Showing posts with label ရင်ဖွင့်ကာ စာစီကုံး. Show all posts
Showing posts with label ရင်ဖွင့်ကာ စာစီကုံး. Show all posts
" ဖူးစာဖက်ရွေးနည်း (မိန်းခလေး) "
ဖတ်မိတာလေးပါ..။
၁။ အရက်မသောက် ဖဲမရိုက် အပျော်အပါး မလိုက်စားတဲ့သူ
၂။ အမြော်အမြင်ကြီးမားပြီး ဆင်ခြင်တုံတရားရှိတဲ့သူ
၃။ မျိုးရိုးဂုဏ်မြင့်မားပြီး ရုပ်ရည်သန့်ပြန့်ခန့်ညားသူ
၎။ ပစ္စည်းဥစ္စာမကြွယ်ဝသော်ငြား အိမ်ထောင်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်တဲ့သူ
၅။ စကားပြောရာမှာ ချိုသာပြီး ကိုယ်ချင်းစာစိတ်ရှိသူ
၆။ ကူးစက်ရောဂါကင်းစင်သူ
၇။ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခု တတ်ထားသူ
၈။ သားမယားနဲ့ အခြားသူများအပေါ် ကြင်နာသနားစိတ် ထားတဲ့သူ
၉။ မိမိ အသက်ထက် ၅နှစ်ထက် မကြီးပဲ သုံးနှစ်ထက် မငယ်သူ
၁၀။ လူမျိုးတူ ဘာသာတူဖြစ်ပြီး မေတ္တာစစ်မေတ္တာမှန်နဲ့ မိမိအပေါ်မှာ ချစ်ခင်ကြင်နာတတ်သူ
မိန်းကလေးတယောက်က ယောင်္ကျားလေးတယောက်ကို ချစ်တာ ပညာအရမ်းတော်လို့ ဂုဏ်ရှိလို့ နာမည်ကြီးလို့ ရုပ်လှလို့ အားလုံးကိုခြုံပြောရင် အထင်ကြီးလို့ တခုခုကို အားကိုးချင်လို့ ချစ်တာ
ဘယ်မိန်းကလေးမှ အထင်မကြီးတဲ့ ယောက်ျားကို မယူဘူး...။
ဒါပေမယ့် မိန်းကလေးတယောက် အထင်ကြီးလောက်တဲ့ အချက်တွေမရှိပေမယ့် ရိုးဂုဏ်ရှိရင်လည်း တစ်မျိုးပြောင်းသွားနိုင်တယ်...။ အချစ်ဆိုတာ နှလုံးသားကလာတာ လက်ထပ်တယ်ဆိုတာ ဦးနှောက်နဲ့အသိဥာဏ်ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရတဲ့အရာလို့ တစ်ချို့က ဆိုကြတယ်...။
တကယ်တော့လည်း စာဆိုရှင်တွေ ပြောသလိုပါပဲ ပီပြင်ပြတ်သားတဲ့ဘ၀မျိုးနဲ့ သာယာချမ်းမြေ့တဲ့မိသားစုဘ၀ကို ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ တည်ဆောက်ဖို့ဆိုတာ ချစ်တာတစ်ခုတည်းနဲ့မှ မပြီးတာပဲလေ...။
လေးနက်တဲ့အတွေးအခေါ်ရှိပြီး ရဲရင့်ပြတ်သားသော သူရယ်.. ထိုသို့ဖြင့်ပင် ငါတို့ဝေးကြရမယ် ထင်ပါတယ်...။
p.s
မျှော်လင့်မိသေးတယ် မင်းဆီက အချစ်ကို
သတ္တိနည်းတာလား ဘာကိုတွေဝေနေတာလဲ
တစ်ကယ်ဆို မင်းသိသင့်တယ်
ရပါတယ် မင်းမချစ်ပါနဲ့ ကျွန်မပဲ ချစ်ပ့မယ်..။
အရင်လိုပါဘဲ ကျွန်မတစ်ယောက်ထဲ
ဘ၀ကပေးတဲ့သင်ခန်းစာတွေသင်ယူနေဆဲ
တစ်ခါတစ်လေတော့လည်း သတိရသလိုလို ရင်ထဲ
ငါလည်း မေ့လို့ထားချင်တယ်..။
သတိရတိုင်း လွမ်းတယ် မယုံရင်လည်း ရှိစေတော့
******************************************************************
အချစ်ကိုရှာဖွေဆဲမှာပဲ အချစ်က ကျွန်မကိုရှာလို့တွေ့သွားတယ်..။
သူကပြောသေးတယ်... "သူ့အချစ်က ဘယ်တော့မှ ပြန်လည်ပျောက်ကွယ်မသွားနိုင်တော့ မယ့်အချစ်မျိုးတဲ့ . . ." မသေချာတဲ့ ကံကြမ္မာတွေကြားမှာ... သူ့စကားလေးကိုတော့ သေချာကြားတယ် . . .
သို့သော်.. ခ ဏ လေး ပဲ ဖြစ် ပါ စေ . . . သူ့ အ ချ စ် ကို ကျွန် မ ချစ် သည်..။
Wake Up, LOVE.. The SUN Came To See You !
" လေချွန်နေသောရေနွေးအိုး "
လူတစ်ယောက်တွင် တကယ့်အချစ်နှင့် စိတ်ကူးယဉ်အချစ်ဆိုတာ ရှိစမြဲဖြစ်သည်..။ အချစ်ဆိုတာကို နားလည်ပြီး အဲဒီအနားကို မကပ်ရဲတဲ့သူဟာ “မျှော်လင့်ချက်မရှိတဲ့ စိတ်ဖြေစရာ အိပ်မက်တစ်ခု” ဒါမှမဟုတ် “ဖြစ်နိုင်ချေမဲ့အချစ်” ဒါမှမဟုတ် “ရပိုင်ခွင့်မဲ့စိတ်ကူးအချစ်” နဲ့ ချစ်နေသူပါ..။ ဘ၀ဆန်တဲ့ ခံစားဆက်နွယ်မှု့ကြောင့် မျှော်လင့်ချက်နှင့်ချစ်တာကတော့ လက်တွေ့အချစ် ဖြစ်မယ်ထင်ပါတယ်..။
လူဆိုတာ အမြဲတမ်းအချစ်ခံနေရတာမျိုးမဟုတ်ပြန်ဘူး ကိုယ်ကချစ်ချင်တာမျိုးလည်း ရှိတယ်မလား..။ ဒါပေမဲ့ အဲဒီလို ချစ်တဲ့အခါ မေတ္တာဟာ အသွားအပြန်ရှိတယ်ဆိုတာ ဟုတ်ပေမယ့် သက်ရောက်မှု့ရှိတိုင်း တဖက်က တန်ပြန်သက်ရောက်ရမယ် ဆိုတာတော့ မဟုတ်ဘူး..။ သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ ရှိတယ်ဆိုတဲ့ သီအိုရီက ရုပ်ဝတ္တုအနေနဲ့ဆိုရင် ဘာမှငြင်းစရာမရှိပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ မဟုတ်ဘူး..။
တကယ်စဉ်းစားကြည့်ရင် သံယောဇဉ်ပါတဲ့အချစ်နဲ့ အချစ်ပါတဲ့သံယောဇဉ်ဆိုတာ မတူဘူး..။ သံယောဇဉ်ကြီးပြီး ချစ်ဖို့က ပိုခက်တယ်..။ သူသည် ကြည့်ကောင်းသည် (handsome) ဟု ပြောလျှင်လည်း မပြည့်စုံ အေးဆေးတည်ငြိမ်သည် (Cool) ဟုဆိုလျှင်လည်း ထို့ထက်မက လူကြီးလူကောင်းဆန်သည် (Gentleman) ဟုပြောလျှင်လည်း လိုရင်းအဓိပ္ပါယ်က အပြည့်အစုံပါမလာ..။ သူ၏မျက်ဝန်းများတွင် နားလည်သော ဂရုစိုက်သော ကြင်နာသော ယုံကြည်သော အလျှော့ပေးသော ကောင်းသော လိုက်လျောခြင်းဖြင့် စိတ်တိုင်းကျ သဘောကျဖြစ်စေသော အဓိပ္ပါယ်ရှိသောအကြည့်များ ရှိနေတတ်သည်..။ ကျွန်မသူ့ကိုချစ်တာ သူ ဘယ်သူနဲ့ချစ်ချစ် သူဘာပဲလုပ်လုပ် ချစ်တာကချစ်တာမျိုးပါပဲ..။ သူပြောတဲ့စကားတွေအားလုံး ကျွန်မရင်ထဲကိုရောက်ပါတယ် အမြဲမှတ်မိနေမှာပါ..။ သူတစ်ယောက်ထဲနဲ့တင် ကျွန်မရဲ့ကမ္ဘာငယ်လေးဟာ လှပသွားခဲ့တယ်..။ ကျန်တာတွေ လိုအပ်ချက်မရှိတော့ဘူး တကယ်ပါ ဘာမှနောက်ထပ် ထပ်မလိုပါ (ဖြူဖြူကျော်သိန်း) ^^သို့သော်လည်း ကိုယ်ကလည်း ချစ်သော ကိုယ့်ကိုလည်းချစ်သော ချစ်သူတစ်ယောက် မရခဲ့ဖူးသေးပါ..။
တကယ်တော့လည်း ချစ်တယ်ဆိုတာ သံယောဇဉ်တို့ ကြင်နာတာတို့ အမှတ်တရဖြစ်တာတို့ အပြန်အလှန်နားလည်တာတို့ ဒါတွေပဲ မဟုတ်လား..။ ခန္ဓာကိုယ်နှင့်လက်က သွက်သော်လည်း နှလုံးသားက နွမ်းယဲ့နေသူအချို့ကျတော့လည်း ကိုယ်ကနှစ်သက်ပြီး သူက ဘ၀အတွက်အဆင်ပြေနိုင်မယ့် လက်တွဲဖော်မျိုးကို ရွေးကြတယ်..။ တနည်းအားဖြင့် မှီလောက်စရာ ကိုင်းကြီးကြီးကို ရှာတာမျိုးပေါ့..။ ဒီလိုပါဘဲ အားလုံးဟာ ကိုယ့်ဘ၀ကို ကျေနပ်ဖို့သာ လိုပါတယ်..။ မျှော်လင့်ချက်သာမထားခဲ့ရင် ငါဒီလိုခံစားရမယ် မထင်ဘူး (ထူးအိမ်သင်)^^ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့မေတ္တာတရားမိုးတိမ်က အဝေးလွင့်မသွားပါဘူး တိတိကျကျရွာသွန်းနေဆဲပါ.. ရွာသွန်းမှာပါ..
နေတာပြောတာက ရည်းစားလိုဖြစ်နေပြီး ရည်းစားမဟုတ်ကြတာမျိုးတွေ ရှိပါတယ်..။ Because of, he never told her that he liked her. How long do she have to wait? When you’re ready, tell her then but don’t let her wait too long. She’ll always be your side, waiting for you quietly. ၀င်လာချင်လာလို့ရတယ် နှလုံးသားတံခါးခေါက်စရာမလို သိပ်ချစ်တတ်လို့ စောင့်နေဆဲ..။ အဲဒါမျိုးပေါ့.. (ကိုယ့်အပေါ်သံသယစိတ်တွေ မဖြစ်နဲ့ နားလည်စေချင်တယ် ဘ၀မှာ မင်းတစ်ယောက်ထဲသာ ရည်ရွယ်တယ် သိစေချင်ပါတယ်) လူတွေဟာ အချစ်နဲ့အတူတူရှိနေရင်/ အချစ်နဲ့ထိတွေ့ရင် ကဗျာဆရာတွေဖြစ်သွားတတ်ကြတယ်.. (ပလွေတို)
ဟန်ဆောင်လိမ်ညာတယ်ဆိုတာ တကယ်တော့ရက်စက်လွန်းပါတယ်..။ အဓိကက ကိုယ့်စိတ်ကို သေချာဖို့ပါပဲ..။ တွေဝေတဲ့စိတ်ဖြစ်လာပီဆိုရင် သူ့ဘက်ကိုယ့်ဘက် သုံးသပ်ရမယ်..။ တခါတရံ သူ့ကိုအပြစ်မြင်တာက ကိုယ့်အတွေးခေါ်အမြင်တွေက ပြောင်းလဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်..။ ဘယ်သူမှတော့ တိုက်နဲ့ကားနဲ့နေရတာ မကြိုက်တဲ့သူ ၊ အလကားဆိုရင် ကံစမ်းမဲ မနှိုက်တဲ့သူမရှိပါဘူး..။ ကိုယ်လိုချင်တာနဲ့ သူဘက်ကပေးနိုင်တာ ကိုက်ညီတယ်ဆိုရင် တနည်းအားဖြင့် အပေးအယူ မျှနေတယ်ဆိုရင် တွဲမိသွားတာပါပဲ..။
လူတွေနဲ့ တွေ့ထိပြောဆိုဆက်ဆံတဲ့အခါ ကိုယ်က ကိုယ့်အကြောင်းနဲ့ကိုယ် ပျော်လို့ အားရပါးရ နှစ်လိုဖွယ်ရာကြီး ပြုံးပြနေတဲ့အပြုံးကြောင့် တချို့လည်းအားနာပြီး ပြန်ပြုံးပြတာမျိုး လူမှု့ရေးအရပြောတာမျိုးကို မြောက်နေလို့မဖြစ်ဘူး..။ ကျွန်မကတော့ အဲလိုအချိန်မှာ ဘာကိုမှန်းမသိ မျက်နှာပူနေမိတတ်တယ်..။ ဒါပေမဲ့လည်း နေပူထဲလမ်းလျှောက်ရတာထက်စာရင် မိုးရေထဲလမ်းလျှောက်ရတာ ပျော်ဖို့ပိုကောင်းတယ်မလား..။ တစ်ခုသိထားရမှာက ရွှေချည်းပဲ ပစ္စည်းလုပ်လို့မရပါဘူး ကြေးရောရပါတယ်..။ သူဘုရင် (CEO) ဖြစ်တယ်ဆိုတာ သူ့ကိုCEOဖြစ်အောင် လုပ်ပေးနေတဲ့လူရှိလို့ဆိုတာ သူမေ့နေတယ် (ဟင်..ဘာမှလဲဆိုင်ဝူး)
p.s
လူမှန်ရင် အချစ်နဲ့ မကင်းသူတွေပါ
သို့သော်
အချစ်နှင့်ပတ်သက်၍ရူးသောအရူးသည် နားလည်ရအခက်ဆုံး ရူးခြင်းပင်ဖြစ်သည်
♣"By Your Side"♣
☆――☆――☆――☆――☆――☆――☆――☆――☆
Staying by your side, feeling warm inside..
Morning lights shine new life..
By your side, feels so special, no one else like u..
I don't want to miss even a moment..
You show me happiness.. a new world to me..
If i could make a wish I'd stop time just for now..
Smile with me in the sunlight..
Not a dream it's true meaning..
(。◕‿◕。) (´∀`)
☆――☆――☆――☆――☆――☆――☆――☆――☆
"ဒီနေ့လည်း မင်းကို လွမ်းတယ်ပေါ့"
အပင်တိုင်းမှာ အမြစ်ရှိတယ်
လူတိုင်းမှာလည်း အချစ်ရှိတယ်
အပင်မြင့်တိုင်းမှာ အဖျားရှိတယ်
ရေနက်တိုင်းမှာလည်း ကြမ်းရှိတယ်
အကောင်းတွေရဲ့ နောက်ကွယ်မှာ အဆိုးရှိတယ်
အဆိုးတွေရဲ့နောက်ကွယ်မှာ အကောင်းရှိတယ်
အမှားရှိသလို အမှန်ရှိတယ်
လူလိမ္မာတွေ ခိုးခိုးပြီး မိုက်သလို
လူမိုက်တွေလည်း တိုးတိုးလေး လိမ္မာကြတယ်
နိုးတစ်ဝက်ညတွေနဲ့ မိုးသာအကြိမ်ကြိမ်လင်းသွားခဲ့
မဖြေရှင်းနိုင်တဲ့ ပုစ္ဆာအထပ်ထပ်နဲ့မို့
ကိုယ့်ရင်ခုန်သံ ပြန်စမ်းစစ်ကြည့်တော့လည်း
ကိုယ်ကိုယ်တိုင်တောင် နားမလည် မရေရာတဲ့ သံယောဇဉ်
ဒီနေ့လည်း မင်းကို လွမ်းတယ်ပေါ့..။
သိခွင့်ရခဲ့တာက မင်းရင်ထဲမှာ ကိန်းဂဏန်းတွေပဲ ရှိတယ်ဆိုတာကိုလေ
သစ်ပုတ်ပင်ကြီး ခြောက်သွားတာ သင်္ချာမပိုင်ခဲ့လို့ပဲလား
ကိုယ်တောင် အတွေးတွေမှားနေသလို
မင်းယုံကြည်တဲ့ ချစ်ခြင်းက ငွေနဲ့ ဂုဏ် ပကာသနရဲ့ ရနံ့မကင်းမှတော့
ငါချက်ချင်းလှည့်ထွက်ခဲ့တယ်
တစ်နေ့နေ့ သစ္စာတရားက ဒဏ်ခတ်တဲ့ပွဲကိုတော့
ငါမကြည့်ရဲလို့ မင်းအနားမှာ ငါမနေရဲတော့ပါဘူး
နင်ဈေးကွက်ချဲ့နေတဲ့ နှလုံးသားအရောင်းအ၀ယ်ပွဲကြီးမှာ
ငါ့နှလုံးသားကို ရောင်းတမ်းမသွင်းနိုင်လို့ပါ
အပြုံးတစ်ချက်နဲ့
အရိုးသားဆုံး အလှပဆုံး ငါနှုတ်ဆက်မယ်
နင့်ကိုငါ မမုန်းပါဘူး
တကယ်တော့ နိမ့်လိုက်မြင့်လိုက် ရှုံးလိုက်နိုင်လိုက်
အောက်ကလူ အထက်တက်
အထက်ကလူ အောက်ပြန်ဆင်း
စုန်ချည်ဆန်ချည်နဲ့ မဆုံးနိုင်တဲ့ သံသရာထဲမှာ
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တိုင်း လူတော့မဟုတ်ဘူး
လူဆိုတာ အသိဥာဏ်ရှိရမယ်
ဂရုဏာစိတ် သနားကြင်နာစိတ် ကိုယ်ချင်းစာစိတ်လည်း ရှိရတယ်
အမှန်ကိုလည်း မြင်တတ်ရတယ်လေ
မသေခင်တော့ ချစ်လိုက်ကြတာ
သေတော့ သူ့ဘေး ဘယ်သူကပ်ချင်ကြသေးလဲ
အပုတ်ကောင် အရုပ်ဆောင်ထားတဲ့ ဒီခန္တာကို
စွဲလမ်းမှု့နည်းအောင် ကြိုးစားထားပါလေ
ကောင်းကင်နဲ့ မြေကြီးကြားက ဘဝ
အရာရာဟူသမျှသည် ပုံသေမရှိပါ
သို့သော်လည်း သုည (၀) လေးလည်း မဖြစ်ရပြန်ဘူး
လမ်းမှန်လည်းရှိတယ် လမ်းဆုံးလည်းရှိတယ် ပန်းတိုင်လည်းရှိတယ်
ကဲ... မင်းဘာလုပ်မှာလဲ ပြော...
သံသရာရဟတ်ကြီးထဲမှာ
ကမ္ဘာ့လဆန်းတစ်ရက်နေ့ကတည်းက
ကိုယ်လည်းချာချာလည်ခဲ့တာ အခုချိန်ထိပဲဆိုပါတော့
ရာသီစက်ဝိုင်း တစ်ပတ်လည်တဲ့အခါ
မိုးရယ် ဆောင်းရယ် ပူပြင်းချောက်သွေ့လွန်းတဲ့ နွေရယ် ဖြစ်လာတယ်
မိုးမြင့်ထက်မှာ နက္ခတ်ပွဲသဘင် ကျင်းပတဲ့အခါ
လင်းလာတဲ့ ကြယ်လေးတွေရယ် မှိန်သွားတဲ့ကြယ်လေးတွေရယ်
ကွယ်သွားတဲ့ လမင်းရယ် ပြယ်သွားတဲ့ရနံ့ရယ်
အချိန်မပေးနိုင်တဲ့ ငါ့ချစ်သူရယ်
အပြစ်ယူလို့မှ မရတာ ဒါသဘာဝပါ
တစ်ခါတစ်ရံ ဇာတ်ကွက်မပါသောချစ်ခြင်း၌ အလွမ်းများ ရှိနေတတ်သည် မဟုတ်ပါလော
"Faraway Voice"
we're sorry the number you dialed is temporarily not in service area.. please redial later (why always like that)
Do you know what I want to say ?
Only look at me
just think of me
just listen to me
Answer me honestly. Do not lie. Only tell me the truth. Did you **v* me ?
Whatever I don't know OR even may know, i don't say anything to you even though you make me many times to feel sad. I've no experience in **** so my **** feeling on you is very serious but we've different characters, different valuable things, different idea, different lives.
*********************************************
I walked alone along the roads
but from now on
I wanna walk with you
I wanna count the stars at the midnight with you
I wanna talk to you though you're faraway
I wanna sing through the years with you
And wanna be your side always making you cheer up, lift up, keep up.
Although ...............>>>>>>>>>>>>>...........................
" နှစ်သက်မိသော စာတိုစာနတစ်ချို့ "
  • လူတို့သည် ဆင်ခြင်တုံတရားနည်းပါး၍ ငါ.. အစွဲလည်း ကြီးကြသည်..။ မည်သို့ပင်ဖြစ်စေ ထိုလူတို့ကို ချစ်ပါလေ..။
  • ကောင်းသောအမှု့ကို သင်ပြုလင့်ကစား ကဲ့ရဲ့ပြစ်တင်ခြင်းကို သင်ခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှု့ကို ပြုပါလေ..။
  • သင်သည်အောင်မြင်မှု့ကိုရလျှင် မိတ်ဆွေတုများကို ရရှိတတ်သည်..။ သို့သော်တစ်ဖက်တွင် တကယ့်ရန်သူစစ်စစ်များကို ရရှိတတ်သည်..။ မည်သို့ပင်ဖြစ်စေ အောင်မြင်မှု့ကို ရယူနိုင်ပါစေ..။
  • ယနေ့တွင် သင်ပြုခဲ့သော ကောင်းမြတ်သည့်အမှု့တို့ကို နောက်နေ့တွင် လူတို့က မေ့လျော့ပစ်တတ်ကြသည်..။ မည်သို့ပင်ဖြစ်စေ ကောင်းမြတ်သောအမှု့ကို ပြုပါလေ..။
  • ရိုးသားမှု့နှင့် ပွင့်လင်းမှု့သည် သင့်အားညှိုးငယ်စေနိုင်သည်..။ မည်သို့ပင်ဖြစ်စေ ထာဝစဉ်ရိုးသား ပွင့်လင်းပါလေ..။
  • ကြီးကျယ်သော အတွေးရှိသူတို့သည် သေးနုတ်သောအတွေးရှိသူတို့၏ ရန်လိုမှု့ကို ခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ကြီးမြတ်စွာတွေးခေါ်ပါလေ..။
  • လူတို့သည် ကိုယ့်ထက်နိမ့်ကျသောသူတို့ကို ကရုဏာရှိသယောင်နှင့် တကယ်တန်းတွင်မူ ကိုယ့်ထက်မြင့်သောသူတို့နောက်သာ တကောက်ကောက် လိုက်ပါလေ့ရှိသည်..။ မည်သို့ပင်ဖြစ်စေ နိမ့်ကျသောသူတို့ကို စောင့်ရှောက်ပါလေ..။
  • သင်နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသောအရာတို့သည် တစ်ညတွင်းချင်းပင် ဖျက်စီးခြင်းခံရတတ်သည်..။ မည်သို့ပင်ဖြစ်စေ ထာဝရတည်ဆောက်ပါလေ..။
  • လူတို့သည် အကူအညီကိုလိုအပ်နေလင့်ကစား ကူညီသောအခါတွင်လည်း ကူညီသူတို့ကို ရန်ရှာတတ်သည်..။ မည်သို့ပင်ဖြစ်စေ ထိုလူတို့ကို ကူညီပါလေ..။
  • လောကကြီးအား သင့်တွင်ရှိသော အကောင်းဆုံး အမွန်မြတ်ဆုံးသော အရာတို့ကို ပေးအပ်လင့်ကစား သင်သည် ကျေးဇူးမဲ့ခြင်းကိုသာ ပြန်လည်ရရှိတတ်သည်..။ မည်သို့ပင်ဖြစ်စေ လောကကြီးအား အကောင်းဆုံး အမွန်မြတ်ဆုံးသော အရာတို့ကို ပေးအပ်ပါလေ...။
  • ♣ ကံချင်းတူရင်
    ဥာဏ်သာတဲ့ သူကအောင်မြင်တယ်..။
    ♣ ဥာဏ်ချင်းတူရင်
    ♣ ၀ီရိယရှိတာချင်းတူရင်
    စည်းကမ်းရှိတဲ့ သူကအောင်မြင်တယ်..။
    ♣ စည်းကမ်းရှိတာချင်းတူရင်
    စေတနာရှိတဲ့ သူကအောင်မြင်တယ်..။
    ♣ စေတနာရှိတာချင်းတူရင်
    ရိုးသားတဲ့ သူကအောင်မြင်တယ်..။
    ♣ ရိုးသားတာချင်းတူရင်
    အပြောချိုတဲ့ သူကအောင်မြင်တယ်..။
  • လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးရခြင်းသည် မာနကြောင့်
    အသိမဲ့ခြင်းသည် မိမိ ကိုယ်ကိုမိမိ လိမ်လည်နေခြင်းကြောင့်
    ဝမ်းနည်းရခြင်းသည် မနာလို ဝန်တိုသောစိတ်ကြောင့်
    မှားယွင်းမှု့လုပ်ရပ်သည် စိတ်ဓာတ်ကျဆင်းခြင်းကြောင့်
    ပြစ်မှုပြုမိခြင်းသည် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့်
    သနားစရာကောင်းခြင်းသည် မိမိ၏ စိတ်အားငယ်မှု့ကြောင့်
    လေးစားခံရခြင်း သည် မိမိ၏ ကြံ့ခိုင်သည့်စိတ်ဓာတ်ကြောင့်
    စီးပွားပျက်ရခြင်းသည် မိမိ၏ ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်းကြောင့်
    လက်ဆောင်မွန်သည် သည်းခံခွင့်လွှတ်ခြင်းဖြစ်၍
    လိုအပ်ချက်သည် အကြင်နာမေတ္တာတရားဖြစ်သည်..။
    ပီတိသည် အလှူဒါန ပြု၍ဖြစ်ပြီး
    အလှူတစ်ကာ့ အလှူထဲတွင် တရားအလှူသည်အမြတ်ဆုံး ဖြစ်သည်..။
    အားလုံးကိုခြုံကြည့်လိုက်လျှင် အဓိကသည် မိမိ၏ "စိတ်" ဖြစ်၍
    "စိတ်" ကိုပြုပြင်လိုက်သော်အခါ အရာအားလုံးသည် အဆင်ပြေ အေးချမ်းသွားသည်...။
p.s ( ပို့စ်နဲ့ ဘာမှတော့ မဆိုင်ပါဘူး )
ဟိုးအရင်က စာတတ်သွားကြသော လူအချို့သာလျှင် ဦးနှောက်ကို calculator တစ်လုံးလို တွက်ချက်၍ နှလုံးသားကို နှိုးစက်တစ်လုံးလိုအသုံးပြုကာ ကိုယ့်ရင်ခုန်သံကို နှိုးစက်ပေးပြီး အချစ်ကို လုပ်ယူကာ ကိုယ့် partner ကိုရွေးချယ်လေ့ရှိကြသည်..။ သို့သော် ယခုအခါတွင်မူကား လူတိုင်းသည် မိမိကိုယ်တိုင်က သာမန် ဘာမှ မဟုတ်သော်ငြား ကောင်းကင်အမိုးနှင့် မလွတ်သော မျှော်လင့်ချက် ၊ ရင်ဘတ်နှင့် မဆံ့သော အကြီးကြီးသော စိတ်ကူးယဉ်အိပ်မက်များ ၊ ကိုယ်တိုင်နားမလည်နိုင်သော ရင်ခုန်သံများ တိုးညှင်းစွာ ရှိနေတတ်ကြသည်..။
" စိတ်ကူးထဲက အတွေး "
  • မလိမ့်တပတ် လုပ်ရတာ
  • အိုက်တင်ခံရတာ
  • အရာရာကို ပေါ့ပေါ့လေးတွေးရတာ
  • ထိန်းချုပ်ရတာ မျိုသိပ်ရတာ
  • မသိချင်ယောင်ဆောင်ရတာ
  • အပြောင်းအလဲမြန်ရတာ
  • ဟန်ဆောင်ရတာ
  • ဖြတ်လမ်းနည်းတွေနဲ့ ကြွားကြွားဝါဝါ ကိုယ့်ဂုဏ်ကိုယ်ဖော်ရတာ မခက်ပါဘူး...။
  • အရှိကို အရှိအတိုင်းနေတတ်တဲ့ ပွင့်လင်းရတာ ကြိုက်တဲ့ ၊ ကိုယ်တိုင် ကြိုးစားအားထုတ်ပြီးမှ ရလာတဲ့ အသီးအပွင့်တွေနဲ့ လက်မထောင် ဂုဏ်ယူချင်တဲ့ ငါဆိုတာက ဒီလိုပါ...။ အထင်မကြီးလို့မက အထင်သေးလိုက သေးနိုင်ပါတယ်..။
■ အခြေအနေပေးလို့ တို့တွေ ပျော်ရွှင်ဖူးသလို
အခြေအနေ မပေးတော့လည်း တို့တွေ တိုးတိတ်စွာ သက်ပြင်းရှိုက်မိကြတယ်နော်..။
■ လူမသိ သူမသိနဲ့ အပူမိသည့် ရင်
မသိစိတ်က ဖြစ်နေပေမယ့် အသိစိတ်ကတော့ သတိပေးမိတယ်
တိတ်ဆိတ်လွန်းလို့ မကြားရတာပါ ရင်ကတော့ ခုန်ပါတယ်
တခါတရံမှာ ဖွင့်ဟ၀န်ခံတာထက် မြိုသိပ်ခံစားရတာ ပိုကောင်းတယ်မလား
ဒီနေ့ရဲ့ သူစိမ်းဆန်မှုဟာ မနေ့ကရင်းနှီးခဲ့လို့ပေါ့
■ သူ့ထက်သူ့ထက် ကောင်းတဲ့ဟာကို ရှာရင်း ရှာရင်းနဲ့ပဲ တစ်နေ့မှာ အကောင်းဆုံးအရာကို လက်လွတ်ဆုံးရှုံးခဲ့မှန်း နောက်ကျမှသိရတတ်တယ်..။ အဲဒါအချစ်ပဲ.. တဲ့...။
■ လိုချင်တာကတော့ အကောင်းဆုံးဆိုတာကို လိုချင်တာပဲ...။ တကယ်တမ်းမှာတော့ “ကိုယ်ရခဲ့တဲ့အရာသည်သာ ကိုယ့်အတွက် အကောင်းဆုံး ၊ အသင့်တော်ဆုံးလို့ ယုံကြည်နေဖို့ပဲလိုတယ်” “အိမ်ထောင်ပြုခြင်း ဆိုတာသည်လည်း ဒီသဘောပဲ” လို့ ဆိုတယ်..။
■ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်..။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှု့တချို့က သေဆုံးချိန်မှ လက်လွတ်ကြရတယ်.. လို့ ဆိုတယ်..။
■ တစ်ခါတစ်ရံ...... ဘ၀မှာ လိုချင်တာတစ်ခုအတွက် စွန့်လွှတ်မှု့တွေ ၊ ပေးဆပ်လိုက်ရတာတွေ အများကြီးရှိတယ် ဘ၀မှာ လိုချင်တာမရခဲ့ရင် ရခဲ့တာတွေကိုအကောင်းဆုံး ၊ တန်ဖိုးအရှိဆုံး ၊ ကိုယ့်ဘ၀ကိုအလှပဆုံး ဖြစ်အောင်ကြိုးစားရမယ်... လို့ဆိုတယ်..။
■ ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး နောက်မှာ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ မသိတဲ့လူတွေအတွက် နောက်ကြည့်မှန်တစ်ချပ် လှူချင်တယ်.. လို့ ဆိုတယ်..။
■ လောကမှာခိုးတွေလူတွေအများကြီး မိတဲ့လူကျမှ သူခိုးလို့သတ်မှတ်ခံရတာ ထုံးစံပဲ.. လို့ ဆိုတယ်..။
■ ဘယ်အရာမှ စင်းလုံးချောဆိုတာတော့ မရှိပါဘူးတဲ့..။ အပြစ်အနာဆာ အက်ကြောင်းလေးတွေတော့ ရှိမှာပဲ.. လို့ ဆိုတယ်..။
■ အချို့စကားတွေက ထပ်ခါထပ်ခါပြောမှ နားဝင်တယ်ဆိုပေမယ့် ပြောဖန်များရင် နားငြီးလာတတ်တယ်.. လို့ ဆိုတယ်..။
■ သံယောဇဉ်ဆိုတာ မီးခလုတ်ကို ပိတ်လိုက်သလို ရုတ်တရက် ဖြတ်တောက်လို့ ရတာမျိုှး မဟုတ်သလို.. တခါတလေ အချစ်ဆိုတာ ငှက်ဖျားလိုပဲ အတော်ကြာကြာ ငုပ်နေပြီး မေ့သလောက်ရှိမှ အလစ်ထပြီး တိုက်ခိုက်တတ်တယ် .. လို့ ဆိုတယ်..။
■ ဖြစ်သင့်တာကို ဦးစားပေးခဲ့ရလို့ ခံစားချက်တွေ အမြဲတမ်းအတွက် ထိန်းချုပ်လိုက်ရတယ်.. လို့ ဆိုတယ်..။
■ လူကြီးတွေက ပြောင်းလဲမှု့ကို ၀န်လေးတတ်တယ်တဲ့..။ အသက်ကြီးလာတာနဲ့အမျှ အိပ်မက်တွေက ကျုံ့ကျုံ့သွားတယ်.. လို့ ဆိုတယ်...။
■ ရင်ခုန်သံတွေ မနည်းကို နှိုးစက်ပေးနေရတာလို့ ဆိုတဲ့ သူက ခုတော့ “မင်းကြောင့် ကိုယ်လူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်” လို့ ဆိုတယ်..။
■ ဖုန်းထဲက ကျွန်မရဲ့ “ဟလို..” ဆိုတဲ့အသံကို ကြားရုံနဲ့ မင်းရဲ့ လက်ရှိ စိတ်အနေအထား ၀မ်းနည်း ၀မ်းသာကို သဘောပေါက်ပါတယ်ကွာ.. လို့ ဆိုပြန်တယ်...။
■ တွေ့ဆုံတိုင်း ခေါင်းကို ပွတ်သပ်ပြီး “ဒီတစ်ပတ် လိမ္မာရဲ့လား” “ဒီရက်တွေ ဘာတွေလုပ်လဲ” .. လို့လဲ မေးတတ်ပြန်တယ်..။
■ “ကိုယ်လုပ်လိုက်မယ်” ဆိုတဲ့ သူ့ရဲ့ဦးဆောင်ချင်မှု့ကြောင့် ဘယ်လိုဆုံးဖြတ်ချက်ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို မင်းတွေးတောစရာ မလိုတော့ဘူးပေါ့.. လို့လဲ ဆိုတယ်..။
■ “ဆောရီးနော်” ဆိုပြီး ကိုယ့်အပြစ်တွေအတွက် ပွေ့ဖက်လာတတ်တဲ့ ကိုယ့်ကြောင့် မင်းဆိုးချင်တိုင်း ဆိုးခွင့်ရတာပေါ့.. လို့လဲ ပြောတတ်တယ်..။
■ ကျွန်မဘေးမှာ သူ.. မရှိတဲ့အချိန် ကျွန်မကိုယ်ကျွန်မ ရပ်တည်နိုင်တယ်ဆိုတာ သူသိတယ်..လို့ ဆိုတယ်..။
■ ၂၄ နာရီရဲ့ စက္ကန့်တိုင်းမှာ သူ့ကို ကျွန်မ လွမ်းနေတယ်ဆိုတာ သူသိတယ်.. လို့ ဆိုတယ်..။
■ ကျွန်မရဲ့အချစ်ကို သူတန်ဖိုးထားသလို ကျွန်မရဲ့အားနည်းချက်တွေကို သူချစ်သတဲ့.. လို့ ဆိုပြန်တယ်..။
■ အတူတူနေရင် ဘယ်မှာနေမယ်လို့ ဆုံးဖြတ်ထားလဲ.. လို့လည်း မေးတတ်တယ်..။
■ ပန်းတိုင်မပျောက်စေနဲ့ အင်တာနေရှင်နယ်အဆင့် အပြုံးမပျက်ပဲ နေတတ်အောင် ကိုယ်သင်ပေးမယ်.. လို့ လည်း ဆိုတတ်သေးတယ်..။
■ ကျွန်မက “လေးစားတယ်” လို့ပြောတော့ နောက်ငါးတွေကောခြောက်တွေကော ကွင်းတွေကော ကင်းတွေကော စားလိမ့်မယ်.. လို့ ဆိုပြန်တယ်..။
■ ကျွန်မနဲ့ စတွေ့တုန်းက “ပန်းတစည်းမပြောနဲ့ ပန်းတခင်းလုံးလာပေးတောင် ရင်မခုန်ဘူး အဖျားလည်းမတက်ဘူး သွေးလည်းမတိုးဘူး” လို့ပြောတော့ လက်ဆောင်ပေးတယ်ဆိုတာ ပစ္စည်းရဲ့တန်ဖိုးထက် ပေးတဲ့လူရဲ့ စိတ်ကူးစိတ်သန်းက အရေးကြီးတာပါ... လို့ သူ.. ဆိုခဲ့သေးတယ်..။
■ ကျွန်မက “မင်းကအရည်ချင်းရှိပါတယ် ၊ ဥာဏ်ရည်မြင့်ပါတယ်၊ ထက်ထက်မြက်မြက် လည်လည်ဝယ်ဝယ်ရှိပါတယ် ၊ လူတစ်ဖက်သားကိုလည်း ရိုးသားစွာ ကူညီတတ်တယ် ၊ ရှေ့ဆက်ရမယ့် ဘ၀ခရီးဖြောင့်ဖြူးဖို့ကို ကြိုတင်တွက်ဆ ခန့်မှန်းနိုင်တယ်၊ အများကြီးတော်ပါတယ်” လို့ပြောတော့ ဒါတွေက မင်းအတွက်ပါ.. လို့ ဆိုတယ်..။
■ လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
ထိုင်ကြည့်ချင်တယ် (၂၄နာရီ) ... လို့ သူ..ဆိုတတ်သေးတယ်..။
■ ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ တက်လာတယ်
ကိုယ်စားသုံးနေတာ အလွမ်းတွေကိုပါ
အနမ်းတွေနဲ့ ပန်းခြင်းတစ်ခုလိုချင်တာလေ
ဒါပေမယ့် ရရှိခဲ့တာ ခရမ်းရောင် ပန်းခွေ တစ်ခုပဲပေါ့
အနာဂတ်အတွက် မစဉ်းစားရင်နေပါ
အတိတ်ကမင်းအတွက် အဓိပ္ပါယ် တချို့တ၀က်ရှိခဲ့ရင်
ကိုယ့်ကို သတိရပေးပါ
ပစ္စုပ္ပန်တိုင်းအတွက် အကောင်းဆုံးမိတ်ဆွေအဖြစ် ကိုယ်ရှိနေပါ့မယ်... လို့ ဆိုခဲ့တယ်..။
.........♣ အခုတော့လည်း လွမ်းလို့ကျန်ရစ်မှာကို အားနာပါတယ် ဆာကူရာ ♣..........
" お別れになりますかね "
もっと一緒にいたかった
君に会わなかったらこんなにも寂しい思いとか、
こんなにも苦しい思いしなくても良かったんだと思う
でも君に会えなかったら人を愛すってこととか、
幸せとか分かんなかったと思う
私~子供みたいだから、あなたみたいまじめな人が
そばに付いてないとライクが分からないよ
すごくまじめで私を大事にしてくれて本当にありがとう
私の生きる意味を見付けてくれた
遠くになっちゃうけど、
どんなことでもいいからメールしておいでよ!
いつも通りで何でもいいから話せよ
会えなくなっちゃってもさ、いつも私の心に。。。
お祖母ちゃんになって、
自分の名前をわからないことをしまっても、
君と一緒に過ごした時間を絶対忘れない
お前みたいな優しい人は初めてだな
心が壊れそ
うだ!
もう隣にいない、 もう会えないのにね!!
どうしても言えなかった一語
好きだ
本当のことなんって全然面白くない。。。 そう思ってしまうです
........♣ 人生は短いでも思ってるほどそれば短くない  ........