"Full Moon Day Of auspicious Thadingyut"


Today is the Full Moon Day of auspicious Thadingyut, one of the most important days for Buddhists. The full moon day of thadingyut is the Lighting Festival of Burma, this year 2010 falling on October 23th. Thadingyut is the end of the Buddhist Lent or the rains retreat. Three days of lights festival, namely the day before full moon, the full moon day and the days after.


ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ ၂၀၁၀. ၁၀လပိုင်း၂၃ ရက်နေ့ဖြစ်ပါတယ်..။
မြတ်စွာဘုရားက ၀ါတွင်းကာလမှာ မယ်တော်မိနတ်သားကို နတ်ပြည်မှာတရားသွားဟောပြီး ကျေးဇူးဆပ်တာကို ဗုဒ္ဓဘာသာဝင်တွေက အတုယူပြီး သီတင်းကျွတ်ကာလမှာ အဘိုးအဘွား၊ အဖိုးအဖွား၊ မိဘ၊ ဆရာသမား နဲ့ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြပါတယ်..။ သီတင်းကျွတ်မှာ မြတ်စွာဘုရား တာဝတိသာက ပြန်ကြွလာတာကို ဆီမီးထွန်းပြီး နှစ်တိုင်းပူဇော်ခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ..။


ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်မှာ လမ်းထဲကညီမလေးတွေ၊ မောင်လေးတွေ၊ သူငယ်ချင်းတွေ၊ လမ်းသူလမ်းသား လူငယ်တွေစုပြီး လမ်းဘေးဝဲယာမှာ ဆီမီးတွေထွန်းကြတယ်..။ မီးပုံးပျံလွှတ်တယ်..။ နောက် ဘုရားသွားဖူးကြတယ်..။ ဘုရားပေါ်မှာ တံမြတ်စည်းလှည်း ဆီမီးပူဇော်ပြီး ကုသိုလ်ယူကြတယ်..။ အဲ့ဒီတုန်းကတော့ မုန့်ဖိုးလည်းရတော့ ပျော်တာပေါ့..။ ဆယ်တန်းအောင်ပြီးတဲ့ နောက်ပိုင်းမှာတော့
သီတင်းကျွတ်လပြည့်နေ့ ၊ နှစ်ဆန်းတစ်ရက်နေ့ ၊ ကိုယ့်မွေးနေ့တွေမှာ ကိုယ့်အသိစိတ်နဲ့ မိဘကို ပစ္စည်းတစ်ခုခုနဲ့
ကန်တော့တတ်တဲ့ အကျင့် ရလာခဲ့တယ်..။ မှတ်မှတ်ရရ ပထမဦးဆုံး ကန်တော့ပစ္စည်းနဲ့ ကန်တော့ဖြစ်တာကတော့ ကိုယ့်အရည်အချင်းနဲ့ရခဲ့တဲ့ သမာအာဇီဝဖြစ်တဲ့ဝင်ငွေလို့ပြောလို့ရတဲ့ ဆယ်တန်း guide စာပြရင်း ရတဲ့ငွေနဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မိဘကို ကန်တော့ခဲ့တယ်..။

သူငယ်ချင်းတစ်ယောက်ကတော့ နောက်တယ်..။ သီတင်းကျွတ် သက်ကြီးဝါကြီး အစ်ကိုအစ်မတွေကို ကန်တော့တဲ့အခါ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါလို့ မပြောတော့ဘူး..။ တဲ့..။ ပြောမှန်ဆိုမှန်များကြောင့် အစ်ကိုကြီး၊ အစ်မကြီးတို့ စိတ်ကွက်အောင် လုပ်မိတာတွေကို ခွင့်လွှတ်ပါလို့ ပြောရမလို ဖြစ်နေပြီ..။ တဲ့..။ :P

p.s
ဒီနှစ်သီတင်းကျွတ်လပြည့်နေ့အတွက် အမှတ်တရကတော့ Asian Wave Radio ကနေ myself, my major and my country အကြောင်းကို Live Radio Broadcasting အနေနဲ့ FMA channel ကနေ တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးဖို့ သွားခဲ့ပါတယ်..။


........Happy auspicious Full Moon Day of Thadingyut to you, your family and all ♣.........


No comments:

Post a Comment