"ကိုယ့်ကိုမြင်တဲ့ အမြင်"


ကိုယ့်ကိုကြည့်ရတာ ကလေးဆန်သလို တစ်ချိန်တည်းမှာပဲ ရင့်ကျက်တဲ့ပုံစံကိုလည်း မြင်ရတယ်။ လူတစ်ယောက်အနေနဲ့ အရေးကြီးဆုံးကတော့ ဟုတ်တာပြော၊ မှန်တာလုပ်၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပေါ့။ ရရှိလာတဲ့ ဘ၀လေးမှာ ပျော်အောင်နေတတ်ရမယ်။ ဘ၀မှာ ဘာကိုမှ တောင့်တောင့်တတရှိတဲ့ အထဲမှာ ကိုယ်မပါဘူး။ ဒါပေမဲ့ ရရှိလာတဲ့အရာကို တန်ဖိုးထားပြီး ကြိုးစားတတ်တဲ့အထဲမှာတော့ ပါတယ်။ ကျောင်းစာဆိုလည်း စာအလျောက်၊ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒီနေရာ မရခဲ့ရင်လည်း ကျေနပ်တယ်။ ကိုယ့်ဘ၀ကိုယ် သာမန်ဘ၀လေးလို့ပဲ မြင်တယ်။ ဘ၀တစ်နေရာရာမှာ အကျိုးရှိတဲ့ အဓိပ္ပါယ်ရှိတဲ့လူ ဖြစ်ရလို့ ကျေနပ်တယ်။ သယ်ရင်းတွေကတော့ ဒီလိုပြောတယ်.. မာနကြီးတယ်ထင်ရပေမဲ့ ကြင်နာတတ်တယ်။ အပေါင်းသင်းတွေအပေါ်မှာ အနစ်နာခံပေါင်းတတ်တယ်။ ရက်ရော သဘောကောင်းတယ် :D သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ဒါပေမဲ့ ချစ်ကြောင်း ဖော်ပြလေ့မရှိဘူး။ နေရာတကာမှာ ခေါင်းဆောင်လုပ်ရမှ သဘောကျတယ်။ တစ်ခါတစ်ခါ အလုပ်တော့ နဲနဲပျင်းတတ်တယ်။ ဒါပေမဲ့ လုပ်မိရင်လည်း အသေအကြေ လုပ်ပြန်ရော။ လူတွေအပေါ်မှာ ရိုးသားပြီး သစ္စာရှိတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တတ်တယ်။ တစ်ဖက်လူက ကိုယ့်အပေါ် မကြင်နာသလို ဂရုမစိုက်သလို ခံစားတတ်တယ်။ ဒါပေမဲ့ သူက သူငယ်ချင်းကောင်း တစ်ဦးပါ။ တဲ့..


No comments:

Post a Comment