" နှစ်သက်မိသော စာတိုစာနတစ်ချို့ "
  • လူတို့သည် ဆင်ခြင်တုံတရားနည်းပါး၍ ငါ.. အစွဲလည်း ကြီးကြသည်..။ မည်သို့ပင်ဖြစ်စေ ထိုလူတို့ကို ချစ်ပါလေ..။
  • ကောင်းသောအမှု့ကို သင်ပြုလင့်ကစား ကဲ့ရဲ့ပြစ်တင်ခြင်းကို သင်ခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှု့ကို ပြုပါလေ..။
  • သင်သည်အောင်မြင်မှု့ကိုရလျှင် မိတ်ဆွေတုများကို ရရှိတတ်သည်..။ သို့သော်တစ်ဖက်တွင် တကယ့်ရန်သူစစ်စစ်များကို ရရှိတတ်သည်..။ မည်သို့ပင်ဖြစ်စေ အောင်မြင်မှု့ကို ရယူနိုင်ပါစေ..။
  • ယနေ့တွင် သင်ပြုခဲ့သော ကောင်းမြတ်သည့်အမှု့တို့ကို နောက်နေ့တွင် လူတို့က မေ့လျော့ပစ်တတ်ကြသည်..။ မည်သို့ပင်ဖြစ်စေ ကောင်းမြတ်သောအမှု့ကို ပြုပါလေ..။
  • ရိုးသားမှု့နှင့် ပွင့်လင်းမှု့သည် သင့်အားညှိုးငယ်စေနိုင်သည်..။ မည်သို့ပင်ဖြစ်စေ ထာဝစဉ်ရိုးသား ပွင့်လင်းပါလေ..။
  • ကြီးကျယ်သော အတွေးရှိသူတို့သည် သေးနုတ်သောအတွေးရှိသူတို့၏ ရန်လိုမှု့ကို ခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ကြီးမြတ်စွာတွေးခေါ်ပါလေ..။
  • လူတို့သည် ကိုယ့်ထက်နိမ့်ကျသောသူတို့ကို ကရုဏာရှိသယောင်နှင့် တကယ်တန်းတွင်မူ ကိုယ့်ထက်မြင့်သောသူတို့နောက်သာ တကောက်ကောက် လိုက်ပါလေ့ရှိသည်..။ မည်သို့ပင်ဖြစ်စေ နိမ့်ကျသောသူတို့ကို စောင့်ရှောက်ပါလေ..။
  • သင်နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသောအရာတို့သည် တစ်ညတွင်းချင်းပင် ဖျက်စီးခြင်းခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ထာဝရတည်ဆောက်ပါလေ..။
  • လူတို့သည် အကူအညီကိုလိုအပ်နေလင့်ကစား ကူညီသောအခါတွင်လည်း ကူညီသူတို့ကို ရန်ရှာတတ်သည်..။ မည်သို့ပင်ဖြစ်စေ ထိုလူတို့ကို ကူညီပါလေ..။
  • လောကကြီးအား သင့်တွင်ရှိသော အကောင်းဆုံး အမွန်မြတ်ဆုံးသော အရာတို့ကို ပေးအပ်လင့်ကစား သင်သည် ကျေးဇူးမဲ့ခြင်းကိုသာ ပြန်လည်ရရှိတတ်သည်..။ မည်သို့ပင်ဖြစ်စေ လောကကြီးအား အကောင်းဆုံး အမွန်မြတ်ဆုံးသော အရာတို့ကို ပေးအပ်ပါလေ...။
  • ♣ ကံချင်းတူရင်
    ဥာဏ်သာတဲ့ သူကအောင်မြင်တယ်..။
    ♣ ဥာဏ်ချင်းတူရင်
    ♣ ၀ီရိယရှိတာချင်းတူရင်
    စည်းကမ်းရှိတဲ့ သူကအောင်မြင်တယ်..။
    ♣ စည်းကမ်းရှိတာချင်းတူရင်
    စေတနာရှိတဲ့ သူကအောင်မြင်တယ်..။
    ♣ စေတနာရှိတာချင်းတူရင်
    ရိုးသားတဲ့ သူကအောင်မြင်တယ်..။
    ♣ ရိုးသားတာချင်းတူရင်
    အပြောချိုတဲ့ သူကအောင်မြင်တယ်..။
  • လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးရခြင်းသည် မာနကြောင့်
    အသိမဲ့ခြင်းသည် မိမိ ကိုယ်ကိုမိမိ လိမ်လည်နေခြင်းကြောင့်
    ဝမ်းနည်းရခြင်းသည် မနာလို ဝန်တိုသောစိတ်ကြောင့်
    မှားယွင်းမှု့လုပ်ရပ်သည် စိတ်ဓာတ်ကျဆင်းခြင်းကြောင့်
    ပြစ်မှုပြုမိခြင်းသည် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့်
    သနားစရာကောင်းခြင်းသည် မိမိ၏ စိတ်အားငယ်မှု့ကြောင့်
    လေးစားခံရခြင်း သည် မိမိ၏ ကြံ့ခိုင်သည့်စိတ်ဓာတ်ကြောင့်
    စီးပွားပျက်ရခြင်းသည် မိမိ၏ ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်းကြောင့်
    လက်ဆောင်မွန်သည် သည်းခံခွင့်လွှတ်ခြင်းဖြစ်၍
    လိုအပ်ချက်သည် အကြင်နာမေတ္တာတရားဖြစ်သည်..။
    ပီတိသည် အလှူဒါန ပြု၍ဖြစ်ပြီး
    အလှူတစ်ကာ့ အလှူထဲတွင် တရားအလှူသည်အမြတ်ဆုံး ဖြစ်သည်..။
    အားလုံးကိုခြုံကြည့်လိုက်လျှင် အဓိကသည် မိမိ၏ "စိတ်" ဖြစ်၍
    "စိတ်" ကိုပြုပြင်လိုက်သော်အခါ အရာအားလုံးသည် အဆင်ပြေ အေးချမ်းသွားသည်...။
p.s ( ပို့စ်နဲ့ ဘာမှတော့ မဆိုင်ပါဘူး )
ဟိုးအရင်က စာတတ်သွားကြသော လူအချို့သာလျှင် ဦးနှောက်ကို calculator တစ်လုံးလို တွက်ချက်၍ နှလုံးသားကို နှိုးစက်တစ်လုံးလိုအသုံးပြုကာ ကိုယ့်ရင်ခုန်သံကို နှိုးစက်ပေးပြီး အချစ်ကို လုပ်ယူကာ ကိုယ့် partner ကိုရွေးချယ်လေ့ရှိကြသည်..။ သို့သော် ယခုအခါတွင်မူကား လူတိုင်းသည် မိမိကိုယ်တိုင်က သာမန် ဘာမှ မဟုတ်သော်ငြား ကောင်းကင်အမိုးနှင့် မလွတ်သော မျှော်လင့်ချက် ၊ ရင်ဘတ်နှင့် မဆံ့သော အကြီးကြီးသော စိတ်ကူးယဉ်အိပ်မက်များ ၊ ကိုယ်တိုင်နားမလည်နိုင်သော ရင်ခုန်သံများ တိုးညှင်းစွာ ရှိနေတတ်ကြသည်..။
" စိတ်ကူးထဲက အတွေး "
  • မလိမ့်တပတ် လုပ်ရတာ
  • အိုက်တင်ခံရတာ
  • အရာရာကို ပေါ့ပေါ့လေးတွေးရတာ
  • ထိန်းချုပ်ရတာ မျိုသိပ်ရတာ
  • မသိချင်ယောင်ဆောင်ရတာ
  • အပြောင်းအလဲမြန်ရတာ
  • ဟန်ဆောင်ရတာ
  • ဖြတ်လမ်းနည်းတွေနဲ့ ကြွားကြွားဝါဝါ ကိုယ့်ဂုဏ်ကိုယ်ဖော်ရတာ မခက်ပါဘူး...။
  • အရှိကို အရှိအတိုင်းနေတတ်တဲ့ ပွင့်လင်းရတာ ကြိုက်တဲ့ ၊ ကိုယ်တိုင် ကြိုးစားအားထုတ်ပြီးမှ ရလာတဲ့ အသီးအပွင့်တွေနဲ့ လက်မထောင် ဂုဏ်ယူချင်တဲ့ ငါဆိုတာက ဒီလိုပါ...။ အထင်မကြီးလို့မက အထင်သေးလိုက သေးနိုင်ပါတယ်..။
■ အခြေအနေပေးလို့ တို့တွေ ပျော်ရွှင်ဖူးသလို
အခြေအနေ မပေးတော့လည်း တို့တွေ တိုးတိတ်စွာ သက်ပြင်းရှိုက်မိကြတယ်နော်..။
■ လူမသိ သူမသိနဲ့ အပူမိသည့် ရင်
မသိစိတ်က ဖြစ်နေပေမယ့် အသိစိတ်ကတော့ သတိပေးမိတယ်
တိတ်ဆိတ်လွန်းလို့ မကြားရတာပါ ရင်ကတော့ ခုန်ပါတယ်
တခါတရံမှာ ဖွင့်ဟ၀န်ခံတာထက် မြိုသိပ်ခံစားရတာ ပိုကောင်းတယ်မလား
ဒီနေ့ရဲ့ သူစိမ်းဆန်မှုဟာ မနေ့ကရင်းနှီးခဲ့လို့ပေါ့
■ သူ့ထက်သူ့ထက် ကောင်းတဲ့ဟာကို ရှာရင်း ရှာရင်းနဲ့ပဲ တစ်နေ့မှာ အကောင်းဆုံးအရာကို လက်လွတ်ဆုံးရှုံးခဲ့မှန်း နောက်ကျမှသိရတတ်တယ်..။ အဲဒါအချစ်ပဲ.. တဲ့...။
■ လိုချင်တာကတော့ အကောင်းဆုံးဆိုတာကို လိုချင်တာပဲ...။ တကယ်တမ်းမှာတော့ “ကိုယ်ရခဲ့တဲ့အရာသည်သာ ကိုယ့်အတွက် အကောင်းဆုံး ၊ အသင့်တော်ဆုံးလို့ ယုံကြည်နေဖို့ပဲလိုတယ်” “အိမ်ထောင်ပြုခြင်း ဆိုတာသည်လည်း ဒီသဘောပဲ” လို့ ဆိုတယ်..။
■ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်..။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှု့တချို့က သေဆုံးချိန်မှ လက်လွတ်ကြရတယ်.. လို့ ဆိုတယ်..။
■ တစ်ခါတစ်ရံ...... ဘ၀မှာ လိုချင်တာတစ်ခုအတွက် စွန့်လွှတ်မှု့တွေ ၊ ပေးဆပ်လိုက်ရတာတွေ အများကြီးရှိတယ် ဘ၀မှာ လိုချင်တာမရခဲ့ရင် ရခဲ့တာတွေကိုအကောင်းဆုံး ၊ တန်ဖိုးအရှိဆုံး ၊ ကိုယ့်ဘ၀ကိုအလှပဆုံး ဖြစ်အောင်ကြိုးစားရမယ်... လို့ဆိုတယ်..။
■ ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး နောက်မှာ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ မသိတဲ့လူတွေအတွက် နောက်ကြည့်မှန်တစ်ချပ် လှူချင်တယ်.. လို့ ဆိုတယ်..။
■ လောကမှာခိုးတွေလူတွေအများကြီး မိတဲ့လူကျမှ သူခိုးလို့သတ်မှတ်ခံရတာ ထုံးစံပဲ.. လို့ ဆိုတယ်..။
■ ဘယ်အရာမှ စင်းလုံးချောဆိုတာတော့ မရှိပါဘူးတဲ့..။ အပြစ်အနာဆာ အက်ကြောင်းလေးတွေတော့ ရှိမှာပဲ.. လို့ ဆိုတယ်..။
■ အချို့စကားတွေက ထပ်ခါထပ်ခါပြောမှ နားဝင်တယ်ဆိုပေမယ့် ပြောဖန်များရင် နားငြီးလာတတ်တယ်.. လို့ ဆိုတယ်..။
■ သံယောဇဉ်ဆိုတာ မီးခလုတ်ကို ပိတ်လိုက်သလို ရုတ်တရက် ဖြတ်တောက်လို့ ရတာမျိုှး မဟုတ်သလို.. တခါတလေ အချစ်ဆိုတာ ငှက်ဖျားလိုပဲ အတော်ကြာကြာ ငုပ်နေပြီး မေ့သလောက်ရှိမှ အလစ်ထပြီး တိုက်ခိုက်တတ်တယ် .. လို့ ဆိုတယ်..။
■ ဖြစ်သင့်တာကို ဦးစားပေးခဲ့ရလို့ ခံစားချက်တွေ အမြဲတမ်းအတွက် ထိန်းချုပ်လိုက်ရတယ်.. လို့ ဆိုတယ်..။
■ လူကြီးတွေက ပြောင်းလဲမှု့ကို ၀န်လေးတတ်တယ်တဲ့..။ အသက်ကြီးလာတာနဲ့အမျှ အိပ်မက်တွေက ကျုံ့ကျုံ့သွားတယ်.. လို့ ဆိုတယ်...။
■ ရင်ခုန်သံတွေ မနည်းကို နှိုးစက်ပေးနေရတာလို့ ဆိုတဲ့ သူက ခုတော့ “မင်းကြောင့် ကိုယ်လူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်” လို့ ဆိုတယ်..။
■ ဖုန်းထဲက ကျွန်မရဲ့ “ဟလို..” ဆိုတဲ့အသံကို ကြားရုံနဲ့ မင်းရဲ့ လက်ရှိ စိတ်အနေအထား ၀မ်းနည်း ၀မ်းသာကို သဘောပေါက်ပါတယ်ကွာ.. လို့ ဆိုပြန်တယ်...။
■ တွေ့ဆုံတိုင်း ခေါင်းကို ပွတ်သပ်ပြီး “ဒီတစ်ပတ် လိမ္မာရဲ့လား” “ဒီရက်တွေ ဘာတွေလုပ်လဲ” .. လို့လဲ မေးတတ်ပြန်တယ်..။
■ “ကိုယ်လုပ်လိုက်မယ်” ဆိုတဲ့ သူ့ရဲ့ဦးဆောင်ချင်မှု့ကြောင့် ဘယ်လိုဆုံးဖြတ်ချက်ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို မင်းတွေးတောစရာ မလိုတော့ဘူးပေါ့.. လို့လဲ ဆိုတယ်..။
■ “ဆောရီးနော်” ဆိုပြီး ကိုယ့်အပြစ်တွေအတွက် ပွေ့ဖက်လာတတ်တဲ့ ကိုယ့်ကြောင့် မင်းဆိုးချင်တိုင်း ဆိုးခွင့်ရတာပေါ့.. လို့လဲ ပြောတတ်တယ်..။
■ ကျွန်မဘေးမှာ သူ.. မရှိတဲ့အချိန် ကျွန်မကိုယ်ကျွန်မ ရပ်တည်နိုင်တယ်ဆိုတာ သူသိတယ်..လို့ ဆိုတယ်..။
■ ၂၄ နာရီရဲ့ စက္ကန့်တိုင်းမှာ သူ့ကို ကျွန်မ လွမ်းနေတယ်ဆိုတာ သူသိတယ်.. လို့ ဆိုတယ်..။
■ ကျွန်မရဲ့အချစ်ကို သူတန်ဖိုးထားသလို ကျွန်မရဲ့အားနည်းချက်တွေကို သူချစ်သတဲ့.. လို့ ဆိုပြန်တယ်..။
■ အတူတူနေရင် ဘယ်မှာနေမယ်လို့ ဆုံးဖြတ်ထားလဲ.. လို့လည်း မေးတတ်တယ်..။
■ ပန်းတိုင်မပျောက်စေနဲ့ အင်တာနေရှင်နယ်အဆင့် အပြုံးမပျက်ပဲ နေတတ်အောင် ကိုယ်သင်ပေးမယ်.. လို့ လည်း ဆိုတတ်သေးတယ်..။
■ ကျွန်မက “လေးစားတယ်” လို့ပြောတော့ နောက်ငါးတွေကောခြောက်တွေကော ကွင်းတွေကော ကင်းတွေကော စားလိမ့်မယ်.. လို့ ဆိုပြန်တယ်..။
■ ကျွန်မနဲ့ စတွေ့တုန်းက “ပန်းတစည်းမပြောနဲ့ ပန်းတခင်းလုံးလာပေးတောင် ရင်မခုန်ဘူး အဖျားလည်းမတက်ဘူး သွေးလည်းမတိုးဘူး” လို့ပြောတော့ လက်ဆောင်ပေးတယ်ဆိုတာ ပစ္စည်းရဲ့တန်ဖိုးထက် ပေးတဲ့လူရဲ့ စိတ်ကူးစိတ်သန်းက အရေးကြီးတာပါ... လို့ သူ.. ဆိုခဲ့သေးတယ်..။
■ ကျွန်မက “မင်းကအရည်ချင်းရှိပါတယ် ၊ ဥာဏ်ရည်မြင့်ပါတယ်၊ ထက်ထက်မြက်မြက် လည်လည်ဝယ်ဝယ်ရှိပါတယ် ၊ လူတစ်ဖက်သားကိုလည်း ရိုးသားစွာ ကူညီတတ်တယ် ၊ ရှေ့ဆက်ရမယ့် ဘ၀ခရီးဖြောင့်ဖြူးဖို့ကို ကြိုတင်တွက်ဆ ခန့်မှန်းနိုင်တယ်၊ အများကြီးတော်ပါတယ်” လို့ပြောတော့ ဒါတွေက မင်းအတွက်ပါ.. လို့ ဆိုတယ်..။
■ လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
ထိုင်ကြည့်ချင်တယ် (၂၄နာရီ) ... လို့ သူ..ဆိုတတ်သေးတယ်..။
■ ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ တက်လာတယ်
ကိုယ်စားသုံးနေတာ အလွမ်းတွေကိုပါ
အနမ်းတွေနဲ့ ပန်းခြင်းတစ်ခုလိုချင်တာလေ
ဒါပေမယ့် ရရှိခဲ့တာ ခရမ်းရောင် ပန်းခွေ တစ်ခုပဲပေါ့
အနာဂတ်အတွက် မစဉ်းစားရင်နေပါ
အတိတ်ကမင်းအတွက် အဓိပ္ပါယ် တချို့တ၀က်ရှိခဲ့ရင်
ကိုယ့်ကို သတိရပေးပါ
ပစ္စုပ္ပန်တိုင်းအတွက် အကောင်းဆုံးမိတ်ဆွေအဖြစ် ကိုယ်ရှိနေပါ့မယ်... လို့ ဆိုခဲ့တယ်..။
.........♣ အခုတော့လည်း လွမ်းလို့ကျန်ရစ်မှာကို အားနာပါတယ် ဆာကူရာ ♣..........
" အမှန်တရားနဲ့ သည်းခံခြင်းအလှ (ယဉ်ကျေးသူ) "
ပါဠိလို ခန္တီ မြန်မာလို သည်းခံခြင်းဟာ " ဒေါသမပါပဲ တုန့်ပြန်ခြင်းပါ "။ သည်းခံခြင်းဆိုတာ အကန့်အသတ် တစ်ခုအတွင်း ၊ သည်းခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိပါတယ်..။ အဲဒီစိုးရိမ်ရေမှတ်ကို ကျော်သွားရင် ၊ သည်းခံလို့ မရနိုင်တော့ရင် ၊ အများသူငါ သိရအောင် တုန့်ပြန်မှု တစ်ခုခု ပြန်လုပ်ရတော့မှာပါ..။ ဒေါသမပါတဲ့ တုန့်ပြန်မှုကို ပြုလုပ်ရတော့မှာပါ..။ အမှန်တရား အတွက် သက်သေပြရတော့မှာပါ..။ သည်းခံတယ်ဆိုတာရဲ့ အနှစ်သာရဟာ အမှန်တရားကို ထိပါးလာရင် ဒေါသမပါပဲ ကိုယ့်မှာရှိတဲ့ အသိအလိမ္မာ ဥာဏ်ပညာနဲ့ ယဉ်ကျေးချိုသာစွာ တုန့်ပြန်ခြင်းပါ..။
လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ Life Style ခြင်းကမှ မတူတာ.. ။ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ၊ အလေ့အကျင့်တွေကြားမှာ တယောက်နဲ့တယောက်ရဲ့ စိတ်နေသဘောထားဟာ ကွဲပြားနေနိုင်ပါတယ်..။ တချို့က ကိုယ့်ဘ၀ကိုယ် သိမ်ငယ်နေတာမျိုး ၊ လူတွေနဲ့ မျက်နှာချင်းဆိုင်ဖို့ မ၀ံ့မရဲဖြစ်နေတာမျိုး ၊ တချို့ကျတော့လည်း ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့် အောက်ခြေလွတ် မာန်တတ်နေတာမျိုး ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ဘာမှမရှိတော့ သူများဘာလုပ်လုပ် မကောင်းမြင်တာမျိုး ၊ negative ကနေ တွေးတယ် ကြည့်တာမျိုးပေါ့..။ But when you think negatively, convert your thoughts to a more positive view. The power of positive thinking can change and improve your life. In the face of adversity, a positive outlook gives human the strength to fight. Let's have optimistic view ! Blind optimism is self-deception.
လောကကြီးဟာ အရာအားလုံးကို ကွက်တိဖြစ်အောင် ဖန်ဆင်းပေးထားတာပါ...။ ဘယ်အရာမဆို ယှဉ်ပြိုင်မှု့တွေ ၊ ခက်ထန်မှု့တွေ ၊ တိုက်ခိုက်မှု့တွေရှိပေမယ့် ကိုယ့်နေရာမှာကိုယ်နေပြီး ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုလုပ်နေသော်လည်း ဘလိုင်းကြီး ၀င်ဖောင်းတဲ့လူမျိုးတွေ ရှိနေနိုင်ပါတယ်..။ သူတို့ကတော့ အမြင်မကြည်လင်တဲ့အတွက် ဘယ်သူတွေ ဘာလုပ်လုပ် အကောင်းမြင်မှာမဟုတ်ပါဘူး..။ အသေးအဖွဲကအစ အရေးတယူနဲ့ဂရုစိုက်ပြီး ကိုယ့်ကိုလိုက်ကြည့်နေရှာတာပဲလို့ တွေးလိုက်ပါ..။ သူမှားရင် သနားလိုက်ပါ..။ ခွင့်လွှတ်လိုက်ပါ..။ သည်းခံနားလည်ပေးလိုက်ပါ..။ အမှန်တရားနဲ့ သည်းခံတယ်ဆိုတာ အရှုံးပေးတာ ၊ ငုံ့ခံတာ မဟုတ်ပါဘူး ဒါကြောင့် သည်းခံလိုက်ပါ..။
စိတ်အမျိုးမျိုး ၊ ပုံသဏ္ဍာန်အထွေထွေ ၊ ကွဲပြားတဲ့စရိုက်ရှိတဲ့ လူမျိုးစုံနဲ့ တွေ့ထိဆက်ဆံနေကြရတဲ့အခါ သူတစ်ပါးကြောင့် မိမိရဲ့စိတ်ကို ထိရှမိစေတာတွေ ၊ မိမိစိတ်နဲ့ အခန့်မသင့်တာတွေ ၊ ကသိကအောင့် ဖြစ်စေတာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်..။ ဘယ်သူမှတော့ မရိုင်းချင်ကြပါဘူး ဒါပေမဲ့ စော်ကားတာကိုလည်း ခံနေမှာမဟုတ်တဲ့ ပုထုဇဉ်ဖြစ်တဲ့အတွက် အားလုံးကို ရေရှည်သည်းခံဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး..။ အခြေအနေ အချိန်အခါ နေရာဒေသကိုလည်း ကြည့်ပါ..။ တချို့ကျတော့ သည်းခံခြင်းရဲ့ နောက်မှာ ခွင့်လွှတ်ခြင်းက ကပ်ပါလာတတ်ကြတယ်..။ ဖြစ်လာတဲ့အရာတခုအပေါ်မှာ စိတ်ကို သိပ်ပြီးမခံစားရအောင် နေတာမျိုးလည်း ဖြစ်နိုင်တယ်..။ စိတ်ထဲမှာ ဘာမှတေးမှတ် မထားဘူး..။ အတတ်နိုင်ဆုံး သည်းအခံနိုင်ဆုံး အတိုင်းအတာတခုအထိ ၊ အကောင်းနိုင်ဆုံး အတိုင်းအတာတခုအထိ နေကြတယ်..။ ခွင့်လွှတ်သည်းခံခြင်းကတော့ အကောင်းဆုံး အနိုင်ယူခြင်းပါပဲ..။
တချို့ကျတော့လည်း ဒေါသကြောင့် ချက်ချင်း အငြင်းပွားမယ် ၊ ခွန်းတုန့်ကြီးငယ် ပြောမယ် ၊ အဆုံးစွန်ရောက်လာရင်တော့ နှုတ်ဆက်ကျောခိုင်း ကြတယ်..။ အဲဒီလိုအချိန်မှာ မိမိကြောင့်ရော… တစ်ဖက်သူမှာ ခံစားသွားတာ ထိခိုက်သွားတာမျိုးတွေ ရမသွားနိုင်ဘူးလားလို့တော့ တွေးမိကြတာ နည်းကြမယ်..။ ပုထုဇဉ်ပီပီ ကိုယ့်ဘက်ကတော့ ကိုယ်အမှန်လို့ ထင်နေကြတာများကြတယ်..။ တကယ့်အခြေအနေမှာ ကိုယ်သာအမှန်ဆိုပြီး စာနာစိတ်တွေ ကင်းမဲ့နေတတ်ကြတယ်..။ အဲ့ဒီအခါမှာ လူတွေရဲ့ အတွင်းစိတ်လေးထဲမှာ ယဉ်ကျေးဖွယ်ရာ မရှိတော့ပဲ ၊ စာနာစိတ် မထားနိုင်တော့ပဲ အနိုင်ရယူလိုစိတ်နဲ့ တစ်ဘက်လူကို စွဲချက်တွေ ဒရဇပ် တင်မိတတ်ကြတယ်..။ အရှက်နဲ့သိက္ခာ ၊ လူယဉ်ကျေးနဲ့ ခွင့်လွှတ်ခြင်းဆိုတာ တွဲနေသလိုပါပဲ..။
ဘာပဲဖြစ်ဖြစ် ချစ်သူမုန်းသူမခွဲခြားပဲ အားလုံးကိုခွင့်လွှတ်နိုင်ဖို့ပဲ ကြိုးစားပါ..။ အဲဒါမှမရဘူးဆိုရင်တော့ လျစ်လျူရှု (စိတ်ထဲကထုတ်ပစ်) ဖို့ပဲလိုတာပေါ့..။ အရေးမပါတာတွေကိုတော့ ခွင့်လွှတ်တာလဲမဟုတ် သည်းခံတာလည်းမဟုတ်ပဲ သူတိုက်ခိုက်လေ ကိုယ်တန်ဖိုးမြင့်လေလို့ သဘောထားပြီး လျစ်လျူရှုခြင်းကိုပဲ သုံးလိုက်ပါ..။ အလိမ်အညာ အခရာအပလီပုံစံ သည်းခံသလိုနဲ့ တစ်ချိန်ချိန်မှာ ဂလဲ့စားချေမယ်ဆိုတဲ့စိတ်မျိုး ၊ ကိုယ့်ဂွင်ရောက်ရင် ပြန်ဆော်မှာပေါ့ ဆိုတဲ့စိတ်မျိုးလည်း မမွေးပါနဲ့ မလုပ်ပါနဲ့..။ ရန်လိုတော့ရန်ပိုတယ် ရန်မလိုတော့ ရန်ပြိုတာပေါ့..။
.........♣ “ ယဉ်ကျေးတဲ့လူ ဒေါသကိုနိုင်တဲ့သူဖြစ်အောင် ကြိုးစားနိုင်ကြပါစေ” ♣..........
" お別れになりますかね "
もっと一緒にいたかった
君に会わなかったらこんなにも寂しい思いとか、
こんなにも苦しい思いしなくても良かったんだと思う
でも君に会えなかったら人を愛すってこととか、
幸せとか分かんなかったと思う
私~子供みたいだから、あなたみたいまじめな人が
そばに付いてないとライクが分からないよ
すごくまじめで私を大事にしてくれて本当にありがとう
私の生きる意味を見付けてくれた
遠くになっちゃうけど、
どんなことでもいいからメールしておいでよ!
いつも通りで何でもいいから話せよ
会えなくなっちゃってもさ、いつも私の心に。。。
お祖母ちゃんになって、
自分の名前をわからないことをしまっても、
君と一緒に過ごした時間を絶対忘れない
お前みたいな優しい人は初めてだな
心が壊れそ
うだ!
もう隣にいない、 もう会えないのにね!!
どうしても言えなかった一語
好きだ
本当のことなんって全然面白くない。。。 そう思ってしまうです
........♣ 人生は短いでも思ってるほどそれば短くない  ........
" 2011 March 11 Japan Earthquake and Tsunami "
သဗ္ဗေသတ္တ သမ္မသကာ
ဘုရားမှတပါး ကိုးကွယ်ရာမရှိပါ..
အခါခပ်သိမ်း ချမ်းသာခြင်းသည် သတ္တ၀ါအပေါင်းအား ဖြစ်ပါစေသတည်း။
မနေ့တနေ့ကထိ ရှိနေသေးတယ် ၊ ပိုင်ဆိုင်ထားသေးတယ်..။ သို့သော်လည်း အခုလို သဘာဝဘေးဒဏ်တွေနဲ့ ကြုံလာတော့ ကိုယ်ပိုင်ဆိုင်တာ ဘာရှိသေးလဲ..။
သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ မုချမသွေ ဧကန်ပင်ဖြစ်သော်ငြား.. အ,ကာလ မရဏ (ဥပစ္ဆေဒက ကံ) မှ လွတ်မြောက်နိုင်ကြပါစေသော်.. 
၀၁၁-၀၃-၁၁ သောကြာနေ့ ဂျပန်နိုင်ငံမြောက်ပိုင်းဒေသ သို့မဟုတ် ဂျပန်ကျွန်း အရှေ့မြောက်ဖက်ကမ်းရိုး တန်း မိယဂိ (Miyagi) ခရိုင်အတွင်းမှာ ၈.၉ Magnitude သို့မဟုတ် ၉ Magnitude ပြင်းအားရှိ မြေငလျင် အပြင်းထန် လှုပ်ခတ်မှု့ကြောင့် ဆူနာမီရေလှိုင်းကြီးများဒဏ် ခံစားခဲ့ရသော ဂျပန်ပြည်သူအပေါင်း လုံခြုံအေးချမ်းပါစေ..။ ယခုလှုပ်သွားတဲ့ ငလျင်ဟာ ဂျပန်နိုင်ငံမှာ အကြီးဆုံးဖြစ်ပြီး ၊ ကမ္ဘာမှာ နံပါတ် ၄အဆင့်ရှိ ပြင်းအားများသော ငလျင်ဖြစ်ကြောင်း သိရှိရပါတယ်..။
ရုပ်သံကနေ ဂျပန်ဝန်ကြီးချုပ်ဟာ ပြည်သူလူထုကို ပန်ကြားချိန်မှာ ယခုငလျင်ဒဏ်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဂျပန်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်တာကြောင့် ဒီအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် ညီညွတ်ကြဖို့ အားပေးသလို အသက်တွေကို ကယ်တင်ဖို့ သူကိုယ်တိုင်ဘယ်လိုလုပ်မယ် ၊ ပြည်သူလူထု အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု့ကိုလည်း တောင်းခံပါကြောင်းကို ယဉ်ကျေးတဲ့စကားလုံး ၊ ရို့ကျိုးတဲ့ အမူအရာတွေနဲ့ပြောကြားသွားပါတယ်..။ ၀န်ကြီးချုပ်နဲ့ အစိုးရအကြီးအကဲများဟာ အရေးပေါ် အလုပ်လုပ်ချိန်မှာ ကုတ်အင်္ကျီ အ၀တ်များအစား လုပ်ငန်းခွင်အလုပ်ဝတ်စုံ အပေါ်အင်္ကျီ များကို ၀တ်ဆင်ကြပါတယ်..။ (ကိုးကား.. မကောင်းမွန်ဝင်း ဘလော့မှ)
ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) , born 10 October 1946
အစိုးရအကြီးအကဲများဟာ ဂျပန်ပြည်တွင်းမှာ ရှိနေသော ပြည်သူများနှင့် နေထိုင်သူအားလုံးကို အားကုန်ရေခမ်း ငလျင်နှင့်စပ်လျဉ်းသည့် ဘေးဒုက္ခမှ သက်သာရာရရှိစေရန် ကြိုးစားအားထုတ်ကူညီနေကြပါတယ်..။ ဂျပန်နိုင်ငံရှိ ကုမ္မဏီကြီးအများစုမှာလည်း အများသုံးတယ်လီဖုန်းများမှ နိုင်ငံတကာသို့ ဖုံးအခမဲ့ဆက်ခွင့်ပြုခြင်း ၊ အင်တာနက်အခမဲ့သုံးခွင့်ပြုခြင်း ၊ အချိုရည်စက်များမှ အခမဲ့အချိုရည်ထုတ်ယူနိုင်ခြင်း ၊ ငလျင်ဘေးသင့် နိုင်ငံခြားသားများအတွက် အခမဲ့ဘာသာပြန်ခြင်းကို တယ်လီဖုန်းကနေတဆင့် ၀န်ဆောင်မှု့ပေးခြင်း ၊ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အသီးသီးမှာ စုဝေးခိုလှုံနိုင်တဲ့ နေရာဌာနနဲ့ အထောက်အပံ့များကို လုပ်ပေးခြင်း ၊ လားတူ ပံ့ပိုးကူညီမှု့များစွာဖြင့် ပြည်သူများအားကူညီပေးလျှက်ရှိပါတယ်..။ ထို့အပြင် ၈၈နိုင်ငံက ဘေးဒုက္ခအတွက် ကူညီဖို့ကမ်းလှမ်းလာပြီး “အသက်ကယ် ကျွမ်းကျင် ကယ်ဆယ်ရေးသမား” များက ပြည်သူတွေကို ဘယ်လိုကူညီနေတယ်ဆိုတဲ့အကြောင်းကို ရုပ်သံ TV ကနေ ချက်ချင်းတင်ပြပေးနေပါတယ်..။
ငလျင်နှင့် ဆူနာမီဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု့ ပမာဏမှာ ဖြစ်ပွားရာဒေသတွင်းမှာပင် ဒေါ်လာ ၁၇၁-၁၈၃ ဘီလီယံ အထိရှိနိုင်ကြောင်း စီးပွားရေးအကြီးအကဲ တဦးက ဆိုပါတယ်..။ လျှပ်စစ်ဓါတ်အားပေး အဏုမြူစွမ်းအင်သုံး စက်ရုံ (ခ) နျူကလီးယား ဓာတ်အားပေး စက်ရုံ ၂လုံးပျက်စီးသွားပြီး (Two nuclear power plants at Fukushima Daiichi plant Unit No. 1 <ဂျပန်အတွက် အကြီးမားဆုံး စွမ်းအင်ထုတ်ပေးတဲ့ ဖူကူရှီးမား နျူကလီယား ဓာတ်ပေါင်းဖို အမှတ် (၁) > and Fukushima Daini အမှတ် (၂) , about 25 mil north east of Tokyo) အခြားတစ်လုံးမှာလည်း ပျက်စီးရန် ဖြစ်နိုင်ခြေ အလွန်မြင့်မားလျှက်ရှိတယ်လို့ ကြားသိရပါတယ်..။
ယနေ့မတ်လ ၁၅ရက်နေ့ အင်္ဂါနေ့ နံနက်ပိုင်း Fukushima Daiichi Nuclear Power Plant စက်ရုံမှ ဓာတ်ပေါင်းဖို (Reactor) အမှတ် (၄) မှာ exploded ဖြစ်တယ်လို့ သတင်းရပါတယ်..။ အခုလို တတိကြိမ်မြောက် nuclear reactor စက်ရုံပေါက်ကွဲခဲ့ပြီးနောက် ဓာတ်ပေါင်းဖို ၃ ခု ပျက်စီးခဲ့ရတဲ့အတွက် ဓါတ်ရောင်ခြည် (Radiation) စိမ့်ထွက်မှု အန္တရာယ် (ရေဒီယိုသတ္တိကြွမှု့) ကို စိုးရိမ်နေရကြောင်း ၊ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်ထိ ဖြစ်လာနိုင်ကြောင်း ဂျပန်သတင်းဌာမှ ဖေါ်ပြသွားခဲ့ပါတယ်..။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေတယ်လို့ ကြားသိရပါတယ်..။ Tokyo နဲ့ Fukushima ဟာ about 250 kilometers လောက် ဝေးသော်လည်း မျက်စိနှင့်မြင်ရတဲ့အရာမဟုတ်တဲ့အတွက် "may be faced with nuclear disaster," ပါ.. ။ ဒါကြောင့် မိုးရွာရင် don't go outside ပါတဲ့..။ It's acid rain. Don't let it touch you. If you are outside ဆိုရင် rain protectors ယူသွားပါတဲ့..။ You may burn your skin, lose your hair or have cancer. ပါတဲ့..။ (Explosion of the Nuclear Power Fukumi in Japan is actually Fukushima)
ကိုယ်ကြည့်မိတဲ့ သတင်း site မှာတော့ ဒီလို ရေးထားပါတယ်.. ။ သတင်းတွေကတော့ အချိန်နဲ့တစ်ပြေးညီ တောက်လျောက်ထုတ်လွင့်ပေးနေတာပါပဲ..။ ကိုယ်လည်း ကိုယ်နားလည်သလို ပြန်ရေးပါတယ်..။
အခုချိန်မှာဆိုရင် ဂျပန်နိုင်ငံမှာ အာမခံထားရှိထားပြီး ငလျင်ကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားသော လုပ်ငန်းများ ၊ အိုးအိမ်များအတွက် ဂျပန်အာမခံလုပ်ငန်းများမှ လျော်ကြေးပေးလျော်ရမည့်အတွက် အာမခံလုပ်ငန်းများမှ ဂျပန်ယမ်းငွေများ ၀ယ်ယူမည်ဖြစ်ရာ ဂျပန်ယမ်းငွေဈေး တက်မည်ဖြစ်ကြောင်းကြားသိရသည်။ TV မှ March ၁၆ရက်နေ့ကနေ ၃ရက်အတွင်း ၇၀% ဖြစ်နိုင်ချေရှိသည့် ပြင်းအား ၇ အဆင့်ရှိ ငလျင်ထပ်မံဖြစ်ဖွယ် ရှိပါကြောင်းနှင့် နောက်ဆက်တွဲ ဆူနာမီရေလှိုင်းလည်း ဆက်လက်ဖြစ်ပေါ်နိုင်တာကို ကြိမ်ဖန်များစွာ ထုတ်လွှင့်ပြသနေပါတယ်။ ဖြစ်နိုင်မယ့်နေရာဒေသကတော့ တိုကျိုနှင့် ချီဘခရိုင်ဖြစ်ပြီး သတိထားဖို့ကို သတင်းဌာနက ပြောကြားထားပါတယ်..။ ဂျပန်လူမျိုးအများစုကတော့ ငလျင်ထက် အဏုမြူလျှပ်စစ်ဓါတ်အားစက်ရုံ ပေါက်ကွဲမှု့ကို ပိုပြီးစိုးရိမ်နေကြပါတယ်..။ ငလျင်နဲ့ ဆူနာမီဘေးဒဏ် ခံခဲ့ရတဲ့ ခရိုင်တွေကတော့ Miyagi, Iwate, Fukushima, Ibaraki, Chiba, Saitama, Nagano Prefecture များဖြစ်ပါတယ် (လက်ရှိ)..။ Shizuoka Prefecture အတွင်းက Fujinomiya-shi နဲ့ Fuji-shi မှာလည်း ပြင်းအား ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်သွားခဲ့ပါတယ်..။
Fukushima Daiichi Nuclear စက်ရုံကနေ ကီလိုမီတာ ၂၀ ခန့်အတွင်းနေ ပြည်သူများ ၊ Tokyo Electric Power စက်ရုံအနီးကနေ ကီလိုမီတာ၁၀အတွင်းနေ ပြည်သူများကို ဘေးကင်းရာ ရွှေ့ပြောင်းဖို့ လှုပ်ဆော်ထားပြီး ဖြစ်ပါတယ်..။ အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ကိုလည်း ကြေငြာထားပြီးဖြစ်ပါတယ်..။ မိမိအတွက် အရေးကြီးသောပစ္စည်းများ တနိုင်ဆွဲပြေးနိုင်သော အိတ်တလုံးထဲတွင် အသင့်ပြင်ထားကြရန် လိုအပ်ကြောင်း၊ အိမ်အတွင်း ဘေးပတ်ဝန်းကျင်မှာ ပြုတ်ကျလာနိုင်သော ပစ္စည်းများ မထားသင့်ကြောင်း၊ စိတ်အေးအေးထားပြီး သတိဝိရိယ နှင့် သွားလာသင့်ကြောင်း အကြံပြုထားပါတယ်..။
တိုကျိုမြို့ မြန်မာဘုန်းကြီးကျောင်း မှ ဆရာတော်၏ မိန့်မှာချက်
ဂျပန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြန်မာလူမျိုးအပေါင်းတို့အား ကရုဏာတရား ပွားများနိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။ ငလျင်ဘေးဒဏ် ၊ ဆူနာမီဘေးဒဏ် ခံစားနေရရှာသော သူများအား လူသားချင်း စာနာထောက်ထားသောအားဖြင့် တတ်အားသမျှ အကူအညီများ ပေးသင့်သည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်လေသည်။ မိမိတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အားလျော်စွာ ရှင်တော်မြတ်ဘုရားမှလည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလေးပါးကို အမြဲတစေလက်ကိုင်ထားသင့်ကြောင်း ဟောကြားတော်မူခဲ့ရာ ယခုအခါ သနားကရုဏာ ဖြစ်နေကြရသည့်အခါဖြစ်ပါသည်။ ထိုသို့ သနားကရုဏာဖြစ်သည့်အခါမှာလည်း ဘုရားရှင် ဟောကြားတော်မူသော ကရုဏာတရား မိမိရင်ဝယ်ပွားများသည့် အနေအားဖြင့် အမှန်တကယ် ဒုက္ခတရားများနှင့် တွေ့ကြုံနေရရှာသော ငလျင်ဘေးဒဏ်ခံ၊ ဆူနာမီဘေးဒဏ်ခံ ဂျပန်ပြည်သူ ပြည်သားများအား တတ်အားသမျှ မိမိတို့ ထေရဝါဒ ပရိယတ္တိကျောင်းတော်(MCWA)မှ ကမကထပြု၍ ကုလိုလ်ပြု လှူဒါန်းလိုပါသည်။ အားလုံးသော မြန်မာလူမျိုး များလည်း တတ်အားသမျှ လှူဒါန်းမှု ပြုကြပါရန် အများအကျိုးမျှော် နှိုးဆော် တိုက်တွန်းအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ထေရဝါဒပရိယတ္တိကျောင်းတော် (MCWA) အောက်ပါလိပ်စာသို့ ဆက်သွယ်လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်ရန်လိပ်စာ။
ဆရာတော် ဦးသြဘာသ--ထေရဝါဒ ပရိယတ္တိကျောင်းတော် (MCWA)
ITABASHI-KU ----NAKACHO 39-1
POST NUMBER 173-0022
PHONE 03-3973-3348
MOBIL 080-4171-9333
MAIL (mcwanmtba@gmail.com)
ဘဏ်မှတိုက်ရိုက် ဆက်သွယ်လှူဒါန်းလိုလျှင် အောက်ပါဘဏ်လိပ်စာသို့ လွှဲပြောင်း လှူဒါန်းနိုင်ပါသည်။
BANK INFORMATION
ACCOUNT NAME ------MCWA
ORDINARY A/C NO---2115650
BRANCH---------------OOTSUKA
BANK—----------------MIZUHO BANK
you can donate too JAPANESE RED CROSS SOCIETY
How to protect from Tsunamis ( Tsunami Hazard Mitigation)
Japan Earthquake How to protect yourself
SMC (Science Media Center of Japan)
Japan Earthquake and Tsunami Photos Link1
Japan Earthquake and Tsunami Photos Link2
ကိုးကား
မကောင်းမွန်ဝင်းဘလော့
ကျော်နှင်းဆီလွင်ဘလော့
လမ်းပြကြယ်ဘလော့
မောက္ခ နိုင်ငံတကာသတင်း
p.s
*************************************************
異なる習慣や思想を持っていますが、皆心が一つです! *************************************************
........♣ 日本頑張ってくれ!頑張れ日本! ........