" နှစ်သက်မိသော စာတိုစာနတစ်ချို့ "
  • လူတို့သည် ဆင်ခြင်တုံတရားနည်းပါး၍ ငါ.. အစွဲလည်း ကြီးကြသည်..။ မည်သို့ပင်ဖြစ်စေ ထိုလူတို့ကို ချစ်ပါလေ..။
  • ကောင်းသောအမှု့ကို သင်ပြုလင့်ကစား ကဲ့ရဲ့ပြစ်တင်ခြင်းကို သင်ခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှု့ကို ပြုပါလေ..။
  • သင်သည်အောင်မြင်မှု့ကိုရလျှင် မိတ်ဆွေတုများကို ရရှိတတ်သည်..။ သို့သော်တစ်ဖက်တွင် တကယ့်ရန်သူစစ်စစ်များကို ရရှိတတ်သည်..။ မည်သို့ပင်ဖြစ်စေ အောင်မြင်မှု့ကို ရယူနိုင်ပါစေ..။
  • ယနေ့တွင် သင်ပြုခဲ့သော ကောင်းမြတ်သည့်အမှု့တို့ကို နောက်နေ့တွင် လူတို့က မေ့လျော့ပစ်တတ်ကြသည်..။ မည်သို့ပင်ဖြစ်စေ ကောင်းမြတ်သောအမှု့ကို ပြုပါလေ..။
  • ရိုးသားမှု့နှင့် ပွင့်လင်းမှု့သည် သင့်အားညှိုးငယ်စေနိုင်သည်..။ မည်သို့ပင်ဖြစ်စေ ထာဝစဉ်ရိုးသား ပွင့်လင်းပါလေ..။
  • ကြီးကျယ်သော အတွေးရှိသူတို့သည် သေးနုတ်သောအတွေးရှိသူတို့၏ ရန်လိုမှု့ကို ခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ကြီးမြတ်စွာတွေးခေါ်ပါလေ..။
  • လူတို့သည် ကိုယ့်ထက်နိမ့်ကျသောသူတို့ကို ကရုဏာရှိသယောင်နှင့် တကယ်တန်းတွင်မူ ကိုယ့်ထက်မြင့်သောသူတို့နောက်သာ တကောက်ကောက် လိုက်ပါလေ့ရှိသည်..။ မည်သို့ပင်ဖြစ်စေ နိမ့်ကျသောသူတို့ကို စောင့်ရှောက်ပါလေ..။
  • သင်နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသောအရာတို့သည် တစ်ညတွင်းချင်းပင် ဖျက်စီးခြင်းခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ထာဝရတည်ဆောက်ပါလေ..။
  • လူတို့သည် အကူအညီကိုလိုအပ်နေလင့်ကစား ကူညီသောအခါတွင်လည်း ကူညီသူတို့ကို ရန်ရှာတတ်သည်..။ မည်သို့ပင်ဖြစ်စေ ထိုလူတို့ကို ကူညီပါလေ..။
  • လောကကြီးအား သင့်တွင်ရှိသော အကောင်းဆုံး အမွန်မြတ်ဆုံးသော အရာတို့ကို ပေးအပ်လင့်ကစား သင်သည် ကျေးဇူးမဲ့ခြင်းကိုသာ ပြန်လည်ရရှိတတ်သည်..။ မည်သို့ပင်ဖြစ်စေ လောကကြီးအား အကောင်းဆုံး အမွန်မြတ်ဆုံးသော အရာတို့ကို ပေးအပ်ပါလေ...။
  • ♣ ကံချင်းတူရင်
    ဥာဏ်သာတဲ့ သူကအောင်မြင်တယ်..။
    ♣ ဥာဏ်ချင်းတူရင်
    ♣ ၀ီရိယရှိတာချင်းတူရင်
    စည်းကမ်းရှိတဲ့ သူကအောင်မြင်တယ်..။
    ♣ စည်းကမ်းရှိတာချင်းတူရင်
    စေတနာရှိတဲ့ သူကအောင်မြင်တယ်..။
    ♣ စေတနာရှိတာချင်းတူရင်
    ရိုးသားတဲ့ သူကအောင်မြင်တယ်..။
    ♣ ရိုးသားတာချင်းတူရင်
    အပြောချိုတဲ့ သူကအောင်မြင်တယ်..။
  • လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးရခြင်းသည် မာနကြောင့်
    အသိမဲ့ခြင်းသည် မိမိ ကိုယ်ကိုမိမိ လိမ်လည်နေခြင်းကြောင့်
    ဝမ်းနည်းရခြင်းသည် မနာလို ဝန်တိုသောစိတ်ကြောင့်
    မှားယွင်းမှု့လုပ်ရပ်သည် စိတ်ဓာတ်ကျဆင်းခြင်းကြောင့်
    ပြစ်မှုပြုမိခြင်းသည် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့်
    သနားစရာကောင်းခြင်းသည် မိမိ၏ စိတ်အားငယ်မှု့ကြောင့်
    လေးစားခံရခြင်း သည် မိမိ၏ ကြံ့ခိုင်သည့်စိတ်ဓာတ်ကြောင့်
    စီးပွားပျက်ရခြင်းသည် မိမိ၏ ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်းကြောင့်
    လက်ဆောင်မွန်သည် သည်းခံခွင့်လွှတ်ခြင်းဖြစ်၍
    လိုအပ်ချက်သည် အကြင်နာမေတ္တာတရားဖြစ်သည်..။
    ပီတိသည် အလှူဒါန ပြု၍ဖြစ်ပြီး
    အလှူတစ်ကာ့ အလှူထဲတွင် တရားအလှူသည်အမြတ်ဆုံး ဖြစ်သည်..။
    အားလုံးကိုခြုံကြည့်လိုက်လျှင် အဓိကသည် မိမိ၏ "စိတ်" ဖြစ်၍
    "စိတ်" ကိုပြုပြင်လိုက်သော်အခါ အရာအားလုံးသည် အဆင်ပြေ အေးချမ်းသွားသည်...။
p.s ( ပို့စ်နဲ့ ဘာမှတော့ မဆိုင်ပါဘူး )
ဟိုးအရင်က စာတတ်သွားကြသော လူအချို့သာလျှင် ဦးနှောက်ကို calculator တစ်လုံးလို တွက်ချက်၍ နှလုံးသားကို နှိုးစက်တစ်လုံးလိုအသုံးပြုကာ ကိုယ့်ရင်ခုန်သံကို နှိုးစက်ပေးပြီး အချစ်ကို လုပ်ယူကာ ကိုယ့် partner ကိုရွေးချယ်လေ့ရှိကြသည်..။ သို့သော် ယခုအခါတွင်မူကား လူတိုင်းသည် မိမိကိုယ်တိုင်က သာမန် ဘာမှ မဟုတ်သော်ငြား ကောင်းကင်အမိုးနှင့် မလွတ်သော မျှော်လင့်ချက် ၊ ရင်ဘတ်နှင့် မဆံ့သော အကြီးကြီးသော စိတ်ကူးယဉ်အိပ်မက်များ ၊ ကိုယ်တိုင်နားမလည်နိုင်သော ရင်ခုန်သံများ တိုးညှင်းစွာ ရှိနေတတ်ကြသည်..။
No comments:
Post a Comment