"Tazaungdai Pwe Daw (or) Ka Htain Pwe Daw"



Today (2010/11/21 Sunday) is Myanmar Tazaungmon Full Moon Day. We celebrate religious and Myanmar's 12 seasonal festivals throughout the year. The month of Tazaungmon was the eight month of Myanmar Calendar (in November). Kahtain Ceremony held between the Full Moon Day of Thadingyut and the Full Moon Day of Tazaungmon. People believe that eating mezali salad is medical particularly at this time of the year.

မဲဇလီ ပင်ပျိုအောက်
ပေါက်ရတဲ့ ရွှေတမာ
ခါးချက်က နာ
ရေစီးရယ် တစ်ခါ
ရေသာရယ် တစ်လှည့်
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့..။

တန်ဆောင်မုန်းလပြည့်ညမှာ အဇာတသတ်က နောင်တကြီးစွာရပြီး မြတ်စွာဘုရားကို ဆည်းကပ်ပါတယ်..။ တန်ဆောင်မုန်းလပြည့်ညမှာ ဥမ္မာဒန္တီက အလှမာန်တက်လို့ သိဝိမင်းကို လက်စားချေ ရူးသွပ်စေတယ်..။
ကိုယ်ကတော့ တန်ဆောင်မုန်းလပြည့်ညမှာ ငယ်ငယ်က မေမေ၊ ကိုကို ၊ မမတွေနဲ့အတူ မဲဇလီဖူးတွေ ပြုတ်ထားတာကို ကူပြီးတော့ ညှပ်ပေး၊ ထောင်းပေး၊ ပုစွန်ခြောက်ထောင်းပေး၊ ကြက်သွန်ဆီချက်နဲ့သုပ်ပြီး အိမ်တွေ လိုက်ပေးတယ်..။ ဆေးပေါင်းခတဲ့ ညမှာစားရင် ရောဂါတွေကင်းဝေးတယ်ဆိုတဲ့ မဲဇလီဖူးသုပ်နဲ့ ရေနွေးကြမ်းလေး သောက်ပြီး စကားတပြောပြောနဲ့ ငွေစန္ဒာဖိုးလမင်းကြီး ထိန်ထိန်ညီးနေတာကိုလည်း ကြည့်ခဲ့ဖူးပါရဲ့..။ နောက်တော့ ပ့သကူပစ်ကြတယ်..။ ကျီးမနိုးပွဲကို ဗြောင်းဆန်အောင် ဆော့ခဲ့တာတွေကိုလည်း လွမ်းမိပါရဲ့..။ မန္တလေးမှာတော့ တန်ဆောင်တိုင် လပြည့်ညမှာပဲ ကျီးမနိုးပွဲ အဖြစ် ဆော့ကစားကြပါတယ်..။ ရန်ကုန်မှာတော့ လပြည့်ကျော်တစ်ရက်နေ့ကို သူခိုးကြီးနေ့လို့ သတ်မှတ်ပြီး ဆော့သတဲ့လေ..။ နိဗ္ဗာန်ဈေးကလည်း ပျော်စရာကောင်းသလို အဲ့ဒီကရတဲ့အစားအသောက်တွေကလည်း စားလို့လည်း ကောင်းပ့..။

မြန်မာ့ ၁၂လရာသီပွဲအကြောင်းကို အပြည့်အစုံသိချင်ရင်တော့ ဒီနေရာကနေ pdf ကိုဒေါင်းယူလိုက်ပါ..။

......♣ Happy Myanmar Tazaungmon Full Moon Day To You All ! ♣......


No comments:

Post a Comment