"မိမိကိုယ်မိမိ ဖြစ်ချင်သော စံပြပုံစံ"

- စိတ်ထားဖြူစင်သောသူ
- အရာရာကို အကောင်းမြင်တတ်သူ (ယောနိသော မနသိကာရ) စိတ်ထားတတ်တဲ့သူ
- လောဘ၊ ဒေါသ၊ မောဟ နည်းပါးသောသူ
လောဘ (ပျော်ရွှင်လွန်ခြင်း ၊ ...)
ဒေါသ (စိတ်ညစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အလိုမကျခြင်း၊ မကျေနပ်ခြင်း၊ မုန်းတီးခြင်း ...)
မောဟ (အတွေးများခြင်း၊ အတွေးလွန်ခြင်း၊ စိတ်ပျံ့လွန့်ခြင်း၊ သတိမကပ်ခြင်း ...)
- သတ္တ၀ါအားလုံးအပေါ် မေတ္တာတရား ထားနိုင်သူ၊ မိမိနှင့်တွေ့ဆုံလာသမျှသူ (မည်သူမရွေး) အပေါ်၌ စာနာညှာတာ ဂရုဏာစိတ်ထား၍ စိတ်ချမ်းသာမှု့၊ ပျော်ရွှင်မှု့ကို ပေးနိုင်ရသောသူ
- အပိုစကားတွေက စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်တဲ့အတွက် စကားကို လိုတာထက် ပိုမပြောတဲ့သူ
- စကားပြောရင် သတိရှိပါစေ။ အသံညင်ညင်သာသာနဲ့ပြော၊ ပြောရင်းပြောရင်း ရှည်လျား ထွေပြား မဆိုင်တာတွေ ရောက်မသွားအောင် သတိနဲ့ ထိန်းပါ။ နူးညံ့ချိုသာတဲ့ စကားလုံးတွေ ဖြစ်ပါစေ။
- အားနာတာနဲ့ အပိုချီးမွမ်း မြှောက်ပင့်စကားတွေ လျှောက်မပြောမိပါစေနဲ့
- စိတ်ရော ကိုယ်ရော၊ တည်ငြိမ်သိမ်မွေ့နူးညံ့ ကောင်းမြတ်သောသူ ဖြစ်ရန် အမြဲသတိရှိရှိနဲ့ ကြိုးစားပါ။

လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံတွေရှိကြပါတယ်။ အတွေ့အကြုံထဲမှာမှ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း (၂)မျိုးရှိပါတယ်။ ငယ်စဉ်ကလေးကနေ ကြီးလာစဉ်မှာ အတွေ့အကြုံနဲ့ ရင့်ကျက်ပြောင်းလဲကျပြီး လူကြီးဆန်တဲ့လူတွေ ဖြစ်လာကြပါတယ်။ ကျွန်မအတွက် မတူညီတဲ့ နိုင်ငံရပ်ခြားရောက်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးမျိုးသော အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။

တကယ်တော့ ကျွန်မဟာ ငယ်ငယ်ထဲက ဆရာဝန်ဖြစ်ချင်ခဲ့ပါတယ်။ ဘာကြောင့်ဒီရည်မှန်းချက်ရှိခဲ့တာလည်း ဆိုရင်တော့ နိုက်တင်ဂေးစာအုပ်ဖတ်ပြီး မွန်မြတ်တဲ့စိတ်ဓါတ်ကို ချီးကျူးမိပါတယ်။ မိန်းခလေးဖြစ်ပေမဲ့ ရဲရင့်စွမ်းဆောင်၊ လူတွေကို ကယ်တင်နိုင်တဲ့ စိတ်ဓါတ်ကိုပါ။ ကျွန်မရဲ့ဖေဖေဟာ အစစအရာရာ စနစ်ကျပြီး စည်းကမ်းတင်းကျပ်သူပါ။ သားသမီးတွေကိုလည်း လူရည်ချွန်၊ လူရည်မွန်၊ နိုင်ငံအကျိုး၊ လူအများအကျိုးကို ဆောင်ရွက်နိုင်တဲ့ လူဖြစ်အောင် ဆိုဆုံးမပါတယ်။ ကျွန်မဟာ ဆေးလိုင်းကိုပြတ်ကျ ကျန်ခဲ့တဲ့အခါမှာ ကျွန်မရဲ့ရည်မှန်းချက်ကြီးဟာ ပြိုပျက်သွားခဲ့ပါတယ်။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ထင်ခဲ့ပါတယ်။ ကျွန်မရဲ့စိတ်ဓါတ်တွေဟာ ဆရာဝန်နဲ့ပတ်သက်တဲ့ ဆေးရုံ၊ Nurse မြင်တိုင်း ရင်ထဲမှာ နာကျင် ငိုကြွေးခဲ့ရပါတယ်။ ကျွန်မဟာ တော်တော့်ကို စိတ်ဓါတ်ကျပြီး လူမတိုး သူမတိုး ဘ၀မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိ ဖြစ်ခဲ့ရပါတယ်။

အခုချိန်မှာ ကျွန်မရဲ့စိတ်ဟာ အားငယ်တဲ့စိတ်၊ သူများကိုအားကိုးစိတ်မရှိ ရောက်တဲ့နေရာမှာ ထူးချွန်အောင် ကြိုးစားဖို့ဆိုတဲ့ စိတ်ကို ပိုင်ဆိုင်ထားပါတယ်..............။

p.s
ဂျပန်လို အက်ဆေး ရေးရမှာမိုလို့ မြန်မာလိုအရင် အကြမ်းချရေးတာပါ............။

..............♣ စံပြကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပြီး စံပြဖြစ်ပါစေ ♣...............

အင်္ဂလိပ်စာကဏ္ဍ



English Language Test အတွက် TOEIC, TOEFL, IELTS တွေရှိပါတယ်..။

TOEIC (Test of English for International Communication) is produced by ETS (Educational Testing Service) က Business English ပါ..။ အထူးသဖြင့် Asia နိုင်ငံတွေမှာ အလုပ်လုပ်မယ်ဆိုရင် အဲဒီအတွက် အဓိကထားပြီး နေ့စဉ်သုံး english skills ကို စစ်တဲ့ Exam လို့ပြောရင်လည်း ရပါတယ်..။ (1)Listening and Reading ကတော့ paper test ဖြစ်ပြီး 2 နာရီခွဲ ကြာ test center သွားဖြေရတာပါ..။ (2)Speaking and Writing ကတော့ Online test, takes 90 minutes လောက်ကို test center မှာပဲ ဖြေရတာပါ..။ သူ့ရဲ့အမှတ်ပေးစနစ်တွေကတော့ No(1) အတွက် between 10 and 990, No(2) are scored out of 200. Fees နဲ့ အကြောင်းအရာ တိတိကျကျ သိချင်ရင်တော့ ဒီဆိုက် ကိုဝင်ကြည့်လိုက်ပါ..။

TOEFL (Test of English as a Foreign Language) ကတော့ American မှာသုံးသလို UK university entry အတွက်လည်း အသုံးဝင်လှပါတယ်..။ အရင်က iBT (internet-based Test) ရှိခဲ့ပေမယ့် 2005 ခုနှစ်က စပြီး အဲဒီအစား CBT (computer-based Test) and PBT (paper-based Test) ကို ကျင်းပခဲ့ပါတယ်..။ သူ့မှာ integrated task ဆိုတဲ့ ဖတ်၊ နားထောင်ပြီး ပြန်ချရေးရတဲ့ test ပါပါတယ်..။

IELTS လို့ခေါ်တဲ့ International English Language Testing System ဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု့စစ်ဆေးသော Test တစ်ခုပါ..။ လွန်ခဲ့သော ၁၄ နှစ်ခန့်ကတည်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု့ လေးမျိုး (Listening, Speaking, Reading, Writing) ကိုစစ်ဆေးရာမှာ IELTS ကို အသုံးပြုခဲ့ရာ ယနေ့အထိ တစ်ကမ္ဘာလုံးတွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Standard Test တစ်ခုအဖြစ် အသုံးပြုဆဲပါ..။ ထောင်နဲ့ချီတဲ့ အဖွဲ့အစည်းတွေနဲ့ စာမေးပွဲဖြေဆိုသူတွေဟာ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ IELTS ကို ယုံကြည်စိတ်ချရတဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု Test အဖြစ် လက်ခံကြပါတယ်..။ IELTS ကို University of Cambridge ESOL Examinations (Cambridge ESOL), British Council and IDP Education Australia နှင့် IELTS Australia တို့ ပူးတွဲပြီး စီမံအုပ်ချုပ်ပါတယ်..။

သူ့ရဲ့ History ကတော့ ၁၉၈ဝ ပြည့်နှစ်မှာ English Proficiency Test Battery (EPTB) နေရာမှာ IELTS ကို အစားထိုးအသုံးပြုခဲ့ပါတယ်..။ EPTB ဟာ ၁၉၆ဝ ပြည့်နှစ်လယ်လောက်ကတည်းက British Council မှာ အင်္ဂလန် တက္ကသိုလ်များဝင်ခွင့်ကို လျှောက်ထားတဲ့ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Multiple Choice Test ပါ..။ အသစ်ပြဋ္ဌာန်းထားတဲ့ IELTS ဟာ တက္ကသိုလ်တွေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပိုမိုကိုက်ညီမှု့ရှိပြီး ပိုမိုလက်တွေ့ဆန်ပါတယ်..။

Test Format ကတော့ UK ပညာရေးကဏ္ဍကြီးရဲ့ ကျယ်ပြန့်တဲ့ဧရိယာကြီး ငါးခုပေါ်အခြေခံပြီး module ၆ခု ခွဲထားပါတယ်။ အဲဒါတွေကတော့ ­Life Sciences, Social Studies, Physical Sciences, Technology, Medicine, General Academic တို့ ဖြစ်ပါတယ်..။ တက္ကသိုလ်မတက်ဘဲနှင့် အသက်မွေးဝမ်းကျောင်းမှု့ ပညာသင်ကြားမယ့် Vocational Candidates တွေအတွက် Non-Academic Test လည်းရှိပါတယ်..။ IELTS ရဲ့ Format ကို ခေတ်အဆင့်ဆင့်ပြု ပြင်ပြောင်းလဲခဲ့ပါတယ်..။ ၁၉၈၉ခုနှစ်မှာ IELTS ဖြေဆိုရင် ကျောင်းသားတွေဟာ Listening နှင့် Speaking မှာ non-specialized modules အဖြစ် General English ကိုဖြေဆိုရပါတယ်..။ Reading နှင့် Writing မှာ ကျောင်းသားရွေးချယ်မယ့်သူ လေ့လာမယ့် course နှင့်ဆိုင်တဲ့ specialized modules နှစ်ခုကို ဖြေဆိုရပါတယ်..။ ၁၉၉၅ခုနှစ်မှာ Reading နှင့် Writing module တွေနေရာမှာ Academic Reading Module နှင့် Academic Writing Module တို့အစားထိုးခဲ့ပါတယ်..။ ၂ဝဝ၁ခုနှစ်မှာ IELTS Speaking Test ကိုပြန်ပြီး revised ပြုလုပ်ခဲ့ပါတယ်..။ ၂ဝဝ၅ခုနှစ်မှာ IELTS ဟာ Computer Based စနစ်ဖြစ်လာပါတယ်..။ WIKIPEDIA မှာရေးထားတာကတော့ Academic နဲ့ General Training Version ဆိုပြီး two versions ရှိပါတယ်..။ Reading Test နဲ့ Writing Test မှာ Academic နဲ့ General Training မေးခွန်းက ကွာပါတယ်..။ Academic Version က ပိုခက်ပါတယ်..။ General module က အလုပ်လုပ်မယ့်သူတွေအတွက်ပါ..။

ှုSkills 4 မျိုး ထဲမှာ အထူးသဖြင့် အားနည်းကြတာကတော့ (ကိုယ်အပါအ၀င်) Speaking skill ပါ..။ အဲ့ဒီ Speaking skill က နေ့ချင်းညချင်း တိုးတက်လာအောင် ကြိုးစားလို့ မရတာပါပဲ..။ အတိုင်းအတာတစ်ခုထိ တိုးတက်ဖို့ဆို သူကအချိန်ပေးရပါတယ်..။ အလေ့အကျင့် များများ လုပ်ရပါတယ်..။ အဲ့ဒီလို အလေ့အကျင့်ကောင်းလေး ရဖို့ဆိုတာက တစ်ယောက်ထဲ လေ့ကျင့်လို့ အဆင်မပြေပါဘူး..။ မရဘူးလို့တော့ မဆိုလိုပါဘူး..။ မထိရောက်ဘူးလို့ ပြောချင်တာပါ..။ စကားပြောလေ့ကျင့်ပါတယ် ဆိုကာမှ တစ်ယောက်ထဲ ဆိုတော့လေ…။

IELTS က Score 4 ဆို pass ဖြစ်ပါတယ်..။ half-scores က 6.5 ဖြစ်ပြီး 9 က high-test ပေါ့..။ တစ်ချို့Univ တွေကတော့ 6 or 7 လောက်ဆို ၀င်ခွင့်ရကြပါတယ်..။ IELTS က၂ နှစ်တစ်ခါ ပြန်ဖြေရပါတယ်..။ နို့မို့ဆို expire ဖြစ်ပါတယ်..။

Frequently Asked Questions

IELTS ကို စိတ်ဝင်စားတဲ့ ကျောင်းသားတို့စိတ်ဝင်စားမယ့် မေးခွန်းကလေးများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်..။

IELTS စာမေးပွဲကို တစ်ရက်အတွင်း အပြီးဖြေဆို၍ ရပါသလား ?
Three Skills က တစ်ရက်၊ Oral က တစ်ရက် ဖြေရတာပါ..။ Listening, Reading, Writing Test များဟာ နားချိန်မရှိဘဲ တောက်လျှောက်ဖြေဆိုရပါတယ်..။ Speaking Test ကို Test Date မတိုင်မီ သို့မဟုတ် အပြီး ၇ရက်အကြာမှာ ဖြေဆိုရပါတယ်..။ Oral မှာ topic တစ်ခု ဒါမှမဟုတ် နှစ်ခု ပေးပါတယ်..။ စဉ်းစားချိန် 1 min or 3 min or 5 min ရတယ်..။ (အပေါ်မှာပြောထားသလို Version ကွာရင် မေးခွန်းပုံစံ ကွာလို့မတူတာပါ..။) အဲ့ဒီခေါင်းစဉ်တွေဟာလည်း ယေဘူရအားဖြင့်တော့ လူတိုင်း သိနိုင်မယ့် (General Knowledge) နဲ့ဆိုင်တာတွေပဲ ဖြစ်လေ့ရှိပါတယ်..။ Note လုပ်ပြီး ပြန်ပြောရတာပါ..။ အဲ…ကိုယ်က ၃ မိနစ်လောက် ပြောပြီးပီဆိုရင်တော့ (examiner) က ကိုယ်ပြောလိုက်တဲ့ပေါ်မှာ မူတည်ပြီး မေးခွန်းတွေ မေးပါတယ်..။ တစ်ချို့တွေက ကိုယ်ပြောမယ့် ၊ ကိုယ်ဖြေမယ့် ဟာတွေကို အလွတ်ကျက်ထားကြတာတွေ ရှိပါတယ်..။ အဲ့ဒါတွေက ထင်သလောက်တော့ အသုံးမဝင်ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့ အပြန်အလှန် ပြောတဲ့နေရာမှာ သူကလည်း ကိုယ်ပြောတာပေါ်မူတည်ပြီး မေးတယ်..။ ကိုယ်ကလည်း သူမေးတဲ့ မေးခွန်းပေါ်မူတည်ပြီး ဖြေရတယ်..။ ဒီနေရာမှာ ကိုယ်ကသိထားရမှာက သူကကိုယ့်ကို Speaking skill ကိုစစ်နေတာပါ..။ သူမေးတဲ့ topic အကြောင်းအရာကို စာမေးပွဲအဖြစ် ဖြေနေရတာမဟုတ်ပါဘူး..။ အဲဒီတော့ ကိုယ်ကမသိဘူးဆိုပြီး ပြာရာခတ်စရာ မလိုပါဘူး..။ ကိုယ်မသိရင် မသိတဲ့အကြောင်းကို ရေရေလည်လည် ရှင်းပြနိုင်ရမှာ ဖြစ်ပါတယ်..။ ဒီနေရာမှာ ခုနကပြောသလို အလေ့အကျင့်က စကားပြောလာပါပြီ..။ အလေ့အကျင့် ရှိတယ်ဆို ဒီလိုပြဿနာမျိုးက အေးဆေးပါ..။ Speaking အတွက်ဆို အလေ့အကျင့် များများ လုပ်တာအကောင်းဆုံးပါပဲ..။


ဘာတွေပြင်ဆင်ထားရမလဲ ?
မေးခွန်းဟောင်းတွေ လေ့ကျင့်ရပါမယ်..။

Listening နှင့် Speaking Test တွေမှာ ဘယ်လို လေယူလေသိမ်းမျိုး ကြားရပါသလဲ ?
IELTS ဟာ International Test ပါ။ ယင်းစာမေးပွဲနှစ်မျိုးစလုံးမှာ အမျိုးမျိုးသော English လေယူလေသိမ်းတွေ ကြားရမှာပါ။

Speaking Test အကြောင်း ?
Speaking Test ဟာ IELTS က အသိအမှတ်ပြုတဲ့ examiner နှင့်မျက်နှာချင်းဆိုင် အမေးအဖြေ ပြုလုပ်ရတာပါ..။ အမေးနှင့်အဖြေတွေကို audio cassette သို့မဟုတ် digital recorderနှင့် ဖမ်းထားပါတယ်..။

စာမေးပွဲ result များကို မည်သည့်အချိန်လောက်တွင် သိခွင့်ရပါသလဲ ?
စာမေးပွဲဖြေဆိုပြီး Calendar days ၁၃ရက်အတွင်းမှာ resultများကို သိရပါတယ်..။

ကြိုတင်အကြောင်းကြားချက်မရှိဘဲ စာမေးပွဲဖြေဆိုရန်ပျက်ကွက်ခဲ့လျှင် ဘာဖြစ်နိုင်ပါသလဲ.. ?
Test Fee ဆုံးရှုံးမှာပါ..။ Test Date မတိုင်မီ ၅ရက်အတွင်း medical certificate တင်ပြနိုင်လျှင် Local Administrative Fee နှုတ်ပြီး Test Fee ကို ပြန်အမ်းမှာပါ..။


********************* Good Luck *******************

"ရှိစေချင်တယ်"


Money may important for knowledge. We don't have money, we can't get knowledge. To get knowledge, need time plus money investment.

ခုခေတ်က ဗဟုသုတအတွေ့အကြုံ ရချင်ရင် အချိန်နဲ့ ငွေကြေးကို ရင်းနှီးမြုပ်နှံဖို့လိုပါတယ်..။ ကျောင်းတက်နေတဲ့ ကျောင်းသားက ၀င်ငွေပိုက်ဆံတွေ အများကြီးလိုချင်လို့တော့ ဘယ်ရမလဲ..။ ပညာကိုပဲ ကိုယ့်စွမ်း ကိုယ်စရှိသလောက် ရှာယူရမယ်..။ အလုပ်နေရာ ကောင်းကောင်းထဲကို ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ ၀င်နိုင်ဖို့အတွက် လိုအပ်တာတွေကို ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်..။ ပညာသင်တယ် ဆိုတာ အတန်းထဲမှာ အဆင့်ကောင်းအောင် လုပ်ဖို့ထက်စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိအောင်၊ Critical Thinking လို့ခေါ်တဲ့ ဆရာတွေကို မေးခွန်းပြန်ထုတ်ရဲအောင်၊ ကျောင်းစာတွေကို တစ်ချိန်လုံး အလွတ်ကျက်နေမယ့်အစား ပြင်ပဗဟုသုတတွေကို လေ့လာတတ်ဖို့၊ ကျောင်းမှာ သင်သမျှကျက်နေကျနေရင် ကိုယ့်ဘာသာကိုယ် စာအုပ်ရှာဖွေလေ့လာဖို့ကို အားနည်းသွားတတ်ကြတယ်..။ အလွတ်ကျက်နိုင်တာထက် ကိုယ်ကိုယ်တိုင်နားလည်မယ်၊ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာနဲ့ပဲ လုံလောက်ပြီလို့ ထင်ပါတယ်။ ဗမာပြည်က မိဘအတော်များများက အတန်းထဲမှာ အဆင့်(၁)ကမှ အတော်ဆုံး၊ ဆယ်တန်းအောင်ရင် ဆေးကျောင်းကမှအကောင်းဆုံး ဆိုတာမျိုးတွေ တွေးတတ်ကြပါတယ်..။ ဗမာပြည်ကနေ ပြည်ပမှာ ကျောင်းလာတက်တဲ့သူတွေက ကျူရှင်ပဲမရှိရင် စာမဖတ်တတ်တော့သလိုလို။ ဘာပဲလုပ်လုပ် ပွဲစားနဲ့လုပ်မှပဲ အဆင်ပြေသလိုလိုတွေ အများကြီးတွေ့ရပါတယ်..။

ကမ္ဘာ့ရွာကြီးရဲ့ မည်သည့်ဒေသမှာပဲ ရောက်ရောက် လိုက်ရောညီထွေစွာ နေတတ်နိုင်ဖို့ ဆိုတာကလည်း ကျောင်းတတ်တဲ့အချိန်မှာ ရတဲ့ ပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံက အများကြီး အထောက်အကူ ပေးပါတယ်..။ အမြဲတမ်း ပန်းခရေလိုမွှေးတဲ့ကောင်းသတင်း၊ စမ်းရေလို အေးမြတဲ့ ဘ၀တွေကို ပိုင်ဆိုင်ဖို့ဆိုတာ ပညာရှိဖို့ လိုအပ်ပါတယ်..။ ပညာရဖို့ဆိုရင် ငွေကြေးကို ရင်းသင့်ရင်လည်း ရင်းရမှာပဲ..။ ပညာမှ မဟုတ်ပါဘူး ဘယ်အရာမဆို တစ်ခုကိုလိုချင်ရင်တစ်ခုကိုတော့ ပေးဆပ် ဆုံးရှုံးလက်လွတ်ရစမြဲပါပဲ..။ သိပြီးသားပုဂ္ဂိုလ်တွေရှိခဲ့ရင် ဆရာလုပ်မိတာ ခွင့်လွှတ်ပါနော်..။ တစ်ခါတစ်လေ ဇောနဲ့ဆိုတော့ ပညာရှိ သတိဖြစ်ခဲဖြစ်မှာစိုးလို့ပါ ....။

တစ်နေ့တစ်နေ့ နည်းပညာတွေက ပြောင်းလဲတိုးတက်နေတာပါ..။ ဒီနည်းပညာတွေကို ကိုယ်ကိုယ်တိုင် မဖန်တီးနိုင်သေးခင်မှာ ဘာတွေ တိုးတက် ပြောင်းလဲ ထွက်နေဘီလည်း ဆိုတာမျိုးလောက်တော့ သိသင့်တယ်လို့တော့ ထင်ပါတယ်..။ Internet ကို အကျိုးရှိရှိ အသုံးချစေချင်တယ်..။

ခုခေတ် လူငယ်တွေက ရည်မှန်းချက်ကြီးပြီး တစ်ခုခုဆို သိချင်တတ်ချင် စူးစမ်းချင်စိတ်လည်း ရှိကြပါတယ်..။ ဒါပေမယ့် အရမ်း depend ဖြစ်နေတယ်..။ ဥပမာ.. Search Engine သုံးပြီး data, research paper ရှာတာလောက်ကို လာရှာခိုင်းနေတာမျိုးကြတော့ တကယ်မသိတာလား ၊ ဒါမှမဟုတ် တမင် သက်သက်ခိုင်းနေတာလား လို့တောင် တွေးထင်မိစရာတွေ ဖြစ်လာပါတယ်..။ သူတို့ရှာတဲ့ data နဲ့ ကိုယ်ရှာပေးတဲ့ data တွေ မတူဘူးတဲ့..။ ဘယ်တူမလဲ..။ သူတို့က Google, Yahoo! တို့လောက်မှာပဲ ရှာတော့ General result တွေပဲ ရမှာပေါ့..။ Professional Search Engine တွေကို သုံးပြီးတော့မှ မရှာတာ..။ Learning လုပ်တဲ့နေရာမှာ ပိုပြီး မြှင့်တဲ့နေရာတစ်ခုအတွက် self-learning နဲ့လုပ်လို့ရတယ်..။ ကိုယ်တိုင်ဖတ် ကိုယ်တိုင်လေ့လာရတယ်..။ လူတိုင်းကလည်း အမြဲတမ်း မအားဘူးလေ..။ အများဆုံး လမ်းညွှန်ပေးနိုင်တယ်..။ ဘယ် site ဘယ်ဟာမှာ သွားဖတ်ဆိုတာမျိုးပေါ့..။

လူတစ်ယောက်ကို ပစ်ပစ်ခါခါ မပြောတတ်တဲ့ကိုယ့်ရဲ့ စိတ်အပေါ်မှာ အခွင့်အရေးယူပြီး ဟိုဟာမေး ဒီဟာမေး ဟိုဟာရှာခိုင်း ဆိုတာမျိုးတွေ ရှိလာလို့ပါ..။

တစ်ချို့ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ကယ့် ဆရာကြီး ဂိုက်တွေနဲ့ ပညာတွေ အပီအပြင်ဖဲ့ပြီး ပြိုင်နေကြတာ တွေ့ဖူးပါတယ်..။ နောက်ရှိသေးတယ်..။ အားလုံးကို သူသိ သူတတ် သူမသိတာ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သွေးနထင်ရောက် ဘ၀င်တွေမြင့် အထင်တွေကြီးပြီး တစ်ဖက်လူကို အထင်သေးစော်ကားတာမျိုး၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေး အရေး အဆို အမိန့် သီအိုရီတွေကိုဖတ်ပြီး ကြီးကျယ်ပြောင်မြောက်တဲ့စကားတွေနဲ့ ရန်စတာမျိုး ၊ မထီလေးစားလုပ်တာမျိုးတွေ တွေ့ရပါတယ်..။ အဲဒီလို လူမျိုးတွေက အကျနာတတ်တယ်..။ ကိုယ့်မှာလည်း အကျင့်တစ်ခုရှိတယ်..။ အဲဒီလိုမျိုး ငါ.မလုပ်နိုင်တာ မရှိဘူး၊ ဘယ်သူ့ကို လူရာမသွင်းပဲ ကိုယ်ပဲအားလုံးလုပ်နိုင်တယ် ဆိုတဲ့လူမျိုးကို ပညာပေးတတ်တဲ့ အကျင့်က ကိုယ့်မှာ ရှိပါတယ်..။ ဒါပေမယ့် တစ်ဖက်လူက သူ့ကို ပညာပြနေပြီဆိုတာ မသိအောင်လည်း နေပြ လုပ်ပြရတာပေါ့နော်..။ တော်တာ တတ်တာ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် တစ်ဖက်လူတွေကိုလည်း ကောင်းကောင်းမွန်မွန် လေးလေးစားစား ဆက်ဆံစေချင်တာပါ..။ လူတစ်ယောက်တိုင်းစီမှာ ကောင်းတဲ့အချက်ဖြစ်ဖြစ် ထူးချွန်တဲ့အချက်ကတော့ သေချာပေါက် ရှိပါတယ်..။ အဲ့ဒီ အသိလေးကို ပေးချင်တာပါ..။


..............♣ လိမ္မာယဉ်ကျေးတဲ့ ပညာတတ်တွေ ဖြစ်ပါစေ ♣.............


Cell Phone

ဖုန်းမှာဆိုရင် TACS (Total Access Communication System) , NMT (Nordic Mobile Tele-communication System) , AMPS (American Mobile Phone System) အစရှိတာတွေ ရှိပါတယ်..။
History of Mobile phones ကို တော့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ဒီကပဲ ဖတ်ကြည့်လိုက်ပါ..။

ဒီဆိုဒ်လေးကတော့ ကိုယ်ရောက်နေတဲ့နိုင်ငံမှာ ဘယ်လို ဖုန်းsystem တွေသုံးတယ် helpful and challenges တွေကို စုံစုံလင်လင်ဖော်ပြထားတာ တွေ့ရပါတယ်..။ သွားလေ့လာကြည့်လိုက်ပါဦး..။

လောလောဆယ်တော့ W-CDMA (Wideband Code-Division Multiple Access) နဲ့ GSM ရဲ့ကွာခြားချက်ကို ပြောပြသွားမှာပါ..။ 1982 မှာ GSM (Groupe Special Mobile) ကို Europe က စတီထွင်လိုက်ပါတယ်..။ ၁၉၉၃ ခုနှစ်ခန့်မှာတော့ GSM phone networksကို နိုင်ငံပေါင်း ၄၈နိုင်ငံခန့်မှာ သုံးစွဲသူ ၁သန်းကျော်ထိတိုးပွားလာပါတယ်..။ GSM-900, GSM-1800 and EGSM-900ကိုတော့ Europe, Middle East, Africa, Oceania and most of Asia မှာ အသုံးပြုတာများပါတယ်။

နိုင်ငံပေါ်လိုက်ပြီး GSM တယ်လီဖုန်းချိတ်ဆက်မှု့ကွန်ရက်ဟာ ဘယ် frequency(Mhz) ကိုသုံးသလဲ ဆိုတာပေါ်မူတည်ပြီး frequency(Mhz) ကွာခြားတဲ့အခါ အသုံးပြုနိုင်ခြင်းမရှိပါဘူး..။
မြန်မာနိုင်ငံအပါဝင် နိုင်ငံအလိုက် အသုံးပြုသော GSM frequency(Mhz) စနစ်များက ဒီမှာပါ..။

W-CDMA ဟာ ခုနောက်ပိုင်း ဂျပန်မှာအလွန်အသုံးများတဲ့ စနစ်ပါ..။ ၁၉၉၀ခုနှစ် နှောင်းပိုင်းမှာ ဂျပန်က NTT DoCoMo မှ မိမိပိုင် 3G network FOMA အတွက် Air interface အနေဖြင့် W-CDMAကို စတင်ပေါ်ထွန်း လာစေပါတယ်..။

နောက်ပိုင်းမှာတော့ NTTDoCoMoဟာ W-CDMAကို the international 3G standard အဖြစ် အပြည်ပြည်ဆိုင်ရာတယ်လီဆက်သွယ်ရေးအဖွဲ့ကြီးထံသို့ လျှောက်ထားပြီးနောက် International Mobile Telecommunications-2000 (IMT-2000) ဟု ခေါ်တွင် အသိမှတ်ပြုခံခဲ့ရပါတယ်..။

ဂျပန်မှာတော့ W-CDMA network ကို အသုံးပြုတဲ့ DoCoMo by NTT Carrier, GSM technology ကိုသုံးတဲ့ Softbank , CDMA 2000 technology ကို သုံးတဲ့ au by KDDI ဆိုတာတွေရှိပါတယ်..။ Softbank လို့၂၀၀၆ ခုနှစ်ကမှ စခေါ်တာပါ..။ မတိုင်ခင်က ၂၀၀၃ မှာ Vodafone ၁၉၉၉ မှာတော့ J-PHONE ဆိုပြီး ပေါ်ခဲ့တာပါ..။

အဲဒါတွေအပြင် E-mobile, ip-mobile, BB mobile တွေရှိပါသေးတယ်..။ အဲဒါတွေမတိုင်ခင်ကတော့ Pager / Beeper , 自動車電話 、ショルダーホン (3kg, 40 minutes 通話) 、携帯電話(Mobile Phone) 900g က 1987 မှာ စထွက်လာပါတယ်..။ Analog Signal ကတော့ 2000 ခုနှစ်မှာ Service ကုန်ပါတယ်..။

ဂျပန်မှာဖုန်းတွေက 2နှစ် Contract Business Model မိုလို့ SIM Card ကို မသုံးပါဘူး..။ ဥပမာ iPhone, iPad တို့ဟာ American Model တွေပါ.. ဒါပေမဲ့ SIM Card ချိန်းတာနဲ့ သူတို့ကို ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သုံးလို့ရတယ်..။ iPhone က General အားဖြင့် Smart Phone အမျိုးအစားပါပဲ..။ သူ့ကို Freedom Application (ကိုယ်ကြိုက်တဲ့ App) တွေထပ်ထည့်လို့ရတယ်..။ iPhone OS ကတော့ Mac OS X ပေါ့..။ Android ကတော့ Linux Base ပါ..။

Smart Phone အမျိုးအစားတွေကတော့ iPhone, Android, Blackberry ပါ..။ Phone OS တွေကတော့ Symbian OS, REX OS, Windows Mobile (Microsoft), ITRON/T- Engine, Nucleus, Palm OS, China Microsoft ဆိုတာတွေရှိပါတယ်..။ ဖုန်းမိတ်တွေကတော့ Samsung (Korea made), HTC (Taiwan made), NOKIA, Sony Ericsson, LG အစရှိသဖြင့်ရှိပါတယ်..။


Lecture' Notes မှ

ဂျပန်မှာ


Japan Vipassana Meditation Centre


ဒါက ဂျပန်မှာ တရားစခန်းဝင်ချင်သူများအတွက်ပါ..။ Kyoto မှာရှိတာပါ..။ ၂၀၀၉ တုန်းက ၀င်ဖို့စိတ်ကူးရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မ၀င်ဖြစ်ခဲ့ရပါဘူး..။ လင့်က ဒီမှာပါ ..။

************************************************************

Women's Federation For World Peace (WFWP) International in Japan


"ကမ္ဘာကြီးဟာ မိသားစုတစ်ခုဖြစ်တယ် " ဆိုတဲ့ခံယူချက်နဲ့ peace of bridge ကို တည်ဆောက်နေပြီး အဲ့ဒီ ခံယူချက်နဲ့ မပြည့်စုံသေးတဲ့ သူတွေကို ထောက်ပ့ကူညီနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှု့ရေးကောင်စီ အထွေထွေ အကြံပေး အဖွဲ့အစည်းတစ်ခုပါ..။ WFWP ရဲ့လင့်ကိုတော့ ဒီကနေကြည့်ပါ..။

WFWP အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ Dr. Hak Ja Jan Moon ဆိုတဲ့ ကိုရီးယား အမျိုးသမီးကြီး တစ်ဦး က စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၉၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အဓိကထား ဆောင်ရွက်တဲ့ လုပ်ငန်းတွေကတော့ အမျိုးသမီးများ အကူအညီရရှိရေး၊ ပညာရေးထောက်ပံ့မှု လုပ်ငန်းများ၊ အိပ်စ်ရောဂါ ကာကွယ်ရေး ပညာပေး လုပ်ငန်းများ၊ တကိုယ်ရေသန့်ရှင်းမှု နဲ့ အာဟာရပြည့်ဝစွာ စားသောက်မှု ပညာပေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသဖြင့် ဖြစ်ပါတယ်။

************************************************************
Japan National Anthem "Kimi Ga Yo" (日本国 国歌 「君が代」)

ဂျပန်နိုင်ငံရဲ့နိုင်ငံတော်သီချင်း Kimi Ga Yo

*******************************************************

"ပြန်တွေးကြည့်"

အကြံပြုနေတာလား ၊ တိုက်တွန်းနေတာလား
အသိပေးနေတာလား ၊ သတိပေးနေတာလား
အမိန့်ပေးနေတာလား ၊ တောင်းပန်နေတာလား
ပြောပြတာလား ၊ ပြောချင်နေတာကြာပြီလား
လက်တို့ပြီးပြောနေတာလား ၊ လက်တုပ်ပြီးပြောနေတာလား

တွေးခေါ်စေချင်တာလား ၊ ကျက်မှတ်စေချင်တာလား
မြင်စေချင်တာလား ၊ မျက်စိနောက်နေတာလား
စေတနာလား ၊ အတ္တလား (ရှေ့တန်းတင်နေတာက)
ဂရုဏာဒေါသလား ၊ ဒေါသပြီးမှဂရုဏာလား
(တစ်ချို့ကတော့ ဂရုဏာနဲ့ဒေါသတွဲမနေဘူးတဲ့)

ခင်တာလား ၊ ခင်းနေတာလား
ပေးဆပ်နေတာလား ၊ မျှော်လင့်နေတာလား
အခွင့်အလမ်းတွေပေးနေတာလား ၊ အခွင့်အရေးတွေယူနေတာလား
ညီမျှခြင်းလား ၊ မျှညှိနေတာလား

လိုအပ်နေတာလား ၊ လိုချင်နေတာလား
ပိုင်ဆိုင်ချင်တာလား ၊ ပိုင်စိုးချင်တာလား

သံယောဇဉ်လား ၊ ပြန်ရောချင်နေတာလား
စွန့်လွှတ်လိုက်တာလား ၊ စွန်လွှတ်နေတာလား

ဘာသာရေးလား ၊ ငါသာရေးလား
နိုင်ငံရေးလား ၊ နိုင်ဖို့အရေးလား
လူမှု့ရေးအရလား ၊ လူမူးဖို့အတွက်လား
လွတ်လပ်ချင်တာလား ၊ လွတ်ထွက်ချင်တာလား

ကကြီးလား ၊ ယပက်လပ်လား
ကြည့်နေတာလား ၊ မြင်နေတာလား
အားနာနေတာလား ၊ 'အ' နေတာလား
တစ်ဝက်ပြည့်နေတာလား ၊ တစ်ဝက်လျော့နေတာလား

ကဲ . . . ဘာပဲဖြစ်ဖြစ်
ငါ့မှာလည်း ဒိုးလုံးထက်မနည်းတဲ့
"မနက်ဖြန်များစွာရှိတယ်"


【「ごめん、スキだよぉ ♥」】


愛するのは簡単だけど、人生の伴侶として選ぶのは難しい
愛情はあるけど、君を愛するのは難しい
人の前でも目は嘘をつけない
嬉しいことはいっぱいあるけど、私を楽しませることは少ない
知り合いは多いけど、友人は少ない
皆を愛しているけど、一番大事にするのは難しい
気持ちは複雑だけど、皆の前ではほほえんであいさつする
ほほえんでいるけど、嬉しいことがない日が多い
冗談を言って、ちょっと人生を思い出さないように忘れるようにする
愛憎関係の間で 私の人生が回っている
君が私から遠い所にいても近い所にいても、どんな状態でもいつも変わらない愛で愛する
言葉にできないLove
会った時間が短かったけど、すぐ忘れられるとは思わないで
遠いところにいるから 来られないけど、いつも覚えている
君の愛しか何も気にしないでから、別れてくれないで.....

"Cloud Computing"













No need to install S/W in our PC. S/W producer already installed on his or her server so user can access resources from the cloud at any time, from any location via the Internet by registration. If you build a Enterprise System by using Cloud, you can save amount of money from developing to until maintenance. Cloud Computing is rally a culmination of many technologies such as grid computing, utility computing, SLA (Service Level Agreements), SOA (Service Oriented Architecture), Web 2.0 and other technologies. It has common cloud characteristics and five essential cloud characteristics. Five essential cloud characteristics are (1) On-demand self-service (2) Broad network access (3) Location independence (4) Rapid elasticity (5) Measured service. Can be visualized consisting of three sections: Cloud Application also called SaaS (Software as a Service), Cloud Platform also called PaaS (Platform as a Service) and Cloud Infrastructure also called IaaS (Infrastructure as a Service).

Cloud application (services on demand) eliminates to install and run application on the customer's own computer. If you have suitable internet connection and a standard browser can access a cloud application. It include enterprise software such as web-based email like that Gmail.
Examples: Google Apps (Google Docs, Google Calendar, Google Video, etc.), Flickr, CRM (Customer Relationship Management), Payroll, IBM Lotus Live

Cloud platform (resources on demand) allow software developers to write applications and deploy them directly to the Cloud.
Examples: GAE (Google App Engine), Force.com, Mosso
GAE is use Python and Java but can also run other languages such as Rails, JRuby. SalesForce platform use Apex and Java.

Cloud infrastructure includes servers, networks and other hardware appliances. Use large data centers and powerful servers that host Web applications and Web services.
Examples: Amazon Web Services (EC2, S3), Microsoft Azure Platform (Window Azure, SQL Services, .NET Services, Live Services), Rackspace, GoGrid, 3Tera, RightScale, Flexiscale, IBM Blue House, VMWare, Sun Parascale and more.

4 Cloud Deployment Models
(1) Private Cloud (corporate or internal cloud) - Hosted within an organization's firewall
(2) Public Cloud (external cloud) - Hosted on the Internet
(3) Hybrid Cloud - Composition of two or more clouds
(4) Community Cloud - Shared infrastructure for specific community

Cloud Computing is the sum of SaaS and Utility Computing, but does not include Private Clouds. (A Berkeley View of Cloud Computing)

Benefits/ Advantages of Cloud Computing - Reduced Costs (save money), Increased Storage (can store more data than on private computer systems), Highly Automated (no need to worry about keeping S/W up to date), Flexibility (offers much more flexibility than past computing), Allows IT to Shift Focus, Ease of implementation and Access, Scalability, Capacity and Sustainability, Resource Maximization, Collaboration, Customization, H/W and S/W Maintenance, Device and Location Independence, Rapid Innovation, Improved Performance and Reduced S/W Costs.

Disadvantage - Requires a constant Internet connection, Features might be limited, Stored data might not be secure, Stored data can be lost.

What is the difference of ASP and Cloud?

- quite significant, but both are "hosted"
- ASP: single-instance, single-tenant legacy software application
- Cloud: multi-tenancy

"Tablet"




Asus company က windows 7 ထည့်ပေးထားတဲ့ Tablet computer သစ် Eee Pad (12 inch touchscreen ) ပါ..။
Read the details






ကမ္ဘာပေါ်မှာ ကွန်ပျူတာတွေ ထုတ်လုပ်ရောင်းချမှု
တတိယနေရာမှာ ရှိနေတဲ့ Dell company က
ကြေညာလိုက်တဲ့ Streak (5 inch)

Read the details