မြင်ချင်ကြားချင်ပေါ့
သူ့ ရုပ်သွင်နဲ့ သူ့သံစဉ် ........။

♣ စွမ်းအားရှင် ထိပ်ခေါင်တင် အလား
သြချရလောက်အောင်ကိုပင် ထူးခြား
အလွမ်းတွေကိုစာဖွဲ့ 
စိတ်ကူး အိပ်မက်တွေနဲ့  ရူးခဲ့တဲ့ငါ .......။

♣ အလည်လွန်မိတဲ့ နှလုံးသားကို
မင်းမနှင်ခင် လှည့် ပြန်စေချင်ပါရဲ့
ဒါပေမဲ့လည်း . . .

♣ ရူးသာရူးလိုက်ချင်ပါရဲ့
တမူးသာသူ ဦးစွာအဖြေပေးကြပါ
သူနဲ့ ဝေးရာ ဆွေးကမ္ဘာမှာ
ဖြေဆေးမရှိတဲ့ သောကအလွမ်းတွေနဲ့
ရင်နာရမဲ့အလုပ်မျိုး ငါမလုပ်ချင်ဘူး ....။

အချစ်မရှိတဲ့အလွမ်းမြေမှာ
ဘယ်လိုသတ္တိမျိုးနဲ့ မှ
ငါ ... ... ...
မေ့ဖို့မကြိုးစားခဲ့ဘူး .. ... ..

♣ အို...
“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း
နေမင်းကြီးရယ် နေပါအုန်း ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီးလင်းတဲ့ကြယ်လေးရှိနေတုန်း”

p.s
**********************************************
အသက်ကြီးရင် အချစ်အကြောင်း မပြောရဘူးလို့ ဘူပြောလဲ
မိန်းကလေး ထမင်းချက်ရမယ်လို့ ဘယ်သူပြောသလဲ ခက်တာဘဲ ...
**********************************************

.........♣ နွေးထွေးရွှင်လန်းပါစေ ♣.........

No comments:

Post a Comment