♠ မချစ် မမုန်း အကောင်းဆုံး ♠


♣“ ရတာ မလို လိုတာ မရ ”
“ ရလေ လိုလေ အိုတစ္ဆေ”
ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန် ...။

♣ ချစ်လိုက်ကြ မုန်းလိုက်ကြ
ရယ်လိုက်ကြ ငိုလိုက်ကြ
ဆော်လိုက်ကြ အော်လိုက်ကြ
ပူလိုက်ကြ အူလိုက်ကြ
ဲမြူးလိုက်ကြ ငေါင်လိုက်ကြ
အခုတမျိုး တော်ကြာတမျိုး
တစ်မျိုးပြီး တစ်မျိုး
မရိုးရအောင် ပြောင်းနေကြတဲ့ ဗလောင်းဗလဲ
လူ့စိတ်တွေ အထွေထွေမို့ 
ဘဝင်မချိပေမင့် သကာချို မျက်နှာလုပ်
တမာဆို အဖတ်တောင်မလုပ်
တစ်ခေတ်တစ်ခါ ဆန်းလှပါတဲ့
ခေတ်သစ်လောက အကြောင်းဇာတ်လမ်းစုံပါ့ .....။

♣ ဟိုစပ်စပ် ဒီစပ်စပ် ယောင် ၆၀
ဟိုနေရာသွား ဒီနေရာသွား
ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ချို့ပြောနေသံတွေကြား
ဘာကို ဘယ်လို ရှိမှန်းမသိ ၊ ဘာလုပ်လို့  ဘာကိုရွေးရမှန်းမသိ
ဒါတွေက ဒီလို ရှိတယ် ၊ ဟိုဟာတွေက ဟိုလိုရှိတယ်
ထူးခြားအံ့သြဘွယ်အဖြစ်တွေကလည်း များသား .....။

♣ ရံဖန်ရံခါ ဂျလန်း ဂျလန်း
အခါမဲ့ရွာလိုက်တဲ့မိုး
အကောင်းကို မနေရ
အဟောင်းတွေ ဆွလို့ထုတ်ကာပြ
မိုးကြိုးပစ်မယ် သတိထား
ဝဋ်လိုက်တတ်တယ် သတိထား .......။

♣ တွေးစရာတွေ များလို့  ဦးနှောက်က ဇကာပေါက်လိုပါပဲ
တောင်မရောက် မြောက်မရောက် အတွေးတွေ
တောင်စဉ်ရေမရ ဟိုတွေး ဒီတွေးနဲ့ 
ဂယောက်ဂယက် တွေဖြစ်
သိစိတ် နှင့် မသိစိတ်
ညှာလိုစိတ် နှင့် ညာလိုစိတ်တို့  လွန်ဆွဲလို့နေကြပေပြီ
ဘယ်ဘက်တိမ်းလို့  ယိမ်းရပါမလည်း

♣ အသာစံသူတွေရဲ့ လိမ်ညာမှု့ကြီးကိုသိရဲ့နဲ့
အညာခံလိုသူတွေ လည်စင်းခံပြီး အလိမ်အညာခံခဲ့ကြတယ်
မိုးရွာရင် မြေကြီးရေစိုတာမှန်ပေမယ့် မြေကြီးရေစိုတိုင်း မိုးရွာတာမဟုတ်ဘူးလေ
စာဖတ်တတ်အောင် သင်တာ သူများလှိမ့်သမျှ ဖိန့်သမျှတွေ နားလည်ဖို့တဲ့လား
အင်းလေ ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
ဟုတ်ကဲ့ နည်းနည်းပြောပြီး များများနားထောင်ပါတော့မယ်
တကယ်လုပ်နေကြသူတွေ များများပြောဖို့  အချိန်မရှိကြဘူး ....။

ငါသည် စစ်မှန်သော ချစ်ခြင်းဖြင့် မြတ်နိုးပါ၏
ငါ၏ချစ်ခြင်း တည်မြဲပါ၏
စာပေကိုချစ်တယ် အမှန်တရားကိုချစ်တယ် ကလေးတွေကိုချစ်တယ်
အားလုံးထက်ပိုပြီး တို့တိုင်းပြည်ကို ချစ်တယ်

♣ သေချာစဉ်းစားကြည့်ရင်
မှန်သလို မှားသလိုနဲ့  တွေတွေ ဝေဝေ ဖြစ်မိတယ် ....။
အရောင်တွေ အရောင်တွေ မျိုးစုံ
လူတွေကလည်း အမျိုးမျိုး အဖုံဖုံ
အဖြူ အမဲ ၊ အပု အရှည် ၊ အပိန် အဝ ၊ အဖြောင့် အကောက်
ပုံသဏ္ဍန်တွေ အမျိုးမျိုး ၊ စိတ်ဓါတ်တွေလည်း အမျိုးမျိုး
လူအမျိုးမျိုး စိတ်အထွေထွေ
စိတ်သေးသိမ်ညံ့ဖျင်း ၊ စိတ်ကောင်း နှလုံးကောင်း ၊ စိတ်ဖြောင့် စိတ်ကောက် ၊
စိတ်အေး စိတ်ပူ ၊ စိတ်ကြွ စိတ်ကျ ၊ စိတ်ခိုင် စိတ်ပျော့ စုံလို့ပါဘဲလား .....။

♣ သြော်... လူ့ဘောင်ကြီးထဲမှာ
တစ်ဦးတည်း တစ်ယောက်တည်းလည်း နေထိုင်လို့မရပြန်ဘူး
လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးက အရေးကြီးလှပါတယ်...။

လူတွေထဲက လူတွေအကြောင်း ထင်သလို မြင်သလို အပြုသဘောနဲ့ ကြည့် တွေး ရေး တဲ့ အမြင်တစေ့တစောင်းလေးပါ ...။ မမြင်မိတဲ့ ရှုဒေါင့်တွေ လစ်ဟာချက်တွေလည်း ရှိပါသေးတယ်....။

you ကကော လောကကြီးကို ခါးစောင်းတင်တဲ့ လူစားမျိုးလား ?

ချစ်တတ်လို့ မုန်းတတ်ကြတာ မချစ်တတ်ရင်ရော... အမုန်းဆိုတာ ရှိအုန်းမှာလား ....
အချစ်ကြီးလို့ အမျက်ကြီးတယ်လို့တော့ ဆင်ခြေပေး မပြောနဲ့

မချစ်မမုန်း အကောင်းဆုံး ပါဘဲ....။


စိတ်ထွေနေလို့ ဟိုတွေးဒီတွေး ၊ ဟိုရေး ဒီရေး ၊ ဟိုခြစ် ဒီခြစ် :-)

No comments:

Post a Comment