Showing posts with label အတွေးအခေါ်အယူအဆများ. Show all posts
Showing posts with label အတွေးအခေါ်အယူအဆများ. Show all posts

" အမှန်တရားနဲ့ သည်းခံခြင်းအလှ (ယဉ်ကျေးသူ) "



ပါဠိလို ခန္တီ မြန်မာလို သည်းခံခြင်းဟာ " ဒေါသမပါပဲ တုန့်ပြန်ခြင်းပါ "။ သည်းခံခြင်းဆိုတာ အကန့်အသတ် တစ်ခုအတွင်း ၊ သည်းခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိပါတယ်..။ အဲဒီစိုးရိမ်ရေမှတ်ကို ကျော်သွားရင် ၊ သည်းခံလို့ မရနိုင်တော့ရင် ၊ အများသူငါ သိရအောင် တုန့်ပြန်မှု တစ်ခုခု ပြန်လုပ်ရတော့မှာပါ..။ ဒေါသမပါတဲ့ တုန့်ပြန်မှုကို ပြုလုပ်ရတော့မှာပါ..။ အမှန်တရား အတွက် သက်သေပြရတော့မှာပါ..။ သည်းခံတယ်ဆိုတာရဲ့ အနှစ်သာရဟာ အမှန်တရားကို ထိပါးလာရင် ဒေါသမပါပဲ ကိုယ့်မှာရှိတဲ့ အသိအလိမ္မာ ဥာဏ်ပညာနဲ့ ယဉ်ကျေးချိုသာစွာ တုန့်ပြန်ခြင်းပါ..။

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ Life Style ခြင်းကမှ မတူတာ.. ။ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ၊ အလေ့အကျင့်တွေကြားမှာ တယောက်နဲ့တယောက်ရဲ့ စိတ်နေသဘောထားဟာ ကွဲပြားနေနိုင်ပါတယ်..။ တချို့က ကိုယ့်ဘ၀ကိုယ် သိမ်ငယ်နေတာမျိုး ၊ လူတွေနဲ့ မျက်နှာချင်းဆိုင်ဖို့ မ၀ံ့မရဲဖြစ်နေတာမျိုး ၊ တချို့ကျတော့လည်း ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့် အောက်ခြေလွတ် မာန်တတ်နေတာမျိုး ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ဘာမှမရှိတော့ သူများဘာလုပ်လုပ် မကောင်းမြင်တာမျိုး ၊ negative ကနေ တွေးတယ် ကြည့်တာမျိုးပေါ့..။ But when you think negatively, convert your thoughts to a more positive view. The power of positive thinking can change and improve your life. In the face of adversity, a positive outlook gives human the strength to fight. Let's have optimistic view ! Blind optimism is self-deception.


လောကကြီးဟာ အရာအားလုံးကို ကွက်တိဖြစ်အောင် ဖန်ဆင်းပေးထားတာပါ...။ ဘယ်အရာမဆို ယှဉ်ပြိုင်မှု့တွေ ၊ ခက်ထန်မှု့တွေ ၊ တိုက်ခိုက်မှု့တွေရှိပေမယ့် ကိုယ့်နေရာမှာကိုယ်နေပြီး ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုလုပ်နေသော်လည်း ဘလိုင်းကြီး ၀င်ဖောင်းတဲ့လူမျိုးတွေ ရှိနေနိုင်ပါတယ်..။ သူတို့ကတော့ အမြင်မကြည်လင်တဲ့အတွက် ဘယ်သူတွေ ဘာလုပ်လုပ် အကောင်းမြင်မှာမဟုတ်ပါဘူး..။ အသေးအဖွဲကအစ အရေးတယူနဲ့ဂရုစိုက်ပြီး ကိုယ့်ကိုလိုက်ကြည့်နေရှာတာပဲလို့ တွေးလိုက်ပါ..။ သူမှားရင် သနားလိုက်ပါ..။ ခွင့်လွှတ်လိုက်ပါ..။ သည်းခံနားလည်ပေးလိုက်ပါ..။ အမှန်တရားနဲ့ သည်းခံတယ်ဆိုတာ အရှုံးပေးတာ ၊ ငုံ့ခံတာ မဟုတ်ပါဘူး ဒါကြောင့် သည်းခံလိုက်ပါ..။



စိတ်အမျိုးမျိုး ၊ ပုံသဏ္ဍာန်အထွေထွေ ၊ ကွဲပြားတဲ့စရိုက်ရှိတဲ့ လူမျိုးစုံနဲ့ တွေ့ထိဆက်ဆံနေကြရတဲ့အခါ သူတစ်ပါးကြောင့် မိမိရဲ့စိတ်ကို ထိရှမိစေတာတွေ ၊ မိမိစိတ်နဲ့ အခန့်မသင့်တာတွေ ၊ ကသိကအောင့် ဖြစ်စေတာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်..။ ဘယ်သူမှတော့ မရိုင်းချင်ကြပါဘူး ဒါပေမဲ့ စော်ကားတာကိုလည်း ခံနေမှာမဟုတ်တဲ့ ပုထုဇဉ်ဖြစ်တဲ့အတွက် အားလုံးကို ရေရှည်သည်းခံဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး..။ အခြေအနေ အချိန်အခါ နေရာဒေသကိုလည်း ကြည့်ပါ..။ တချို့ကျတော့ သည်းခံခြင်းရဲ့ နောက်မှာ ခွင့်လွှတ်ခြင်းက ကပ်ပါလာတတ်ကြတယ်..။ ဖြစ်လာတဲ့အရာတခုအပေါ်မှာ စိတ်ကို သိပ်ပြီးမခံစားရအောင် နေတာမျိုးလည်း ဖြစ်နိုင်တယ်..။ စိတ်ထဲမှာ ဘာမှတေးမှတ် မထားဘူး..။ အတတ်နိုင်ဆုံး သည်းအခံနိုင်ဆုံး အတိုင်းအတာတခုအထိ ၊ အကောင်းနိုင်ဆုံး အတိုင်းအတာတခုအထိ နေကြတယ်..။ ခွင့်လွှတ်သည်းခံခြင်းကတော့ အကောင်းဆုံး အနိုင်ယူခြင်းပါပဲ..။

တချို့ကျတော့လည်း ဒေါသကြောင့် ချက်ချင်း အငြင်းပွားမယ် ၊ ခွန်းတုန့်ကြီးငယ် ပြောမယ် ၊ အဆုံးစွန်ရောက်လာရင်တော့ နှုတ်ဆက်ကျောခိုင်း ကြတယ်..။ အဲဒီလိုအချိန်မှာ မိမိကြောင့်ရော… တစ်ဖက်သူမှာ ခံစားသွားတာ ထိခိုက်သွားတာမျိုးတွေ ရမသွားနိုင်ဘူးလားလို့တော့ တွေးမိကြတာ နည်းကြမယ်..။ ပုထုဇဉ်ပီပီ ကိုယ့်ဘက်ကတော့ ကိုယ်အမှန်လို့ ထင်နေကြတာများကြတယ်..။ တကယ့်အခြေအနေမှာ ကိုယ်သာအမှန်ဆိုပြီး စာနာစိတ်တွေ ကင်းမဲ့နေတတ်ကြတယ်..။ အဲ့ဒီအခါမှာ လူတွေရဲ့ အတွင်းစိတ်လေးထဲမှာ ယဉ်ကျေးဖွယ်ရာ မရှိတော့ပဲ ၊ စာနာစိတ် မထားနိုင်တော့ပဲ အနိုင်ရယူလိုစိတ်နဲ့ တစ်ဘက်လူကို စွဲချက်တွေ ဒရဇပ် တင်မိတတ်ကြတယ်..။ အရှက်နဲ့သိက္ခာ ၊ လူယဉ်ကျေးနဲ့ ခွင့်လွှတ်ခြင်းဆိုတာ တွဲနေသလိုပါပဲ..။


ဘာပဲဖြစ်ဖြစ် ချစ်သူမုန်းသူမခွဲခြားပဲ အားလုံးကိုခွင့်လွှတ်နိုင်ဖို့ပဲ ကြိုးစားပါ..။ အဲဒါမှမရဘူးဆိုရင်တော့ လျစ်လျူရှု (စိတ်ထဲကထုတ်ပစ်) ဖို့ပဲလိုတာပေါ့..။ အရေးမပါတာတွေကိုတော့ ခွင့်လွှတ်တာလဲမဟုတ် သည်းခံတာလည်းမဟုတ်ပဲ သူတိုက်ခိုက်လေ ကိုယ်တန်ဖိုးမြင့်လေလို့ သဘောထားပြီး လျစ်လျူရှုခြင်းကိုပဲ သုံးလိုက်ပါ..။ အလိမ်အညာ အခရာအပလီပုံစံ သည်းခံသလိုနဲ့ တစ်ချိန်ချိန်မှာ ဂလဲ့စားချေမယ်ဆိုတဲ့စိတ်မျိုး ၊ ကိုယ့်ဂွင်ရောက်ရင် ပြန်ဆော်မှာပေါ့ ဆိုတဲ့စိတ်မျိုးလည်း မမွေးပါနဲ့ မလုပ်ပါနဲ့..။ ရန်လိုတော့ရန်ပိုတယ် ရန်မလိုတော့ ရန်ပြိုတာပေါ့..။


.........♣ “ ယဉ်ကျေးတဲ့လူ ဒေါသကိုနိုင်တဲ့သူဖြစ်အောင် ကြိုးစားနိုင်ကြပါစေ” ♣..........

"အတူတူလို့ ဆိုရာဝယ်"


လာခဲ့ပါလို့လည်း မခေါ်ခဲ့သလို သွားပါတော့လို့လည်း ဘယ်သူ့ကိုမှ မနှင်ပါဘူး....။ ဘဝဆိုတဲ့ခရီးကို သွားနေကြတဲ့ ခရီးသည်ချင်းအတူတူ လမ်းခရီးမှာ ကြုံကြိုက်လို့ ဆုံတွေ့ကြတာတွေပါပဲ....။ အမြင်တူတာတွေ ရှိမယ်..။ ကွဲလွဲတာတွေရှိမယ်..။ စက္ကန့်ဝက်လေးအတွင်းမှာတောင် စိတ်အတွေးတွေက ပြောင်းလဲနိုင်တာ အချိန်ကာလနဲ့ ဆည်းပူးလိုက်တဲ့ပညာကြောင့် ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေ ဆိုတာရှိတတ်တာပါပဲ..။ မတူညီတဲ့ ကွဲပြားမှုတွေကို လက်မခံနိုင်ရင် ကိုယ်ဟာ လူသားဆန်ခြင်းအနုပညာကို တတ်မြောက်သူတစ်ဦး ဘယ်ဖြစ်တော့မလဲ..။ ဥယျာဉ်ထဲမှာ ပန်းတွေအစုံစိုက်ထားမှ ပန်းရောင်စုံတွေပွင့်ပြီး ရနံ့ မျိုးစုံ သင်းပျံ့နေတော့မှာပေါ့..။ ကိုယ်မကြိုက်တဲ့ ကော်ဖီ လက်ဖက်ရည်ကို တမ်းတမ်းစွဲ ကြိုက်တဲ့သူတွေ ဒီကမ္ဘာမှာ အများကြီးပါပဲ..။ အဲ.. တခြားသူ မကြိုက်တဲ့ ဂျင်းသုပ်ကို ကိုယ်က မက်မက်မောမော နှစ်ခြိုက်မိနေပြန်ရော..။ နာနတ်သီးကြိုက်တဲ့သူက နာနာတ်သီးစားမှာပဲ..။ ဖရဲသီးကြိုက်တဲ့သူကလည်း ဖရဲသီးစားကို စားမှာပဲ..။ ကိုယ်ကတော့ မယ်လွန်ကြိုက်တော့ မယ်လွန်စားမှာပေါ့.........။

တစ်ကယ်တော့ ဘဝခရီးမှာ ခဏလေးတွေ့ကြတာပါ..။ သူလည်း သူ့ခရီးသူသွား၊ ကိုယ်လည်း ကိုယ့်ခရီးကိုယ်သွားကြတာပါ..။ တွေ့တဲ့အချိန်ခဏလေးကို နောင်တစ်ချိန်မှာ ပြန်လိုချင်ပါတယ်ဆိုရင်တောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး..။ လူဆိုတာကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာပါ..။ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ခုနေ ပြန်တွေ့ချင်ပါတယ်ဆိုရင်တောင် မဖြစ်နိုင်ပါဘူး..။ ဒါကြောင့် စဉ်းစားမိတယ်..။ ဘာလို့များတွေ့တဲ့အခိုက်အတန့် ခဏလေးမှာ ကိုယ့်သဘောကိုယ်ဆောင်၊ သူ့သဘောသူဆောင်တဲ့ အရာတွေကို ရောထွေးပစ်ကြတာပါလိမ့်လို့ တွေးမိတယ်..။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်ဘဝနဲ့ကိုယ်နေတာမှာ သူ့သဘောသူဆောင်တဲ့ သူ့ဘဝနဲ့သူ နေသူကို ကိုယ်နဲ့ မတူရကောင်းလားလို့ စိတ်ဆိုးစရာ လိုအပ်ပါသလားလို့လည်း တွေးမိပြန်တယ်..။ တွေ့ဆုံချိန်က ခဏလေးပါ..။ အဲ့ဒီ တွေ့တဲ့အခိုက်ကလေးမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုတစိုက်ရှိမယ်၊ ကြင်နာမယ် ၊ မေတ္တာစကားတွေပဲပြောမယ်ဆိုရင် မတွေ့တော့တဲ့အခါ ပြန်မဆုံဖြစ်ကြတဲ့အခါ တွေ့ဆုံခိုက်လေးမှာ ကိုယ့်မိတ်ဆွေအပေါ် မကြင်နာခဲ့မိတာကို နောင်တရစရာ မရှိတော့ဘူးပေါ့..။ ဆုံခိုက်မှာ ကိုယ့်ဘက်က မိတ်ဆွေကောင်းအနေနဲ့ ကိုယ်ရှိခဲ့တာတွေအတွက် ကိုယ့်ဘာသာကိုယ် ကျေနပ်မိမှာပါ.........။

တကယ်တော့ လူတွေအားလုံးဟာ အတူတူပါပဲ..။ ဆေးပညာအရဆို လူတွေအားလုံး အရေပြားအောက်က ဖွဲ့စည်းပုံတွေ အားလုံးတူတူပါပဲ..။ နေရာဒေသကိုလိုက်ပြီး အသားအရောင်ကွဲပြားမှု့တွေဖြစ်လာတယ်..။ ကိုးကွယ်တဲ့ဘာသာ ကွဲပြားသွားတာတွေ ဖြစ်လာတယ်..။ anatomy အရ ယောက်ျားဆိုလည်း ယောက်ျား ၊ မိန်းမဆိုလည်း မိန်းမ အတူတူဆိုပေမယ့် နေရာဒေသ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆည်းပူးလေ့လာတဲ့ ပညာရပ်တွေအပေါ်မူတည်ပြီး စိတ်နေစိတ်ထား၊ ခံယူချက်သဘောထားနဲ့ ကိုးကွယ်တဲ့ဘာသာတွေ မတူညီကြတော့တာပါ..။ ကိုးကွယ်သည့်ဘာသာ၊ အတွေးအခေါ်ဆိုတာတွေ၊ ပစ္စည်းဥစ္စာ၊ တတ်မြောက်တဲ့ ပညာရပ်ဆိုတာတွေက လုပ်ယူထားရတာတွေပါ..။ ဘာ့ကြောင့် လူတွေ အချင်းချင်း ခွဲခြားချင်ကြသလဲဆိုတာ တွေးမရပြန်ဘူး...........။

မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတွေဟာ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတော့ အချိန်တွေက ခဏလေးနဲ့ ကုန် ကုန်သွားတာပါ..။ အခိုက်အတန့် ခဏလေးမှာ ဘာဖြစ်လို့များ ကိုယ်နဲသူနဲ့ ခွဲခြားပြီးတော့ မုန်းစတွေကို ရှည်ချင်နေမလဲနော်..။ မခွဲခွာမီလေးမှာ အားလုံး ပျော်ပျော်ပါးပါးရှိနေမယ်ဆိုရင် မိတ်ဆွေတစ်ဦးချင်းစီမှာ ပျော်စရာနေ့တွေ တစ်နေ့ပြီး တစ်နေ့ ရနေမှာပဲပေါ့..။

ဒါကြောင့် မိသားစု အချင်းချင်းကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ မောင်နှမတွေကြားမှာ၊ လင်မယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ တွေရှိနေဖို့ လိုမယ်ထင်ပါတယ်..။ လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ သာရှိနေသေးရင် အချစ်ဆိုတာပြန်ဖြစ်နိုင်တယ်..။ သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်..။ မေတ္တာတရား၊ ကရုဏာတရားတွေ ပြန်ဖြစ်နိုင်တယ်..။ နားလည်ပေးမှု့၊ စာနာပေးမှု့ ဆိုတဲ့အရာတွေကို မထားနိုင်ရင် အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့မလွယ်တော့ပါဘူး..။ လူမှု့ဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနားလည်နိုင်တော့မှာ မဟုတ်ပါဘူး..။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ..။

ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ..။ မိဘအပေါ်မှာ နားလည်ပေးနိုင်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိဘဟာလည်း ပျော်ရွှင်ကြည်နူးနေမှာဖြစ်သလို နားလည်ပေးတတ်တဲ့၊ စာနာပေးတတ်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရ ရင်လည်း ပျော်စရာပါပဲနော်..။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်မတို့ဝန်းကျင်မှာရှိခဲ့ရင် ကျွန်မတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီးသာယာလာပါမယ်..။ ငြိမ်းချမ်းလာပါမယ်..။ တိုးတက်လာပါမယ်..။ ပျော်စရာလည်းကောင်းလာပါမယ်..။ ဒါကြောင့် ဘယ်နေရာမှာမဆို နားလည် စာနာပေးမှု့တွေ အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ..........။

မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ.....။ တစ်ခွန်းတည်းသော စကားပဲဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ဘ၀ကိုတောင် ရှင်သန်စေပါတယ်.........။

p.s
*******************************************************
အားငယ်သူကို အားပေးပါ
ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ
ဒုက္ခတွေ့နေသူကို ကူညီပါ
လဲနေသူကို ထူပေးပါ
ကိုယ်ရော စိတ်ပါ လဲနေသူကို တတ်စွမ်းသမျှ ထူပေးပါ...............။
*******************************************************

..............♣ လူသားအချင်းချင်း နားလည် စာနာမှု့တွေ ထားနိုင်ကြပါစေ ♣...............


"ရှိစေချင်တယ်"


Money may important for knowledge. We don't have money, we can't get knowledge. To get knowledge, need time plus money investment.

ခုခေတ်က ဗဟုသုတအတွေ့အကြုံ ရချင်ရင် အချိန်နဲ့ ငွေကြေးကို ရင်းနှီးမြုပ်နှံဖို့လိုပါတယ်..။ ကျောင်းတက်နေတဲ့ ကျောင်းသားက ၀င်ငွေပိုက်ဆံတွေ အများကြီးလိုချင်လို့တော့ ဘယ်ရမလဲ..။ ပညာကိုပဲ ကိုယ့်စွမ်း ကိုယ်စရှိသလောက် ရှာယူရမယ်..။ အလုပ်နေရာ ကောင်းကောင်းထဲကို ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ ၀င်နိုင်ဖို့အတွက် လိုအပ်တာတွေကို ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်..။ ပညာသင်တယ် ဆိုတာ အတန်းထဲမှာ အဆင့်ကောင်းအောင် လုပ်ဖို့ထက်စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိအောင်၊ Critical Thinking လို့ခေါ်တဲ့ ဆရာတွေကို မေးခွန်းပြန်ထုတ်ရဲအောင်၊ ကျောင်းစာတွေကို တစ်ချိန်လုံး အလွတ်ကျက်နေမယ့်အစား ပြင်ပဗဟုသုတတွေကို လေ့လာတတ်ဖို့၊ ကျောင်းမှာ သင်သမျှကျက်နေကျနေရင် ကိုယ့်ဘာသာကိုယ် စာအုပ်ရှာဖွေလေ့လာဖို့ကို အားနည်းသွားတတ်ကြတယ်..။ အလွတ်ကျက်နိုင်တာထက် ကိုယ်ကိုယ်တိုင်နားလည်မယ်၊ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာနဲ့ပဲ လုံလောက်ပြီလို့ ထင်ပါတယ်။ ဗမာပြည်က မိဘအတော်များများက အတန်းထဲမှာ အဆင့်(၁)ကမှ အတော်ဆုံး၊ ဆယ်တန်းအောင်ရင် ဆေးကျောင်းကမှအကောင်းဆုံး ဆိုတာမျိုးတွေ တွေးတတ်ကြပါတယ်..။ ဗမာပြည်ကနေ ပြည်ပမှာ ကျောင်းလာတက်တဲ့သူတွေက ကျူရှင်ပဲမရှိရင် စာမဖတ်တတ်တော့သလိုလို။ ဘာပဲလုပ်လုပ် ပွဲစားနဲ့လုပ်မှပဲ အဆင်ပြေသလိုလိုတွေ အများကြီးတွေ့ရပါတယ်..။

ကမ္ဘာ့ရွာကြီးရဲ့ မည်သည့်ဒေသမှာပဲ ရောက်ရောက် လိုက်ရောညီထွေစွာ နေတတ်နိုင်ဖို့ ဆိုတာကလည်း ကျောင်းတတ်တဲ့အချိန်မှာ ရတဲ့ ပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံက အများကြီး အထောက်အကူ ပေးပါတယ်..။ အမြဲတမ်း ပန်းခရေလိုမွှေးတဲ့ကောင်းသတင်း၊ စမ်းရေလို အေးမြတဲ့ ဘ၀တွေကို ပိုင်ဆိုင်ဖို့ဆိုတာ ပညာရှိဖို့ လိုအပ်ပါတယ်..။ ပညာရဖို့ဆိုရင် ငွေကြေးကို ရင်းသင့်ရင်လည်း ရင်းရမှာပဲ..။ ပညာမှ မဟုတ်ပါဘူး ဘယ်အရာမဆို တစ်ခုကိုလိုချင်ရင်တစ်ခုကိုတော့ ပေးဆပ် ဆုံးရှုံးလက်လွတ်ရစမြဲပါပဲ..။ သိပြီးသားပုဂ္ဂိုလ်တွေရှိခဲ့ရင် ဆရာလုပ်မိတာ ခွင့်လွှတ်ပါနော်..။ တစ်ခါတစ်လေ ဇောနဲ့ဆိုတော့ ပညာရှိ သတိဖြစ်ခဲဖြစ်မှာစိုးလို့ပါ ....။

တစ်နေ့တစ်နေ့ နည်းပညာတွေက ပြောင်းလဲတိုးတက်နေတာပါ..။ ဒီနည်းပညာတွေကို ကိုယ်ကိုယ်တိုင် မဖန်တီးနိုင်သေးခင်မှာ ဘာတွေ တိုးတက် ပြောင်းလဲ ထွက်နေဘီလည်း ဆိုတာမျိုးလောက်တော့ သိသင့်တယ်လို့တော့ ထင်ပါတယ်..။ Internet ကို အကျိုးရှိရှိ အသုံးချစေချင်တယ်..။

ခုခေတ် လူငယ်တွေက ရည်မှန်းချက်ကြီးပြီး တစ်ခုခုဆို သိချင်တတ်ချင် စူးစမ်းချင်စိတ်လည်း ရှိကြပါတယ်..။ ဒါပေမယ့် အရမ်း depend ဖြစ်နေတယ်..။ ဥပမာ.. Search Engine သုံးပြီး data, research paper ရှာတာလောက်ကို လာရှာခိုင်းနေတာမျိုးကြတော့ တကယ်မသိတာလား ၊ ဒါမှမဟုတ် တမင် သက်သက်ခိုင်းနေတာလား လို့တောင် တွေးထင်မိစရာတွေ ဖြစ်လာပါတယ်..။ သူတို့ရှာတဲ့ data နဲ့ ကိုယ်ရှာပေးတဲ့ data တွေ မတူဘူးတဲ့..။ ဘယ်တူမလဲ..။ သူတို့က Google, Yahoo! တို့လောက်မှာပဲ ရှာတော့ General result တွေပဲ ရမှာပေါ့..။ Professional Search Engine တွေကို သုံးပြီးတော့မှ မရှာတာ..။ Learning လုပ်တဲ့နေရာမှာ ပိုပြီး မြှင့်တဲ့နေရာတစ်ခုအတွက် self-learning နဲ့လုပ်လို့ရတယ်..။ ကိုယ်တိုင်ဖတ် ကိုယ်တိုင်လေ့လာရတယ်..။ လူတိုင်းကလည်း အမြဲတမ်း မအားဘူးလေ..။ အများဆုံး လမ်းညွှန်ပေးနိုင်တယ်..။ ဘယ် site ဘယ်ဟာမှာ သွားဖတ်ဆိုတာမျိုးပေါ့..။

လူတစ်ယောက်ကို ပစ်ပစ်ခါခါ မပြောတတ်တဲ့ကိုယ့်ရဲ့ စိတ်အပေါ်မှာ အခွင့်အရေးယူပြီး ဟိုဟာမေး ဒီဟာမေး ဟိုဟာရှာခိုင်း ဆိုတာမျိုးတွေ ရှိလာလို့ပါ..။

တစ်ချို့ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ကယ့် ဆရာကြီး ဂိုက်တွေနဲ့ ပညာတွေ အပီအပြင်ဖဲ့ပြီး ပြိုင်နေကြတာ တွေ့ဖူးပါတယ်..။ နောက်ရှိသေးတယ်..။ အားလုံးကို သူသိ သူတတ် သူမသိတာ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သွေးနထင်ရောက် ဘ၀င်တွေမြင့် အထင်တွေကြီးပြီး တစ်ဖက်လူကို အထင်သေးစော်ကားတာမျိုး၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေး အရေး အဆို အမိန့် သီအိုရီတွေကိုဖတ်ပြီး ကြီးကျယ်ပြောင်မြောက်တဲ့စကားတွေနဲ့ ရန်စတာမျိုး ၊ မထီလေးစားလုပ်တာမျိုးတွေ တွေ့ရပါတယ်..။ အဲဒီလို လူမျိုးတွေက အကျနာတတ်တယ်..။ ကိုယ့်မှာလည်း အကျင့်တစ်ခုရှိတယ်..။ အဲဒီလိုမျိုး ငါ.မလုပ်နိုင်တာ မရှိဘူး၊ ဘယ်သူ့ကို လူရာမသွင်းပဲ ကိုယ်ပဲအားလုံးလုပ်နိုင်တယ် ဆိုတဲ့လူမျိုးကို ပညာပေးတတ်တဲ့ အကျင့်က ကိုယ့်မှာ ရှိပါတယ်..။ ဒါပေမယ့် တစ်ဖက်လူက သူ့ကို ပညာပြနေပြီဆိုတာ မသိအောင်လည်း နေပြ လုပ်ပြရတာပေါ့နော်..။ တော်တာ တတ်တာ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် တစ်ဖက်လူတွေကိုလည်း ကောင်းကောင်းမွန်မွန် လေးလေးစားစား ဆက်ဆံစေချင်တာပါ..။ လူတစ်ယောက်တိုင်းစီမှာ ကောင်းတဲ့အချက်ဖြစ်ဖြစ် ထူးချွန်တဲ့အချက်ကတော့ သေချာပေါက် ရှိပါတယ်..။ အဲ့ဒီ အသိလေးကို ပေးချင်တာပါ..။


..............♣ လိမ္မာယဉ်ကျေးတဲ့ ပညာတတ်တွေ ဖြစ်ပါစေ ♣.............


"ပြန်တွေးကြည့်"

အကြံပြုနေတာလား ၊ တိုက်တွန်းနေတာလား
အသိပေးနေတာလား ၊ သတိပေးနေတာလား
အမိန့်ပေးနေတာလား ၊ တောင်းပန်နေတာလား
ပြောပြတာလား ၊ ပြောချင်နေတာကြာပြီလား
လက်တို့ပြီးပြောနေတာလား ၊ လက်တုပ်ပြီးပြောနေတာလား

တွေးခေါ်စေချင်တာလား ၊ ကျက်မှတ်စေချင်တာလား
မြင်စေချင်တာလား ၊ မျက်စိနောက်နေတာလား
စေတနာလား ၊ အတ္တလား (ရှေ့တန်းတင်နေတာက)
ဂရုဏာဒေါသလား ၊ ဒေါသပြီးမှဂရုဏာလား
(တစ်ချို့ကတော့ ဂရုဏာနဲ့ဒေါသတွဲမနေဘူးတဲ့)

ခင်တာလား ၊ ခင်းနေတာလား
ပေးဆပ်နေတာလား ၊ မျှော်လင့်နေတာလား
အခွင့်အလမ်းတွေပေးနေတာလား ၊ အခွင့်အရေးတွေယူနေတာလား
ညီမျှခြင်းလား ၊ မျှညှိနေတာလား

လိုအပ်နေတာလား ၊ လိုချင်နေတာလား
ပိုင်ဆိုင်ချင်တာလား ၊ ပိုင်စိုးချင်တာလား

သံယောဇဉ်လား ၊ ပြန်ရောချင်နေတာလား
စွန့်လွှတ်လိုက်တာလား ၊ စွန်လွှတ်နေတာလား

ဘာသာရေးလား ၊ ငါသာရေးလား
နိုင်ငံရေးလား ၊ နိုင်ဖို့အရေးလား
လူမှု့ရေးအရလား ၊ လူမူးဖို့အတွက်လား
လွတ်လပ်ချင်တာလား ၊ လွတ်ထွက်ချင်တာလား

ကကြီးလား ၊ ယပက်လပ်လား
ကြည့်နေတာလား ၊ မြင်နေတာလား
အားနာနေတာလား ၊ 'အ' နေတာလား
တစ်ဝက်ပြည့်နေတာလား ၊ တစ်ဝက်လျော့နေတာလား

ကဲ . . . ဘာပဲဖြစ်ဖြစ်
ငါ့မှာလည်း ဒိုးလုံးထက်မနည်းတဲ့
"မနက်ဖြန်များစွာရှိတယ်"


"Favorite Quotations"



"Live Love Laugh"

"The best and most beautiful things cannot be seen or even touched, they must be felt with the heart! "

"The happiest of people don't necessarily have the best of everything."




"Thoughts Rule The World!"
(လောကကြီးအားအတွေးအခေါ်များကစိုးမိုးထားသည်)

"Be an Individual." (James Lovelock)

"A good apology has 3 parts:
1. I am sorry.
2. It was my fault
3. How do I make it right? "
(Randy Pausch)


"If you don't get everything you want, think of the things you don't get that you don't want." (Oscar Wilde)

"Your time is limited, so don't waste it living someone else's life."
(Steve Jobs)

"It does not matter how slowly you go so long as you do not stop."
(Confucius)

"If you win, you need not have to explain.
If you lose, you should not be there to explain!"
(Adolf Hitler - အဒေါဖ့်ဟစ်တလာ)

"Believing everybody is dangerous,
but believing nobody is more dangerous."
(Abraham Lincoln - အီဗရာဟင် လင်ကွန်း)

"Everyone thinks of changing the world,
but no one think of changing himself."
(Leo Tolstoy - လီယိုတောစတွိုင်း)

"If someone feels that they had never made a mistake in their life,
then it means they had never tried a new thing in their life."
(Albert Einstein - အိုင်းစတိန်း)

"Never break four things in our life.
Trust, Relation, Promise & Heart
because when they break, they don't make noise but pains a lot."
(Charles Dickens - ချားလ်စ်ဒစ်ကင်)

"Three sentences for getting success:
(1) Know more than other,
(2) Work more than other,
(3) Expect less than other."
(William Shakespeare)

"If you judge people, you have no time to love them."
(Mother Teresa - မာသာထရီဆာ)

Man is by nature a political animal.
(အရစ်စ်တိုတယ် - Aristotle)

The weak can never forgive. Forgiveness is the attribute of the strong.
(Mahatma Gandhi - မဟတ္တမဂန်ဒီ)

"I'm a slow walker, but I never walk back. "
(Abraham Linconn)

"No one is a PURE EVIL.
They will show their good sides. Just wait. "
(Randy Pausch)

"I don't think complaining and whying really solve the problem. "
(Randy Pausch)


If you live your life well, the dreams will come to you."
(Randy Pausch)

"I work hard, I don't work miracles. (Anonymous)

"There is no such thing as a free lunch." (Milton Friedman)

"All work and no play makes Jack a dull boy." (English Proverb)

"Life was like a box of chocolates.
You never know what you're gonna get. "
(Forrest Gump)

"Creativity is a drug I cannot live without. "
(Cecil B. DeMille)

"Every child is an artist.
The problem is how to remain an artist once he grows up. "
(Pablo Picasso)

"It is not about 'how to achieve you dreams'.
'It is about how to live your life'.
"The Qualities of A Hero Can Be Found Within Any Average Man. "
"Leadership is Action Not Position."
"Fly Fly to The Sky!"
"If it wasn't this, it would be something else. "
"We're trying the best we can but success or not is out of our control."
"Things are always changing as fast as everything stays the same. "
"It is not who is right, but what is right, that is of importance. "
" I don't follow anyone's rules / anybody.
I do what I like. And I know what I'm doing.
Don't be narrow minded.
It's a shame. "
" Finally, I realized that people love the most themselves. "

" Aja Aja... Fighting! "

"Do as you would be done by."
(人に自分がしてもらいたいように、他の人にもしてあげなさい。)

"If there is a will, there is always a way."
(なろうと思わなきゃ,何もなれない.)
(ဖြစ်ချင်စိတ်မရှိရင်ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး)

"人生は短い~でも、思ってるほど それは短くない。
Life is short but it is not short even think that."

今日という日は、二度と戻らない。
子供しかるな、来た道だから!!年より笑うな、行く道だから!!
一期一会
やるなたとことんやれ
よく学びよく遊べ
会うは別れの初め
好きこそ物の上手なれ



"အရှုံးမရှိသော ဒဿနများ"


ကိုယ်ကောင်းမှ သူကောင်းပါတယ်
သူကောင်းမှ ကိုယ်ကောင်းပါတယ်
ကိုယ်က သူ့အပေါ်ကောင်းမှ
ကိုယ့်အပေါ် သူကပြန်ကောင်းပါတယ်
ကိုယ့်စိတ်ဓါတ်ကောင်းနေမှ ကိုယ့်လုပ်ရပ်ကောင်းနေမှ
ကိုယ့်အပေါ် သူတစ်ပါးက ကောင်းပါတယ်
သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းမယ်ဆိုမှ
သူတော်ကောင်း စိတ်ထားပါ
သူမှန်ရင် ၀မ်းသာလိုက်ပါ
သူမှားရင် သနားလိုက်ပါ
မှန်မှန်မှားမှား ကုသိုလ်ပွားပါ

"သာသနာပြုတယ်ဆိုတာ ဘာလဲ"
သာသနာပြုတယ်ဆိုတာ ကုသိုလ်အလုပ်လုပ်တာပါ..။ ဘုရားတည် ကျောင်းဆောက်တာတွေကိုမှ မဆိုလိုပါဘူး။ ပြည်တွင်း ပြည်ပမှာ သာသနာပြုတာထက် ကိုယ့်နှလုံးသားမှာ အရင်သာသနာပြုရပါမယ်။ မိမိရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ပေးတာကို သာသနာပြုတယ်လို့ ဆိုပါတယ်...... ။

"ကျက်သရေဆုံမှတ်"
လောက ကျက်သရေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျက်သရေက အသိတရား ဖြစ်တယ်။ အသိအလိမ္မာ ၊ ဥာဏ်ပညာ ဆိုတဲ့ အမည်တွေနဲ့ အဓိပ္ပါယ်တူတယ်။ သံသယကင်း အမြင်ရှင်းတဲ့ အသိတရား လို့လဲ ခေါ်တယ်။ ဥပမာ ကောင်းတာလုပ်ရင် ကောင်းကျိုး ၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ဆိုတာရှိတယ်။ ထမင်းစားရင် အားဖြစ်တယ်။ ကုသိုလ်ပြုရင် ကောင်းကျိုးဖြစ်တယ်။ အစားကို မစားပဲမနေနိုင်ကြပေမဲ့ ကုသိုလ်ကို မပြုပဲမနေနိုင်ဘူး ဆိုတဲ့လူ ရှိပ့မလား။ လူသားသည် ကုသိုလ် (ပရဟိတအလုပ်) ကို လုပ်တတ်၏။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသည် တိရစ္ဆာန်ထက် သာလွန်မြင့်မြတ်သွားခြင်း ဖြစ်၏။
ဘာသာအားလုံး ၊ လူမျိုးအားလုံး ၊ သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး ...။
(၁) အကောင်းမြင်တဲ့စိတ်
(၂) ကူညီဝေမျှ ပရဟိတ
(၃) လွတ်မြောက်ခြင်း အစစ်အမှန်သို့


စိတ်တိုတာက လွယ်ပါတယ်
စိတ်ရှည်ဖို့သာ မလွယ်တာ
ဒေါသဖြစ်တာက လွယ်ပါတယ်
သည်းခံဖို့သာ မလွယ်တာ
ဆဲဆိုတာက လွယ်ပါတယ်
ညှင်သာဖို့သာ မလွယ်တာ
ရိုင်းတယ်ဆိုတာက လွယ်ပါတယ်
ယဉ်ကျေးဖို့သာ မလွယ်တာ
အပြစ်တင်တာက လွယ်ပါတယ်
ချီးမွမ်းဖို့သာ မလွယ်တာပါ...။


"ဘယ်လောက်ကြီးကျယ်တဲ့ ကိစ္စပဲဖြစ်ဖြစ် အတွေးကပဲ စကြတယ်"

တစ်ချို့က ဘ၀ကို
ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေရတဲ့အချိန်မှာ
တစ်ချို့ကတော့ ဘ၀ကို
ခဲရာခဲဆစ်နဲ့ တည်ဆောက်နေရတယ် ... ။

ဘ၀ကြီးတစ်ခုလုံး အဖတ်ဆယ်လို့မရမှ
ဘ၀ပျက်တာ မဟုတ်ပါဘူး
အမည်းစက်လေးတစက် စွန်းထင်းသွားတာနဲ့
လောကကြီးကို
မယုံကြည်တာမျိုးဟာလဲ ဘ၀ပျက်တာပါပဲ..။
***************************************************

"ပြောချင်တာက"
နေရာတိုင်းမှာ
ဘွဲ့ပညာရာထူးမာန်တွေ တက်နေစရာမလိုပါဘူး
အတွေ့အကြုံရှိသူကို လေးစားပြီး
ပညာရှိသူကို ချည်းကပ်ရမယ်..။

နားလည်မှု့ဆိုတာ
တယောက်နဲ့တယောက် ရင်းနှီးခင်မင်မှု့၊
အထင်ကြီးလေးစားမှု့မရှိရင်
တည်ဆောက်လို့မရဘူး..

ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို
စွန့်ရတာ သိပ်မနာကျင်ပေမယ့်
ကိုယ်ချစ်တဲ့လူတစ်ယောက်ကို
စွန့်ရတာလောက် နာကျင်တာမရှိပါဘူး... ။


စကားတစ်ခွန်းက ဒီလိုဆိုပါတယ်
"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့
လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ.... ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့
ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ.... ။
လိုချင်တာကို ရအောင်ကြိုးစားပါ.... ။
မောပန်းလာရင်
စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့.... ။
ရွေးချယ်ပြီးတဲ့နောက် နောင်တမရနဲ့.... ။
အပင်ပန်းခံမှ ပြည့်ဝတာကိုနားလည်မယ်.... ။
အနာခံမှ ဘဝကိုနားလည်မယ်..။
စိတ်ထိခိုက်အားငယ်မိမှ
ကြံ့ခိုင်တာကိုနားလည်မယ်... ။
*********************************************
*******

လူတယောက်ကို သံသယမျက်လုံးနဲ့ ကြည့်တာဟာ
သန့်ရှင်းစင်ကြယ်တဲ့သူ တယောက်အတွက်တော့
အစော်ကားခံလိုက်ရသလိုပါပဲ...။

"နီးလွန်းရင် မမြင်"
ကြည့်သမျှအရာတွေက မြင်တယ်လို့ထင်ရပေမဲ့
တစ်ချို့အရာတွေက မြင်အောင်ကြည့်တတ်မှမြင်ရတာ
မြင်အောင် မကြည့်တတ်ရင် မမြင်ရဘူး။

မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာဟာ
အတုမရှိလေးနက်သလို
သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလည်း
နက်ရှိုင်းကျယ်ဝန်းလှပါတယ်...။

ကိုယ့်ကိုချစ်သူများနဲ့ ကိုယ်.. ချစ်သူများကသာ
ကိုယ့်ကို ပျော်ရွှင်မှု့တွေ ပေးနိုင်ပါတယ်။
ချစ်ရသလောက် တန်ပြန်ပြီး
နာကျင်ခံစားရတယ်
ကိုယ့်ကိုချစ်တဲ့လူကို
ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။
ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။
နာကျင် ခံစားမနေပါနဲ့။
ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။
ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို
တန်ဖိုးထား မြတ်နိုးပါ...။

အချိန်ဆိုတာ တစ်ကယ်တော့ တစ်ခါသုံးတွေပါ..။
လူလူချင်းပေါင်းသင်း ဆက်ဆံမှု့မှန်သမျှမှာ
ပွင့်လင်းမှု့ တစ်နည်းအားဖြင့်
Transparency အတွင်းသိ အစင်းသိဖြစ်ရင်
ပေါင်းလို့သင်းလို့ ကောင်းပါတယ်...။
*********************************************

"နေ့မြင်ညပျောက်"
မနေ့ကထက်စာရင် ခွဲခွာရဖို့ တစ်ရက် ပိုနီးလာပြီ
အပြစ်ကင်းအောင် တောင်းပန်ပါ
အမုန်းဆိုတာ...
ကိုယ့်ရင်ထဲမှာတောက်ပြီး ကိုယ့်တစ်ယောက်ထဲကိုယ်
တမြေ့မြေ့လောင်နေတဲ့မီး
အလွမ်းဆိုတာ...
နီးခြင်းဝေးခြင်းပေါ်မှာ မူတည်ခြင်းမရှိတဲ့
ကိုယ်ချစ်ခင်စွဲလမ်းသူကို တမ်းတခြင်း
သံယောဇဉ်ဆိုတာ...
ကမ္ဘာပေါ်မှာ ဖြတ်ရအခက်ဆုံးသော မမြင်ရတဲ့ကြိုး
ဘ၀ဆိုတာ...
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားမှာဖြတ်သန်းနေရတဲ့ကာလ
သူငယ်ချင်းဆိုတာ...
မိသားစုအပြင် ၅၂၈နဲ့ ချစ်တဲ့ တစ်စိမ်းသူတွေ
အချစ်ဆိုတာ...?
ချစ်သူဆိုတာ...?
****************************************************

သင်ဟာ
လူတွေကို တစ်ချိန်လုံး
အရူးလုပ် လှည့်စားနေမယ်ဆိုရင်
တစ်ချိန်မှာ သင်ကိုယ်တိုင်ရူးသွားနိုင်တယ်ဆိုတာ
သင်သိပါသလား ?

လူ၏အကြိုက် ၁၀ခါလိုက်
မလိုက် ၁ခါရှိခဲ့ပါမူ
ကြီးစွာရန်သူ စွဲမှတ်ယူ၏...။

******************************************************

ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး
ဖြစ်လာမယ်...။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
***********************************************

စိတ်တို ဒေါသဖြစ်ဖို့
တို့တွေ သူငယ်ချင်း မိတ်ဆွေထားတာ မဟုတ်ဘူး
စာသင်နေကြတာ
အလုပ်လုပ်နေကြတာ မဟုတ်ဘူး
ဒီလိုပဲ တို့တွေ တွေ့ဆုံခဲ့ကြတာ မဟုတ်ဘူး...။
(နိုင်းနိုင်းစနေ)
*******************************************************