အပြောင်းအလဲသို့



(New national flag)

2010.10.21 မြန်မာစံတော်ချိန် ညနေ ၃နာရီတွင် နိုင်ငံတော် အလံအသစ်ကို ပြောင်းလဲပြီး ဖြစ်သည်..။ National Seal

The meaning of each color on this new flag are:

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံသည် သုံးရောင်ခြယ်အလံဖြစ်သည်...။ (အ၀ါအစိမ်းအနီ)

* အ၀ါရောင်သည် ဘာသာ ၊ သာသနာနှင့် ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း

* အစိမ်းရောင်သည် စပါးဆန်ရေ ၊ ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း

* အနီရောင်သည် မြင်သူအသည်းတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီး ကိုယ်စားပြုကာ

* အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုပါသည်.......။

လို့ ရှင်းလင်း ဖော်ပြထားပါတယ်..။

History of Burma Flag ကို ဒီမှာ နဲ့ wikipedia မှာ လေ့လာနိုင်ပါတယ်..။


ဒီအလံသစ်မတိုင်ခင် အရင်အလံဟောင်း (former socialist flag) ကတော့ ဟိုးအရင် မ.ဆ.လ ခေတ်ကသတ်မှတ်ခဲ့ပြီး အလုပ်သမား ၊ လယ်သမား ကိုယ်စားပြု ကွန်မြူနစ်ဆန်တဲ့ဝါဒ အခြေခံထားတဲ့အလံပါ........။

အလံဟောင်းရဲ့ meaning ကတော့..

၁။ အပြာရောင် - သစ္စာရှိခြင်း

၂။ အနီရောင် - ရဲရင့်ခြင်း

၃။ စပါးနှံ - တောင်သူ လယ်သမား တွေကို ကိုယ်စားပြုတယ်

၎။ စက်သွား ဂီယာပုံ - အလုပ်သမားတွေကို ကိုယ်စားပြုတယ်

၅။ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး - ပြည်နယ်နှင့်တိုင်း ၁၄ခုကို ကိုယ်စားပြုပါတယ်....................။

နိုင်ငံတစ်ခု၏ အမှတ်အသား ၊ ဦးညွတ်ရာဆိုသည့် ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့သော အလံတစ်ခုအနားယူခဲ့ပါပြီ...။ နိုင်ငံ၏အထိမ်းအမှတ် ၊ လူထု၏အသိအမှတ်ပြုရာ တာဝန်ကို အခုချိန်ကစ အ၀ါအစိမ်းအနီ သုံးရောင်ကာလာတန်းအလယ် ကြယ်ဖြူကြီးတစ်လုံး မားမားဝံ့လျက်ရှိတဲ့ အလံသစ်က ပြောင်းလဲယူလိုက်ပါပြီ....။


No comments:

Post a Comment