Showing posts with label ခံစားချက်ကဗျာအပိုင်းအစလေးများ. Show all posts
Showing posts with label ခံစားချက်ကဗျာအပိုင်းအစလေးများ. Show all posts

♠ စွမ်းအားရှင် (မမြင်ရတဲ့ သံယောဇဉ်) ♠

♣ အာရုဏ်ဦး မိုးဦးသောက်လို့  အလင်းရောက်ပြီဆိုရင်
အရင်ဆုံး သတိရမိတာ မင်းပါ ....။

♣ ဝေးတနေရာမှ တွေးဆကာ ပူနေရသူအဖို့ 
အမြဲပင် မြင်ချင်ကြားချင်ပေါ့
သူ့ ရုပ်သွင်နဲ့ သူ့သံစဉ် ........။

♣ စွမ်းအားရှင် ထိပ်ခေါင်တင် အလား
သြချရလောက်အောင်ကိုပင် ထူးခြား
အလွမ်းတွေကိုစာဖွဲ့ 
စိတ်ကူး အိပ်မက်တွေနဲ့  ရူးခဲ့တဲ့ငါ .......။

♣ အလည်လွန်မိတဲ့ နှလုံးသားကို
မင်းမနှင်ခင် လှည့် ပြန်စေချင်ပါရဲ့
ဒါပေမဲ့လည်း . . .

♣ ရူးသာရူးလိုက်ချင်ပါရဲ့
တမူးသာသူ ဦးစွာအဖြေပေးကြပါ
သူနဲ့ ဝေးရာ ဆွေးကမ္ဘာမှာ
ဖြေဆေးမရှိတဲ့ သောကအလွမ်းတွေနဲ့
ရင်နာရမဲ့အလုပ်မျိုး ငါမလုပ်ချင်ဘူး ....။

အချစ်မရှိတဲ့အလွမ်းမြေမှာ
ဘယ်လိုသတ္တိမျိုးနဲ့ မှ
ငါ ... ... ...
မေ့ဖို့မကြိုးစားခဲ့ဘူး .. ... ..

♣ အို...
“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း
နေမင်းကြီးရယ် နေပါအုန်း ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီးလင်းတဲ့ကြယ်လေးရှိနေတုန်း”

p.s
**********************************************
အသက်ကြီးရင် အချစ်အကြောင်း မပြောရဘူးလို့ ဘူပြောလဲ
မိန်းကလေး ထမင်းချက်ရမယ်လို့ ဘယ်သူပြောသလဲ ခက်တာဘဲ ...
**********************************************

.........♣ နွေးထွေးရွှင်လန်းပါစေ ♣.........

♠ ပျောက်ဆုံးသွားသော သပိတ်နုရောင် အချစ်ရက်စွဲ ♠

♣ အမြင့်စံရပေမဲ့
အပွင့်ရံရတဲ့ ဘ၀ပါလေ ... ။

♣ မာန်မ၀င်ပါ
မပန်ချင်
ဆံပင်ထက်မှာတော့
ပန်းခက်သာဝေ ..... ။

♣ မညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါခု
တစ်ပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်
မြေခ-သစ်ရွက် ...... ။

ရွက်ကြွေရင်မြေပေါ်ကျပေမဲ့ ကြယ်ကြွေရင်ဘယ်ရင်ခွင်ပေါ်ကျလဲ ?

♣ မေ့ခိုင်းမှ ပိုသတိရတယ်
တွန်းလှုပ်ပြီးမှ ပြန်ဖေးမလိုက်တယ်
ပြုမိသမျှ အနတ္တလို့ 
စိတ်ထဲက ကျေအေးပါတယ် ~~

♣ ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့ .... ။

♣ ခုတော့လဲ
ကြာ လဲ မ မေ့ ...
ရှာ လဲ မ တွေ့ ....
ငါ လဲ တ နေ့ ......


p.s
************************************************
အထင်ကြီးခြင်းဟာ ချစ်ခြင်းရဲ့အခြေခံအုတ်မြစ်တစ်ချပ်ဆိုရင်
ခက်တယ် ကိုယ်လည်း သိပ်ခက်တယ်
သံယောဇဉ်က ကြာလာလေ ကြီးထွားလာလေပဲ
************************************************

...♣ အဆိုးပျောက်ကင်းကျန်းမာခြင်းနဲ့ပြည့်စုံပြီး အလွမ်းဝေဒနာဘေးမှကင်းဝေးပါစေ ♣...

♠ အလွမ်း ပရိုင်းမိတ် ♠

♥ Every day မှာ အမြဲကြီးဆွေးတာ သူသိမလား..?

Love is blind ဆိုလို့ 

ခက်ဆစ်တိုင်း အလွတ်ကျက်

ဒါပေမယ့်

စိတ်မကြည်ဘူး

သူက Make me fool.....


Make me fool ဆိုလို့

သိပ်မချစ်ဘူးလို့တော့ မပြောနဲ့...........။


နင်ကတော့

အလွမ်းတွေပေးပြီးတော့

Run the way........


♥ မြတ်နိုးခြင်း အရင်းခံပေမယ့်

သူ့ မေတ္တာအလင်းမပြန်တော့

အလွမ်းသက်သက်သာ အကြွင်းကျန်မှာကို

မငြင်းဆန်သာဘူး............။


♥ ဘာကို အကြောင်းပြနေရဦးမှာလဲ

အချစ်နဲ့ အလွမ်းမှာ................။


♥ မျှော်လင့်ချက်ကင်းကင်းနဲ့ 

ပေးဆပ်အနစ်နာခံချစ်ခဲ့တာပါ

ဂုဏ်ပြုလွှာပေးအပ်ရန်မလိုပါဘူး............။


♥ ငါ့ကျမှ ဆောင်းညက ပိုရှည်ရသလား..?

မွန်းတည့်ချိန်မှာ နေ၀င်ပြီတဲ့....................။


♥ နှုတ်ဆက်သံပဲ ဖြစ်ပါစေဦး

တစ်ခွန်းလောက်တော့ ကြားချင်သေးတယ်.......။

ခေါ်သံကိုနားပိတ်ပြီး

သူ့ ကိုတော့ နောက်ဆုံးကြည့်ခွင့်ပေးပါ...........။


♥ လိမ်ခေါက်ပြီး ဂိုးသွင်းခဲ့ဖူးပေမယ့်

ကိုယ့်အလှည့်ကျတော့

လူမသိအောင် အခန်းအောင်းနေမိတယ်

ဒါဟာ ၀ဋ်လည်တယ်ဆိုလဲ

ကြေအောင်ဆပ်မှာပါ...............။


♥ အရောင်မဆိုးတဲ့ စွဲလမ်းခြင်းပါ

ချစ်ခင်မြတ်နိုးမှု့ သက်သက်ပါ

ဘာပဲဖြစ်ဖြစ်

ဘယ်လိုပဲဖြစ်ဖြစ်

ချစ်တဲ့ အချစ်ပါ....

စက္ကူ အစုတ်ပေါ်

ခဲတံ အကျိုးနဲ့ ရေးရပေမယ့်

မြင်သာ ထင်ရှားပါတယ်...............။


♥ ငြိမ်းလက်စရင်ကို တည်ငြိမ်ခွင့်ပေးပါ

မျက်ရည်နဲ့ငြိမ်းရတာ ခမ်းလုပြီ .................။


♥ မေ့တတ်တဲ့ အကျင့်ကလဲ

သူ့ကိုမေ့ဖို့ ကျတော့

မေ့နေပြန်ရော................။


♥ ညှိနှိုင်းရအောင်လဲ

ဒါဈေးရောင်းနေတာမဟုတ်ဘူး

အရာရာတိုင်း ခွင့်လွှတ်ရအောင်လဲ

ကိုယ်က ဘုရားသမီးတော် မဟုတ်ဘူး.............။


♥ ခေါ်ချင်ပေမယ့် ရင်နာလည်း

တမင်တကာပဲ

မျက်နှာလွှဲလိုက်ပါတယ်

တစ်သက်စာပဲဆိုပါတော့.............


♥ အခုတော့လည်း

ကံမကုန်လို့ ပြန်ကြုံရင်တောင်

မင်းနဲ့ ပြန်ဆုံမှာ စိုးမိတယ်................။


♥ မမြင်ချင်လို့ရှောင် မတွေ့ချင်လို့ပုန်းသူရယ်

နင်က ငါ့အချစ်တွေနဲ့

နှစ် 100 ခြားတောင်မတန်တဲ့သူပါ................။


♥ ဒီပွဲ ကတော့

Game over မို့ 

ကဲ ...

သူစိမ်းလိုသာ နေကြစို့ ............။





"ရင်ဘတ်စောင့်တဲ့နတ်"

ဝလုံးကလေးကိုသုညပါလို့ ယုံအောင်ပြောပြီး
သုညကလေးကိုပင် ခဏအတွင်းမှာ လမင်းပါလို့ ပြောင်းလဲပြောတတ်လေသူ
စကားပြောကောင်းတဲ့
ချစ်သူရေ..
ဟိုး..အဝေးက တယောသံကို နားစွင့်ရင်း
မြစ်ရေစီးကြောင်း သံစဉ်တွေနဲ့ တွဲစပ်မိတယ်............ ။


ချစ်သူရေ...
ဟိုး...မိုးကုပ်စက်ဝိုင်းကိုမျှော်ကြည့်လိုက်ပါ
မင်းအတွက် လင်းလက်တောက်ပတဲ့ ကြယ်တစ်ပွင့်
ငါ့ရင်ခွင်မှာ ကွန်းခိုနေတာမြင်ရဲ့လား................ ။


ညတစ်ည ကြယ်စင်တွေနဲ့ လမင်းကြီးကို အချိန်အတော်ကြာ ငါကြည့်မိတယ်
နင်လည်း ကောင်းကင်အောက်က တစ်နေရာကနေ
ဒီလမင်းကြီးကို မော့ကာကြည့်မိရင်
နင်နဲ့ငါ လူချင်း မဆုံနိုင်ပေမယ့် ငါတို့ရဲ့စိတ်တွေနဲ့ အကြည့်တွေက
ကောင်းကင်ထက်က ငွေလမင်းဆီမှာ ဆုံနိုင်အောင်
နင်.. လမ်းပြပါ............။

Be Always Happy

"ကဗျာ "


♣ နဲဂအုခို့တို ♣

ဝေး... ဘယ်လောက်ဝေးဝေး
သတိရပေးပါ ..
လွမ်း... ဘာအကြောင်းပဲလွမ်းလွမ်း
တမ်းတချင်း တစ်ပိုင်းတစ်စမှာတော့ ပါပါရစေ..
မေ့... ဘာတွေပဲ မေ့မေ့
ငါ့ကိုတော့ မမေ့ပါနဲ့ ... ။

အကြင်နာလက်တစ်ဖက်
မင်းလှမ်းလို့ မယူခဲ့ပေမယ့်
ငါကမ်းလို့ ပေးခဲ့ပါတယ် ... ။

**************************************************

"အရောက် လာခဲ့စေချင်"

ကြယ်ကြွေကောက်ဖို့
ည. အရောက်လာပါ
ကမ္ဘာစွန်းက ကျွန်းကလေးမှာ
အိပ်မက်ဖြန့်ခင်း
သီချင်းသီရာ
ချစ်ခြင်းကိုသာ
ယူခဲ့ပါ ... ။
*********************************************
"သူငယ်ချင်း သို့"

လူတစ်ယောက်နဲ့တစ်ယောက် ဘ၀မတူနိုင်ဘူး
ခံယူချက်နဲ့အမြင်လည်း မတူနိုင်ဘူး
တူတူကြိုးစားရင်တောင် ဘ၀ပေးကံမတူနိုင်ဘူး
သူငယ်ချင်း.. နင်အောင်မြင်တယ်ဆို ကောင်းပါတယ်
ငါ.. ၀မ်းသာပါတယ်
သို့သော်ငြား.. နင်နဲ့ငါ မတူနိုင်ဘူးလေ... ။
*********************************************

"မင်း တွေ့သလို မမြင်ပါနဲ့"
ဟိုမှာ..
ပန်းလေးတစ်ပွင့်
မြေပေါ်မှာ ကျနေလေရဲ့
လိုချင်သော်လည်း မကောက်ခဲ့
ရှက်စွာနဲ့ ထားရစ်ခဲ့
ခုများမှာတော့ ထိုပန်းလေးက
သူများရဲ့ ဦးခေါင်းထက်... ။

******************************************************

"၀မ်းဘိုင်ဝမ်း"
မချစ်တတ်ရင်
ကဗျာတွေကို မင်းမြင်မှာမဟုတ်ဘူး

မရယ်တတ်ရင်
ပျော်စရာတွေကို မင်းတွေ့မှာမဟုတ်ဘူး

နှလုံးသားနဲ့ နားမထောင်တတ်ရင်
သူတို့တွေပြောတာ မင်းကြားမှာမဟုတ်ဘူး

၁ နဲ့ပဲ မြှောက်လို့ကတော့ အဆပွားမလာဘူး... ။
**************************************************

"တစ်ယောက်တည်း အလွမ်းဖြေသူ"
နင်ချကျွေးတဲ့
ဥပက္ခောတွေစားရင်း
ငါ့အသည်း မာတတ်လာတာပဲ

လွမ်းတော့လွမ်းတယ်
မင်းကိုတော့ မဟုတ်ဘူး

ပေးလိုက်ရတဲ့ ငါ့အချစ်တွေကို
နှမြောတသ အလွမ်းဆုံးပဲ

မချစ်ရင်လည်း နေပါ
အပြစ်တော့ မမြင်ပါနဲ့ ... ။
***************************************************

"ဖြစ်တတ်တဲ့ သဘော"
ထင်သလောက် မရင့်ကျက်သေးပေမဲ့
ဝေးသလောက် အလွမ်းရင့်တဲ့ရာသီမှာ
ကျွန်မရင်ထဲ ဆာကူရာပန်းတို့ ဝေခဲ့ဖူးပါတယ်... ။
***************************************************

"အချစ်ကြီးသူ"

နင်သူ့ ကိုချစ်တယ်လို့ 
ပြောတဲ့အချိန်ပဲဖြစ်ဖြစ်..

သူ့ကို နင်. ချစ်လားလို့
မေးတဲ့အချိန်ပဲဖြစ်ဖြစ်..

နင့်ကို အရင်ကလိုအရမ်းကြီးချစ်နေတဲ့
ငါရှိတယ်ဆိုတာ သတိရပေးပါဟာ.. ။
*************************************************

"ဘယ်သူမှားလဲ"
စိတ်နာအောင် ချစ်တယ်
ချစ်သလောက် စိတ်နာတယ်.. ။

နင်ပဲ မှားနေလား
ငါပဲ မှားနေလား
ဖြစ်ခဲ့သမျှ အဖြစ်တွေဟာ
အချစ်ကြောင့်ပဲ ဖြစ်တာပါ.. ။
**************************************************

"မမေ့နိုင်"
ပြန်မြင်ချင်တယ် အရင်ကလို
ပြန်လိုချင်တယ်
နင့်အချစ်တွေ အရင်ကလို
လုံးဝမမေ့သေးဘူး
မင်းကို မမေ့သေးဘူး...။

**************************************************

"စကားပြောတတ်တဲ့ မင်းမျက်ဝန်း"
ပန်းပွင့်ရှိမှ
ရနံ့ရတာ မဟုတ်

ဖွင့်ဟပြောမှ
ကြားရတာ မဟုတ်

အကြိမ်ကြိမ် မျက်လုံးချင်းဆုံမှတော့
ရင်ခုန်သံကို ကြားရတာပေါ့... ။
*****************************************************

"အဝေးရောက် နေပါသော်လည်း"
ဘယ်လောက်ဝေးနေနေ
ရင်ခုန်ဆဲပါ

အချိန်များပြောင်းသွားသော်လည်း
မဟောင်းတဲ့ အကြောင်းအရာတွေ

ခံစားချက်အပြည့်နဲ့
သတိရနေတုန်းပဲ

ဆုံစည်းရမှ ချစ်တာမဟုတ်ပါဘူး
အဝေးကနေ ချစ်နေဦးမယ်... ။
***************************************************

"တစ်ခါသုံး အချိန်"
တစ်ကယ်ဆို
အသက်တွေကလည်း
မနည်းတော့ပါ.. ။

ငါလေ နင့်ကိုတစ်ခြားသူနဲ့လည်း
စိတ်မချပါ
အချိန်တွေ မအားနိုင်တာလည်း
လျှော့ပမယ်...။
**************************************************

"အိမ်လွမ်းသူ"
မေမေနဲ့ဝေး အိမ်နဲ့ဝေး
ကိုကို မမတို့နဲ့ဝေး ရင်ငွေ့ဝေး
အေးခြင်းမက အေး....။

မေမေ ကျန်းမာပါစေကြောင်း
သမီးလေးမှ ဆုတွေတောင်း..။

တောင်းတဲ့ဆုတွေ ပြည့်ဖို့ရန်
ထပ်ကာ တောင်းဆုပန်..။

ပန်တဲ့ဆုတွေ ပြည့်ပါစေကြောင်း
ထပ်ကာထပ်ကာ တောင်း... ။
*************************************************

"တန်ခိုးရှင်"
လွမ်းတိုင်းမျှော်
မျှော်တိုင်း မြင်နေတော့လည်း
လက်ညှိးညွှန်ရာ သူဖြစ်ပါစေသား... ။
*****************************************************

"ဒါအချစ်လား"
မဆီမဆိုင် တမင်တကာ
တစ်ဖက်သက်ကြီး သတိရနေတယ်...။
***************************************************

"တော်တော်ကြာ မုန်းမိလိမ့်မယ်"
စိတ်သာရာ ပါလိုက်ပါတော့
အသိုက်ဝန်း ၀န်းကျင်ကွဲ
လူတိုင်း
ပြောင်းလဲတတ်တာပဲ
နင့်သဘော နင့်စိတ်ပါပဲ... ။
*************************************************

"ကိုယ့်ဘ၀နဲ့ကိုယ်"
မသိမသာ ရင်ခုန်ဖို့
ကြည့်စရာ ရင်တစ်စုံလည်းမရှိ

အကြားအာရုံနဲ့ အားလေးတွေယူဖို့
စကားကဗျာအစုံနဲ့ အားပေးနေသူလည်းမရှိ

တော်ကီပွားများ နှိပ်စက်မဲ့ သူငယ်ချင်းလည်းမရှိ
အခံရအခက်ဆုံး ကာလပဲ... ။
*********************************************

"နှစ်ဖက်မြင်"
လမ်းဆုံဆိုတာ
လမ်းခွဲလည်း ဖြစ်တယ်

မမှတ်သားတတ်ပေမဲ့
ခံစားတတ်တယ်
ချစ်ရသောသူရယ်.. ။
**************************************************

"လွမ်းမိလွမ်းရာ"
ညတွေလည်း မင်းပါပဲ
အိပ်မက်တွေ အားလုံးရဲ့သခင် ... ။

စိတ်ကူးတွေအားလုံးလည်း နင်..
အရာရာသည် မင်းဖြစ်လို့နေသည် ... ။

နေသည်လည်း မင်းပါပဲ
ဆောင်းတစ်ခုရဲ့ နှင်းတွေ နင်ပဲ
မိုးတစ်ခုရဲ့ မိုးစက်တွေအားလုံးဟာ မင်းပဲ...။

မင်းဆီက ဇွတ်တရွတ်ထွက်တဲ့ စကားတွေကိုပဲ
ရင်ခုန်နေတယ် ... ။

တားမရတဲ့ ငါ့ခြေထောက်တွေက
နင့်ရဲ့ဘေးကို လာချင်နေတယ် ...။

နှလုံးသားကို ဆင်နင်းသွားသလို
ရင်တွေနာခဲ့

ကိုယ်စီကိုယ်စီလည်း
လျှောက်တဲ့လမ်းမှာ

အလွမ်းများလည်း
မင်းလေး ငါ့ကို ပေးနိုင်တယ်

အမုန်းများနဲ့
မင်းလေး ငါ့ကို မုန်းနိုင်တယ်

**********************************************************

"တို့တွေ မိသားစု"
သြော်..
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့အားလုံး မိသားစုပဲ

ဂရုဏာဆိုတာ မှော်
အမျိုးတော်ဖို့ မလိုဘူး
ငါတို့အားလုံး မိသားစုပဲ...။
*************************************************

"မချစ်နိုင်ဘဲ လွမ်းတဲ့သူ"
ရှောင်ချင်ရှောင် စိမ်းချင်စိမ်း
တို့တွေ တွေ့ဖို့နီးဖို့ ခက်နေတယ်
ဟန်ဆောင်ပီး လွမ်းနေစရာမလိုပါဘူးနော်

ခေါ်မယ်ဆို ဘယ်ရောက်ရောက်
ခြေစုံပစ်လို့ လိုက်ဖို့ပြင်
ခေါ်သံတွေ အိပ်မက်ထဲမှာတို့ကြားယောင်

ဆုံမှ တွေ့မှ ချစ်တယ်ပြော
ယာယီ ထာဝဇဉ် မပြတ်သားတော့

မျှော်ရစောင့်ရ တို့ဘဝ
မေ့ခံနိုင်စွမ်းမရှိတော့ပါ

မေ့ပါ မေ့မယ်
မလွမ်းတော့ပါ မလွမ်းနဲ့ကွယ်
မတွယ်တာပဲ ချစ်ချင်ယောင် ဆောင်မနေနဲ့လေ

မေ့ပါ မေ့မယ်
မချစ်နိုင်ဘဲ လွမ်းသူရေ
မဆုံနိုင်ရင် ကျောခိုင်းလွမ်းခွဲသွားပါ အဝေး... ။
**************************************************

"အားနာခြင်း"
မင်းကိုကြည့်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ်ကြည့်ချင်တာ တစ်နေကုန်မို့ပါ

မင်းကိုချစ်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ်ချစ်ချင်တာ တစ်ဘ၀လုံးစာမို့ပါ

မင်းပြန်ချစ်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ်လိုချင်တာ မင်းအချစ်အကုန်မို့ပါ

အလိုလိုနေရင်း အားနာမိပါရဲ့
ဘာလို့ဆိုရင်...
ကိုယ့်အချစ်တွေကြောင့် မင်းဝန်လေးမှာစိုးလို့ပါ
(ဖေ့ဘုတ်မှ)
***************************************************


တွယ်တာလှပေမဲ့ ကွယ်ရာကပဲ ချစ်တော့မယ်
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမဲ့
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လည်း သိပ်ချစ်တယ် မဆိုသာ
(မောင်စိန်ဝင်း ပုတီးကုန်း)
**********************************************