"Tazaungdai Pwe Daw (or) Ka Htain Pwe Daw"



Today (2010/11/21 Sunday) is Myanmar Tazaungmon Full Moon Day. We celebrate religious and Myanmar's 12 seasonal festivals throughout the year. The month of Tazaungmon was the eight month of Myanmar Calendar (in November). Kahtain Ceremony held between the Full Moon Day of Thadingyut and the Full Moon Day of Tazaungmon. People believe that eating mezali salad is medical particularly at this time of the year.

မဲဇလီ ပင်ပျိုအောက်
ပေါက်ရတဲ့ ရွှေတမာ
ခါးချက်က နာ
ရေစီးရယ် တစ်ခါ
ရေသာရယ် တစ်လှည့်
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့..။

တန်ဆောင်မုန်းလပြည့်ညမှာ အဇာတသတ်က နောင်တကြီးစွာရပြီး မြတ်စွာဘုရားကို ဆည်းကပ်ပါတယ်..။ တန်ဆောင်မုန်းလပြည့်ညမှာ ဥမ္မာဒန္တီက အလှမာန်တက်လို့ သိဝိမင်းကို လက်စားချေ ရူးသွပ်စေတယ်..။
ကိုယ်ကတော့ တန်ဆောင်မုန်းလပြည့်ညမှာ ငယ်ငယ်က မေမေ၊ ကိုကို ၊ မမတွေနဲ့အတူ မဲဇလီဖူးတွေ ပြုတ်ထားတာကို ကူပြီးတော့ ညှပ်ပေး၊ ထောင်းပေး၊ ပုစွန်ခြောက်ထောင်းပေး၊ ကြက်သွန်ဆီချက်နဲ့သုပ်ပြီး အိမ်တွေ လိုက်ပေးတယ်..။ ဆေးပေါင်းခတဲ့ ညမှာစားရင် ရောဂါတွေကင်းဝေးတယ်ဆိုတဲ့ မဲဇလီဖူးသုပ်နဲ့ ရေနွေးကြမ်းလေး သောက်ပြီး စကားတပြောပြောနဲ့ ငွေစန္ဒာဖိုးလမင်းကြီး ထိန်ထိန်ညီးနေတာကိုလည်း ကြည့်ခဲ့ဖူးပါရဲ့..။ နောက်တော့ ပ့သကူပစ်ကြတယ်..။ ကျီးမနိုးပွဲကို ဗြောင်းဆန်အောင် ဆော့ခဲ့တာတွေကိုလည်း လွမ်းမိပါရဲ့..။ မန္တလေးမှာတော့ တန်ဆောင်တိုင် လပြည့်ညမှာပဲ ကျီးမနိုးပွဲ အဖြစ် ဆော့ကစားကြပါတယ်..။ ရန်ကုန်မှာတော့ လပြည့်ကျော်တစ်ရက်နေ့ကို သူခိုးကြီးနေ့လို့ သတ်မှတ်ပြီး ဆော့သတဲ့လေ..။ နိဗ္ဗာန်ဈေးကလည်း ပျော်စရာကောင်းသလို အဲ့ဒီကရတဲ့အစားအသောက်တွေကလည်း စားလို့လည်း ကောင်းပ့..။

မြန်မာ့ ၁၂လရာသီပွဲအကြောင်းကို အပြည့်အစုံသိချင်ရင်တော့ ဒီနေရာကနေ pdf ကိုဒေါင်းယူလိုက်ပါ..။

......♣ Happy Myanmar Tazaungmon Full Moon Day To You All ! ♣......


♠ ချစ်ခြင်း၏အစ အသိဥာဏ်၏နိဂုန်း ♠


ကျွန်မ
အလွမ်းဟူသော ဇရပ်အိုလေးမှာ
တည်းခိုပါသည်.......။
အိပ်မရခြင်းများ ပျံသန်းသွားပါစေ
ကျွန်မမျက်လုံးများ အိပ်မောကျပါစေ ........။
သူ့အား နေ့စဉ်သတိရခြင်းမှ
လွတ်မြောက်ပါစေ.............။

သူဟာ ကျွန်မတွေ့ဖူးသမျှလူထဲမှာ အကောင်းဆုံးတစ်ယောက်ပါပဲ....။ သူ့ကိုနာကျင်အောင် ခဏခဏလုပ်ခဲ့တယ်..။ သူကတော့ ခွင့်လွှတ်တယ်..။ အစက အချစ်ဆိုတာကို မယုံခဲ့ပါဘူး အခုလည်း မယုံရဲသေးပါဘူး..။ ဒါပေမယ့် သူကချစ်တတ်အောင် သင်ပေးခဲ့တယ်....။ ဒါပေမယ့်လည်း အချစ်ရေးကိစ္စတွေကြားဝင်လာရင် ရည်မှန်းချက်တွေ လမ်းလွဲသွားမှာ ကြောက်တဲ့ ကျွန်မဟာ သူရှိတုန်းကလည်း အထီးကျန်စွာနေခဲ့ရတယ်....။ ကျွန်မဟာ ကျွန်မအတွက်ပဲ ရှင်သန်ခဲ့လို့ ဖြစ်ပါတယ်....။ အခုတော့ ကျွန်မရဲ့အချစ်တွေက မျက်ရည်ဖြစ်ရပါတော့မယ်..။ မင်းကို အသုံးချဖို့ ချည်းကပ်ခဲ့တာ မဟုတ်ပါဘူး ..............။

အရာရာသိတတ်ခွင့်လွှတ်ပေးတဲ့သူရယ်
ရင်ထဲမှာ ကျေးဇူးလည်းတင်တယ်
နှိုင်းဆလို့မရအောင်ကွယ်
ပျော်နေမယ် ပြန်တွေးတိုင်း
ကိုယ်မကြိုက်တာ အမြဲရှောင်တာ
ငြိုငြင်တာမရှိ မင်းကိုယ့်ဘက်ကို အလေးပေးတာ
တို့ အချစ်ရေးကံကောင်းသူပါ
သံသရာရှည်ထိ မင်းအနီးနားနေရင်းနဲ့သာ.. ကုန်ဆုံးချင်ပေမယ့် .................... ။

ကိုယ်အဝေးကြီးဝေးလည်း နီးနေမယ်
နောက်ထပ်တို့မဝေးရဖို့ အရင်အချိန်ကလေးများ
ခဏပြန်ပေးဦး
ဟိုးးးးးးးး တုန်းက တို့ရဲ့အချိန်လေး တစ်ခါပြန်ပေးပါ
တမ်းတမိ အတိတ်ကနေ့များ ................... ။

အရင်လို မင်းအနားရှိချင်တယ်
မျက်ဝန်းချင်းနားလည်ထားတဲ့ အချိန်တွေတစ်ခေါက် ပြန်ရချင်တယ်
တစ်ကယ်ဆို မင်းအနားနေခွင့်ရချင်တယ်........... ။

တစ်ကယ်ပါ ....
ရည်းစားတစ်ယောက်လောက် ထားလိုက်ချင်တယ်ဆိုတဲ့
စိတ်မျိုးနဲ့ တွယ်တာမိတာမဟုတ် ....။
အဲဒါမင်းကို အဓိကသိစေချင်တာ
အထင်မလွဲပါနဲ့ .....။
တုန်လှုပ်နေခဲ့တယ်လို့ မဆိုလိုချင်ပေမဲ့
စိတ်လှုပ်ရှားမိနေခဲ့တာတော့အမှန်ပါ .....။

ရင်ထဲမှာဖြစ်လာတဲ့ ခံစားမှု့တစ်ခုရဲ့ အတိုင်းအဆကို အချိန်ကာလနဲ့ ချိန်ဆလို့ မရတဲ့အတွက် ဒီရင်မှာ အရင်ကအတိုင်း မင်းနဲ့ပတ်သက်သမျှ အကြောင်းအရာတိုင်းက ရှင်သန်နေပါတယ်....။ ဒါဆိုအဲဒါ "အချစ်လား "? ဒါမှမဟုတ် အချစ်ကိုဖွင့်ဆိုပုံချင်း တို့နှစ်ယောက်ကြားမှာ မတူတဲ့သဘောမျိုးလား ?

စာအုပ်တွေထဲမှာတော့ အချစ်အကြောင်းကို ဒီလိုဖတ်ဖူးပါတယ်
(၁) သူရဲဘောကြောင်တဲ့သူက အချစ်ကြောင့်ဘ၀ပျက်ကြရတယ် ..........။
(၂)သတ္တိရှိတဲ့သူတွေက အချစ်ရဲ့စွမ်းအင်တွေနဲ့ ဘ၀ကို တိုးတက်အောင်မြင်အောင် တည်ဆောက်သွားကြတယ် ........။
(၃) တစ်ချို့က အချစ်ကြောင့်ရဲရင့်ကြတယ်..။ အဲဒီရဲရင့်တဲ့စိတ်ကြောင့်ပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ရင်ဆိုင်နိုင်သွားကြပြီး ဘ၀ကို တိုးတက်အောင်မြင်အောင် တွန်းပို့သွားနိုင်တယ်.........။
(၄) တစ်ချို့ကျတော့လည်း အချစ်ဟာ ဘ၀အတွက် အစိတ်ပိုင်းတစ်ခုဖြစ်ပေမယ့် အချစ်ကို heavy မခံစားဘူး....။ အချစ်တစ်ခုအတွက် အချိန်တွေပေးပီးလွမ်းမောတမ်းတနေဖို့ အခြေအနေမပေးတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ဒီတော့ ဘ၀တခုအတွက်ရွေးချယ်တဲ့သဘောလောက်ပဲ ဒါကြောင့် အိမ်ထောင်ရေးကို စဉ်းစားရင် ဦးနှောက်ကို သုံးလာတယ်..။ ဦးနှောက်ကိုသုံးရင် ဦးနှောက်ပဲရမှာပေါ့နော်..။ ဒီရင်ထဲက နှလုံးသားကို ဘယ်လိုလုပ်ရတော့မလဲ..........။
လူကိုယူရင် အချစ်ပါ Auto ရပီလို့ ထင်နေလို့လားဟင် ?

အင်း .... အချစ်ဆိုတဲ့ ကိလေသာနဲ့ ရာဂဆိုတဲ့ ကိလေသာ လည်းပေါင်းရော ဒုလ္လဘဆိုတဲ့ လူ့ဘ၀လည်း ဘာမှ မဟုတ်သလိုပါပဲလား ....။

p.s
*********************************************************
Perception လို့ခေါ်တဲ့ ထင်မြင်ယူဆချက်တစ်ခုဟာ
အစစအရာရာ အဆင်ပြေချောမွေ့စေဖို့အတွက်
အတိုင်းအတာတစ်ခုထိ အရေးပါ အရာရောက်ပါတယ်......... ။
ဒါကြောင့် “ကိစ္စရပ်တိုင်းမှာ Angle Of Vision လို့ခေါ်တဲ့
ရှုထောင့် အမျိုးမျိုးရှိနိုင်တဲ့အတွက်
လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် ”
ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတစ်ခုထက် ပိုပြီးရှိနိုင်တယ်ဆိုတာ
စဉ်းစားပုံ စဉ်းစားနည်း
(The Way Of Thinking)
အပေါ် မူတည်ပြီး
ပြောင်းလဲသွားတာပါ
**************************************************************

....♣ သေဆုံးသည်အထိ မှတ်မိကျွမ်းဝင်စေမည့်အရာမှာ ငါချစ်သူသာဖြစ်ပါတော့သည် ♣.....


"Full Moon Day Of auspicious Thadingyut"


Today is the Full Moon Day of auspicious Thadingyut, one of the most important days for Buddhists. The full moon day of thadingyut is the Lighting Festival of Burma, this year 2010 falling on October 23th. Thadingyut is the end of the Buddhist Lent or the rains retreat. Three days of lights festival, namely the day before full moon, the full moon day and the days after.


ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ ၂၀၁၀. ၁၀လပိုင်း၂၃ ရက်နေ့ဖြစ်ပါတယ်..။
မြတ်စွာဘုရားက ၀ါတွင်းကာလမှာ မယ်တော်မိနတ်သားကို နတ်ပြည်မှာတရားသွားဟောပြီး ကျေးဇူးဆပ်တာကို ဗုဒ္ဓဘာသာဝင်တွေက အတုယူပြီး သီတင်းကျွတ်ကာလမှာ အဘိုးအဘွား၊ အဖိုးအဖွား၊ မိဘ၊ ဆရာသမား နဲ့ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြပါတယ်..။ သီတင်းကျွတ်မှာ မြတ်စွာဘုရား တာဝတိသာက ပြန်ကြွလာတာကို ဆီမီးထွန်းပြီး နှစ်တိုင်းပူဇော်ခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ..။


ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်မှာ လမ်းထဲကညီမလေးတွေ၊ မောင်လေးတွေ၊ သူငယ်ချင်းတွေ၊ လမ်းသူလမ်းသား လူငယ်တွေစုပြီး လမ်းဘေးဝဲယာမှာ ဆီမီးတွေထွန်းကြတယ်..။ မီးပုံးပျံလွှတ်တယ်..။ နောက် ဘုရားသွားဖူးကြတယ်..။ ဘုရားပေါ်မှာ တံမြတ်စည်းလှည်း ဆီမီးပူဇော်ပြီး ကုသိုလ်ယူကြတယ်..။ အဲ့ဒီတုန်းကတော့ မုန့်ဖိုးလည်းရတော့ ပျော်တာပေါ့..။ ဆယ်တန်းအောင်ပြီးတဲ့ နောက်ပိုင်းမှာတော့
သီတင်းကျွတ်လပြည့်နေ့ ၊ နှစ်ဆန်းတစ်ရက်နေ့ ၊ ကိုယ့်မွေးနေ့တွေမှာ ကိုယ့်အသိစိတ်နဲ့ မိဘကို ပစ္စည်းတစ်ခုခုနဲ့
ကန်တော့တတ်တဲ့ အကျင့် ရလာခဲ့တယ်..။ မှတ်မှတ်ရရ ပထမဦးဆုံး ကန်တော့ပစ္စည်းနဲ့ ကန်တော့ဖြစ်တာကတော့ ကိုယ့်အရည်အချင်းနဲ့ရခဲ့တဲ့ သမာအာဇီဝဖြစ်တဲ့ဝင်ငွေလို့ပြောလို့ရတဲ့ ဆယ်တန်း guide စာပြရင်း ရတဲ့ငွေနဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မိဘကို ကန်တော့ခဲ့တယ်..။

သူငယ်ချင်းတစ်ယောက်ကတော့ နောက်တယ်..။ သီတင်းကျွတ် သက်ကြီးဝါကြီး အစ်ကိုအစ်မတွေကို ကန်တော့တဲ့အခါ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါလို့ မပြောတော့ဘူး..။ တဲ့..။ ပြောမှန်ဆိုမှန်များကြောင့် အစ်ကိုကြီး၊ အစ်မကြီးတို့ စိတ်ကွက်အောင် လုပ်မိတာတွေကို ခွင့်လွှတ်ပါလို့ ပြောရမလို ဖြစ်နေပြီ..။ တဲ့..။ :P

p.s
ဒီနှစ်သီတင်းကျွတ်လပြည့်နေ့အတွက် အမှတ်တရကတော့ Asian Wave Radio ကနေ myself, my major and my country အကြောင်းကို Live Radio Broadcasting အနေနဲ့ FMA channel ကနေ တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးဖို့ သွားခဲ့ပါတယ်..။


........Happy auspicious Full Moon Day of Thadingyut to you, your family and all ♣.........


အပြောင်းအလဲသို့



(New national flag)

2010.10.21 မြန်မာစံတော်ချိန် ညနေ ၃နာရီတွင် နိုင်ငံတော် အလံအသစ်ကို ပြောင်းလဲပြီး ဖြစ်သည်..။ National Seal

The meaning of each color on this new flag are:

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံသည် သုံးရောင်ခြယ်အလံဖြစ်သည်...။ (အ၀ါအစိမ်းအနီ)

* အ၀ါရောင်သည် ဘာသာ ၊ သာသနာနှင့် ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း

* အစိမ်းရောင်သည် စပါးဆန်ရေ ၊ ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း

* အနီရောင်သည် မြင်သူအသည်းတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီး ကိုယ်စားပြုကာ

* အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုပါသည်.......။

လို့ ရှင်းလင်း ဖော်ပြထားပါတယ်..။

History of Burma Flag ကို ဒီမှာ နဲ့ wikipedia မှာ လေ့လာနိုင်ပါတယ်..။


ဒီအလံသစ်မတိုင်ခင် အရင်အလံဟောင်း (former socialist flag) ကတော့ ဟိုးအရင် မ.ဆ.လ ခေတ်ကသတ်မှတ်ခဲ့ပြီး အလုပ်သမား ၊ လယ်သမား ကိုယ်စားပြု ကွန်မြူနစ်ဆန်တဲ့ဝါဒ အခြေခံထားတဲ့အလံပါ........။

အလံဟောင်းရဲ့ meaning ကတော့..

၁။ အပြာရောင် - သစ္စာရှိခြင်း

၂။ အနီရောင် - ရဲရင့်ခြင်း

၃။ စပါးနှံ - တောင်သူ လယ်သမား တွေကို ကိုယ်စားပြုတယ်

၎။ စက်သွား ဂီယာပုံ - အလုပ်သမားတွေကို ကိုယ်စားပြုတယ်

၅။ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး - ပြည်နယ်နှင့်တိုင်း ၁၄ခုကို ကိုယ်စားပြုပါတယ်....................။

နိုင်ငံတစ်ခု၏ အမှတ်အသား ၊ ဦးညွတ်ရာဆိုသည့် ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့သော အလံတစ်ခုအနားယူခဲ့ပါပြီ...။ နိုင်ငံ၏အထိမ်းအမှတ် ၊ လူထု၏အသိအမှတ်ပြုရာ တာဝန်ကို အခုချိန်ကစ အ၀ါအစိမ်းအနီ သုံးရောင်ကာလာတန်းအလယ် ကြယ်ဖြူကြီးတစ်လုံး မားမားဝံ့လျက်ရှိတဲ့ အလံသစ်က ပြောင်းလဲယူလိုက်ပါပြီ....။


"အတူတူလို့ ဆိုရာဝယ်"


လာခဲ့ပါလို့လည်း မခေါ်ခဲ့သလို သွားပါတော့လို့လည်း ဘယ်သူ့ကိုမှ မနှင်ပါဘူး....။ ဘဝဆိုတဲ့ခရီးကို သွားနေကြတဲ့ ခရီးသည်ချင်းအတူတူ လမ်းခရီးမှာ ကြုံကြိုက်လို့ ဆုံတွေ့ကြတာတွေပါပဲ....။ အမြင်တူတာတွေ ရှိမယ်..။ ကွဲလွဲတာတွေရှိမယ်..။ စက္ကန့်ဝက်လေးအတွင်းမှာတောင် စိတ်အတွေးတွေက ပြောင်းလဲနိုင်တာ အချိန်ကာလနဲ့ ဆည်းပူးလိုက်တဲ့ပညာကြောင့် ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေ ဆိုတာရှိတတ်တာပါပဲ..။ မတူညီတဲ့ ကွဲပြားမှုတွေကို လက်မခံနိုင်ရင် ကိုယ်ဟာ လူသားဆန်ခြင်းအနုပညာကို တတ်မြောက်သူတစ်ဦး ဘယ်ဖြစ်တော့မလဲ..။ ဥယျာဉ်ထဲမှာ ပန်းတွေအစုံစိုက်ထားမှ ပန်းရောင်စုံတွေပွင့်ပြီး ရနံ့ မျိုးစုံ သင်းပျံ့နေတော့မှာပေါ့..။ ကိုယ်မကြိုက်တဲ့ ကော်ဖီ လက်ဖက်ရည်ကို တမ်းတမ်းစွဲ ကြိုက်တဲ့သူတွေ ဒီကမ္ဘာမှာ အများကြီးပါပဲ..။ အဲ.. တခြားသူ မကြိုက်တဲ့ ဂျင်းသုပ်ကို ကိုယ်က မက်မက်မောမော နှစ်ခြိုက်မိနေပြန်ရော..။ နာနတ်သီးကြိုက်တဲ့သူက နာနာတ်သီးစားမှာပဲ..။ ဖရဲသီးကြိုက်တဲ့သူကလည်း ဖရဲသီးစားကို စားမှာပဲ..။ ကိုယ်ကတော့ မယ်လွန်ကြိုက်တော့ မယ်လွန်စားမှာပေါ့.........။

တစ်ကယ်တော့ ဘဝခရီးမှာ ခဏလေးတွေ့ကြတာပါ..။ သူလည်း သူ့ခရီးသူသွား၊ ကိုယ်လည်း ကိုယ့်ခရီးကိုယ်သွားကြတာပါ..။ တွေ့တဲ့အချိန်ခဏလေးကို နောင်တစ်ချိန်မှာ ပြန်လိုချင်ပါတယ်ဆိုရင်တောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး..။ လူဆိုတာကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာပါ..။ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ခုနေ ပြန်တွေ့ချင်ပါတယ်ဆိုရင်တောင် မဖြစ်နိုင်ပါဘူး..။ ဒါကြောင့် စဉ်းစားမိတယ်..။ ဘာလို့များတွေ့တဲ့အခိုက်အတန့် ခဏလေးမှာ ကိုယ့်သဘောကိုယ်ဆောင်၊ သူ့သဘောသူဆောင်တဲ့ အရာတွေကို ရောထွေးပစ်ကြတာပါလိမ့်လို့ တွေးမိတယ်..။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်ဘဝနဲ့ကိုယ်နေတာမှာ သူ့သဘောသူဆောင်တဲ့ သူ့ဘဝနဲ့သူ နေသူကို ကိုယ်နဲ့ မတူရကောင်းလားလို့ စိတ်ဆိုးစရာ လိုအပ်ပါသလားလို့လည်း တွေးမိပြန်တယ်..။ တွေ့ဆုံချိန်က ခဏလေးပါ..။ အဲ့ဒီ တွေ့တဲ့အခိုက်ကလေးမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုတစိုက်ရှိမယ်၊ ကြင်နာမယ် ၊ မေတ္တာစကားတွေပဲပြောမယ်ဆိုရင် မတွေ့တော့တဲ့အခါ ပြန်မဆုံဖြစ်ကြတဲ့အခါ တွေ့ဆုံခိုက်လေးမှာ ကိုယ့်မိတ်ဆွေအပေါ် မကြင်နာခဲ့မိတာကို နောင်တရစရာ မရှိတော့ဘူးပေါ့..။ ဆုံခိုက်မှာ ကိုယ့်ဘက်က မိတ်ဆွေကောင်းအနေနဲ့ ကိုယ်ရှိခဲ့တာတွေအတွက် ကိုယ့်ဘာသာကိုယ် ကျေနပ်မိမှာပါ.........။

တကယ်တော့ လူတွေအားလုံးဟာ အတူတူပါပဲ..။ ဆေးပညာအရဆို လူတွေအားလုံး အရေပြားအောက်က ဖွဲ့စည်းပုံတွေ အားလုံးတူတူပါပဲ..။ နေရာဒေသကိုလိုက်ပြီး အသားအရောင်ကွဲပြားမှု့တွေဖြစ်လာတယ်..။ ကိုးကွယ်တဲ့ဘာသာ ကွဲပြားသွားတာတွေ ဖြစ်လာတယ်..။ anatomy အရ ယောက်ျားဆိုလည်း ယောက်ျား ၊ မိန်းမဆိုလည်း မိန်းမ အတူတူဆိုပေမယ့် နေရာဒေသ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆည်းပူးလေ့လာတဲ့ ပညာရပ်တွေအပေါ်မူတည်ပြီး စိတ်နေစိတ်ထား၊ ခံယူချက်သဘောထားနဲ့ ကိုးကွယ်တဲ့ဘာသာတွေ မတူညီကြတော့တာပါ..။ ကိုးကွယ်သည့်ဘာသာ၊ အတွေးအခေါ်ဆိုတာတွေ၊ ပစ္စည်းဥစ္စာ၊ တတ်မြောက်တဲ့ ပညာရပ်ဆိုတာတွေက လုပ်ယူထားရတာတွေပါ..။ ဘာ့ကြောင့် လူတွေ အချင်းချင်း ခွဲခြားချင်ကြသလဲဆိုတာ တွေးမရပြန်ဘူး...........။

မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတွေဟာ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတော့ အချိန်တွေက ခဏလေးနဲ့ ကုန် ကုန်သွားတာပါ..။ အခိုက်အတန့် ခဏလေးမှာ ဘာဖြစ်လို့များ ကိုယ်နဲသူနဲ့ ခွဲခြားပြီးတော့ မုန်းစတွေကို ရှည်ချင်နေမလဲနော်..။ မခွဲခွာမီလေးမှာ အားလုံး ပျော်ပျော်ပါးပါးရှိနေမယ်ဆိုရင် မိတ်ဆွေတစ်ဦးချင်းစီမှာ ပျော်စရာနေ့တွေ တစ်နေ့ပြီး တစ်နေ့ ရနေမှာပဲပေါ့..။

ဒါကြောင့် မိသားစု အချင်းချင်းကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ မောင်နှမတွေကြားမှာ၊ လင်မယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ တွေရှိနေဖို့ လိုမယ်ထင်ပါတယ်..။ လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ သာရှိနေသေးရင် အချစ်ဆိုတာပြန်ဖြစ်နိုင်တယ်..။ သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်..။ မေတ္တာတရား၊ ကရုဏာတရားတွေ ပြန်ဖြစ်နိုင်တယ်..။ နားလည်ပေးမှု့၊ စာနာပေးမှု့ ဆိုတဲ့အရာတွေကို မထားနိုင်ရင် အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့မလွယ်တော့ပါဘူး..။ လူမှု့ဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနားလည်နိုင်တော့မှာ မဟုတ်ပါဘူး..။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ..။

ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ..။ မိဘအပေါ်မှာ နားလည်ပေးနိုင်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိဘဟာလည်း ပျော်ရွှင်ကြည်နူးနေမှာဖြစ်သလို နားလည်ပေးတတ်တဲ့၊ စာနာပေးတတ်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရ ရင်လည်း ပျော်စရာပါပဲနော်..။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်မတို့ဝန်းကျင်မှာရှိခဲ့ရင် ကျွန်မတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီးသာယာလာပါမယ်..။ ငြိမ်းချမ်းလာပါမယ်..။ တိုးတက်လာပါမယ်..။ ပျော်စရာလည်းကောင်းလာပါမယ်..။ ဒါကြောင့် ဘယ်နေရာမှာမဆို နားလည် စာနာပေးမှု့တွေ အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ..........။

မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ.....။ တစ်ခွန်းတည်းသော စကားပဲဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ဘ၀ကိုတောင် ရှင်သန်စေပါတယ်.........။

p.s
*******************************************************
အားငယ်သူကို အားပေးပါ
ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ
ဒုက္ခတွေ့နေသူကို ကူညီပါ
လဲနေသူကို ထူပေးပါ
ကိုယ်ရော စိတ်ပါ လဲနေသူကို တတ်စွမ်းသမျှ ထူပေးပါ...............။
*******************************************************

..............♣ လူသားအချင်းချင်း နားလည် စာနာမှု့တွေ ထားနိုင်ကြပါစေ ♣...............


"အလွမ်းခရီးသည်"


မစခင်ကတည်းက ဆုံးနှင့်ပါပြီ
ထို့ကြောင့် တွေ့ဆုံရခြင်းကို မုန်းပါသည် ......... ။

မဆပ်ချင်လို့ ဆုံးရပါသည်
ထို့ကြောင့် ပိုက်ဆံချေးရခြင်းကို မုန်းပါသည် .......... ။

မမေ့နိုင်လို့ လွမ်းရပါသည်
ထို့ကြောင့် သံယောဇဉ်ကို မုန်းပါသည် ........... ။

သူ..ထားခဲ့မှာစိုးလို့ စိတ်မောရပါသည်
(ကိုယ်နဲ့ဝေးရာကိုထွက်သွားခဲ့တာ ကိုယ့်ကိုထားခဲ့တာနဲ့အတူတူပါဘဲ)
ထို့ကြောင့် ချစ်ရမှာကို ကြောက်ပါသည် ........... ။

နင့်ကိုချစ်ရတာ ပင်ပန်းလှပါဘီ
ထို့ကြောင့် ငါချစ်တာထက် အများကြီး ငါ့ကို ပိုချစ်စေချင်ပါသည် ............ ။

သူ..ဘေးမှာရှိနေရုံနဲ့ အရာရာ ပြည့်စုံပါသည်
ထို့ကြောင့် သူ့ကို နေ့တိုင်း တွေ့ချင်ပါသည် ......... ။
(ခုနေ သူနဲ့တွေ့ရင် သိပ်ကောင်းမှာပဲ)

ဒါပေမယ့်လည်း လူချင်းတွေ့တော့ စကားလုံးတွေက နှုတ်ဖျားကနေ နှုတ်ဆက်စကားတောင် မနည်းချွေရတယ်..။ စိတ်ထဲမှာတော့ အမြဲတမ်းရှိနေတယ် အရမ်းသတိရနေတယ်..။ အဲဒါ ဘာလို့လဲ..။ သူနဲ့တွေ့ရင်ပဲဖြစ်ဖြစ် သူနဲ့ဆုံရင်ပဲဖြစ်ဖြစ် ရင်ဘတ်ထဲကို ဘင်ခရာတီးဝိုင်းတွေနဲ့ ကျည်ဆံရထားအစင်း၁၀၀ လောက်ခုတ်မောင်းသွားသလို ဒိန်းတက်တက် ဒိန်းချပ်ချပ် ဖြစ်နေရပါတယ်..။ သူ့ဆီက လိုလိုလားလား အလေးထားဂရုစိုက်မှု့၊ ရင်းနှီးဖော်ရွေသော အပြုံး ၊ နှုတ်ဆက်စကား တို့ကို လိုချင်ပါသော်လည်း ခပ်တန်းတန်းပဲ နေခဲ့တာ ဘာကြောင့်ပါလဲ..။ သူ့ကို မတွေ့ရရင် သတိရနေကြောင်း ပြောချင်ပါသော်လည်း ဘာကြောင့်များ ပြောမထွက်ခဲ့ပါသလဲ..။ ဒီလိုနဲ့ပဲ တို့တွေ ဝေး.. ဝေးသွားတာ.. နောက်ဆုံးတော့လည်း လွမ်း ရတာပါပဲ..။ တစ်ကယ်တော့ ငါဟာ နင်နဲ့ စတွေ့ပြီးကတည်းက အလွမ်းခရီးသည်ပါ..။ အရင်ကလည်း လွမ်းတယ်..။ ခုလည်း လွမ်းနေတုန်း၊ နောင်လည်း လွမ်းရတာကို မနှစ်သက်လှတဲ့ ငါက ဒီအလွမ်းကြီးကို လွမ်းနေရအုန်းမှာပါဘဲ..။ ဘယ့်သူ့ကိုလွမ်းမှန်းတော့ မသိဘူး..။ လွမ်းစရာမရှိပေမယ့် အဲဒါကိုပဲ လွမ်းနေတာပဲ..။ လွမ်းတယ်ဆိုတာ သတိရတာဆိုရင် သူငယ်ချင်းတို့ရေ နင်တို့အားလုံးကို ငါ.. လွမ်းနေပါတယ်......... ။

တစ်ကယ်လို့များ... ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ...
ကိုယ်ချစ်ရတဲ့ သူတိုင်းဆီက အချစ်တွေကို ကိုယ့်ထက် အင်ဖက်နတီ ပေါင်းများစွာ လက်ခံရရှိရပါလို၏ ...
ဒါပေမယ့်
ငါ.... ဆုတောင်းပြည့်ဖို့အတွက်နဲ့တော့
ကြယ်လေးရေ....
မင်းမကြွေလဲရပါတယ်
ဘာလို့ဆိုရင် အချစ်ဆိုတာမျိုးက တစ်ဦးတစ်ယောက်ထဲနဲ့ မပြီးလို့ပါဘဲ ............. ။

p.s
********************************************************
အချစ်သည် တခါတရံ အလွမ်းများကို သယ်ဆောင်လာတတ်သည်..
********************************************************

တစ်ချက်လေး စောင်းငဲ့ကြည့်ဦး မြင်ရုံသာစောင်းငဲ့ကြည့်ဦး


"ဟိုတစ်စ ဒီတစ်စ"

လူတိုင်းသွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ
အားလုံးမာန ရှိကြတာပေါ့..........။
ဒါပေမဲ့ ရှိသင့်တဲ့မာနထက်ပိုရင် အကျနာတတ်တယ်ဆိုတဲ့ စကားကြောင့်
"မာန်ကြွရင် ခံရမယ် မာန်ချမှ ဟန်ကျမယ်" ဆိုတဲ့စကားတွေကြောင့်သာ.......။

ရင်ထဲမနာတတ်ရင် ခွင့်လွှတ်တတ်ရင်
ဘယ်သူကမှမခံစားရပါဘူး
ဟုတ်ပါတယ်
တကယ်နာပြီဆိုရင်တော့ ကိုယ်ထိလက်ရောက်မှမဟုတ်ပါဘူး
စကားလေးတစ်ခွန်းနဲ့လည်း တစ်သက်လုံးခံစားသွားရပါတယ်.........။
အခုတော့
ခံစားတတ်တဲ့သူက ပိုခံစားရနေရပြီး
မခံစားတတ်သူက ခံစားရခက်နေတယ်..........။

အချစ်တစ်ခုကိုယုံမှတ်
မာနကိုခ၀ါချလို့
အရှုံးတွေမြည်းစမ်းရင်းက
ငါနာကျင်ခဲ့ရပေါ့......။

ပိပိရိရိလှည့်စား
အပြုံးတစ်ခု မင်းပေးသွားလို့
မျက်စိမှိတ်ယုံမိရင်းက
ငါအသည်းကွဲရပေါ့........။

ကျွန်မ မနာကြည်းတတ်ပါ
သို့သော် နာကျင်တတ်ပါသည်............။ (မနိုင်းနိုင်းနဲ့ အကြိုက်ချင်းတူသွားပါတယ်)
မမုန်းတီးတတ်ပါ
သို့သော် ဥပေက္ခာ ပြုတတ်ပါသည်.........။
ဥပေက္ခာပြုပြီဆိုရင်
၁၅၀၀ ကို ၃၀၀၀ ပေးလည်း
လှည့်မကြည့်တော့ပါဘူး..........။
ဒါကြောင့် ဖြစ်တည်ဆဲခဏတိုင်းမှာ
အချစ်ဆိုတဲ့အရာနောက်ကို လိုက်ရတဲ့
အလိုက်သမားတော့ မဖြစ်ပါရစေနဲ့လား...........။

တကယ်တော့ လွယ်မလိုနဲ့ ခက်တာ လူ့ လောကကြီးပါ
ဝမ်းနည်းစရာတွေ ၊ စိတ်ပျက်စရာတွေနဲ့ကြုံရ
တစ်ခါတစ်လေတော့လည်း
စိတ်အေးသက်သာနေရပြန်ရော........။
ဘာပဲဖြစ်ဖြစ်လေ ဘ၀ဟာ ဘ၀မို့ မဖြတ်သန်းလို့ လည်း မရပြန်ဘူး...........။
တွေဝေနေလို့ လည်းမရပြန်ဘူး...........။
စိတ်ပါသည်ဖြစ်ဖြစ်၊ မပါသည်ဖြစ်ဖြစ် ၀တ္တရားရှိသည့် အတိုင်းလို့ ဆိုရမလား.................။

ရင်ထဲမောနေပါပြီ
မောတယ်ဆိုတာ တကယ်တော့ ဟန်လုပ်ပြောချင်တဲ့စကားတစ်ခုပါ
တကယ်မောတော့ ဟန်မဆောင်နိုင်ပြန်ဘူး..............။
လွန်သွားပြီဖြစ်တဲ့ မင်းနဲ့ လည်း ပြန်ဆုံတွေ့ ဖို့ မဖြစ်နိုင်တော့ဘူး
ရေစက်ဆိုတာ ဒါလား... နားမလည်တော့ဘူး.................။

ရှိနေစေချင်လျက်နဲ့ မရှိတော့ဘူး
ချစ်နေလျက်နဲ့ ဖွင့်ဟ၀န်မခံဖြစ်ခဲ့ဘူး
ချစ်ရက်နဲ့ မာနတံခွန် ထူခဲ့တယ်
ဒီတော့ ရှင်နေစေချင်လျက်နဲ့ ကံတွေကုန်ကြပြီ................။

ဝမ်းနည်းခြင်းကိုစာမဖွဲ့ လိုတော့ဘူး
တကယ်တော့ စိတ်မကောင်းဘူး
စိတ်က ပင်ပန်းလွန်းလို့ နွမ်းနယ်ဖို့ တောင်အားမရှိတော့တာ
ကျေးဇူးပြု၍ သူ့ကိုသတိရကြာင်း ပြောပေးပါ............။

"မိုးကောင်ကင်နှင့်တူသောအချစ်"
ကျွန်မအတွက်က ရှိခြင်းမရှိခြင်းက အရေးမကြီးပါဘူး
ချစ်ခြင်းမချစ်ခြင်းကပဲ အရေးကြီးတာပါ..။
တစ်ကယ်တော့
လူတစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့ဆိုတာ
ကြိုးစားသလောက်လွယ်တဲ့အရာမှ မဟုတ်တာ.....။
ကျွန်မကတော့
တစ်စုံတစ်ယောက်ကို ချစ်ဖို့ခဲယဉ်းသလို
ချစ်မိသွားရင်လည်း မုန်းဖို့ခဲယဉ်း ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲပါတယ်.......။

အချစ်ကို ချိုမြိန်တယ်လို့ ခံယူထားရင်
ရင်ခုန်သံကအေးမြပါတယ်.....။
အချစ်က ခါးသက်တယ်လို့ထင်ရင်တော့
ရင်ခုန်ရတာ ပူလောင်ပါတယ်......။

တစ်ကယ်တော့
သေချာစဉ်းစားလေ ရွေးချယ်ရခက်လေ
ရွေးချယ်ရခက်လေ အချိန်ကြာလေလေပါပဲ
တစ်ခါတစ်လေတော့လည်း အချိန်ကုန်မခံနိုင်ပါဘူး.....။

အခုတစ်လော
ရူးသွပ်မှု့တွေ ရောင်းလိုအားများနေပါတယ်..။
ဂေါက်တောက်တောက်တွေမို့ တစ်ယောက်ထဲဖြစ်
တစ်ယောက်ထဲမို့ ဂေါက်တောက်တောက်ထပ်ဖြစ်နေပါတယ်...........။

p.s
*********************************************************
ဘဝကို တည့်မတ်ဖြောင့်တန်းစွာ လျှောက်လှမ်းခွင့်ရသော သူများ
ကွေ့သော်ငြားလည်း မှန်ကန်အောင်မြင်အောင် လျှောက်နိုင်သူများကို
လေးစား မုဒိတာ ပွားပါသည်.............။
သို့သော်ငြားလည်း ဘဝသည် ဘဝဖြစ်၏ ဆိုသည်ကို
ရှင်းပြလျှင်လည်း ဆင်ခြေပေးရာသာ ဖြစ်ချေပေတော့မည်.........။
*********************************************************

......♣ အတ်တာအိ အတ်တနော နာထော မိမိကိုယ်သာ ယုံကြည်အားထားရာ ♣........

"ရင်ဘတ်စောင့်တဲ့နတ်"

ဝလုံးကလေးကိုသုညပါလို့ ယုံအောင်ပြောပြီး
သုညကလေးကိုပင် ခဏအတွင်းမှာ လမင်းပါလို့ ပြောင်းလဲပြောတတ်လေသူ
စကားပြောကောင်းတဲ့
ချစ်သူရေ..
ဟိုး..အဝေးက တယောသံကို နားစွင့်ရင်း
မြစ်ရေစီးကြောင်း သံစဉ်တွေနဲ့ တွဲစပ်မိတယ်............ ။


ချစ်သူရေ...
ဟိုး...မိုးကုပ်စက်ဝိုင်းကိုမျှော်ကြည့်လိုက်ပါ
မင်းအတွက် လင်းလက်တောက်ပတဲ့ ကြယ်တစ်ပွင့်
ငါ့ရင်ခွင်မှာ ကွန်းခိုနေတာမြင်ရဲ့လား................ ။


ညတစ်ည ကြယ်စင်တွေနဲ့ လမင်းကြီးကို အချိန်အတော်ကြာ ငါကြည့်မိတယ်
နင်လည်း ကောင်းကင်အောက်က တစ်နေရာကနေ
ဒီလမင်းကြီးကို မော့ကာကြည့်မိရင်
နင်နဲ့ငါ လူချင်း မဆုံနိုင်ပေမယ့် ငါတို့ရဲ့စိတ်တွေနဲ့ အကြည့်တွေက
ကောင်းကင်ထက်က ငွေလမင်းဆီမှာ ဆုံနိုင်အောင်
နင်.. လမ်းပြပါ............။

Be Always Happy

"ကိုယ့်ကိုမြင်တဲ့ အမြင်"


ကိုယ့်ကိုကြည့်ရတာ ကလေးဆန်သလို တစ်ချိန်တည်းမှာပဲ ရင့်ကျက်တဲ့ပုံစံကိုလည်း မြင်ရတယ်။ လူတစ်ယောက်အနေနဲ့ အရေးကြီးဆုံးကတော့ ဟုတ်တာပြော၊ မှန်တာလုပ်၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပေါ့။ ရရှိလာတဲ့ ဘ၀လေးမှာ ပျော်အောင်နေတတ်ရမယ်။ ဘ၀မှာ ဘာကိုမှ တောင့်တောင့်တတရှိတဲ့ အထဲမှာ ကိုယ်မပါဘူး။ ဒါပေမဲ့ ရရှိလာတဲ့အရာကို တန်ဖိုးထားပြီး ကြိုးစားတတ်တဲ့အထဲမှာတော့ ပါတယ်။ ကျောင်းစာဆိုလည်း စာအလျောက်၊ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒီနေရာ မရခဲ့ရင်လည်း ကျေနပ်တယ်။ ကိုယ့်ဘ၀ကိုယ် သာမန်ဘ၀လေးလို့ပဲ မြင်တယ်။ ဘ၀တစ်နေရာရာမှာ အကျိုးရှိတဲ့ အဓိပ္ပါယ်ရှိတဲ့လူ ဖြစ်ရလို့ ကျေနပ်တယ်။ သယ်ရင်းတွေကတော့ ဒီလိုပြောတယ်.. မာနကြီးတယ်ထင်ရပေမဲ့ ကြင်နာတတ်တယ်။ အပေါင်းသင်းတွေအပေါ်မှာ အနစ်နာခံပေါင်းတတ်တယ်။ ရက်ရော သဘောကောင်းတယ် :D သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ဒါပေမဲ့ ချစ်ကြောင်း ဖော်ပြလေ့မရှိဘူး။ နေရာတကာမှာ ခေါင်းဆောင်လုပ်ရမှ သဘောကျတယ်။ တစ်ခါတစ်ခါ အလုပ်တော့ နဲနဲပျင်းတတ်တယ်။ ဒါပေမဲ့ လုပ်မိရင်လည်း အသေအကြေ လုပ်ပြန်ရော။ လူတွေအပေါ်မှာ ရိုးသားပြီး သစ္စာရှိတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တတ်တယ်။ တစ်ဖက်လူက ကိုယ့်အပေါ် မကြင်နာသလို ဂရုမစိုက်သလို ခံစားတတ်တယ်။ ဒါပေမဲ့ သူက သူငယ်ချင်းကောင်း တစ်ဦးပါ။ တဲ့..