"ရင်ဘတ်စောင့်တဲ့နတ်"

ဝလုံးကလေးကိုသုညပါလို့ ယုံအောင်ပြောပြီး
သုညကလေးကိုပင် ခဏအတွင်းမှာ လမင်းပါလို့ ပြောင်းလဲပြောတတ်လေသူ
စကားပြောကောင်းတဲ့
ချစ်သူရေ..
ဟိုး..အဝေးက တယောသံကို နားစွင့်ရင်း
မြစ်ရေစီးကြောင်း သံစဉ်တွေနဲ့ တွဲစပ်မိတယ်............ ။


ချစ်သူရေ...
ဟိုး...မိုးကုပ်စက်ဝိုင်းကိုမျှော်ကြည့်လိုက်ပါ
မင်းအတွက် လင်းလက်တောက်ပတဲ့ ကြယ်တစ်ပွင့်
ငါ့ရင်ခွင်မှာ ကွန်းခိုနေတာမြင်ရဲ့လား................ ။


ညတစ်ည ကြယ်စင်တွေနဲ့ လမင်းကြီးကို အချိန်အတော်ကြာ ငါကြည့်မိတယ်
နင်လည်း ကောင်းကင်အောက်က တစ်နေရာကနေ
ဒီလမင်းကြီးကို မော့ကာကြည့်မိရင်
နင်နဲ့ငါ လူချင်း မဆုံနိုင်ပေမယ့် ငါတို့ရဲ့စိတ်တွေနဲ့ အကြည့်တွေက
ကောင်းကင်ထက်က ငွေလမင်းဆီမှာ ဆုံနိုင်အောင်
နင်.. လမ်းပြပါ............။

Be Always Happy

No comments:

Post a Comment